သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့မှု ကုလတားမြစ် 


လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများ
လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများ

အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့မှုကို တားမြစ်တဲ့ဥပဒေတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့တုန်း က တခဲနက်ဆုံးဖြတ်ချက်ချအတည်ပြုခဲ့ပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေမှာ ဒီဥပဒေတွေကိုပြဌာန်းဖို့ ပထမဦးဆုံးအကြိမ် ချခဲ့တဲ့ ဆုံးဖြတ်လည်းဖြစ်ပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းတွေ ဒါမှမဟုတ် အကြမ်းဖက်သမားတဦးချင်းစီကို ငွေကြေးစု ဆောင်းပြီးထောက်ပံ့တာပဲဖြစ်ဖြစ် ၊ ဘဏ္ဍာရေးအကူအညီပေးတာပဲဖြစ်ဖြစ် ပြင်းထန်တဲ့ပြစ်မှုကျူးလွန်မှုတွေအဖြစ် သတ်မှတ်ဖို့နဲ့ နိုင်ငံရဲ့ ဥပဒေတွေအတွင်း သေချာပြဌာန်းဖို့ မနေ့ကချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်က တိုက်တွန်းထားပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းထောက်လှမ်းတဲ့ အဖွဲ့ အစည်းတွေကိုလည်း ဖွဲ့စည်းဖို့တိုက်တွန်းထားပါတယ်။

အခုဆုံးဖြတ်ချက်အတိုင်း မလိုက်နာတဲ့နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂရဲ့ အရေးယူဒဏ်ခတ်တာကို ခံရမယ်လို့ဆိုပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ကားအဟောင်းရောင်းဝယ်ရေး လုပ်ငန်းတွေအပါအဝင် တရားဝင်ရတဲ့ငွေတွေရော တရားမဝင်တဲ့ နည်းနဲ့ရတဲ့ငွေတွေရော အကြမ်းဖက်သမားတွေဆီကိုရောက်နေတယ်လို့ ကုလသမဂ္ဂရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးရုံးရဲ့ အကြီးအကဲ Vladimir Voronkov ကပြောပါတယ်။

အခုလိုလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်ဟာ သိပ်ပြီးအရေးကြီးနေတဲ့ အချိန်မှာလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်းဆိုပါတယ်။ လုံခြုံရေးကောင်စီရဲ့ မနေ့က ချခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာ ပြန်ပေးဆွဲအဖမ်း ခံထားရတဲ့သူတွေကို ငွေပေးပြီး ပြန်ရွေးတဲ့လုပ်ဆောင်မှုတွေကိုလည်း ရပ်တန့်ဖို့လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကိုတိုက် တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG