သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် မှာ ကိုဗစ်ကူးစက်သူ ၄ သန်းကျော်ပြီ


Phoenix ရှိ ကျန်းမာရေးဝန်ထမ်းများ
Phoenix ရှိ ကျန်းမာရေးဝန်ထမ်းများ

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တကျော့ပြန် အဖြစ်များနေတဲ့ အမေရိကန် ပြည်နယ်တွေအနေနဲ့ တားမြစ်ချက်တွေ ရုပ်သိမ်းပြီး ပြန်ဖွင့် ပေးဖို့ စီစဉ်နေတာတွေကို ရွှေ့ဆိုင်းထားဖို့ ကူးစက်ရောဂါဆိုင်ရာ အမေရိကန်ထိပ်တန်း တာဝန်ရှိသူ Dr. Anthony Fauci ကတောင်းဆို လိုက်ပါတယ်။

သောကြာနေ့က The Washington Post သတင်းစာ နဲ့ အင်တာဗျူး လုပ်ချိန်မှာ Dr. Anthony Fauci က ပြည်နယ်တွေ အနေနဲ့ အသွားအလာ လုံးလုံးလျားလျား ပိတ်ပင်တာမျိုး ပြန်လုပ်ဖို့ မလိုအပ်ပေမဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ဖို့ အချိန်အနည်းငယ် ဆိုင်းသင့်တယ်လို့ သူက ပြောပါတယ်။

အမေရိကန်နိုင်ငံတစ်ဝှမ်း ကူးစက်မှု စုစုပေါင်း ၄သန်းကျော် ရောက်သွားချိန်နဲ့ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါနဲ့ တက္ကဆက် ပြည်နယ် တွေမှာ တနေ့တည်း သေဆုံးသူ ဦးရေ ၅၀၀ ကျော် ရှိလာချိန်မှာ Dr. Fauci က အခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုမှာ အမေရိကန် ပြည်ထောင်စုက ရှေ့က ဦးဆောင်နေဆဲ ဖြစ်ပြီး ဘရာဇီးလ် နိုင်ငံက ကူးစက်မှုပေါင်း ၂ သန်းကျော်နဲ့ ဒုတိယ၊ အိန္ဒိယနိုင်ငံက ကူးစက်မှု ၁ သန်းကျော်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။

တကမ္ဘာလုံး အတိုင်းအတာ အရတော့ ကူးစက်မှုပေါင်း ၁၅ သန်းခွဲကျော် ရှိနေပြီး သေဆုံးမှုက ၆၃၄,၀၀၀ ကျော် သွားပြီလို့ Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေဆဲဖြစ်ပြီး ဩစတြေးလျနိုင်ငံ Melbourne မြို့၊ ဘရာဇီးလ်၊ အိန္ဒိယ၊ ဟောင်ကောင်နဲ့ စပိန်မှာ ကူးစက်မှုနှုန်း မြင့်တက်နေပါတယ်။ စပိန်မှာ လူထောင်ပေါင်းများစွာ အသွာ းအလာ ပိတ်ပင်ခံထားရပြီး အိန္ဒိယနိုင်ငံမှာတော့ တနေ့တည်း ကူးစက်မှု စံချိန်တင် ၄၉,၀၀၀ ကျော်သွားခဲ့ပြီး လူ ၇၄၀ သေဆုံးခဲ့ပါတယ်။

အမေရိကန်နိုင်ငံထဲ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုနှုန်း မြင့်တက်နေချိန်မှာပဲ အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူဦးရေလည်း တိုးတက်ခဲ့ရာမှာ ကြာသပတေးနေ့က လူ ၁.၄ သန်းကျော် လျှောက်ထားခဲ့ကြပါတယ်။ သီတင်းပတ် ၁၅ ပတ်ကြာ အလုပ်လက်မဲ့ ဦးရေ လျော့ကျနေရာက ပထမဆုံးအကြိမ် ပြန် မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)







ဆက်စပ်သတင်းများ ...

XS
SM
MD
LG