သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကြောင့် ကမ္ဘာတဝှမ်း ကလေးငယ် သန်း ၄၀ လောက် ပညာရေး ဆုံးရှုံးနေ


ထိုင်းနိုင်ငံက မူကြိုကျောင်းသူလေးများ (၂၀၂၀ ဇွန်လ ၁၇ရက်နေ့ )
ထိုင်းနိုင်ငံက မူကြိုကျောင်းသူလေးများ (၂၀၂၀ ဇွန်လ ၁၇ရက်နေ့ )

(Zawgyi/ Unicode)

COVID-19 ကပ်ရောဂါကြောင့် ပညာရေးဆိုင်ရာ အထောက်အကူပြု အဆောက်အဦးတွေ ပိတ်ပစ်ခဲ့ရတဲ့အတွက် ကမ္ဘာတဝှမ်း မူကြိုကျောင်းသားပေါင်း အနည်းဆုံး သန်းပေါင်း ၄၀ လောက်ဟာ ပညာသင်ယူ ဖွံ့ဖြိုးတိုးတက်ဖို့ ဆုံရှုံးခဲ့ရတယ်လို့ UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ က အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။

COVID-19 ကြောင့် ပညာရေးအဆက်ပြတ်မှုဟာ ကလေးတွေအတွက် ပိုမို ကောင်းမွန်တဲ့ ပညာရေးတွေ ရဖို့ အခွင့်အလမ်းတွေကို တားဆီးစေခဲ့ကြောင်း UNICEF အမှုဆောင်ညွန်ကြားရေးမှူး Henrietta Fore ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ကလေးတွေ ဖွံဖြိုးတိုးတက်မှု ထောင့်ပေါင်းစုံအတွက် ကလေးသူငယ်တွေ စောင့်ရှောက်မှုနဲ့ အစောပိုင်းကလေးဘ၀ ပညာရေးဟာ အခြေခံအုတ်မြစ်အဖြစ် တည်ဆောက် ထားကြောင်းနဲ့ဒါပေမယ့် ကပ်ရောဂါကြောင့် ကလေးငယ်တွေရဲ့ အခြေခံအုတ်မြစ် အစပိုင်း ပညာရေး ဆုံးရှုံးမယ့်အခြေအနေအဖြစ် ခြိမ်းခြောက်နေတယ်လို့ Henrietta Fore ကဆိုပါတယ်။

UNICEF သုတေသန ဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကလေးသူငယ်တွေရဲ့ အစောပိုင်း ပညာရေး၊ ကလေးစောင့်ရှောက်မှုအခြေအနေ၊ ကပ်ရောဂါကူးစက်မှု ကလေးတွေအပေါ် သက်ရောက်မှု စတဲ့အချက်တွေကို အလေးပေး ဖေါ်ပြထားတာပါ။

ဝင်ငွေနည်းပါးတာနဲ့ အလယ်အလတ်ဝင်ငွေရှိတဲ့ နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ ၃ နှစ်ကနေ ၅ နှစ်ကြား ကလေး ၄၀%လောက်ဟာ စိတ်ပိုင်းနဲ့ အသိအမြင်ဆိုင်ရာ ဖွံဖြိုးတိုးတက်ဖို့ မိဘနဲ့ အရွယ်ရောက်သူတွေဆီကနေ မရခဲ့ကြဘူးလို့ အဲဒီအစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန်ပြည်ထောင်စု ပြည်နယ်ပေါင်း ၅၀ ထဲက ၃၁ ပြည်နယ်ရဲ့ စာရင်းကို နယူးရောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo သူရဲ့ လူမှုကွန်ယက် တွစ်တာကနေ ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီ ၃၁ ပြည်နယ်ကနေ နယူးရောက်ကို ခရီးသွားလာမယ့် သူတွေအနေနဲ့မဖြစ်မနေ ၁၄ ရက် ကြာ self-quarantine သီးသန့် ကိုယ့်ဘာသာကိုယ်စောင့်ကြည့်နေထိုင်ရမှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

တချိန်တည်းမှာပဲ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၁၄.၇ သန်းကျော်ထိ ရှိနေပြီး သေဆုံးမှုပေါင်း ၆၁၁,၀၀၀ ကျော်ရှိနေပါတယ်။

ဗြိတိန်အခြေစိုက် ဆေးသုတေသန ဂျာနယ်တခုဖြစ်တဲ့ The Lancet ရဲ့ တနင်္လာနေ့ ဖေါ်ပြထားတဲ့ သတင်းမှာတော့ Oxford တက္ကသိုလ်နဲ့ ဗြိတိန် - ဆွီဒင် ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီ AstraZeneca တို့ပူးတွဲ တီထွင်မှုတခုဖြစ်ပြီး တရုတ်ဇီဝနည်းပညာကုမ္ပဏီ CanSino ပါဝင် ထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ အောင်မြင်မှုရပြီး အလားအလာကောင်းနေကြောင်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


....................

(Unicode)









XS
SM
MD
LG