သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆရာဆရာမလိုအပ္ခ်က္အတြက္ တိုင္းရင္းသားေဒသခံေတြ ဦးစားေပးခန္႔သြားမယ္


ရန္ကုန္ၿမိဳ႕ လိႈင္သာယာၿမိဳ႕နယ္ရွိ အေျခခံပညာ မူလတန္းေက်ာင္းတေက်ာင္းက ေက်ာင္းသားမ်ားနဲ႔ ဆရာမ တဦး။ (ဇြန္ ၀၂၊ ၂၀၀၈)

[Zawgyi/Unicode]

COVID -19 ကပ္ေရာဂါကာလ ပညာေရးမွာ ဆရာဆရာမ လိုအပ္ခ်က္ေတြအရ တိုင္းရင္းသားေဒေတြကိုဦးစားေပးၿပီး ပညာေရး ဝန္ထမ္း ၁,၆၀၀၀ ေက်ာ္ ထပ္ခန႔္သြားမယ့္အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

လက္ရွိ ကိုဗစ္ကာလ ေက်ာင္းေတြ ျပန္ဖြင့္တဲ့အခ်ိန္မွာ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ေတြနဲ႔အညီ ေက်ာင္းေတြျပန္ဖြင့္ရမွာ ျဖစ္တာေၾကာင့္ တစ္ခန္းကို ေက်ာင္းသား ၂၀ ေက်ာ္သာ ထားႏိုင္မွာ ျဖစ္တဲ့အတြက္ အခု ဆရာ၊ ဆရာမ လိုအပ္ခ်က္ ထပ္ျဖည့္ရတာလို႔သိရပါတယ္။

တိုင္းရင္းသားေဒသေတြမွာ ေဒသခံ ဆရာ၊ ဆရာမေတြကို ပိုဦးစားေပးၿပီး ခန႔္သြားမယ္လို႔ ဒီကေန႔ေန႔လည္က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ပညာေရးဝန္ႀကီးဌာန ဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ထည့္သြင္းေျပာၾကားသြားတာပါ။

“ဆရာဆရာမေတြကို ပိုမိုၿပီးေတာ့မွ တိုင္းရင္းသားေဒသခံေတြကို ပိုဦးစားေပး ခန႔္ဖို႔အတြက္ကိုလည္း မူလတန္း၊ အလယ္တန္း၊ အထက္တန္းျပ ၁၄,၃၈၈ ဦးနဲ႔ တိဘက္မွာေတာ့ ကြၽန္ေတာ္တို႔ ၅၆၁ ဦး၊ တကၠသိုလ္ေတြ၊ ေကာလိပ္ေတြ၊ ဒီဂရီေကာလိပ္ေတြမွာေတာ့ နည္းျပ သ႐ုပ္ျပအသစ္ ၁,၂၃၅ ဦးကို က်ေနာ္တို႔ လိုအပ္ခ်က္နဲ႔အညီ လုပ္ထုံးလုပ္နည္းနဲ႔အညီ က်ေနာ္တို႔ ဒါ စီစဥ္ေဆာင္႐ြက္ေပးမွာ ျဖစ္သလို မႏွစ္ကစၿပီး က်ေနာ္တို႔ အခ်ိန္ပိုင္း Part Time Teachers ေတြကိုလည္း က်ေနာ္တို႔ တကၠသိုလ္ေတြ၊ ဒီဂရီေကာလိပ္ေတြ ေကာလိပ္ေတြမွာ ခန႔္ထားၿပီးလ်က္ရွိေၾကာင္း တင္ျပအပ္ပါတယ္။”

ဘယ္လို ေ႐ြးခ်ယ္ၿပီး ခန႔္မလဲဆိုတာကိုေတာ့ အေသးစိတ္ေျပာမသြားပါဘူး။ ဒီလို ဆရာဆရာမေတြ ထပ္ခန႔္ရတာက ဆရာႏွင့္ ေက်ာင္းသားအခ်ိဳး မွ်တေအာင္ျဖစ္တယ္လို႔ ေဒါက္တာမ်ိဳးသိမ္းႀကီးက ဆိုပါတယ္။ အေျခခံပညာေက်ာင္းေတြမွာ ၂၀၁၁ ခုႏွစ္တုန္းက ဆရာေက်ာင္းသား အခ်ိဳးက ၁ အခ်ိဳး ၃၀ ရွိခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ ၁ အခ်ိဳး ၂၂ ရွိတယ္လို႔ ဆိုပါတယ္။ တကၠသိုလ္၊ ေကာလိပ္နဲ႔ ဒီကရီေကာလိပ္ေတြမွာေတာ့ အေဝးသင္ေက်ာင္းသားအေရအတြက္ အပါအဝင္ဆိုရင္ ေက်ာင္းသား ဆရာ အခ်ိဳးက ၁ အခ်ိဳး ၄၅ ရွိတယ္လို႔သိရပါတယ္။

ဆရာလိုအပ္ခ်က္ေတြ ရွိေနတာေၾကာင့္ ဒီလို ဆရာေတြ ထပ္ခန႔္မယ္ဆိုတဲ့အေပၚ ႀကိဳဆိုတယ္လို႔ အေျခခံပညာ ပညာေရးလုပ္သားမ်ားသမဂၢ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္ ကိုမင္းမင္းထြဋ္က ဆိုပါတယ္။ ဒါေပမဲ့ ဝိဇၨာသိပၸံတကၠသိုလ္ဘြဲ႕ရေတြကို ဆရာလိုအပ္ခ်က္အရဆိုၿပီး သင္တန္းေသခ်ာမေပးဘဲ တိုက္႐ိုက္ခန႔္တာမ်ိဳးကိုေတာ့ ကန႔္ကြက္တယ္လို႔ ကိုမင္းမင္းထြဋ္က ေျပာပါတယ္။

“ဆရာအသစ္ေတြကိ ဝန္ႀကီးဌာနက ခန႔္မယ္ဆိုတာနဲ႔ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔က ႀကိဳဆိုတယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ ဘာျဖစ္လို႔လဲဆိုေတာ့ ဆရာလိုအပ္ခ်က္က ရွိေနလို႔ကို ဆရာလိုအပ္ခ်က္ မူလတန္းမွာလည္း ရွိပါတယ္၊ အလယ္တန္းမွာလည္း ရွိပါတယ္၊ အထက္တန္းမွာလည္း ရွိပါတယ္ ခင္ဗ်၊ လိုအပ္ခ်က္ကို ျဖည့္စည္းေဆာင္႐ြက္မယ္ဆိုတာကို ေထာက္ခံပါတယ္၊ ႀကိဳဆိုပါတယ္။ ဒါေပမဲ့ ျဖည့္စည္းေဆာင္႐ြက္တဲ့ေနရာမွာ ဆရာအတတ္ပညာသင္တန္းကို ထိုက္သင့္အားေလ်ာ္စြာ ေပးၿပီးေတာ့မွ ခန႔္ဖို႔လိုပါတယ္၊ အဲ့ဒီလို မဟုတ္ဘဲနဲ႔ တိုက္႐ိုက္တန္းခန႔္တာကိုေတာ့ လုံးဝ ကန႔္ကြက္ပါတယ္။ သင္ႏိုင္ေပမယ့္လို႔ ဆရာအတတ္ပညာနဲ႔ ပတ္သက္တဲ့ သင္တန္းမရွိဘဲနဲ႔ကေတာ့ အထဲထဲကို ဝင္လာလို႔ရွိရင္ အေျခခံပညာဦးစီးဌာနမွာ တာဝန္ထမ္းေဆာင္မယ္ဆိုလို႔ကေတာ့ သဟဇာတ အံဝင္ခြင့္က် ျဖစ္မႈကေတာ့ မရွိပါဘူး။ ဒါေၾကာင့္မို႔လို႔ ဆရာအတတ္ပညာသင္တန္းေပးပါ။”

ေကာင္းမြန္တဲ့ပညာေရး အံဝင္ဂြင္က် ျဖစ္တဲ့ ပညာေရးျဖစ္ႏိုင္ဖို႔အတြက္ ဆရာအတတ္ပညာသင္တန္း ေတြေပးၿပီးမွ ခန႔္ဖို႔ကို အေျခခံပညာ ပညာေရးလုပ္သား သမဂၢမ်ား ဗဟိုအလုပ္ေဆာင္ေကာ္မတီ အေနနဲ႔ မၾကာခင္မွာ ပညာေရးဝန္ႀကီးဌာနကို အႀကံေပးစာေပးပို႔သြားမွာျဖစ္သလို အလုပ္အမႈေဆာင္ ေကာ္မတီရဲ႕ Facebook စာမ်က္ႏွာကေနလည္း တရားဝင္ေၾကညာခ်က္ထုတ္ျပန္ ထားတယ္လို႔ကိုမင္မင္းထြဋ္က ဆိုပါတယ္။

အေျခခံပညာေက်ာင္းေတြကို COVID - 19 ေရာဂါေၾကာင့္ ပုံမွန္ျပန္ဖြင့္ေနက် ဇြန္လ မွာ မဖြင့္ႏိုင္ဘဲ ဇူလိုင္လ ၂၁ ရက္မွာမွ ျပန္ဖြင့္မွာပါ။ အထက္တန္းအဆင့္ကို အရင္ဆုံးျပန္ဖြင့္မွာျဖစ္ၿပီးေတာ့ ကိုဗစ္ေရာဂါကူးစက္မႈကေန ကာကြယ္ႏိုင္ဖို႔အတြက္ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ စည္ကမ္းခ်က္ေတြနဲ႔အညီ ေဆာင္႐ြက္သြားမယ္လို႔ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္က ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဆရာဆရာမလိုအပ်ချက်အတွက် တိုင်းရင်းသားဒေသခံတွေ ဦးစားပေးခန့်သွားမယ်

COVID -19 ကပ်ရောဂါကာလ ပညာရေးမှာ ဆရာဆရာမ လိုအပ်ချက်တွေအရ တိုင်းရင်းသားဒေတွေကိုဦးစားပေးပြီး ပညာရေး ဝန်ထမ်း ၁,၆၀၀၀ ကျော် ထပ်ခန့်သွားမယ့်အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

လက်ရှိ ကိုဗစ်ကာလ ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ ကျောင်းတွေပြန်ဖွင့်ရမှာ ဖြစ်တာကြောင့် တစ်ခန်းကို ကျောင်းသား ၂၀ ကျော်သာ ထားနိုင်မှာ ဖြစ်တဲ့အတွက် အခု ဆရာ၊ ဆရာမ လိုအပ်ချက် ထပ်ဖြည့်ရတာလို့သိရပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ဒေသခံ ဆရာ၊ ဆရာမတွေကို ပိုဦးစားပေးပြီး ခန့်သွားမယ်လို့ ဒီကနေ့နေ့လည်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ထည့်သွင်းပြောကြားသွားတာပါ။

“ဆရာဆရာမတွေကို ပိုမိုပြီးတော့မှ တိုင်းရင်းသားဒေသခံတွေကို ပိုဦးစားပေး ခန့်ဖို့အတွက်ကိုလည်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြ ၁၄,၃၈၈ ဦးနဲ့ တိဘက်မှာတော့ ကျွန်တော်တို့ ၅၆၁ ဦး၊ တက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ ဒီဂရီကောလိပ်တွေမှာတော့ နည်းပြ သရုပ်ပြအသစ် ၁,၂၃၅ ဦးကို ကျနော်တို့ လိုအပ်ချက်နဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့အညီ ကျနော်တို့ ဒါ စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်သလို မနှစ်ကစပြီး ကျနော်တို့ အချိန်ပိုင်း Part Time Teachers တွေကိုလည်း ကျနော်တို့ တက္ကသိုလ်တွေ၊ ဒီဂရီကောလိပ်တွေ ကောလိပ်တွေမှာ ခန့်ထားပြီးလျက်ရှိကြောင်း တင်ပြအပ်ပါတယ်။”

ဘယ်လို ရွေးချယ်ပြီး ခန့်မလဲဆိုတာကိုတော့ အသေးစိတ်ပြောမသွားပါဘူး။ ဒီလို ဆရာဆရာမတွေ ထပ်ခန့်ရတာက ဆရာနှင့် ကျောင်းသားအချိုး မျှတအောင်ဖြစ်တယ်လို့ ဒေါက်တာမျိုးသိမ်းကြီးက ဆိုပါတယ်။ အခြေခံပညာကျောင်းတွေမှာ ၂၀၁၁ ခုနှစ်တုန်းက ဆရာကျောင်းသား အချိုးက ၁ အချိုး ၃၀ ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ ၁ အချိုး ၂၂ ရှိတယ်လို့ ဆိုပါတယ်။ တက္ကသိုလ်၊ ကောလိပ်နဲ့ ဒီကရီကောလိပ်တွေမှာတော့ အဝေးသင်ကျောင်းသားအရေအတွက် အပါအဝင်ဆိုရင် ကျောင်းသား ဆရာ အချိုးက ၁ အချိုး ၄၅ ရှိတယ်လို့သိရပါတယ်။

ဆရာလိုအပ်ချက်တွေ ရှိနေတာကြောင့် ဒီလို ဆရာတွေ ထပ်ခန့်မယ်ဆိုတဲ့အပေါ် ကြိုဆိုတယ်လို့ အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကိုမင်းမင်းထွဋ်က ဆိုပါတယ်။ ဒါပေမဲ့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ဘွဲ့ရတွေကို ဆရာလိုအပ်ချက်အရဆိုပြီး သင်တန်းသေချာမပေးဘဲ တိုက်ရိုက်ခန့်တာမျိုးကိုတော့ ကန့်ကွက်တယ်လို့ ကိုမင်းမင်းထွဋ်က ပြောပါတယ်။

“ဆရာအသစ်တွေကိ ဝန်ကြီးဌာနက ခန့်မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က ကြိုဆိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဘာဖြစ်လို့လဲဆိုတော့ ဆရာလိုအပ်ချက်က ရှိနေလို့ကို ဆရာလိုအပ်ချက် မူလတန်းမှာလည်း ရှိပါတယ်၊ အလယ်တန်းမှာလည်း ရှိပါတယ်၊ အထက်တန်းမှာလည်း ရှိပါတယ် ခင်ဗျ၊ လိုအပ်ချက်ကို ဖြည့်စည်းဆောင်ရွက်မယ်ဆိုတာကို ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဖြည့်စည်းဆောင်ရွက်တဲ့နေရာမှာ ဆရာအတတ်ပညာသင်တန်းကို ထိုက်သင့်အားလျော်စွာ ပေးပြီးတော့မှ ခန့်ဖို့လိုပါတယ်၊ အဲ့ဒီလို မဟုတ်ဘဲနဲ့ တိုက်ရိုက်တန်းခန့်တာကိုတော့ လုံးဝ ကန့်ကွက်ပါတယ်။ သင်နိုင်ပေမယ့်လို့ ဆရာအတတ်ပညာနဲ့ ပတ်သက်တဲ့ သင်တန်းမရှိဘဲနဲ့ကတော့ အထဲထဲကို ဝင်လာလို့ရှိရင် အခြေခံပညာဦးစီးဌာနမှာ တာဝန်ထမ်းဆောင်မယ်ဆိုလို့ကတော့ သဟဇာတ အံဝင်ခွင့်ကျ ဖြစ်မှုကတော့ မရှိပါဘူး။ ဒါကြောင့်မို့လို့ ဆရာအတတ်ပညာသင်တန်းပေးပါ။”

ကောင်းမွန်တဲ့ပညာရေး အံဝင်ဂွင်ကျ ဖြစ်တဲ့ ပညာရေးဖြစ်နိုင်ဖို့အတွက် ဆရာအတတ်ပညာသင်တန်း တွေပေးပြီးမှ ခန့်ဖို့ကို အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများ ဗဟိုအလုပ်ဆောင်ကော်မတီ အနေနဲ့ မကြာခင်မှာ ပညာရေးဝန်ကြီးဌာနကို အကြံပေးစာပေးပို့သွားမှာဖြစ်သလို အလုပ်အမှုဆောင် ကော်မတီရဲ့ Facebook စာမျက်နှာကနေလည်း တရားဝင်ကြေညာချက်ထုတ်ပြန် ထားတယ်လို့ကိုမင်မင်းထွဋ်က ဆိုပါတယ်။

အခြေခံပညာကျောင်းတွေကို COVID - 19 ရောဂါကြောင့် ပုံမှန်ပြန်ဖွင့်နေကျ ဇွန်လ မှာ မဖွင့်နိုင်ဘဲ ဇူလိုင်လ ၂၁ ရက်မှာမှ ပြန်ဖွင့်မှာပါ။ အထက်တန်းအဆင့်ကို အရင်ဆုံးပြန်ဖွင့်မှာဖြစ်ပြီးတော့ ကိုဗစ်ရောဂါကူးစက်မှုကနေ ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စည်ကမ်းချက်တွေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောထားပါတယ်။

XS
SM
MD
LG