သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ယူရို ၃၂ သန်း အီးယူလှူ


ဓါတ်ပုံ -European Union in Myanmar
ဓါတ်ပုံ -European Union in Myanmar

(Zawgyi/Unicode)

မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေးအတွက် အကူအညီအဖြစ် ဥရောပ သမဂ္ဂ (EU) က ယူရိုငွေ ၃၂ သန်း (မြန်မာ ကျပ်ငွေတန်ဖိုး ၅၁ ဘီလီယံ ) ပေးအပ်ခဲ့ကြောင်း ဥရောပ သမဂ္ဂ နဲ့ ပညာရေး ဝန်ကြီးဌာနတို့က မတ်လ ၂၂ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ထောက်ပံ့ငွေတွေကို မြန်မာနိုင်ငံက ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေ အရည်အသွေး တိုးတက် လာစေရေးအတွက် ပေးအပ်တာလို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံ ပညာရေးကဏ္ဍအတွက် ပံ့ပိုးကူညီဖို့ ကတိကဝတ်ပြုထားတဲ့ စုစုပေါင်းယူရိုငွေ ၂၂၁သန်း (မြန်မာကျပ်ငွေ ၃၈၂ ဘီလီယံ)ထဲက ဒုတိယအရစ် ပေးအပ်တာလည်း ဖြစ်ပါတယ်။

ဒီ အထောက်အပံ့ငွေလွှဲပြောင်း ပေးအပ်တဲ့ အခမ်းအနားကို မတ်လ ၂၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပဲ့တာ ဖြစ်ပြီး မြန်မာ ကလေးတွေရဲ့ ပညာရေး တိုးတက်ဖို့ မြန်မာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Mr.Kristian Schmidt က ချီးကျူးကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပံ့ပိုးကူညီဖို့ ကတိကဝတ်ပြုထားတဲ့ ရန်ပုံငွေထဲ ၂၂၁ သန်းထဲက ယူရို ၁၇၅ သန်းကို မြန်မာနိုင်ငံအစိုးရနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ရာ သုံးစွဲသွားမှာ ဖြစ်ပြီး ယူရို ၆၇ သန်း (ကျပ်ငွေ ၁၀၅ ဘီလီယံ) ထောက်ပံ့ခဲ့ပြီးပြီလို့ ဆိုပါတယ်။ အလယ်တန်းပညာရေး၊ နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးကျောင်းတွေအပြင် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ဖို့ အတွက်လည်း နည်းပညာအထောက်အပံ့အဖြစ် ပေးမယ့်အထဲ ယူရို ၄၆ သန်း (ကျပ်ငွေ ၈၀ ဘီလီယံ) ပါဝင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)






XS
SM
MD
LG