သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အထက္တန္းေက်ာင္းမ်ား အကန္႔အသတ္နဲ႔ ျပန္ဖြင့္


ရန္ကုန္ၿမိဳ႕ရွိ အထက္တန္းေက်ာင္းတခုမွာ COVID-19 ကပ္ေရာဂါကာလ ပထမဆံုး ေက်ာင္းဖြင့္ရက္ ျမင္ကြင္း။ (ဇူလိုင္ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါကာလမွာ တလေလာက္ ေနာက္က်ၿပီးမွ ဒီကေန႔ အထက္တန္းေက်ာင္းေတြ ျပန္ဖြင့္လိုက္တဲ့အေၾကာင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ကပ္ေရာဂါကာလ ကန႔္သတ္ခ်က္ေတြကို ေလွ်ာ့ေပါ့ေနရာမွာ အေျခခံပညာ အထက္တန္းအဆင့္ ေက်ာင္းေတြကိုလည္း ဒီကေန႔ ျပန္လည္ ဖြင့္လွစ္လိုက္တာပါ။ တလေလာက္ၾကာ ေနာက္က်ၿပီး ျပန္ဖြင့္ရာမွာ က်န္းမာေရးအတြက္ အဆင့္သတ္မွတ္ခ်က္နဲ႔ မကိုက္ညီေသးတဲ့ ေက်ာင္းေတြကေတာ့ ဖြင့္လွစ္ခြင့္မရၾကပါဘူး။

က်န္းမာေရး သတ္မွတ္ခ်က္နဲ႔အညီ ျပန္ဖြင့္ႏိုင္တဲ့ အစိုးရေက်ာင္းနဲ႔ ပုဂၢလိကေက်ာင္း အေရအတြက္က ၃,၇၇၂ ေက်ာင္းရွိၿပီးေတာ့ က်န္းမာေရးသတ္မွတ္ခ်က္ မစစ္ေဆးရေသးတဲ့ ေက်ာင္းက ၂,၀၀၀ ေက်ာ္က်န္ေနေသးတယ္လို႔ အေျခခံပညာဦးစီဌာန ဒုတိယ ၫႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕က အထက္တန္းေက်ာင္းတခုမွာ COVID-19 ကပ္ေရာဂါကာလ ပထမဆံုး ေက်ာင္းဖြင့္ရက္ ျမင္ကြင္း။ (ဇူလိုင္ ၂၁၊ ၂၀၂၀)
ရန္ကုန္ၿမိဳ႕က အထက္တန္းေက်ာင္းတခုမွာ COVID-19 ကပ္ေရာဂါကာလ ပထမဆံုး ေက်ာင္းဖြင့္ရက္ ျမင္ကြင္း။ (ဇူလိုင္ ၂၁၊ ၂၀၂၀)

“ႏိုင္ငံတကာပုံစံအတိုင္းပဲ ဆရာတို႔ ကေလးေတြရဲ႕ သင္ယူမႈအခြင့္အလမ္း မဆုံးရႈံးေအာင္ ဆရာတို႔ႀကိဳးစားတယ္။ ႀကိဳးစားတဲ့အခါမွာ သင္ယူမႈ အခြင့္အလမ္းထက္ အ‌ေရးႀကီးတာကေတာ့ က်န္းမာေရးနဲ႔ ေဘးကင္းလုံၿခဳံတာကို လိုအပ္တယ္၊ ဒါေၾကာင့္မို႔လို႔လည္း ဆရာတို႔မွာ လိုအပ္ခ်က္အရ စိစစ္တယ္။ စိစစ္တဲ့အခါမွာ အဖြဲ႔ေပါင္း စုံကေနၿပီး ေဆာင္႐ြက္တဲ့ အတြက္ေၾကာင့္မို႔လို႔ ပူးေပါင္းေဆာင္႐ြက္တာေတြအမ်ားႀကီးရွိတယ္။ ဒီအေပၚမွာ လည္းပဲ အဖြဲတိုင္းမွာပါတဲ့ ပုဂၢိဳလ္ေတြကလည္းပဲ စိတ္ရွည္ဖို႔ လိုအပ္သလို စစ္ေဆးခံရမယ့္ ေက်ာင္းအုပ္ႀကီးနဲ႔ ဆရာဆရာမေတြကလည္းပဲ စိတ္ရွည္ရမယ္။ မိဘေတြကလည္းပဲ ပါဝင္ပူးေပါင္းၿပီးေတာ့မွ ဆရာတို႔ရည္မွန္းထားတဲ့အတိုင္းပဲ ေဘးကင္းလုံၿခဳံၿပီးေတာ့ ပညာသင္ယူမႈ အခြင့္အလမ္းမဆုံးရႈံးတဲ့ ေနရာျဖစ္ေအာင္ ဆရာတို႔ ဖန္တီးရမယ္။ အားလုံးပူးေပါင္းပါဝင္ဖို႔လည္း ဆရာတို႔ ေမတၱာရပ္ခံပါတယ္။”

ေက်ာင္းျပန္ဖြင့္ခြင့္ရတဲ့ ေက်ာင္းေတြမွာေတာ့ ကပ္ေရာဂါထိန္းခ်ဳပ္ေရး အစီအမံေတြနဲ႔ သင္ၾကားခြင့္ျပဳထားတာပါ။ ေက်ာင္းဖြင့္ရက္ ပထမေန႔မွာပဲ ေက်ာင္းသားေတြကို က်န္းမာေရးနဲ႔ ပတ္သက္လို႔ ပညာေပးလုပ္ငန္းေတြ ေဆာင္႐ြက္ေပးေနေၾကာင္းလည္း ဗိုလ္တေထာင္ အထက ၄ က ေက်ာင္းအုပ္ဆရာမႀကီး ေဒၚခင္ထားႂကြယ္က ခုလို ေျပာပါတယ္။

“ပထမဦးဆုံးေက်ာင္းတက္ရက္ဆိုတဲ့အတြက္ေၾကာင့္ ဆရာမႀကီးတို႔က ပိုၿပီးေတာ့ ဂ႐ုစိုက္ေပးရတာေပါ့ေနာ္။ ကေလးေတြလာတဲ့အခါမွာ သမီးတို႔ရယ္ သူငယ္ခ်င္းအခ်င္းခ်င္း တပူးတြဲတြဲ မေနၾကနဲ႔၊ ဆရာမႀကီးတို႔ ဒီ အေရွ႕ေပါက္ဆိုလို႔ရွိရင္ ကားစီးဂိတ္ အေနာက္ေပါက္ဆိုလို႔ရွိရင္ လမ္းေလွ်ာက္ဂိတ္ေပါ့။ အဲ့ေတာ့ တစ္ေယာက္ခ်င္းဝင္ၾက ဂိတ္မႀကီးကလည္းဝင္လို႔ရတယ္ ေနာက္ဘက္ဂိတ္ကလည္း ဝင္လို႔ရတယ္၊ ဆရာမႀကီးတို႔ ေသခ်ာေျပာေပးပါတယ္၊ ေနာက္ၿပီးေတာ့ကေလးေတြ လက္ေဆးဖို႔၊ လက္ေဆးေဘစင္မွာ စုၿပဳံမေနဖို႔ လက္ေဆးေဘစင္ ၇ ခုမွာ ျပည့္သြားတဲ့အခါ လက္သန႔္ေဆး ေပးပါတယ္။ ျမန္ျမန္ဆန္ဆန္ဝင္လို႔ရေအာင္ေပါ့ေနာ္၊ အဲ့ဒါမ်ိဳးေလးေတြလုပ္ထားတယ္။ ေနာက္ဒီေန႔က ပထမဦးဆုံးေန႔ ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ က်န္းမာေရးကို အဓိကထားၿပီးေတာ့ ဆရာမေတြကို ေျပာခိုင္းထားပါတယ္။”

ဒီကေန႔ ပထမဆုံးေက်ာင္းတက္ရက္မွာ ဘယ္လို အခက္အခဲေတြ ႀကဳံေတြ႕ရသလဲဆိုတာကိုလည္း ေနျပည္ေတာ္ အထက ၁၄ က ဆရာမ ‌ေဒၚနီလာဝင္းကလည္း ခုလိုေျပာျပပါတယ္။

“သူတို႔က ခုမွာ စေတြ႕ခါစ ေက်ာင္းဖြင့္ခါစဆိုေတာ့ေလ၊ တစ္ေယာက္နဲ႔ တစ္ေယာက္ခြဲေနရတဲ့ ကာလက မ်ားတဲ့ခါက်ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ပူးကပ္ၿပီး စကားေတြအမ်ားႀကီးေျပာတာမ်ိဳးေပါ့။ အဲ့ဒါမ်ိဳးေလးေတြေပါ့၊ Social Distancing အတိုင္းမေနတာေလးေတြေပါ့၊ အဲ့ဒီအခက္အခဲေလးေတြေတာ့ ရွိပါတယ္ရွင့္။”

စာသင္ခန္းေတြထဲမွာ ႏွာေခါင္းစည္း၊ မ်က္ႏွာအကာအကြယ္ေတြ တပ္ထားၿပီး စာသင္ရတာနဲ႔ ပတ္သက္လို႔ ဗိုလ္တေထာင္ အထက ၄ က ေက်ာင္းသူ မဇူးဇူးဟန္နီေထြးက ခုလိုေျပာပါတယ္။

“စာသင္တဲ့အခါ နည္းနည္းေတာ့ ပူတာေပါ့ေနာ္၊ ဒီအျပားႀကီးနဲ႔ဆိုေတာ့ နည္းနည္း၊ အဆင္ေတာ့ ေျပေတာ့ေျပပါတယ္၊ နည္းနည္းပူတာေလးပဲ ရွိတာပါ။”

ျမန္မာတစ္ႏိုင္ငံလုံးမွာ အထက္တန္းေက်ာင္း စုစုေပါင္းက ၇,၀၀၀ ေက်ာ္ရွိပါတယ္။ အဲ့ဒီထဲက ေက်ာင္းေပါင္း ၅,၈၀၀ ေက်ာ္ကို က်န္းမာေရးသတ္မွတ္ခ်က္ေတြနဲ႔ ညီမညီစစ္ေဆးခဲ့ၿပီးေတာ့ သတ္မွတ္ခ်က္ေတြနဲ႔ ညီၫႊတ္တဲ့ ေက်ာင္း ၃,၇၀၀ ‌ေက်ာ္ကို ျပန္ဖြင့္ခြင့္ေပးခဲ့တာပါ။

အထက္တန္းေက်ာင္းေတြအားလုံး က်န္းမာ‌ေရးသတ္မွတ္ခ်က္ေတြနဲ႔အညီ စစ္ေဆးဖြင့္လွစ္ႏိုင္ၿပီးရင္ အလယ္တန္းႏွင့္ မူလတန္းေက်ာင္းေတြကိုလည္း စစ္ေဆးၿပီး ျပန္ဖြင္ႏိုင္ဖို႔ ေဆာင္႐ြက္သြားမယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴးက ေျပာပါတယ္။

တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ပုံမွန္ေက်ာင္းတက္ခ်ိန္အတိုင္းတက္ႏိုင္မယ့္ ေက်ာင္းအရေအတြက္က ၆၀၀ ေက်ာ္ပဲရွိပါတယ္။ တစ္ပတ္ျခားတက္ရမယ့္ ေက်ာင္းက ၂,၄၇၁ ေက်ာင္း၊ တစ္ပတ္ျခား ႏွစ္သုတ္တက္က ၂,၄၀၁ ေက်ာင္း တစ္ပတ္ျခားႏွစ္သုတ္ ၃ရက္ျခား တက္ရမယ့္ ေက်ာင္းက ၁၄၄ ေက်ာင္းရွိတယ္လို႔ အေျခခံပညာဦးစီးဌာနက သတင္းထုတ္ျပန္ထားပါတယ္ရွင္။

အထက်တန်းကျောင်းများ အကန့်အသတ်နဲ့ ပြန်ဖွင့်
please wait

No media source currently available

0:00 0:03:45 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အထက်တန်းကျောင်းများ အကန့်အသတ်နဲ့ ပြန်ဖွင့်

COVID-19 ကပ်ရောဂါကာလမှာ တလလောက် နောက်ကျပြီးမှ ဒီကနေ့ အထက်တန်းကျောင်းတွေ ပြန်ဖွင့်လိုက်တဲ့အကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကို လျှော့ပေါ့နေရာမှာ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းတွေကိုလည်း ဒီကနေ့ ပြန်လည် ဖွင့်လှစ်လိုက်တာပါ။ တလလောက်ကြာ နောက်ကျပြီး ပြန်ဖွင့်ရာမှာ ကျန်းမာရေးအတွက် အဆင့်သတ်မှတ်ချက်နဲ့ မကိုက်ညီသေးတဲ့ ကျောင်းတွေကတော့ ဖွင့်လှစ်ခွင့်မရကြပါဘူး။

ကျန်းမာရေး သတ်မှတ်ချက်နဲ့အညီ ပြန်ဖွင့်နိုင်တဲ့ အစိုးရကျောင်းနဲ့ ပုဂ္ဂလိကကျောင်း အရေအတွက်က ၃,၇၇၂ ကျောင်းရှိပြီးတော့ ကျန်းမာရေးသတ်မှတ်ချက် မစစ်ဆေးရသေးတဲ့ ကျောင်းက ၂,၀၀၀ ကျော်ကျန်နေသေးတယ်လို့ အခြေခံပညာဦးစီဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“နိုင်ငံတကာပုံစံအတိုင်းပဲ ဆရာတို့ ကလေးတွေရဲ့ သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးအောင် ဆရာတို့ကြိုးစားတယ်။ ကြိုးစားတဲ့အခါမှာ သင်ယူမှု အခွင့်အလမ်းထက် အ‌ရေးကြီးတာကတော့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံတာကို လိုအပ်တယ်၊ ဒါကြောင့်မို့လို့လည်း ဆရာတို့မှာ လိုအပ်ချက်အရ စိစစ်တယ်။ စိစစ်တဲ့အခါမှာ အဖွဲ့ပေါင်း စုံကနေပြီး ဆောင်ရွက်တဲ့ အတွက်ကြောင့်မို့လို့ ပူးပေါင်းဆောင်ရွက်တာတွေအများကြီးရှိတယ်။ ဒီအပေါ်မှာ လည်းပဲ အဖွဲတိုင်းမှာပါတဲ့ ပုဂ္ဂိုလ်တွေကလည်းပဲ စိတ်ရှည်ဖို့ လိုအပ်သလို စစ်ဆေးခံရမယ့် ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမတွေကလည်းပဲ စိတ်ရှည်ရမယ်။ မိဘတွေကလည်းပဲ ပါဝင်ပူးပေါင်းပြီးတော့မှ ဆရာတို့ရည်မှန်းထားတဲ့အတိုင်းပဲ ဘေးကင်းလုံခြုံပြီးတော့ ပညာသင်ယူမှု အခွင့်အလမ်းမဆုံးရှုံးတဲ့ နေရာဖြစ်အောင် ဆရာတို့ ဖန်တီးရမယ်။ အားလုံးပူးပေါင်းပါဝင်ဖို့လည်း ဆရာတို့ မေတ္တာရပ်ခံပါတယ်။”

ရန္ကုန္ၿမိဳ႕က အထက္တန္းေက်ာင္းတခုမွာ COVID-19 ကပ္ေရာဂါကာလ ပထမဆံုး ေက်ာင္းဖြင့္ရက္ ျမင္ကြင္း။ (ဇူလိုင္ ၂၁၊ ၂၀၂၀)
ရန္ကုန္ၿမိဳ႕က အထက္တန္းေက်ာင္းတခုမွာ COVID-19 ကပ္ေရာဂါကာလ ပထမဆံုး ေက်ာင္းဖြင့္ရက္ ျမင္ကြင္း။ (ဇူလိုင္ ၂၁၊ ၂၀၂၀)

ကျောင်းပြန်ဖွင့်ခွင့်ရတဲ့ ကျောင်းတွေမှာတော့ ကပ်ရောဂါထိန်းချုပ်ရေး အစီအမံတွေနဲ့ သင်ကြားခွင့်ပြုထားတာပါ။ ကျောင်းဖွင့်ရက် ပထမနေ့မှာပဲ ကျောင်းသားတွေကို ကျန်းမာရေးနဲ့ ပတ်သက်လို့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေကြောင်းလည်း ဗိုလ်တထောင် အထက ၄ က ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထားကြွယ်က ခုလို ပြောပါတယ်။

“ပထမဦးဆုံးကျောင်းတက်ရက်ဆိုတဲ့အတွက်ကြောင့် ဆရာမကြီးတို့က ပိုပြီးတော့ ဂရုစိုက်ပေးရတာပေါ့နော်။ ကလေးတွေလာတဲ့အခါမှာ သမီးတို့ရယ် သူငယ်ချင်းအချင်းချင်း တပူးတွဲတွဲ မနေကြနဲ့၊ ဆရာမကြီးတို့ ဒီ အရှေ့ပေါက်ဆိုလို့ရှိရင် ကားစီးဂိတ် အနောက်ပေါက်ဆိုလို့ရှိရင် လမ်းလျှောက်ဂိတ်ပေါ့။ အဲ့တော့ တစ်ယောက်ချင်းဝင်ကြ ဂိတ်မကြီးကလည်းဝင်လို့ရတယ် နောက်ဘက်ဂိတ်ကလည်း ဝင်လို့ရတယ်၊ ဆရာမကြီးတို့ သေချာပြောပေးပါတယ်၊ နောက်ပြီးတော့ကလေးတွေ လက်ဆေးဖို့၊ လက်ဆေးဘေစင်မှာ စုပြုံမနေဖို့ လက်ဆေးဘေစင် ၇ ခုမှာ ပြည့်သွားတဲ့အခါ လက်သန့်ဆေး ပေးပါတယ်။ မြန်မြန်ဆန်ဆန်ဝင်လို့ရအောင်ပေါ့နော်၊ အဲ့ဒါမျိုးလေးတွေလုပ်ထားတယ်။ နောက်ဒီနေ့က ပထမဦးဆုံးနေ့ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျန်းမာရေးကို အဓိကထားပြီးတော့ ဆရာမတွေကို ပြောခိုင်းထားပါတယ်။”

ဒီကနေ့ ပထမဆုံးကျောင်းတက်ရက်မှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရသလဲဆိုတာကိုလည်း နေပြည်တော် အထက ၁၄ က ဆရာမ ‌ဒေါ်နီလာဝင်းကလည်း ခုလိုပြောပြပါတယ်။

“သူတို့က ခုမှာ စတွေ့ခါစ ကျောင်းဖွင့်ခါစဆိုတော့လေ၊ တစ်ယောက်နဲ့ တစ်ယောက်ခွဲနေရတဲ့ ကာလက များတဲ့ခါကျတော့ တစ်ယောက်နဲ့တစ်ယောက်ပူးကပ်ပြီး စကားတွေအများကြီးပြောတာမျိုးပေါ့။ အဲ့ဒါမျိုးလေးတွေပေါ့၊ Social Distancing အတိုင်းမနေတာလေးတွေပေါ့၊ အဲ့ဒီအခက်အခဲလေးတွေတော့ ရှိပါတယ်ရှင့်။”

စာသင်ခန်းတွေထဲမှာ နှာခေါင်းစည်း၊ မျက်နှာအကာအကွယ်တွေ တပ်ထားပြီး စာသင်ရတာနဲ့ ပတ်သက်လို့ ဗိုလ်တထောင် အထက ၄ က ကျောင်းသူ မဇူးဇူးဟန်နီထွေးက ခုလိုပြောပါတယ်။

“စာသင်တဲ့အခါ နည်းနည်းတော့ ပူတာပေါ့နော်၊ ဒီအပြားကြီးနဲ့ဆိုတော့ နည်းနည်း၊ အဆင်တော့ ပြေတော့ပြေပါတယ်၊ နည်းနည်းပူတာလေးပဲ ရှိတာပါ။”

ရန္ကုန္ၿမိဳ႕က အထက္တန္းေက်ာင္းတခုမွာ COVID-19 ကပ္ေရာဂါကာလ ပထမဆံုး ေက်ာင္းဖြင့္ရက္ ျမင္ကြင္း။ (ဇူလိုင္ ၂၁၊ ၂၀၂၀)
ရန္ကုန္ၿမိဳ႕က အထက္တန္းေက်ာင္းတခုမွာ COVID-19 ကပ္ေရာဂါကာလ ပထမဆံုး ေက်ာင္းဖြင့္ရက္ ျမင္ကြင္း။ (ဇူလိုင္ ၂၁၊ ၂၀၂၀)

မြန်မာတစ်နိုင်ငံလုံးမှာ အထက်တန်းကျောင်း စုစုပေါင်းက ၇,၀၀၀ ကျော်ရှိပါတယ်။ အဲ့ဒီထဲက ကျောင်းပေါင်း ၅,၈၀၀ ကျော်ကို ကျန်းမာရေးသတ်မှတ်ချက်တွေနဲ့ ညီမညီစစ်ဆေးခဲ့ပြီးတော့ သတ်မှတ်ချက်တွေနဲ့ ညီညွှတ်တဲ့ ကျောင်း ၃,၇၀၀ ‌ကျော်ကို ပြန်ဖွင့်ခွင့်ပေးခဲ့တာပါ။

အထက်တန်းကျောင်းတွေအားလုံး ကျန်းမာ‌ရေးသတ်မှတ်ချက်တွေနဲ့အညီ စစ်ဆေးဖွင့်လှစ်နိုင်ပြီးရင် အလယ်တန်းနှင့် မူလတန်းကျောင်းတွေကိုလည်း စစ်ဆေးပြီး ပြန်ဖွင်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပုံမှန်ကျောင်းတက်ချိန်အတိုင်းတက်နိုင်မယ့် ကျောင်းအရအေတွက်က ၆၀၀ ကျော်ပဲရှိပါတယ်။ တစ်ပတ်ခြားတက်ရမယ့် ကျောင်းက ၂,၄၇၁ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်တက်က ၂,၄၀၁ ကျောင်း တစ်ပတ်ခြားနှစ်သုတ် ၃ရက်ခြား တက်ရမယ့် ကျောင်းက ၁၄၄ ကျောင်းရှိတယ်လို့ အခြေခံပညာဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်ရှင်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG