သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းနဲ႔ ရခိုင္ဘက္မွာ စာသင္ေက်ာင္းတခ်ဳိ႕ ျပန္မဖြင့္ႏိုင္ေသး


ရခိုင္ျပည္နယ္ရွိ ျပည္နယ္ပညာေရးမွဴးရံုး။ (ဇူလိုင္ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ဒီလထဲမွာ အေျခခံပညာသင္ေက်ာင္းေတြ ျပန္ဖြင့္ဖုိ႔ စီစဥ္ထားေပမဲ့ လက္နက္ကိုင္ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ ရခုိင္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ေတြမွာေတာ့ ေက်ာင္းေတြ ဖြင့္ႏုိင္မွာ မဟုတ္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ဒီလ ၂၁ ရက္ေန႔ အေျခခံပညာသင္ေက်ာင္းေတြ ျပန္ဖြင့္တဲ့အခါ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ က စာသင္ေက်ာင္း ၂၃၀ ေက်ာ္ကေတာ့ ျပန္ဖြင့္ႏုိင္မွာ မဟုတ္ဘူးလုိ႔ ပလက္ဝၿမိဳ႕နယ္ပညာေရးမွဴး ဆလိုင္း ေအာင္မင္းက ေျပာပါတယ္။

"က်ေနာ္တို႔အခု ေလာေလာဆယ္ လ်ာထားတာကေတာ့ ၁၅၄ ေက်ာင္းကို ဖြင့္ဖို႔ လုပ္ထားတယ္။ ၂၃၇ ေက်ာင္းကို ေလာေလာဆယ္ ပိတ္ထားဖို႔ လုပ္ထားတယ္။ ပိတ္မယ့္ေက်ာင္းေတြက ပလက္ဝၿမိဳ႕ရဲ႕ ေတာင္ဘက္၊ ေျမာက္ဘက္နဲ႔ အေနာက္ဘက္ကို က်ေနာ္တို႔ ေလာေလာဆယ္ ပိတ္ဖို႔လုပ္ထားတာခင္ဗ်ာ။"

လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ ေဘးလြတ္ရာ တိမ္းေရွာင္ၾကရတဲ့ ေဒခံေတြ စာသင္ေက်ာင္းေတြမွာ ခုိလႈံေနတာ၊ လမ္းပန္းဆက္သြယ္ေရး ခက္ခဲတာေတြ အပါအ၀င္ လတ္တေလာ ႀကံဳေနရတဲ့ အခက္အခဲေတြေၾကာင့္ ေက်ာင္းေတြ ဆက္ပိတ္ထားဖုိ႔ ဆုံးျဖတ္ခဲ့တာလုိ႔လည္း ဆလိုင္းေအာင္မင္းက ေျပာပါတယ္။

"လူေတြမရွိတဲ့ ရြာေတြ ရွိတယ္။ အားလံုးတိုက္ပြဲေရွာင္ေတြေပါ့။ တိုက္ပြဲေရွာင္ေတြေၾကာင့္ မဖြင့္ႏို္င္တဲ့ ေက်ာင္းေတြရွိတယ္။ သြားေရး၊ လာေရးခက္ခဲ့တဲ့ ေက်ာင္းေတြလည္း ရွိတယ္ခင္ဗ်ာ။ ေနာက္ၿပီးေတာ့ ပံုႏိွပ္စာအုပ္ မရေသးတဲ့ ေက်ာင္းေတြလည္း ရွိတယ္ခင္ဗ်ာ။ အဲတာေၾကာင့္ ပိတ္ဖို႔လုပ္ထားတာ။"

တိုက္ပြဲေတြျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္မွာလည္း စာသင္ေက်ာင္းေတြ ျပန္ဖြင့္ႏုိင္ေရး မေရမရာ ျဖစ္ေနဆဲပါ။

ရခိုင္ျပည္နယ္ရွိ ျပည္နယ္ပညာေရးမွဴးရံုး။ (ဇူလိုင္ ၁၆၊ ၂၀၂၀)
ရခိုင္ျပည္နယ္ရွိ ျပည္နယ္ပညာေရးမွဴးရံုး။ (ဇူလိုင္ ၁၆၊ ၂၀၂၀)

ရခိုင္ျပည္နယ္မွာ အထက္ေက်ာင္းေပါင္း ၄၀၀ ေက်ာ္ထဲက ေက်ာက္ေတာ္ ပုဏၰားကြ်န္း ရေသ့ေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္မွာရွိတဲ့ အထက္ေက်ာင္း အနည္းဆုံး ေျခာက္ ေက်ာင္း ကို ဆက္ပိတ္ထားမွာျဖစ္သလုိ၊ အထက္တန္းေက်ာင္းေပါင္း ၆၀ ေက်ာ္အတြက္ ဆရာ ဆရာမေတြ အလုံအေလာက္ မရွိေသးေၾကာင္း ျပည္နယ္ပညာေရးမွဴးရံုးရဲ႕ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ စစ္ေရွာင္ဦးေရ ၂၀၀,၀၀၀ ေက်ာ္ေလာက္ရွိမယ္လုိ႔ ခန္႔မွန္းထားၿပီး စစ္ေရွာင္ စခန္းေတြမွာရွိေနတဲ့ ေက်ာင္းသူ၊ ေက်ာင္းသားေတြဟာလည္း ပညာသင္ၾကားဖို႔ ခက္ခဲေနၾကတာပါ။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ေညာင္ေခ်ာင္း စစ္ေရွာင္စခန္းမွာ ေက်ာင္းသူ၊ ေက်ာင္းသား ၅၀၀ ေက်ာ္အထိရွိေနၿပီး လက္ရွိအခ်ိန္ထိ ဘယ္မွာေက်ာင္းတက္ရမလဲဆိုတာ မသိေသးဘူးလို႔ ေညာင္ေခ်ာင္းစစ္ေရွာင္စခန္းတာဝန္ခံ ကိုခိုင္မ်ိဳးေအာင္ကေျပာပါတယ္။

"က်ေနာ္တို႔ စစ္ေရွာင္စခန္းမွာ ေက်ာင္းတက္ဖို႔အတြက္ကေတာ့ ေတာ္ေတာ္ေလးအခက္အခဲရွိတယ္။ ဘာလို႔လဲဆိုေတာ့ ဒီမွာက ေက်ာင္းသားေတြကလည္း အရမ္းမ်ားတယ္။ ေနာက္ၿပီးေတာ့ အခုအခ်ိန္ထိ ပညာေရးဌာနကေနၿပီးေတာ့ ဘယ္မွာတက္ရမယ္ ဘယ္လို အေျခအေနရွိတယ္ဆိုတာကို မသိရေသးပါဘူး ခင္ဗ်ာ အခုအခ်ိန္ထိ။ "

လက္ရွိအခ်ိန္မွာ COVID-19 ကပ္ေရာဂါေၾကာင့္ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ ေက်ာင္းဖြင့္ခ်ိန္ေတြကို ေျပာင္းလဲခဲ့ရသလို ေက်ာင္းခန္းတစ္ခန္းမွာ ေက်ာင္းသူ၊ ေက်ာင္းသား အေယာက္ ၂၀ သာထားရွိၿပီး တစ္ဦးနဲ႔ တစ္ဦး ေျခာက္ ေပအကြာမွာ ထားရွိဖို႔လည္း ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတာပါ။

လက္ရွိအခ်ိန္မွာ အထက္တန္းအဆင့္ ေက်ာင္းသူ၊ ေက်ာင္းသားေတြ ေက်ာင္းအပ္လက္ခံေနၿပီး အထက္တန္း ေက်ာင္းကို ဇူလိုင္လ ၂၁၊ အလယ္တန္းအဆင့္ေက်ာင္းမ်ားကို ၾသဂုတ္လ ၄ ရက္နဲ႔ မူလတန္းေက်ာင္းေတြကို ၾသဂုတ္လ ၁၁ ရက္ေန႔မွာ ဖြင့္လွစ္သြားမွာ ျဖစ္တယ္လို႔လည္း ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ချင်းနဲ့ ရခိုင်ဘက်မှာ စာသင်ကျောင်းတချို့ ပြန်မဖွင့်နိုင်သေး

ဒီလထဲမှာ အခြေခံပညာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်ထားပေမဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာတော့ ကျောင်းတွေ ဖွင့်နိုင်မှာ မဟုတ်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ဒီလ ၂၁ ရက်နေ့ အခြေခံပညာသင်ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ ချင်းပြည်နယ် ပလက်ဝမြို့နယ် က စာသင်ကျောင်း ၂၃၀ ကျော်ကတော့ ပြန်ဖွင့်နိုင်မှာ မဟုတ်ဘူးလို့ ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်း အောင်မင်းက ပြောပါတယ်။

"ကျနော်တို့အခု လောလောဆယ် လျာထားတာကတော့ ၁၅၄ ကျောင်းကို ဖွင့်ဖို့ လုပ်ထားတယ်။ ၂၃၇ ကျောင်းကို လောလောဆယ် ပိတ်ထားဖို့ လုပ်ထားတယ်။ ပိတ်မယ့်ကျောင်းတွေက ပလက်ဝမြို့ရဲ့ တောင်ဘက်၊ မြောက်ဘက်နဲ့ အနောက်ဘက်ကို ကျနော်တို့ လောလောဆယ် ပိတ်ဖို့လုပ်ထားတာခင်ဗျာ။"

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်ကြရတဲ့ ဒေခံတွေ စာသင်ကျောင်းတွေမှာ ခိုလှုံနေတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေ အပါအဝင် လတ်တလော ကြုံနေရတဲ့ အခက်အခဲတွေကြောင့် ကျောင်းတွေ ဆက်ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ဆလိုင်းအောင်မင်းက ပြောပါတယ်။

"လူတွေမရှိတဲ့ ရွာတွေ ရှိတယ်။ အားလုံးတိုက်ပွဲရှောင်တွေပေါ့။ တိုက်ပွဲရှောင်တွေကြောင့် မဖွင့်နိုင်တဲ့ ကျောင်းတွေရှိတယ်။ သွားရေး၊ လာရေးခက်ခဲ့တဲ့ ကျောင်းတွေလည်း ရှိတယ်ခင်ဗျာ။ နောက်ပြီးတော့ ပုံနှိပ်စာအုပ် မရသေးတဲ့ ကျောင်းတွေလည်း ရှိတယ်ခင်ဗျာ။ အဲတာကြောင့် ပိတ်ဖို့လုပ်ထားတာ။"

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာလည်း စာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်ရေး မရေမရာ ဖြစ်နေဆဲပါ။

ရခိုင်ပြည်နယ်မှာ အထက်ကျောင်းပေါင်း ၄၀၀ ကျော်ထဲက ကျောက်တော် ပုဏ္ဏားကျွန်း ရသေ့တောင်နဲ့ မောင်တောမြို့နယ်မှာရှိတဲ့ အထက်ကျောင်း အနည်းဆုံး ခြောက် ကျောင်း ကို ဆက်ပိတ်ထားမှာဖြစ်သလို၊ အထက်တန်းကျောင်းပေါင်း ၆၀ ကျော်အတွက် ဆရာ ဆရာမတွေ အလုံအလောက် မရှိသေးကြောင်း ပြည်နယ်ပညာရေးမှူးရုံးရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ စစ်ရှောင်ဦးရေ ၂၀၀,၀၀၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး စစ်ရှောင် စခန်းတွေမှာရှိနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာလည်း ပညာသင်ကြားဖို့ ခက်ခဲနေကြတာပါ။

ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ရှောင်စခန်းမှာ ကျောင်းသူ၊ ကျောင်းသား ၅၀၀ ကျော်အထိရှိနေပြီး လက်ရှိအချိန်ထိ ဘယ်မှာကျောင်းတက်ရမလဲဆိုတာ မသိသေးဘူးလို့ ညောင်ချောင်းစစ်ရှောင်စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်ကပြောပါတယ်။

"ကျနော်တို့ စစ်ရှောင်စခန်းမှာ ကျောင်းတက်ဖို့အတွက်ကတော့ တော်တော်လေးအခက်အခဲရှိတယ်။ ဘာလို့လဲဆိုတော့ ဒီမှာက ကျောင်းသားတွေကလည်း အရမ်းများတယ်။ နောက်ပြီးတော့ အခုအချိန်ထိ ပညာရေးဌာနကနေပြီးတော့ ဘယ်မှာတက်ရမယ် ဘယ်လို အခြေအနေရှိတယ်ဆိုတာကို မသိရသေးပါဘူး ခင်ဗျာ အခုအချိန်ထိ။ "

လက်ရှိအချိန်မှာ COVID-19 ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းဖွင့်ချိန်တွေကို ပြောင်းလဲခဲ့ရသလို ကျောင်းခန်းတစ်ခန်းမှာ ကျောင်းသူ၊ ကျောင်းသား အယောက် ၂၀ သာထားရှိပြီး တစ်ဦးနဲ့ တစ်ဦး ခြောက် ပေအကွာမှာ ထားရှိဖို့လည်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

လက်ရှိအချိန်မှာ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းအပ်လက်ခံနေပြီး အထက်တန်း ကျောင်းကို ဇူလိုင်လ ၂၁၊ အလယ်တန်းအဆင့်ကျောင်းများကို သြဂုတ်လ ၄ ရက်နဲ့ မူလတန်းကျောင်းတွေကို သြဂုတ်လ ၁၁ ရက်နေ့မှာ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့လည်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG