သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေသ့ေတာင္ဘက္ တိုက္ပြဲျပင္းထန္ၿပီး အရပ္သားေတြ ထိခိုက္


ရခိုင္ျပည္နယ္ ရေသ့ေတာင္အနီး ပစ္ခတ္မႈအတြင္း ထိခိုက္ဒဏ္ရာရတဲ့ အရပ္သား တဦးကို သယ္ေဆာင္ေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ကိုဘကၠာ - ဇြန္ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ ရေသ့ေတာင္ျမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ ဒီကေန႔ တိုက္ပြဲျဖစ္ရာမွာ အရပ္သားတခ်ဳိ႕ ထိခိုက္ဒဏ္ရာ ရရွိခဲ့တဲ့အေၾကာင္း ေျပာျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

တပ္မေတာ္က နယ္ေျမရွင္းလင္းတဲ့ စစ္ဆင္ေရးေတြ လုပ္မယ္လုိ႔ ေၾကညာခဲ့တဲ့ ရခုိင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္မွာ တုိက္ပဲြေတြ ဆက္လက္ ျဖစ္ပြားေနရာမွာ အရပ္သားတခ်ဳိ႕ပါ ထိခုိက္မႈေတြ ႀကံဳေနရတာပါ။ ဒီကေန႔မွာလည္း ရေသ့ေတာင္ျမိဳ႕နယ္ ေက်ာက္တန္းနဲ႔ ေအာင္သာစည္ရြာဘက္မွာ တပ္မေတာ္နဲ႔ ႏွစ္ဘက္တိုက္ပြဲ အျပင္းအထန္ျဖစ္ခဲ့တယ္လို႔ AA အဖဲြ႔ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“ဒီေန႔မွာလည္းပဲ တိုက္ပြဲကေတာ့ ျမန္မာစစ္တပ္ဘက္က ရေသ့ေတာင္အေျခစိုက္တပ္ရင္းေတြကေနျပီးေတာ့ လက္နက္ၾကီးေတြနဲ႔ ေတာက္ေလွ်ာက္ပစ္ေနတာေပါ့ေနာ္။ လြန္ခဲ့တဲ့နာရီပိုင္းမွာပဲ သူတို႔ ေျမျပင္ထိုးစစ္ေတြစျပီးေတာ့ လုပ္ေနတယ္။ ေက်ာက္တန္းနဲ႔ ေအာင္သာစည္ရြာ တ၀ိုက္ေပါ့ေနာ္။ ျမန္မာစစ္တပ္ဘက္က ေျမျပင္ ထိုးစစ္လုပ္ေနတဲ့အတြက္ ေၾကာင့္မို႔လို႔ တိုက္ပြဲအျပင္းထန္ျဖစ္ေနတယ္။ ေနာက္ျပီးလို႔ရွိရင္ ေန႔လယ္တနာရီခြဲမွာ ျမန္မာစစ္တပ္ဘက္ကေန ရဟတ္ယာဥ္တစီးနဲ႔ ေအာင္သာစည္ေက်ာက္တန္း တ၀ိုက္ကို သူတို႔ စက္ေသနတ္နဲ႔ ပစ္တာေတြ ေရာ့ကက္နဲ႔ ပစ္တာေတြ လုပ္သြားတာေပါ့ေနာ္။ ခုတိုက္ပြဲျဖစ္ေနတဲ့ ေအာင္သာစည္ရြာထဲက ေတာင္ကုန္းေတြကို အဓိကထားျပီး သူတို႔ ပစ္သြားတာရွိတယ္။”

ရေသ့ေတာင္ျမိဳ႕ဘက္က ပစ္ခတ္တဲ့ လက္နက္ၾကီးဒဏ္ေၾကာင့္ ေက်ာက္တန္းေက်းရြာသား ၃ ဦး က်ည္ထိမွန္ဒဏ္ရာ ရခဲ့တယ္လို႔ ကိုယ္တိုင္ဒဏ္ရာရသူ ဦးေက်ာ္သန္းကေျပာပါတယ္။

“က်ေနာ္ ဦးေက်ာ္သန္းပါ။ က်ေနာ္တို႔ကလယ္ထြန္ေနပါတယ္။ လယ္ထြန္ေနတဲ့အခ်ိန္မွာ ရေသ့ေတာင္ကေနျပီးမွ လက္နက္ၾကီးနဲ႔ လွမ္းထုတယ္။ က်ေနာ္တို႔ဆီမွာ လာထိတယ္။ လက္မွာ တခ်က္ ေခါင္းမွာ တခ်က္။ ႏွစ္ ခ်က္ထိသြားတယ္ က်ေနာ္တို႔ဆီမွာ။ ထိတာကသံုးေယာက္ထိပါတယ္။ ေနာက္ ႏွစ္ေယာက္က ရြာက မေရာက္ေသးဘူး ဒီမွာ။ လယ္ျပင္မွာပဲ ရွိေသးတယ္။ ရေသ့ေတာင္က လွမ္းပစ္တယ္။ အလုံး ၇၀ ေက်ာ္ေလာက္က်ျပီ။”

တပ္မေတာ္က နယ္ေျမရွင္းလင္းေရးလုပ္ဖုိ႔ ရွိတာေၾကာင့္ ရေသ့ေတာင္ျမိဳ႕နယ္ ေက်ာက္တန္းနဲ႔အနီး၀န္းက်င္ ေက်းရြာေတြက ေဒသခံေတြ ေဘးလြတ္ရာ တိမ္းေရွာင္ဖုိ႔ ၿပီးခဲ့တဲ့လထဲ ညႊန္ၾကားခ်က္ ထုတ္ျပန္ခဲ့တာကုိေတာ့ ရခိုင္ျပည္နယ္ အစိုးရက ဇြန္လ ၂၆ ရက္ေန႔မွာပဲ ရုပ္သိမ္းခဲ့ေပမဲ့လည္း တိုက္ပြဲေတြ ဆက္ျဖစ္ေနတာပါ။

မေန႔ကလည္း ဘူးသီးေတာင္ျမိဳ႕နယ္ဘက္မွာ ျမန္မာစစ္တပ္နဲ႔ တိုက္ပြဲျဖစ္ပြါးခဲ့ေၾကာင္း AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါ တယ္။

“မေန႔ကဇူလိုင္လ ၁၅ ရက္ေပါ့ေနာ္။ ဘူးသီးေတာင္ျမိဳ႕ရဲ႕ ေျမာက္ဘက္ ေခ်ာင္းရွည္ရြာအနီးမွာ အင္အား ၇၀ ေလာက္ပါတဲ့ ျမန္မာစစ္တပ္ရဲ႕ စစ္ေၾကာင္း တခုနဲ႔ က်ေနာ္တို႔ ရခိုင္တပ္ေတာ္တပ္ဖြဲ႕နဲ႔ တိုက္ပြဲျဖစ္ပြားခဲ့တာ ရွိတယ္။ အဲဒီမိနစ္ ၅၀ ၾကာတဲ့တိုက္ပြဲအတြင္းမွာ ရန္သူ႔ဘက္က အနည္းဆုံး ၇ ဦး က်ဆုံးျပီးေတာ့ ဒဏ္ရာရရွိသူလည္း အမ်ားျပားရွိတယ္ဗ်။”

မေန႔က ဘူးသီးေတာင္ျမိဳ႕နယ္ဘက္ တိုက္ပြဲအတြင္း ျမန္မာစစ္တပ္ဘက္က ထိခိုက္မႈမ်ားတယ္လုိ႔ AA အဖဲြ႔ရဲ႕ ေျပာဆုိ ခ်က္ကုိေတာ့ သီးျခားအတည္ျပဳလုိ႔ မရပါဘူး။ ရခိုင္ျပည္နယ္က တိုက္ပြဲအေျခအေနကိုသိရွိဖို႔ တပ္မေတာ္ဘက္ကို ဆက္သြယ္ခဲ့ရာမွာ ဒီကေန႔ ရေသ့ေတာင္တိုက္ပြဲ အေျခအေန မသိရေသးသလို မေန႔က ဘူးသီးေတာင္ျမိဳ႕နယ္ဘက္မွာ တိုက္ပြဲျဖစ္ပြားတာ မရွိဘူးလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔က ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ဒီေန႔ကိစၥေတာ့ က်ေနာ္လည္း မသိေသးဘူးဗ်ာ။ မေန႔က အဲဒီဘက္မွာ မရွိပါဘူး။”

ခ်ိန္ခါလီေက်းရြာ။ (ဓါတ္ပုံ -MP Oung Thaung Shwe)
ခ်ိန္ခါလီေက်းရြာ။ (ဓါတ္ပုံ -MP Oung Thaung Shwe)

လတ္တေလာ တုိက္ပဲြေတြအတြင္း ေဒသခံေတြ ထိခုိက္ေသဆုံးမႈေတြ၊ သံသယနဲ႔ ဖမ္းဆီးခံရမႈေတြလည္း ရွိေနပါတယ္။ ျပီးခဲ့တဲ့ ဇူလိုင္လ ၁၃ ရက္ေန႕က ရေသ့ေတာင္ျမိဳ႕နယ္ခ်ိန္ခါလီေက်းရြာဘက္ျဖစ္ပြါးတဲ့တိုက္ပြဲမွာ အရပ္သား ႏွစ္ ဦး ေသဆုံးခဲ့ျပီး သံုး ဦး ဒဏ္ရာရရွိခဲ့သလို ဒုံးပိုက္နဲ႔ ခ်ိန္ခါလီရြာသားေထာင္ခ်ိီ ေနရပ္ကေန တိမ္းေရွာင္ေနရပါတယ္။

စစ္ေရွာင္ရြာသားေတြ ဒီေန႔အထိ ေနရပ္မျပန္နိုင္ေသးဘူးလို႔ ခ်ိန္ခါလီရြာသား တဦးကေျပာပါတယ္။

“ေနရပ္ကိုျပန္ဖို႔ကေတာ့ က်ေနာ္တို႔က ေလာေလာဆယ္က ေၾကာက္လန္႔ၿပီး ထြက္ေျပးတာဆိုေတာ့ တပ္မေတာ္နည္းနည္းဆုတ္သြားလို႔ရွိရင္ က်ေနာ္တို႔ ေက်းရြာသူ၊ ေက်းရြာသားေတြျပန္သြားမယ္။ က်ေနာ္တို႔ စပါးေတြထယ္ထိုးလို႔ တန္းလန္းတန္းလန္းဆိုေတာ့ အဲဒီမွာလယ္လုပ္ရတယ္ဆိုေတာ့ မျပန္လို႔ မျဖစ္ဘူး။ တပ္မေတာ္မရွိရင္ေတာ့ က်ေနာ္တို႔ ျပန္ၾကမွာ။”

ရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ AA တို႔တိုက္ပြဲျဖစ္ပြားေနတာ တႏွစ္ေက်ာ္အတြင္း အရပ္သား ၂၀၀,၀၀၀ နီးပါး ေနရပ္စြန္႔ခြာ တိမ္းေရွာင္ေနရဆဲပါ။ ႏွစ္ဘက္စစ္ေရးပဋိပကၡအတြင္း အရပ္သားေတြ ေသဆုံးထိခိုက္ ဒဏ္ရာရရွိမႈေတြကလည္း တိုးပြားလာေနပါတယ္။

ရခုိင္ျပည္နယ္မွာ တုိက္ပဲြေတြ ျပင္းထန္လာေနတဲ့အတြက္ ေဒသခံေတြ စားနပ္ရိကၡာျပတ္လပ္မႈေတြနဲ႔ အုိးအိမ္စြန္႔ခြာ ထြက္ေျပးရတဲ့ အေျခအေနေတြ ပုိဆုိးလာမွာ စုိးရိမ္ေၾကာင္းလည္း ႏုိင္ငံတကာ အကူအညီေပးေရးအဖဲြ႔ ၂၀ က မၾကာေသးခင္ကပဲ သတိေပးထားတာပါ။

ရခိုင္ျပည္နယ္က လက္နက္ကိုင္ ပဋိပကၡေတြအတြင္း အရပ္သားေတြ ဖမ္းဆီးခံရတာ၊ ထိခုိက္ေသဆုံးတာေတြ ရွိေနတဲ့အေပၚ ကုလသမဂၢနဲ႔ ႏုိင္ငံတကာ လူ႔အခြင့္အေရး အဖဲြ႔ေတြကလည္း စုိးရိမ္မကင္းတဲ့ သေဘာထားေတြ ထုတ္ျပန္ေျပာဆိုမႈေတြ ရွိေနသလို တိုက္ပြဲရပ္တန္႔ဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရသေ့တောင်ဘက် တိုက်ပွဲပြင်းထန်ပြီး အရပ်သားတွေထိခိုက်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ ဒီကနေ့ တိုက်ပွဲဖြစ်ရာမှာ အရပ်သားတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အကြောင်း ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တပ်မတော်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်မယ်လို့ ကြေညာခဲ့တဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေရာမှာ အရပ်သားတချို့ပါ ထိခိုက်မှုတွေ ကြုံနေရတာပါ။ ဒီကနေ့မှာလည်း ရသေ့တောင်မြို့နယ် ကျောက်တန်းနဲ့ အောင်သာစည်ရွာဘက်မှာ တပ်မတော်နဲ့ နှစ်ဘက်တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့တယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ဒီနေ့မှာလည်းပဲ တိုက်ပွဲကတော့ မြန်မာစစ်တပ်ဘက်က ရသေ့တောင်အခြေစိုက်တပ်ရင်းတွေကနေပြီးတော့ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာပေါ့နော်။ လွန်ခဲ့တဲ့နာရီပိုင်းမှာပဲ သူတို့ မြေပြင်ထိုးစစ်တွေစပြီးတော့ လုပ်နေတယ်။ ကျောက်တန်းနဲ့ အောင်သာစည်ရွာ တဝိုက်ပေါ့နော်။ မြန်မာစစ်တပ်ဘက်က မြေပြင် ထိုးစစ်လုပ်နေတဲ့အတွက် ကြောင့်မို့လို့ တိုက်ပွဲအပြင်းထန်ဖြစ်နေတယ်။ နောက်ပြီးလို့ရှိရင် နေ့လယ်တနာရီခွဲမှာ မြန်မာစစ်တပ်ဘက်ကနေ ရဟတ်ယာဉ်တစီးနဲ့ အောင်သာစည်ကျောက်တန်း တဝိုက်ကို သူတို့ စက်သေနတ်နဲ့ ပစ်တာတွေ ရော့ကက်နဲ့ ပစ်တာတွေ လုပ်သွားတာပေါ့နော်။ ခုတိုက်ပွဲဖြစ်နေတဲ့ အောင်သာစည်ရွာထဲက တောင်ကုန်းတွေကို အဓိကထားပြီး သူတို့ ပစ်သွားတာရှိတယ်။”

ရသေ့တောင်မြို့ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးဒဏ်ကြောင့် ကျောက်တန်းကျေးရွာသား ၃ ဦး ကျည်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ကိုယ်တိုင်ဒဏ်ရာရသူ ဦးကျော်သန်းကပြောပါတယ်။

“ကျနော် ဦးကျော်သန်းပါ။ ကျနော်တို့ကလယ်ထွန်နေပါတယ်။ လယ်ထွန်နေတဲ့အချိန်မှာ ရသေ့တောင်ကနေပြီးမှ လက်နက်ကြီးနဲ့ လှမ်းထုတယ်။ ကျနော်တို့ဆီမှာ လာထိတယ်။ လက်မှာ တချက် ခေါင်းမှာ တချက်။ နှစ် ချက်ထိသွားတယ် ကျနော်တို့ဆီမှာ။ ထိတာကသုံးယောက်ထိပါတယ်။ နောက် နှစ်ယောက်က ရွာက မရောက်သေးဘူး ဒီမှာ။ လယ်ပြင်မှာပဲ ရှိသေးတယ်။ ရသေ့တောင်က လှမ်းပစ်တယ်။ အလုံး ၇၀ ကျော်လောက်ကျပြီ။”

တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ဖို့ ရှိတာကြောင့် ရသေ့တောင်မြို့နယ် ကျောက်တန်းနဲ့အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ ပြီးခဲ့တဲ့လထဲ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာကိုတော့ ရခိုင်ပြည်နယ် အစိုးရက ဇွန်လ ၂၆ ရက်နေ့မှာပဲ ရုပ်သိမ်းခဲ့ပေမဲ့လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

မနေ့ကလည်း ဘူးသီးတောင်မြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြောပါ တယ်။

“မနေ့ကဇူလိုင်လ ၁၅ ရက်ပေါ့နော်။ ဘူးသီးတောင်မြို့ရဲ့ မြောက်ဘက် ချောင်းရှည်ရွာအနီးမှာ အင်အား ၇၀ လောက်ပါတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်း တခုနဲ့ ကျနော်တို့ ရခိုင်တပ်တော်တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ အဲဒီမိနစ် ၅၀ ကြာတဲ့တိုက်ပွဲအတွင်းမှာ ရန်သူ့ဘက်က အနည်းဆုံး ၇ ဦး ကျဆုံးပြီးတော့ ဒဏ်ရာရရှိသူလည်း အများပြားရှိတယ်ဗျ။”

မနေ့က ဘူးသီးတောင်မြို့နယ်ဘက် တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်က ထိခိုက်မှုများတယ်လို့ AA အဖွဲ့ရဲ့ ပြောဆို ချက်ကိုတော့ သီးခြားအတည်ပြုလို့ မရပါဘူး။ ရခိုင်ပြည်နယ်က တိုက်ပွဲအခြေအနေကိုသိရှိဖို့ တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့ရာမှာ ဒီကနေ့ ရသေ့တောင်တိုက်ပွဲ အခြေအနေ မသိရသေးသလို မနေ့က ဘူးသီးတောင်မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ဒီနေ့ကိစ္စတော့ ကျနော်လည်း မသိသေးဘူးဗျာ။ မနေ့က အဲဒီဘက်မှာ မရှိပါဘူး။”

လတ်တလော တိုက်ပွဲတွေအတွင်း ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ၊ သံသယနဲ့ ဖမ်းဆီးခံရမှုတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ်ချိန်ခါလီကျေးရွာဘက်ဖြစ်ပွါးတဲ့တိုက်ပွဲမှာ အရပ်သား နှစ် ဦး သေဆုံးခဲ့ပြီး သုံး ဦး ဒဏ်ရာရရှိခဲ့သလို ဒုံးပိုက်နဲ့ ချိန်ခါလီရွာသားထောင်ချီ နေရပ်ကနေ တိမ်းရှောင်နေရပါတယ်။

စစ်ရှောင်ရွာသားတွေ ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ ချိန်ခါလီရွာသား တဦးကပြောပါတယ်။

“နေရပ်ကိုပြန်ဖို့ကတော့ ကျနော်တို့က လောလောဆယ်က ကြောက်လန့်ပြီး ထွက်ပြေးတာဆိုတော့ တပ်မတော်နည်းနည်းဆုတ်သွားလို့ရှိရင် ကျနော်တို့ ကျေးရွာသူ၊ ကျေးရွာသားတွေပြန်သွားမယ်။ ကျနော်တို့ စပါးတွေထယ်ထိုးလို့ တန်းလန်းတန်းလန်းဆိုတော့ အဲဒီမှာလယ်လုပ်ရတယ်ဆိုတော့ မပြန်လို့ မဖြစ်ဘူး။ တပ်မတော်မရှိရင်တော့ ကျနော်တို့ ပြန်ကြမှာ။”

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA တို့တိုက်ပွဲဖြစ်ပွားနေတာ တနှစ်ကျော်အတွင်း အရပ်သား ၂၀၀,၀၀၀ နီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲပါ။ နှစ်ဘက်စစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေ သေဆုံးထိခိုက် ဒဏ်ရာရရှိမှုတွေကလည်း တိုးပွားလာနေပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အတွက် ဒေသခံတွေ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အခြေအနေတွေ ပိုဆိုးလာမှာ စိုးရိမ်ကြောင်းလည်း နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ၂၀ က မကြာသေးခင်ကပဲ သတိပေးထားတာပါ။

ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားတွေ ဖမ်းဆီးခံရတာ၊ ထိခိုက်သေဆုံးတာတွေ ရှိနေတဲ့အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကလည်း စိုးရိမ်မကင်းတဲ့ သဘောထားတွေ ထုတ်ပြန်ပြောဆိုမှုတွေ ရှိနေသလို တိုက်ပွဲရပ်တန့်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG