သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္ျဖဴနဲ႔ ရမ္းၿဗဲမွာ မသကၤာသူအျဖစ္ တပ္က ဖမ္းထားသူ ၉ ဦး႐ွိ


ရခိုင္ျပည္နယ္မွာ တပ္စဲြထားတဲ့ ျမန္မာစစ္တပ္က တပ္ဖဲြ႔၀င္မ်ား (ၾသဂုတ္၂၉ ၊ ၂၀၁၇)

[Zawgyi/Unicode]

လက္နက္ကုိင္ ပဋိပကၡေတြ ဆက္လက္ ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္မွာ စစ္တပ္က သံသယနဲ႔ ဖမ္းဆီးသူေတြ တုိးလာေနတဲ့အေၾကာင္း ေျပာျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ ရမ္းၿဗဲနဲ႔ ေက်ာက္ျဖဴၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ စေနေန႔ကစလုိ႔ သံသယနဲ႔ ဖမ္းဆီးခံထားရသူ ကိုး ဦးထက္မနည္း ရွိေနတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။

ရမ္းၿဗဲၿမိဳ႕နယ္ အလယ္ေခ်ာင္းေက်းရြာက ေဒသခံ ေျခာက္ ဦးကိုေတာ့ ၿပီးခဲ့တဲ့ စေန႔မွာပဲ တပ္မေတာ္က ဖမ္းဆီးသြားတယ္လို႔လည္း ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္လြင္က ေျပာပါတယ္။

"အဲဒီေန႔က ၄ နာရီေလာက္မွာ ဖမ္းတာကေတာ့ ငါး ေယာက္ဖမ္းတယ္။ ညီေထြးဆိုတဲ့ တစ္ေယာက္ကိုေတာ့ ေန႔လယ္မွာ ျပန္လႊတ္ေပးတယ္။ ေနာက္ထက္ ၈ နာရီေလာက္မွာ လယ္ထြန္းသြားတဲ့ တစ္ေယာက္ကို ထပ္ဖမ္းတယ္။ ေနာက္ထပ္ စိုးျမင့္ထြန္းဆိုတဲ့ တစ္ေယာက္ကိုလည္း အုပ္ခ်ဳပ္ေရးမွဴး က်ေနာ္တို႔ ဒီစိုးျမင့္ထြန္း ဆိုတဲ့ တစ္ေယာက္ကိုလည္း ေခၚထားမယ္ဆိုၿပီးေတာ့ ေျပာတယ္။ အကုန္လံုး ဖမ္းခံထားရတာက ေျခာက္ ေယာက္ေပါ့။ အခုအခ်ိန္ထိ သူတို႔ကို ဘယ္မွာထားမွန္း မိသားစုဝင္ေတြလည္း မသိဘူး။ က်ေနာ္လည္းမသိဘူး အဆက္အသြယ္လည္း မရဘူး။ စေနေန႔ကတည္းက ဖမ္းသြားတာဆိုေတာ့ ႏွစ္ရက္ရွိၿပီေပါ့။ ဖမ္းသြားတဲ့ အခ်ိန္တုန္းကေတာ့ စစ္ေဆးၿပီးရင္ ျပန္လႊတ္ေပးမယ္ လႊတ္ေပးတဲ့အခါက်ေတာ့ အုပ္ခ်ဳပ္ေရးမွဴးကို အေၾကာင္းၾကားေပးမယ္လို႔ေတာ့ ေျပာတယ္။"

ေခ်ာင္းလယ္ေက်းရြာဟာ ေက်ာက္ျဖဴ-ရန္ကုန္ အေဝးေျပးကားလမ္းေဘးမွာ တည္ရွိတာျဖစ္ၿပီး ေဒသခံအမ်ားစုက လယ္ယာလုပ္ငန္းနဲ႔ ငါးဖမ္းလုပ္ငန္းကို လုပ္ကိုင္ၾကတာလည္းျဖစ္ပါတယ္။

အခုလိုေဒသခံေတြ ဖမ္းဆီးခံရတာေၾကာင့္ ေဒသခံေတြ ေၾကာက္လန္႔ေနၾကတယ္လို႔ အလယ္ေခ်ာင္း ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးက ဦးျမင့္လြင္က ေျပာပါတယ္။

"က်ေနာ္ကေတာ့ ဘာေျပာခ်င္မလဲ ကိုယ့္ရြာက ဒီလိုျဖစ္တာကေတာ့ မေကာင္းဘူးေပါ့။ အကုန္လံုးက အထိတ္တလန္႔ေတြ ျဖစ္ၾကတယ္။ စိုးရိမ္တယ္ဆိုတာထက္ က်ေနာ္တို႔ဆီမွာကအခုက ေကာက္ဆိုက္ခ်ိန္ေလ အခုက ဒီလိုျဖစ္ေတာ့ ေကာက္စိုက္မယ့္သူေတာင္မရွိေတာ့ဘူး။ လယ္ထြန္တဲ့သူလည္း မရွိဘူး။ လူတိုင္းက အထိတ္တလန္႔ေတြ ျဖစ္ေနၾကတယ္။ ဒီအတိုင္းဆို စိုက္ပ်ိဳးေရးေတာင္ထိခိုက္ႏိုင္တယ္။"

စေနေန႔မွာပဲ ေက်ာက္ျဖဴၿမိဳ႕နယ္စိုင္ၿခံဳေက်းရြာက အုပ္ခ်ဳပ္ေရးမွဴးအပါအဝင္ ေဒသခံႏွစ္ေယာက္ကို သစ္ပုတ္ေတာင္ ေရတပ္စခန္းက ဖမ္းဆီးသြားတယ္လို႔လည္း ေဒသခံရြာသားတစ္ဦးကေျပာပါတယ္။

"က်ေနာ္တို႔ ရြာကို စေနေန႔က မနက္ပိုင္း ၃ နာရီေလာက္က သစ္ပုတ္ေတာင္ေရတပ္စခန္းက ရြာကို လာတယ္။ တစ္ရြာလံုးကို ဝိုင္းၿပီးေတာ့ ေယာက်ာ္းေရာ၊ မိန္းမေရာ အကုန္လံုးကို စာသင္ေက်ာင္းကို ေခၚၿပီးေတာ့ စစ္ပါ တယ္။ စစ္ၿပီးေတာ့ အဲဒီထဲမွာ ဖုန္းထဲမွာ သံသယဓာတ္ပံံုေတြ ေတြ႔တယ္ဆိုတဲ့ ႏွစ္ေယာက္ အဲႏွစ္ေယာက္ကို ဖမ္းသြားတယ္။ ေန႔လည္တစ္နာရီေလာက္မွာ ေခၚသြားတာ အုပ္ခ်ဳပ္ေရးမွဴးကိုပါ ေခၚသြားတာ စုစုေပါင္းက ေတာ့ သံုးေယာက္ေပါ့။"

တပ္မေတာ္ဘက္ကေတာ့ ေဒသခံေတြ ဖမ္းဆီးခံရတာနဲ႔ ပတ္သတ္ၿပီး အတည္မျပဳႏုိင္ေသးေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာပါတယ္။

"ခင္ဗ်ားေမးတဲ့သတင္းနဲ႔ ပတ္သတ္လို႔ကေတာ့ က်ေနာ္တို႔ ျပန္ျပာရမယ္ဆိုရင္ က်ေနာ္တို႔ စိစစ္ေပးပါမယ္။ လိုအပ္တဲ့ အေၾကာင္းအရာ အခ်က္အလက္ေတြ သိရဖို႔ကေတာ့ သက္ဆိုင္ရာ နယ္ေျမခံအာဏာပိုင္ အဖြဲ႔အစည္းေတြ ရွိပါတယ္သူတို႔ဆီမွာ စံုစမ္းၾကည့္ပါေနာ္။"

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ပုဏၰားကြ်န္းနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ဘက္ေတြမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့တာေၾကာင့္ ေဒသခံေတြ ထိခိုက္ေသဆံုး ဒဏ္ရာရတာေတြလည္းရွိသလို တိုက္ပြဲအတြင္း အရပ္သားေတြ ဖမ္းဆီးခံေနရတာေတြလည္း ရွိေနပါတယ္။ တိုက္ပဲြေတြၾကား အရပ္သားေတြ ေျမဇာပင္ကိစၥျဖစ္ေနရတဲ့အေပၚ စုိးရိမ္ပူပန္တဲ့ သေဘာထားေတြကုိလည္း ကုလသမဂၢနဲ႔ ႏုိင္ငံတကာ လူ႔အခြင့္အေရး အဖဲြ႔ေတြက ေျပာဆုိထားၾကပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျောက်ဖြူနဲ့ ရမ်းဗြဲမှာ မသင်္ကာသူအဖြစ်တပ်ကဖမ်းထားသူ ၉ ဦးရှိ

လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ စစ်တပ်က သံသယနဲ့ ဖမ်းဆီးသူတွေ တိုးလာနေတဲ့အကြောင်း ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ ပြီးခဲ့တဲ့ စနေနေ့ကစလို့ သံသယနဲ့ ဖမ်းဆီးခံထားရသူ ကိုး ဦးထက်မနည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာက ဒေသခံ ခြောက် ဦးကိုတော့ ပြီးခဲ့တဲ့ စနေ့မှာပဲ တပ်မတော်က ဖမ်းဆီးသွားတယ်လို့လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောပါတယ်။

"အဲဒီနေ့က ၄ နာရီလောက်မှာ ဖမ်းတာကတော့ ငါး ယောက်ဖမ်းတယ်။ ညီထွေးဆိုတဲ့ တစ်ယောက်ကိုတော့ နေ့လယ်မှာ ပြန်လွှတ်ပေးတယ်။ နောက်ထက် ၈ နာရီလောက်မှာ လယ်ထွန်းသွားတဲ့ တစ်ယောက်ကို ထပ်ဖမ်းတယ်။ နောက်ထပ် စိုးမြင့်ထွန်းဆိုတဲ့ တစ်ယောက်ကိုလည်း အုပ်ချုပ်ရေးမှူး ကျနော်တို့ ဒီစိုးမြင့်ထွန်း ဆိုတဲ့ တစ်ယောက်ကိုလည်း ခေါ်ထားမယ်ဆိုပြီးတော့ ပြောတယ်။ အကုန်လုံး ဖမ်းခံထားရတာက ခြောက် ယောက်ပေါ့။ အခုအချိန်ထိ သူတို့ကို ဘယ်မှာထားမှန်း မိသားစုဝင်တွေလည်း မသိဘူး။ ကျနော်လည်းမသိဘူး အဆက်အသွယ်လည်း မရဘူး။ စနေနေ့ကတည်းက ဖမ်းသွားတာဆိုတော့ နှစ်ရက်ရှိပြီပေါ့။ ဖမ်းသွားတဲ့ အချိန်တုန်းကတော့ စစ်ဆေးပြီးရင် ပြန်လွှတ်ပေးမယ် လွှတ်ပေးတဲ့အခါကျတော့ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပေးမယ်လို့တော့ ပြောတယ်။"

ချောင်းလယ်ကျေးရွာဟာ ကျောက်ဖြူ-ရန်ကုန် အဝေးပြေးကားလမ်းဘေးမှာ တည်ရှိတာဖြစ်ပြီး ဒေသခံအများစုက လယ်ယာလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြတာလည်းဖြစ်ပါတယ်။

အခုလိုဒေသခံတွေ ဖမ်းဆီးခံရတာကြောင့် ဒေသခံတွေ ကြောက်လန့်နေကြတယ်လို့ အလယ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးမြင့်လွင်က ပြောပါတယ်။

"ကျနော်ကတော့ ဘာပြောချင်မလဲ ကိုယ့်ရွာက ဒီလိုဖြစ်တာကတော့ မကောင်းဘူးပေါ့။ အကုန်လုံးက အထိတ်တလန့်တွေ ဖြစ်ကြတယ်။ စိုးရိမ်တယ်ဆိုတာထက် ကျနော်တို့ဆီမှာကအခုက ကောက်ဆိုက်ချိန်လေ အခုက ဒီလိုဖြစ်တော့ ကောက်စိုက်မယ့်သူတောင်မရှိတော့ဘူး။ လယ်ထွန်တဲ့သူလည်း မရှိဘူး။ လူတိုင်းက အထိတ်တလန့်တွေ ဖြစ်နေကြတယ်။ ဒီအတိုင်းဆို စိုက်ပျိုးရေးတောင်ထိခိုက်နိုင်တယ်။"

စနေနေ့မှာပဲ ကျောက်ဖြူမြို့နယ်စိုင်ခြုံကျေးရွာက အုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံနှစ်ယောက်ကို သစ်ပုတ်တောင် ရေတပ်စခန်းက ဖမ်းဆီးသွားတယ်လို့လည်း ဒေသခံရွာသားတစ်ဦးကပြောပါတယ်။

"ကျနော်တို့ ရွာကို စနေနေ့က မနက်ပိုင်း ၃ နာရီလောက်က သစ်ပုတ်တောင်ရေတပ်စခန်းက ရွာကို လာတယ်။ တစ်ရွာလုံးကို ဝိုင်းပြီးတော့ ယောကျာ်းရော၊ မိန်းမရော အကုန်လုံးကို စာသင်ကျောင်းကို ခေါ်ပြီးတော့ စစ်ပါ တယ်။ စစ်ပြီးတော့ အဲဒီထဲမှာ ဖုန်းထဲမှာ သံသယဓာတ်ပံုံတွေ တွေ့တယ်ဆိုတဲ့ နှစ်ယောက် အဲနှစ်ယောက်ကို ဖမ်းသွားတယ်။ နေ့လည်တစ်နာရီလောက်မှာ ခေါ်သွားတာ အုပ်ချုပ်ရေးမှူးကိုပါ ခေါ်သွားတာ စုစုပေါင်းက တော့ သုံးယောက်ပေါ့။"

တပ်မတော်ဘက်ကတော့ ဒေသခံတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သတ်ပြီး အတည်မပြုနိုင်သေးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

"ခင်ဗျားမေးတဲ့သတင်းနဲ့ ပတ်သတ်လို့ကတော့ ကျနော်တို့ ပြန်ပြာရမယ်ဆိုရင် ကျနော်တို့ စိစစ်ပေးပါမယ်။ လိုအပ်တဲ့ အကြောင်းအရာ အချက်အလက်တွေ သိရဖို့ကတော့ သက်ဆိုင်ရာ နယ်မြေခံအာဏာပိုင် အဖွဲ့အစည်းတွေ ရှိပါတယ်သူတို့ဆီမှာ စုံစမ်းကြည့်ပါနော်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်ဘက်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေလည်းရှိသလို တိုက်ပွဲအတွင်း အရပ်သားတွေ ဖမ်းဆီးခံနေရတာတွေလည်း ရှိနေပါတယ်။ တိုက်ပွဲတွေကြား အရပ်သားတွေ မြေဇာပင်ကိစ္စဖြစ်နေရတဲ့အပေါ် စိုးရိမ်ပူပန်တဲ့ သဘောထားတွေကိုလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုထားကြပါတယ်ခင်ဗျာ။

XS
SM
MD
LG