သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္မွာ စစ္တပ္ဖမ္းထားသူ ၁၁ ဦး အၾကမ္းဖက္ဥပေဒနဲ႔အမႈ ဖြင့္ခံရ


ရခိုင္ျပည္နယ္မွာ တပ္စဲြထားတဲ့ ျမန္မာ့စစ္တပ္ တပ္ဖဲြ႔၀င္မ်ား။ (ႏို၀င္ဘာ ၁၁၊ ၂၀၁၂)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္မွာ စစ္တပ္က ဖမ္းဆီးထားသူ ၁၁ ေယာက္ကုိ အၾကမ္းဖက္မႈနဲ႔ ဆက္ႏြယ္တဲ့ စြပ္စဲြခ်က္ေတြနဲ႔ အမႈဖြင့္လုိက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးပါမယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ကစၥပနဒီတံတားရွိ လုံျခဳံေရးတပ္ဖြဲ႕ဝင္ေတြကေန ဇူလိုင္လ ၁ ရက္ေန႔ကေန ၃ ရက္ေန႔အထိ သြားလာသူေတြကို စစ္ေဆးရာမွာ AA ရခိုင္လက္နက္ကိုင္အဖြဲ႕နဲ႔ ဆက္ႏြယ္တယ္ဆိုျပီး မသကၤာမႈနဲ႔ ဖမ္းဆီးထားသူ ၃ ဦးကုိ ေက်ာက္ေတာ္ၿမိဳ႕နယ္ ရဲစခန္းကို လႊဲေျပာင္းျပီး အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ အမႈဖြင့္ထားေၾကာင္း ေက်ာက္ေတာ္ျမိဳ႕ခံကိုေက်ာ္လွျမင့္ကေျပာပါတယ္။

“ကစၥပနဒီတံတားမွာ ၁ ရက္ေန႔ မနက္ ၉ နာရီ၀န္းက်င္ထဲမွာ ပိႏၷဲေခ်ာင္းေက်းရြာသား ၂ ဦးနဲ႔ အဲဒီဘုရားေပါင္းေက်းရြာက တဦး သူတို႔ ၃ ဦးကို ဖမ္းဆီးျပီးေတာ့ ေက်ာက္ေတာ္ျမိဳ႕မရဲစခန္းမွာ အၾကမ္းဖက္မႈ ပုဒ္မ ၅၀ (က)၊ ၅၂ (က)နဲ႔ အမႈဖြင့္ထားပါတယ္ဗ်။”

အမႈဖြင့္ခံထားရသူေတြကေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ ဘုရားေပါင္းေက်းရြာေန ေမာင္ေမာင္ေဌး ပိႏၷဲေခ်ာင္းေက်းရြာေန ကိုရဲထြန္းနဲ႔ ကိုေနမ်ိဳးထြန္းတို႔ ျဖစ္ၾကပါတယ္။

ျမန္မာစစ္တပ္က ဖမ္းဆီးစစ္ေဆးရာမွာေတာ့ ဘုရားေပါင္းေက်းရြာေန ေမာင္ေမာင္ေဌးဟာ AA အဖြဲ႔က တပ္သား အဆင့္ရွိသူျဖစ္ျပီး ကိုရဲထြန္းနဲ႔ ကိုေနမ်ိဳးထြန္းတို႔ဟာ AA သတင္းေပးေတြျဖစ္ေၾကာင္း ေဖာ္ထုတ္ရမိလို႔ ဇူလိုင္ ၄ ရက္မွာ ၎တို႔ ၃ ဦးကို ေက်ာက္ေတာ္ၿမိဳ႕နယ္ ရဲစခန္းသို႔ လႊဲေျပာင္းေပးျပီး အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ အေရးယူဖုိ႔ စီစဥ္ထားတယ္လုိ႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က မေန႔က သတင္းထုတ္ျပန္ထားပါတယ္။

အမႈဖြင့္ခံထားရတဲ့ ပိႏၷဲေခ်ာင္းေက်းရြာေန ကိုရဲထြန္းရဲ႕ မိသားစု၀င္ တဦးကေတာ့ ကိုရဲထြန္းနဲ႔ ကိုေနမ်ိဳးထြန္းတို႔ဟာ AA အဖြဲ႕နဲ႔ ပက္သက္မႈ မရွိဘူးလို႔ ေျပာပါတယ္။

“အခုတရားစြဲဆိုထားတာ။ AA နဲ႔ ဆက္ဆံမႈ လုပ္တယ္ဆိုျပီး တရားစြဲဆိုထားတယ္။ AA နဲ႔ ဆက္စပ္မႈ မရွိပါဘူး။ က်မတို႔မွာ အဲဒီကေလးႏွစ္ေယာက္က အျပစ္ကင္းစင္တယ္လို႔ ေျပာခ်င္ပါတယ္။ ရဲထြန္းကေတာ့ ဆိုင္ကယ္ေမာင္းတယ္။ ေနမ်ိဳးထြန္းကေတာ့ အလုပ္အကိုင္ေတာ့ မရွိေသးပါဘူး။ မရီးအနားမွာပဲ စားေနတဲ့ကေလးပါ။”

အလားတူ ေက်ာက္ျဖဴၿမိဳ႕နယ္၊ အတြင္း တပ္မေတာ္လုံျခံဳေရးတပ္ဖြဲ႔ေတြကေန ဖမ္းဆီးထိန္းသိမ္းထားတဲ့ ကပ္သေျပ ေက်းရြာသား ၇ ဦးနဲ႕ စိုင္ျခဳံေက်းရြာ ရာအိမ္မွဴးတဦးကိုလည္း အၾကမ္းဖက္ဥပေဒနဲ႔ အမႈဖြင့္ထားေၾကာင္း တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ကပ္သေျပရြာသား ၇ ဦးနဲ႔ စိုင္ျခံဳဒြိန္ရြာအုပ္ခ်ဳပ္ေရးအဖြဲ႔၀င္ တဦး အေပါင္း ၈ ဦးကို လာမယ့္ ဇူလိုင္လ ၁၇ ေန႔မွာ ရံုးထုတ္ စစ္ေဆးမယ္လို႔ ကပ္သေျပေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ခင္ဦးက ေျပာပါတယ္။

“သူတို႔ကေတာ့ ဂတ္အခ်ဳပ္မွာပဲ ရွိတယ္ေလ။ အဲသူတို႔ ရံုးေတာ့ ခ်ိန္းထားျပီးလို႔ ေျပာတာ က်ေနာ္ ၾကားရတယ္။ ၁၇ ရက္ေန႔ ရံုးတင္မယ္လို႔ေတာ့ ေျပာသံၾကားထားတယ္။”

ကပ္သေျပေက်း႐ြာသား ၇ ဦးနဲ႕စိုင္ၿခံဳဒြိန္ေက်း႐ြာမွ ရာအိမ္မွဴးဦးလွျမင့္ကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၀(က) (စ်) ၊ ၅၂(ည)တို႔နဲ႔ ဓညဝတီေရတပ္စခန္းက တရားလိုလုပ္ အမႈဖြင့္ထားေၾကာင္း အမည္မေဖာ္လိုသူ ေက်ာက္ျဖဴခရိုင္ ရဲတပ္ဖြဲ႔၀င္တဦးက အတည္ျပဳေျပာဆုိခဲ့ပါတယ္။

ျပီးခဲ့တဲ့ ဇြန္လ ၂၆ ရက္ ညဦးပိုင္းက တပ္မေတာ္လုံျခဳံေရးတပ္ဖြဲ႔၀င္ေတြဟာ ေက်ာက္ျဖဴၿမိဳ႕နယ္၊ ကပ္သေျပေက်းရြာသား ၉ ဦးနဲ႔ စိုင္ျခံဳဒြိန္ရြာအုပ္ခ်ဳပ္ေရးအဖြဲ႕၀င္ တဦးအေပါင္း ၁၀ ဦးကို ဖမ္းဆီးစစ္ေဆးရာမွာ စစ္ေၾကာ ေဖာ္ထုတ္ခ်က္ေတြအရ ၈ ဦးဟာ AA ရခိုင္လက္နက္ကိုင္အဖြဲ႕နဲ႔ ပတ္သက္ ဆက္ႏြယ္မႈရွိၿပီး အားေပးကူညီခဲ့ေၾကာင္း ေဖာ္ထုတ္ရရွိခဲ့လို႔ ဇူလိုင္လ ၄ ရက္မွာ ေက်ာက္ျဖဴၿမိဳ႕မ ရဲစခန္း ကိုလႊဲေျပာင္း ေပးအပ္ခဲ့ၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒႏွင့္အညီ တရားစြဲဆို အေရးယူသြားမယ္လို႔ တပ္မေတာ္ကလည္း သတင္းထုတ္ျပန္ထားပါတယ္။

တပ္မေတာ္ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ AA နဲ႔ ဆက္စပ္တယ္လို႔ ယူဆရသူ ၁၁ ဦးရဲ႕ ထြက္ဆိုခ်က္အရ အမႈဖြင့္ထားေၾကာင္း ေျပာပါတယ္။

“သတင္းထုတ္ထားတဲ့အတိုင္းပါပဲဗ်ာ။ သူတို႔ကို က်ေနာ္တို႔ တရားစြဲဆိုထားတယ္။ သူတို႔ရဲ႕ ထြက္ဆိုခ်က္ရထားတယ္ ဘယ္ႏွစ္ဦး။ အဲဒီရဲ႕ေရွ႕မွာလည္း ဘယ္ႏွစ္ဦးေတာ့ လႊတ္ေပးလိုက္တယ္ဆိုတဲ့ဟာ။ အဲတာေလးေတြပဲ ကိုးကားေစခ်င္ပါတယ္ဗ်။”

ရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား စစ္ေရးတင္းမာမႈအတြင္း သံသယနဲ႔ ဖမ္းဆီးခံရသူေတြ မ်ားျပားလာေနတာပါ။

ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအရံုး REC ကေတာ့ ဖမ္းဆီးခံရသူ ၅၀၀ ေလာက္ ရွိေနတယ္လို႔ ျပီးခဲ့တဲ့ ဇြန္လမွာပဲ သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မှာ စစ်တပ်ဖမ်းထားသူ ၁၁ ဦး အကြမ်းဖက်ဥပဒေနဲ့အမှု ဖွင့်ခံရ

ရခိုင်ပြည်နယ်မှာ စစ်တပ်က ဖမ်းဆီးထားသူ ၁၁ ယောက်ကို အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ စွပ်စွဲချက်တွေနဲ့ အမှုဖွင့်လိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

ကျောက်တော်မြို့နယ် ကစ္စပနဒီတံတားရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေ ဇူလိုင်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ သွားလာသူတွေကို စစ်ဆေးရာမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တယ်ဆိုပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးထားသူ ၃ ဦးကို ကျောက်တော်မြို့နယ် ရဲစခန်းကို လွှဲပြောင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားကြောင်း ကျောက်တော်မြို့ခံကိုကျော်လှမြင့်ကပြောပါတယ်။

“ကစ္စပနဒီတံတားမှာ ၁ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ထဲမှာ ပိန္နဲချောင်းကျေးရွာသား ၂ ဦးနဲ့ အဲဒီဘုရားပေါင်းကျေးရွာက တဦး သူတို့ ၃ ဦးကို ဖမ်းဆီးပြီးတော့ ကျောက်တော်မြို့မရဲစခန်းမှာ အကြမ်းဖက်မှု ပုဒ်မ ၅၀ (က)၊ ၅၂ (က)နဲ့ အမှုဖွင့်ထားပါတယ်ဗျ။”

အမှုဖွင့်ခံထားရသူတွေကတော့ ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာနေ မောင်မောင်ဌေး ပိန္နဲချောင်းကျေးရွာနေ ကိုရဲထွန်းနဲ့ ကိုနေမျိုးထွန်းတို့ ဖြစ်ကြပါတယ်။

မြန်မာစစ်တပ်က ဖမ်းဆီးစစ်ဆေးရာမှာတော့ ဘုရားပေါင်းကျေးရွာနေ မောင်မောင်ဌေးဟာ AA အဖွဲ့က တပ်သား အဆင့်ရှိသူဖြစ်ပြီး ကိုရဲထွန်းနဲ့ ကိုနေမျိုးထွန်းတို့ဟာ AA သတင်းပေးတွေဖြစ်ကြောင်း ဖော်ထုတ်ရမိလို့ ဇူလိုင် ၄ ရက်မှာ ၎င်းတို့ ၃ ဦးကို ကျောက်တော်မြို့နယ် ရဲစခန်းသို့ လွှဲပြောင်းပေးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူဖို့ စီစဉ်ထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

အမှုဖွင့်ခံထားရတဲ့ ပိန္နဲချောင်းကျေးရွာနေ ကိုရဲထွန်းရဲ့မိသားစုဝင် တဦးကတော့ ကိုရဲထွန်းနဲ့ ကိုနေမျိုးထွန်းတို့ဟာ AA အဖွဲ့နဲ့ ပက်သက်မှု မရှိဘူးလို့ ပြောပါတယ်။

“အခုတရားစွဲဆိုထားတာ။ AA နဲ့ ဆက်ဆံမှု လုပ်တယ်ဆိုပြီး တရားစွဲဆိုထားတယ်။ AA နဲ့ ဆက်စပ်မှု မရှိပါဘူး။ ကျမတို့မှာ အဲဒီကလေးနှစ်ယောက်က အပြစ်ကင်းစင်တယ်လို့ ပြောချင်ပါတယ်။ ရဲထွန်းကတော့ ဆိုင်ကယ်မောင်းတယ်။ နေမျိုးထွန်းကတော့ အလုပ်အကိုင်တော့ မရှိသေးပါဘူး။ မရီးအနားမှာပဲ စားနေတဲ့ကလေးပါ။”

အလားတူ ကျောက်ဖြူမြို့နယ်၊ အတွင်း တပ်မတော်လုံခြုံရေးတပ်ဖွဲ့တွေကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကပ်သပြေ ကျေးရွာသား ၇ ဦးနဲ့ စိုင်ခြုံကျေးရွာ ရာအိမ်မှူးတဦးကိုလည်း အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ကပ်သပြေရွာသား ၇ ဦးနဲ့ စိုင်ခြုံဒွိန်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင် တဦး အပေါင်း ၈ ဦးကို လာမယ့် ဇူလိုင်လ ၁၇ နေ့မှာ ရုံးထုတ် စစ်ဆေးမယ်လို့ ကပ်သပြေကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ခင်ဦးက ပြောပါတယ်။

“သူတို့ကတော့ ဂတ်အချုပ်မှာပဲ ရှိတယ်လေ။ အဲသူတို့ ရုံးတော့ ချိန်းထားပြီးလို့ ပြောတာ ကျနော် ကြားရတယ်။ ၁၇ ရက်နေ့ ရုံးတင်မယ်လို့တော့ ပြောသံကြားထားတယ်။”

ကပ်သပြေကျေးရွာသား ၇ ဦးနဲ့စိုင်ခြုံဒွိန်ကျေးရွာမှ ရာအိမ်မှူးဦးလှမြင့်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က) (ဈ) ၊ ၅၂(ည)တို့နဲ့ ဓညဝတီရေတပ်စခန်းက တရားလိုလုပ် အမှုဖွင့်ထားကြောင်း အမည်မဖော်လိုသူ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့ဝင်တဦးက အတည်ပြုပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက် ညဦးပိုင်းက တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာသား ၉ ဦးနဲ့ စိုင်ခြုံဒွိန်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင် တဦးအပေါင်း ၁၀ ဦးကို ဖမ်းဆီးစစ်ဆေးရာမှာ စစ်ကြော ဖော်ထုတ်ချက်တွေအရ ၈ ဦးဟာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက် ဆက်နွယ်မှုရှိပြီး အားပေးကူညီခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့လို့ ဇူလိုင်လ ၄ ရက်မှာ ကျောက်ဖြူမြို့မ ရဲစခန်း ကိုလွှဲပြောင်း ပေးအပ်ခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ တရားစွဲဆို အရေးယူသွားမယ်လို့ တပ်မတော်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ AA နဲ့ ဆက်စပ်တယ်လို့ ယူဆရသူ ၁၁ ဦးရဲ့ ထွက်ဆိုချက်အရ အမှုဖွင့်ထားကြောင်း ပြောပါတယ်။

“သတင်းထုတ်ထားတဲ့အတိုင်းပါပဲဗျာ။ သူတို့ကို ကျနော်တို့ တရားစွဲဆိုထားတယ်။ သူတို့ရဲ့ ထွက်ဆိုချက်ရထားတယ် ဘယ်နှစ်ဦး။ အဲဒီရဲ့ရှေ့မှာလည်း ဘယ်နှစ်ဦးတော့ လွှတ်ပေးလိုက်တယ်ဆိုတဲ့ဟာ။ အဲတာလေးတွေပဲ ကိုးကားစေချင်ပါတယ်ဗျ။”

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား စစ်ရေးတင်းမာမှုအတွင်း သံသယနဲ့ ဖမ်းဆီးခံရသူတွေ များပြားလာနေတာပါ။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ကတော့ ဖမ်းဆီးခံရသူ ၅၀၀ လောက် ရှိနေတယ်လို့ ပြီးခဲ့တဲ့ ဇွန်လမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG