သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္စစ္ဒုကၡသည္ ႏွစ္သိန္းနီးပါး တိုးလာ


ဘူးသီးေတာင္ျမိဳ႕နယ္ စိုင္းဒင္ေစ်းရြာေရာက္ စစ္ေရွာင္မ်ား။ (ဓါတ္ပုံ - MP Oung Thaung Shway)

[Zawgyi/Unicode]

ရခုိင္ျပည္နယ္မွာ လက္နက္ကုိင္ပဋိပကၡေတြေၾကာင့္ ေနရပ္စြန္႔ခြာေနရသူေတြ တုိးလာေနတဲ့ ျပႆနာႀကီးထြားလာေနတဲ့ အေျခအေနကုိ ေျပာျပေပးခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏုိင္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ရွာင္ဦးေရ အခုဆုိရင္ ၂၀၀,၀၀၀ နီးပါးရွိေနတယ္လို႔ စစ္ေရွာင္ေတြကို စာရင္းေကာက္ယူေနတဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအရံုး REC က သတင္းထုတ္ျပန္လုိက္ပါတယ္။ ေနရပ္စြန္႔ခြာသူေတြ တိုးလာတာနဲ႔အမွ် စစ္ေရွာင္ဒုကၡသည္ စခန္းေတြမွာလည္း အက်ပ္အတည္းေတြ ႀကီးထြားလာေနတယ္လုိ႔ အမ်ိဳးသားလြႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚထုေမ ကေျပာပါတယ္။

"အခုေနာက္ပိုင္းအေျခအေန သံုးသပ္ရသေလာက္ကေတာ့ တိုက္ပြဲေတြက ပိုမိုုျပင္းထန္လာတယ္။ ျပည္သူေတြ ပိုၿပီးေတာ့ အထိနာလာတယ္။ ေနာက္တစ္ခုကေနၿပီးေတာ့ ျပည္သူေတြကို ေၾကာက္လန္႔ တၾကားျဖစ္ေအာင္ အစုလိုက္ အျပံဳလိုက္ထြက္ေျပးေအာင္ေနၿပီးေတာ့ ေနေျမရွင္းလင္းေရး လုပ္မယ္ဆိုတဲ့ စာေတြ၊ ႏႈတ္ေတြ က်မ မဲဆႏၵနယ္ အမ္းမွာဆိုလို႔ရွိရင္ ႏႈတ္နဲ႔ အဲလိုမ်ိဳး သက္ဆိုင္ရာကေနၿပီးေတာ့ သတင္းေပးခ်က္ေတြ ရွိတယ္။ နႈတ္နဲ႔ ေပးေတာ့ ရြာေတြ ၄ ရြာေလာက္ထြက္ေျပးတာတို႔ ျပည္သူေတြကေန က်မဆီကို ဖုန္းဆက္တာရွိသလို သတင္းေတြမွာလည္း ေဖာ္ျပၾကတယ္ရွင့္။"

မၾကာေသးခင္တုန္းက နယ္ေျမရွင္းလင္းေရးလုပ္မယ့္ ညႊန္ၾကားခ်က္ ထုတ္ျပန္ၿပီးေနာက္ ျပန္လည္႐ုပ္သိမ္းခဲ့ေပမဲ့ တုိက္ပဲြေတြ ျဖစ္ပြားေနတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္ဘက္မွာလည္း ေထာင္ေသာင္းခ်ီတဲ့ ေဒသခံေတြ ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရတာပါ။

ဒုကၡသည္ေတြ တုိးလာတာနဲ႔အမွ် ရေသ့ေတာင္ၿမိဳ႕ေပၚမွာ ခုိလႈံစရာေနရာ အခက္အခဲေတြနဲ႔ ႀကံဳေနရတဲ့အတြက္ စစ္ေတြၿမိဳ႕ေပၚအထိ တိမ္းေရွာင္ေနၾကရတယ္လို႔လည္း ဒုကၡသည္ေတြကုိ ကူညီေနတဲ့ ေဒသခံ ကိုေက်ာ္မင္းခိုင္က ေျပာပါတယ္။

"အစိုးရဆီက ေနေျမရွင္းလင္းေရး စာထုတ္ျပန္ၿပီးေနာက္ပိုင္းမွာ ဒုကၡသည္ေတြက ပိုတုိးလာတယ္ဗ်ာ။ ပိုတိုးလာေတာ့ က်ေနာ္တို႔ဆီမွာ ဒုကၡသည္မဆန္႔တဲ့ အထိကိုျဖစ္သြားတယ္။ ေနစရာ၊ စားစရာကအစ ေတာ္ေတာ္ေလးကို အခက္အခဲရွိတယ္။ အခုဒီမုိးရာသီ ပိုင္းမွာက်ေတာ့ မိုးထန္တာရယ္၊ ေနာက္ဒီရာသီဥတု ၾကမ္းတမ္းမႈဒဏ္ေတြေၾကာင့္ အခုဒီတုတ္ေကြးျဖစ္တဲ့ လူေတာ္ေတာ္မ်ားေနတယ္။ စခန္းတိုင္းလိုလိုမွာ ျဖစ္ေနတယ္။ လက္ရွိက ကူညီကယ္ဆယ္ေရးေတြ အေနနဲ႔ဆိုလို႔ရွိရင္လည္း ကန္႔သတ္ထားတဲ့ အခါက်ေတာ့ အစိုးရဆီကေပးတဲ့ဟာနဲ႔ ICRC က ေပးတဲ့ဟာေလာက္ပဲ ရွိတယ္။ သူတို႔ဆီကေပးတဲ့ဟာလည္း လံုေလာက္တဲ့ အေနအထားမွာမရွိဘူး။ တျခား ကူညီေရးအဖြဲ႔ေတြလည္း သြားလို႔မရဘူး စစ္ဆင္ေရးနယ္ေျမထဲမွာ ပါေနေတာ့ ေတာ္ေတာ္လည္း အခက္အခဲျဖစ္ေနတယ္ဗ်ာ။"

ရခုိင္ျပည္နယ္က တုိက္ပဲြေတြေၾကာင့္ ေနာက္ထပ္ထြက္ေျပးလာရသူေတြ အပါအ၀င္ သိန္းနဲ႔ခ်ီတဲ့ စစ္ေဘးေရွာင္ေတြအတြက္ တာ၀န္ရွိသူေတြဘက္က ကူညီပံ့ပုိးမႈေတြ အားနည္းေနတယ္လုိ႔လည္း အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚထုေမက ေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္တခ်ိဳ႕နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ အင္တာနက္လိုင္းေတြျဖတ္ ေတာက္ထားတာေၾကာင့္ ေဒသခံေတြ ဒုကၡေရာက္ေနၾကတာကို သိႏိုင္ဖို႔ခက္ခဲေနသလို စစ္ေရွာင္ေတြနဲ႔ ပတ္သတ္ၿပီး အစိုးရရဲ႕ ေဆာင္ရြက္ခ်က္ေတြဟာလည္း လံုေလာက္မႈမရွိဘူးလို႔ သူေထာက္ျပပါတယ္။

"က်မတို႔ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ရပ္တန္႔ၿပီးေတာ့ ႏိုင္ငံေရးအရ စကားေျပာဖို႔ ဒီၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမက စစ္ေဘးေရွာင္ျပည္သူေတြ မရွိဖို႔ အမတန္အေရးပါတဲ့ အခ်က္ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က ဘာလဲဆိုေတာ့ မလြဲသာ မေရွာင္သာလို႔ ထိေတြ႕ၾကၿပီဆိုလို႔ရွိရင္ က်မတို႔ ျပည္သူလူထုကို ဦးစားေပးကာကြယ္ရမွာပါ။"

COVID-19 ကပ္ေရာဂါနဲ႔ ႀကံဳေနရခ်ိန္ အပစ္အခတ္ရပ္စဲၾကဖုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က တုိက္တြန္းထားသလုိ ျမန္မာႏုိင္ငံ အေျခစုိက္ သံတမန္ေတြနဲ႔ အကူအညီေပးေရး အဖဲြ႔ေတြကလည္း ေဒသခံလူထု ဒုကၡေရာက္ေနရတဲ့ လက္နက္ကုိင္ပဋိပကၡေတြ ရပ္စဲဖုိ႔ တုိက္တြန္းထားပါတယ္။

ႏိုင္ငံတကာ အကူအညီေပးေရးအဖဲြ႔ ၂၀ ကလည္း ရခုိင္ျပည္နယ္မွာ လက္နက္ကုိင္ ပဋိပကၡေတြ ႀကီးထြား လာေနတာေၾကာင့္ စားနပ္ရိကၡာ ျပတ္လပ္မႈနဲ႔ အုိးအိမ္စြန္႔ခြာရတဲ့ အေျခအေနေတြ ပုိဆုိးလာမွာ စုိးရိမ္ေၾကာင္းလည္း မၾကာေသးခင္ကပဲ သတိေပးထားပါတယ္ခင္ဗ်ာ။

ရခိုင်စစ်ဒုက္ခသည် နှစ်သိန်းနီးပါး တိုးလာ
please wait

No media source currently available

0:00 0:03:12 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်စစ်ဒုက္ခသည် နှစ်သိန်းနီးပါး တိုးလာ

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရသူတွေ တိုးလာနေတဲ့ ပြဿနာကြီးထွားလာနေတဲ့ အခြေအနေကို ပြောပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှာင်ဦးရေ အခုဆိုရင် ၂၀၀,၀၀၀ နီးပါးရှိနေတယ်လို့ စစ်ရှောင်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC က သတင်းထုတ်ပြန်လိုက်ပါတယ်။ နေရပ်စွန့်ခွာသူတွေ တိုးလာတာနဲ့အမျှ စစ်ရှောင်ဒုက္ခသည် စခန်းတွေမှာလည်း အကျပ်အတည်းတွေ ကြီးထွားလာနေတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ကပြောပါတယ်။

"အခုနောက်ပိုင်းအခြေအနေ သုံးသပ်ရသလောက်ကတော့ တိုက်ပွဲတွေက ပိုမိုပြင်းထန်လာတယ်။ ပြည်သူတွေ ပိုပြီးတော့ အထိနာလာတယ်။ နောက်တစ်ခုကနေပြီးတော့ ပြည်သူတွေကို ကြောက်လန့် တကြားဖြစ်အောင် အစုလိုက် အပြုံလိုက်ထွက်ပြေးအောင်နေပြီးတော့ နေမြေရှင်းလင်းရေး လုပ်မယ်ဆိုတဲ့ စာတွေ၊ နှုတ်တွေ ကျမ မဲဆန္ဒနယ် အမ်းမှာဆိုလို့ရှိရင် နှုတ်နဲ့ အဲလိုမျိုး သက်ဆိုင်ရာကနေပြီးတော့ သတင်းပေးချက်တွေ ရှိတယ်။ နှုတ်နဲ့ ပေးတော့ ရွာတွေ ၄ ရွာလောက်ထွက်ပြေးတာတို့ ပြည်သူတွေကနေ ကျမဆီကို ဖုန်းဆက်တာရှိသလို သတင်းတွေမှာလည်း ဖော်ပြကြတယ်ရှင့်။"

မကြာသေးခင်တုန်းက နယ်မြေရှင်းလင်းရေးလုပ်မယ့် ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် ပြန်လည်ရုပ်သိမ်းခဲ့ပေမဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရသေ့တောင်မြို့နယ်ဘက်မှာလည်း ထောင်သောင်းချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။

ဒုက္ခသည်တွေ တိုးလာတာနဲ့အမျှ ရသေ့တောင်မြို့ပေါ်မှာ ခိုလှုံစရာနေရာ အခက်အခဲတွေနဲ့ ကြုံနေရတဲ့အတွက် စစ်တွေမြို့ပေါ်အထိ တိမ်းရှောင်နေကြရတယ်လို့လည်း ဒုက္ခသည်တွေကို ကူညီနေတဲ့ ဒေသခံ ကိုကျော်မင်းခိုင်က ပြောပါတယ်။

"အစိုးရဆီက နေမြေရှင်းလင်းရေး စာထုတ်ပြန်ပြီးနောက်ပိုင်းမှာ ဒုက္ခသည်တွေက ပိုတိုးလာတယ်ဗျာ။ ပိုတိုးလာတော့ ကျနော်တို့ဆီမှာ ဒုက္ခသည်မဆန့်တဲ့ အထိကိုဖြစ်သွားတယ်။ နေစရာ၊ စားစရာကအစ တော်တော်လေးကို အခက်အခဲရှိတယ်။ အခုဒီမိုးရာသီ ပိုင်းမှာကျတော့ မိုးထန်တာရယ်၊ နောက်ဒီရာသီဥတု ကြမ်းတမ်းမှုဒဏ်တွေကြောင့် အခုဒီတုတ်ကွေးဖြစ်တဲ့ လူတော်တော်များနေတယ်။ စခန်းတိုင်းလိုလိုမှာ ဖြစ်နေတယ်။ လက်ရှိက ကူညီကယ်ဆယ်ရေးတွေ အနေနဲ့ဆိုလို့ရှိရင်လည်း ကန့်သတ်ထားတဲ့ အခါကျတော့ အစိုးရဆီကပေးတဲ့ဟာနဲ့ ICRC က ပေးတဲ့ဟာလောက်ပဲ ရှိတယ်။ သူတို့ဆီကပေးတဲ့ဟာလည်း လုံလောက်တဲ့ အနေအထားမှာမရှိဘူး။ တခြား ကူညီရေးအဖွဲ့တွေလည်း သွားလို့မရဘူး စစ်ဆင်ရေးနယ်မြေထဲမှာ ပါနေတော့ တော်တော်လည်း အခက်အခဲဖြစ်နေတယ်ဗျာ။"

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် နောက်ထပ်ထွက်ပြေးလာရသူတွေ အပါအဝင် သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေအတွက် တာဝန်ရှိသူတွေဘက်က ကူညီပံ့ပိုးမှုတွေ အားနည်းနေတယ်လို့လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက်လိုင်းတွေဖြတ် တောက်ထားတာကြောင့် ဒေသခံတွေ ဒုက္ခရောက်နေကြတာကို သိနိုင်ဖို့ခက်ခဲနေသလို စစ်ရှောင်တွေနဲ့ ပတ်သတ်ပြီး အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာလည်း လုံလောက်မှုမရှိဘူးလို့ သူထောက်ပြပါတယ်။

"ကျမတို့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်တန့်ပြီးတော့ နိုင်ငံရေးအရ စကားပြောဖို့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမက စစ်ဘေးရှောင်ပြည်သူတွေ မရှိဖို့ အမတန်အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ နောက်တစ်ချက်က ဘာလဲဆိုတော့ မလွဲသာ မရှောင်သာလို့ ထိတွေ့ကြပြီဆိုလို့ရှိရင် ကျမတို့ ပြည်သူလူထုကို ဦးစားပေးကာကွယ်ရမှာပါ။"

COVID-19 ကပ်ရောဂါနဲ့ ကြုံနေရချိန် အပစ်အခတ်ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားသလို မြန်မာနိုင်ငံ အခြေစိုက် သံတမန်တွေနဲ့ အကူအညီပေးရေး အဖွဲ့တွေကလည်း ဒေသခံလူထု ဒုက္ခရောက်နေရတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်စဲဖို့ တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ၂၀ ကလည်း ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွား လာနေတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ အိုးအိမ်စွန့်ခွာရတဲ့ အခြေအနေတွေ ပိုဆိုးလာမှာ စိုးရိမ်ကြောင်းလည်း မကြာသေးခင်ကပဲ သတိပေးထားပါတယ်ခင်ဗျာ။

XS
SM
MD
LG