သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေသ့ေတာင္ေဒသဘက္ စစ္ေရးလႈပ္ရွားမႈေၾကာင့္ ေဒသခံေတြ ထြက္ေျပးေနရဆဲ


ရခိုင္ျပည္နယ္အတြင္းျဖစ္ပြားေနေသာ စစ္ပဲြမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနၾကရေသာ ရခိုင္စစ္ေရွာင္ ဒုကၡသည္တခ်ိဳ႕။ (ဓာတ္ပံု - Rakhine Ethnics Congress)

[Zawgyi/Unicode]

ရခုိင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္မွာ နယ္ေျမရွင္းလင္းမယ္ဆုိတဲ့ ထုတ္ျပန္ခ်က္ကုိ ျပန္႐ုပ္သိမ္းလုိက္ေပမဲ့ ဒီကေန႔အထိ ေဒသခံေတြ ေသာင္းနဲ႔ခ်ီၿပီး ထြက္ေျပးေနၾကရတဲ့ အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။

ရေသ့ေတာင္ၿမိဳ႕နယ္မွာ နယ္ေျမရွင္းလင္းေရးလုပ္ဖုိ႔အတြက္ ေဒသခံေတြ တိမ္းေရွာင္ဖုိ႔ ညႊန္ၾကားခ်က္ကုိ ျပန္႐ုပ္သိမ္းထားေပမဲ့ စစ္ေရးလႈပ္ရွားမႈေတြ ရွိေနဆဲ ျဖစ္ပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ေတာင္ပိုင္း မူစဲကြ်န္းေဒသမွာ ဆုိရင္လည္း ပစ္ခတ္မႈေတြ တပ္မေတာ္စစ္ေၾကာင္းေတြ ဝင္ထြက္သြားလာေနတာေတြေၾကာင့္ ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြဟာ ရေသ့ေတာင္ၿမိဳ႕ေပၚနဲ႔ တျခားၿမိဳ႕ေပၚေတြကို ဒီကေန႔ အထိထြက္ေျပးေနၾကရတယ္လို႔ စစ္ေရွာင္ကူညီသူ ကိုဘကၠာက ေျပာပါတယ္။

"ႏွစ္ရက္၊ သံုးရက္ေလာက္ ရွိၿပီေပါ့ေနာ္။ က်ေနာ္တို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ေတာင္ပိုင္းေပါ့ေနာ္ ဒီမူစဲကြ်န္း ဂူေတာင္တိုက္နယ္မွာ ရွိတဲ့ေက်းရြာ ၇ ရြာေလာက္ဟာ ျမန္မာ့တပ္မေတာ္စစ္ေၾကာင္း ႏွစ္ေၾကာင္း ေရႊေလာင္တင္က တစ္ေၾကာင္းတက္တယ္။ ေနာက္ၿပီးေတာ့ ကန္ျပင္က တစ္ေၾကာင္း တက္ေနတာေၾကာင့္ ေဒသခံေတြက ေၾကာက္လန္႔ၿပီးေတာ့ ထြက္ေျပးေနၾကရတယ္။"

ဒီရက္ပိုင္းအတြင္းမွာ ထြက္ေျပးလာတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္ ေဆာက္ခတ္ေက်းရြာက ကိုေက်ာ္ဇံကေတာ့ သူတို႔ေနရပ္မွာ မလံုၿခံဳလို႔ တစ္ရြာလံုး ထြက္ေျပးလာၾကတာျဖစ္တယ္လို႔ ေျပာပါတယ္။

"အေျခအေနကေတာ့ ေတာ္ေတာ္ေလးကို ဆိုးရြားေနၿပီဗ်ာ။ က်ေနာ္တို႔မွာ ဘယ္လိုမွကို လုပ္ကိုင္စားေသာက္လို႔ မရဘူး။ လက္နက္ႀကီးေတြနဲ႔ ပစ္ေနၾကတာ။ ရြာေတြမွာလည္း ေနလို႔မရေတာ့ဘူး။ ရြာသားေတြကိုလည္း လည္ပင္းေတြ တက္နင္းၿပီးေတာ့ အၾကမ္းဖက္တာေတြ ရွိေတာ့ အကုန္လံုးက ေၾကာက္လန္႔ၿပီးေတာ့ ထြက္ေျပးေနၾကရတယ္။"

လက္ရွိအခ်ိန္မွာ ရေသ့ေတာင္ၿမိဳ႕ေပၚ စစ္ေရွာင္စခန္းမွာ ေနထိုင္ၾကတာျဖစ္ၿပီး စားဝတ္ေနေရးအတြက္ ခက္ခဲေနၾကတယ္လို႔လည္း သူက ဆက္ေျပာပါတယ္။

"အဆင္မေျပဘူး။ စားဝတ္ေနေရးေတြလည္း ေလာက္ေလာက္ငွငွ မရွိဘူး။ လူဦးေရကလည္း တျဖည္းျဖည္း တိုးလာတာဆိုေတာ့ ကူညီေပးေနတဲ့ အဖြဲ႔အစည္းေတြမွာလည္း အခက္အခဲရွိၾကတာ။ လံုေလာက္မႈ မရွိဘူး၊ က်န္းမာေရး၊ ပညာေရး၊ လူမႈေရး အစစအရာရာ ဘယ္မလိုမွကို အဆင္မေျပဘူး။"

ရေသ့ေတာင္ၿမိဳ႕ေပၚမွာ နဂိုကတည္းက စစ္ေရွာင္ေတြ အမ်ားအျပား ရွိေနသလို အစိုးရက နယ္ေျမရွင္းလင္းေရး ေၾကျငာၿပီးေနာက္ပိုင္းမွာ စစ္ေရွာင္ပိုတိုးလာျဖစ္တယ္လို႔ စစ္ေရွာင္ကူညီသူ ကိုဘကၠာက ေျပာပါတယ္။

"က်ေနာ္တို႔ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းမွာ က်ေနာ္တို႔ နဂိုကတည္းက ရွိတဲ့ ထြက္ေျပးေနရတဲ့ စစ္ေရွာင္ဦးေရက ၂၀,၀၀၀ ေက်ာ္ေလာက္ရွိတယ္။ အခုရက္ပိုင္းအတြင္းမွာ ရေသ့ေတာင္ေျမာက္ဘက္၊ အေရွ႕ဘက္နဲ႔ ေတာင္ဘက္ မူစဲကြ်န္းဘက္ ထပ္ေရာက္လာတဲ့ သူေတြနဲ႔က ၃၀,၀၀၀ ေလာက္ရွိတယ္။ အားလံုးေပါင္းကေတာ့ ၅၀,၀၀၀ ေက်ာ္ေလာက္ရွိတယ္။"

လက္ရွိအခ်ိန္အထိ ရခိုင္ျပည္နယ္အတြင္းမွာ တိုက္ပြဲေတြေၾကာင့္ အိုအိမ္စြန္႔ခြာ ထြက္ေျပးေနၾကရသူေတြ ၁၀၀,၀၀၀ ေက်ာ္အထိ ရွိေနတယ္လို႔ စစ္ေရွာင္ေတြကို စာရင္းေကာက္ယူေနတဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအရံုး REC ရဲ႕ စာရင္းအရ သိရပါတယ္။

စစ္ေရွာင္ေတြနဲ႔ ပတ္သတ္ၿပီး အစိုးရက ကူညီေထာက္ပံ့ေပးေနတာေတြ ရွိေပမဲ့လည္း အားနည္းေန ေသးတာၾကာင့္ အစိုးရအေနနဲ႔ စစ္ေရွာင္အေရးပိုၿပီးေတာ့ လုပ္ေဆာင္ေပးသင့္တယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးခင္ေမာင္လတ္ကေျပာပါတယ္။

"ေျဖရွင္းဖို႔ တာဝန္အရွိဆုံးနဲ႔ လူအင္အား၊ ေငြအင္အား အတတ္ႏိုင္ဆုံးကေတာ့ အစိုးရပါပဲ။ အစိုးရက ကူညီ ေထာက္ပံ့ေပးရမယ္။ ေစာင့္ရွာက္ ေပးရမယ္။ ဆိုၿပီးေတာ့ ဥပေဒကလည္း ျပဌာန္းထားတယ္။ ဝန္ႀကီးဌာနေတာင္ ဖြဲ႕ေပးထားတာပဲ။ လူကယ္ျပန္ဝန္ႀကီးဌာနက ဒီကိစၥေတြအတြက္ ဖြဲ႕ေပးထားတာ။ အစိုးရမွာ တာဝန္ အမ်ားႀကီးရွိတယ္။ ဆင္းရဲႏြမ္းပါးတဲ့ ရခိုင္ျပည္သူေတြက အဓိက ေထာက္ပံ့ေပးထားရတယ္။ အရင္ကေတာင္ ဒုကၡသည္ေတြ စားဝတ္ေနေရးအတြကို ျပည္သူလူထု အလႉအတန္းေတြနဲ႔ ဒီေလာက္ျဖည့္ဆည္း မေပးႏိုင္ဘူး။ အခုက မ်ားသထက္ မ်ားလာတယ္။ မိုးရာသီလည္း ျဖစ္ေနေတာ့ သြားေရးလာေရး ကအစ ဆန္ေရ စပါးေတြကလည္း ရွားပါးလာတယ္။ ဒီအခ်ိန္မွာ အစိုးရက ကူညီကယ္ဆယ္ေရးေတြ အမ်ားႀကီး လုပ္ေပးရမွာ လက္ရွိမွာက အစိုးရက ဘယ္နားမွာလဲေတာင္ မသိဘူး။"

လက္နက္ကုိင္ပဋိပကၡေတြေၾကာင့္ အရပ္သားေတြ ထိခုိက္မႈေတြနဲ႔ ဒုကၡသည္ေတြ ထြက္ေျပးေနရတဲ့ အေျခအေနေတြအေပၚ ကုလသမဂၢနဲ႔ ျမန္မာႏုိင္ငံအေျခစုိက္ အေမရိကန္၊ ကေနဒါ၊ ယူေကနဲ႔ ၾသစေၾတးလ် သံ႐ုံးေတြက စုိးရိမ္တဲ့ သေဘာထားေတြ ထုတ္ျပန္ၿပီး ေနာက္မွာပဲ ရခုိင္ျပည္နယ္မွာ နယ္ေျမရွင္းလင္းေရးအတြက္ ေဒသခံေတြ ေဘးလြတ္ရာ တိမ္းေရွာင္ဖုိ႔ ညႊန္ၾကားခ်က္ကုိ ျပည္နယ္အစုိးရက ျပန္႐ုပ္သိမ္းခဲ့တာပါ။

ညႊန္ၾကားခ်က္ ျပန္႐ုပ္သိမ္းလုိက္ေပမဲ့လည္း တုိက္ပဲြေတြ ဆက္လက္ ျဖစ္ပြားေနဆဲ ျဖစ္ပါတယ္။ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီးကလည္း ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ အပစ္အခတ္ရပ္စဲဖုိ႔နဲ႔ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြ အဆုံးသတ္ဖုိ႔လည္း ဂ်နီဗာၿမိဳ႕မွာၿပီးခဲ့တဲ့ အဂၤါေန႔က က်င္းပတဲ့ လူ႔အခြင့္အေရးေကာင္စီ ညီလာခံမွာ တုိက္တြန္းခဲ့တာပါ။

ႏိုင္ငံတကာ အကူအညီေပးေရးအဖဲြ႔ ၂၀ ကလည္း ရခုိင္ျပည္နယ္မွာ လက္နက္ကုိင္ ပဋိပကၡေတြ ႀကီးထြားလာေနတာေၾကာင့္ စားနပ္ရိကၡာ ျပတ္လပ္မႈနဲ႔ အုိးအိမ္စြန္႔ခြာရတဲ့ အေျခအေနေတြ ပုိဆုိးလာမွာ စုိးရိမ္ေၾကာင္းလည္း ၿပီးခဲ့တဲ့ အဂၤါေန႔မွာပဲ ပူးတဲြေၾကညာခ်က္တေစာင္ ထုတ္ျပန္သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရသေ့တောင်ဒေသဘက် စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံတွေ ထွက်ပြေးနေရဆဲ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ နယ်မြေရှင်းလင်းမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းလိုက်ပေမဲ့ ဒီကနေ့အထိ ဒေသခံတွေ သောင်းနဲ့ချီပြီး ထွက်ပြေးနေကြရတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

ရသေ့တောင်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့အတွက် ဒေသခံတွေ တိမ်းရှောင်ဖို့ ညွှန်ကြားချက်ကို ပြန်ရုပ်သိမ်းထားပေမဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ်တောင်ပိုင်း မူစဲကျွန်းဒေသမှာ ဆိုရင်လည်း ပစ်ခတ်မှုတွေ တပ်မတော်စစ်ကြောင်းတွေ ဝင်ထွက်သွားလာနေတာတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ရသေ့တောင်မြို့ပေါ်နဲ့ တခြားမြို့ပေါ်တွေကို ဒီကနေ့ အထိထွက်ပြေးနေကြရတယ်လို့ စစ်ရှောင်ကူညီသူ ကိုဘက္ကာက ပြောပါတယ်။

"နှစ်ရက်၊ သုံးရက်လောက် ရှိပြီပေါ့နော်။ ကျနော်တို့ ရသေ့တောင်မြို့နယ် တောင်ပိုင်းပေါ့နော် ဒီမူစဲကျွန်း ဂူတောင်တိုက်နယ်မှာ ရှိတဲ့ကျေးရွာ ၇ ရွာလောက်ဟာ မြန်မာ့တပ်မတော်စစ်ကြောင်း နှစ်ကြောင်း ရွှေလောင်တင်က တစ်ကြောင်းတက်တယ်။ နောက်ပြီးတော့ ကန်ပြင်က တစ်ကြောင်း တက်နေတာကြောင့် ဒေသခံတွေက ကြောက်လန့်ပြီးတော့ ထွက်ပြေးနေကြရတယ်။"

ဒီရက်ပိုင်းအတွင်းမှာ ထွက်ပြေးလာတဲ့ ရသေ့တောင်မြို့နယ် ဆောက်ခတ်ကျေးရွာက ကိုကျော်ဇံကတော့ သူတို့နေရပ်မှာ မလုံခြုံလို့ တစ်ရွာလုံးထွက်ပြေးလာကြတာဖြစ်တယ်လို့ ပြောပါတယ်။

"အခြေအနေကတော့ တော်တော်လေးကို ဆိုးရွားနေပြီဗျာ။ ကျနော်တို့မှာ ဘယ်လိုမှကို လုပ်ကိုင်စားသောက်လို့ မရဘူး။ လက်နက်ကြီးတွေနဲ့ ပစ်နေကြတာ။ ရွာတွေမှာလည်း နေလို့မရတော့ဘူး။ ရွာသားတွေကိုလည်း လည်ပင်းတွေ တက်နင်းပြီးတော့ အကြမ်းဖက်တာတွေ ရှိတော့ အကုန်လုံးက ကြောက်လန့်ပြီးတော့ ထွက်ပြေးနေကြရတယ်။"

လက်ရှိအချိန်မှာ ရသေ့တောင်မြို့ပေါ် စစ်ရှောင်စခန်းမှာ နေထိုင်ကြတာဖြစ်ပြီး စားဝတ်နေရေးအတွက် ခက်ခဲနေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

"အဆင်မပြေဘူး။ စားဝတ်နေရေးတွေလည်း လောက်လောက်ငှငှ မရှိဘူး။ လူဦးရေကလည်း တဖြည်းဖြည်း တိုးလာတာဆိုတော့ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေမှာလည်း အခက်အခဲရှိကြတာ။ လုံလောက်မှု မရှိဘူး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစစအရာရာ ဘယ်မလိုမှကို အဆင်မပြေဘူး။"

ရသေ့တောင်မြို့ပေါ်မှာ နဂိုကတည်းက စစ်ရှောင်တွေ အများအပြား ရှိနေသလို အစိုးရက နယ်မြေရှင်းလင်းရေး ကြေငြာပြီးနောက်ပိုင်းမှာ စစ်ရှောင်ပိုတိုးလာဖြစ်တယ်လို့ စစ်ရှောင်ကူညီသူ ကိုဘက္ကာက ပြောပါတယ်။

"ကျနော်တို့ ရသေ့တောင်မြို့နယ်အတွင်းမှာ ကျနော်တို့ နဂိုကတည်းက ရှိတဲ့ ထွက်ပြေးနေရတဲ့ စစ်ရှောင်ဦးရေက ၂၀,၀၀၀ ကျော်လောက်ရှိတယ်။ အခုရက်ပိုင်းအတွင်းမှာ ရသေ့တောင်မြောက်ဘက်၊ အရှေ့ဘက်နဲ့ တောင်ဘက် မူစဲကျွန်းဘက် ထပ်ရောက်လာတဲ့ သူတွေနဲ့က ၃၀,၀၀၀ လောက်ရှိတယ်။ အားလုံးပေါင်းကတော့ ၅၀,၀၀၀ ကျော်လောက်ရှိတယ်။ "

လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် အိုအိမ်စွန့်ခွာ ထွက်ပြေးနေကြရသူတွေ ၁၀၀,၀၀၀ ကျော်အထိ ရှိနေတယ်လို့ စစ်ရှောင်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC ရဲ့ စာရင်းအရ သိရပါတယ်။

စစ်ရှောင်တွေနဲ့ ပတ်သတ်ပြီး အစိုးရက ကူညီထောက်ပံ့ပေးနေတာတွေ ရှိပေမဲ့လည်း အားနည်းနေ သေးတာကြာင့် အစိုးရအနေနဲ့ စစ်ရှောင်အရေးပိုပြီးတော့ လုပ်ဆောင်ပေးသင့်တယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်ကပြောပါတယ်။

"ဖြေရှင်းဖို့ တာဝန်အရှိဆုံးနဲ့ လူအင်အား၊ ငွေအင်အား အတတ်နိုင်ဆုံးကတော့ အစိုးရပါပဲ။ အစိုးရက ကူညီ ထောက်ပံ့ပေးရမယ်။ စောင့်ရှာက် ပေးရမယ်။ ဆိုပြီးတော့ ဥပဒေကလည်း ပြဌာန်းထားတယ်။ ဝန်ကြီးဌာနတောင် ဖွဲ့ပေးထားတာပဲ။ လူကယ်ပြန်ဝန်ကြီးဌာနက ဒီကိစ္စတွေအတွက် ဖွဲ့ပေးထားတာ။ အစိုးရမှာ တာဝန် အများကြီးရှိတယ်။ ဆင်းရဲနွမ်းပါးတဲ့ ရခိုင်ပြည်သူတွေက အဓိက ထောက်ပံ့ပေးထားရတယ်။ အရင်ကတောင် ဒုက္ခသည်တွေ စားဝတ်နေရေးအတွကို ပြည်သူလူထု အလှူအတန်းတွေနဲ့ ဒီလောက်ဖြည့်ဆည်း မပေးနိုင်ဘူး။ အခုက များသထက် များလာတယ်။ မိုးရာသီလည်း ဖြစ်နေတော့ သွားရေးလာရေး ကအစ ဆန်ရေ စပါးတွေကလည်း ရှားပါးလာတယ်။ ဒီအချိန်မှာ အစိုးရက ကူညီကယ်ဆယ်ရေးတွေ အများကြီး လုပ်ပေးရမှာ လက်ရှိမှာက အစိုးရက ဘယ်နားမှာလဲတောင် မသိဘူး။"

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်မှုတွေနဲ့ ဒုက္ခသည်တွေ ထွက်ပြေးနေရတဲ့ အခြေအနေတွေအပေါ် ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျ သံရုံးတွေက စိုးရိမ်တဲ့ သဘောထားတွေ ထုတ်ပြန်ပြီး နောက်မှာပဲ ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေးအတွက် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ ညွှန်ကြားချက်ကို ပြည်နယ်အစိုးရက ပြန်ရုပ်သိမ်းခဲ့တာပါ။

ညွှန်ကြားချက် ပြန်ရုပ်သိမ်းလိုက်ပေမဲ့လည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးကလည်း ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အပစ်အခတ်ရပ်စဲဖို့နဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ အဆုံးသတ်ဖို့လည်း ဂျနီဗာမြို့မှာပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ တိုက်တွန်းခဲ့တာပါ။

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ၂၀ ကလည်း ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ အိုးအိမ်စွန့်ခွာရတဲ့ အခြေအနေတွေ ပိုဆိုးလာမှာ စိုးရိမ်ကြောင်းလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့မှာပဲ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်သတိပေးထားပါတယ်။

XS
SM
MD
LG