သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္စစ္ဒုကၡသည္ေတြအတြက္ က်န္းမာေရးအစီအမံအားနည္း


ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ရွိ ဘုန္းႀကီးေက်ာင္းတေက်ာင္းသို႔ ထြက္ေျပး တိမ္းေရွာင္လာၾကတဲ့ ရခိုင္စစ္ေရွာင္ဒုကၡသည္တခ်ိဳ႕။ (ဇြန္ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္မွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ ေနာက္ထပ္ထြက္ေျပးလာၾကတဲ့ ဒုကၡသည္ေတြအတြက္ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ အစီအမံေတြ အားနည္းေနတာေၾကာင့္ စိုးရိမ္ေနၾကတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။

တုိက္ပဲြေတြေၾကာင့္ ေဒသခံေထာင္ေသာင္းခ်ီ ထြက္ေျပးေနၾကတဲ့ ရခုိင္ျပည္နယ္မွာ စားေရးေသာက္ေရးနဲ႔ ေနထုိင္စရာ အခက္အခဲေတြ ႀကံဳေနရသလုိ ဒုကၡသည္ေတြ တေန႔တျခား ပုိတုိးလာေနတဲ့အတြက္ က်န္းမာေရးအတြက္ စိုးရိမ္စရာ ျဖစ္လာေနပါတယ္။ စစ္ေရွာင္ ဒုကၡသည္ ၂,၀၀၀ နီးပါးေလာက္ ရွိေနတဲ့ အမ္းၿမိဳ႕နယ္မွာ ဆုိရင္လည္း အစုိးရက ဖြင့္ထားတဲ့ ယာယီစခန္းေတြနဲ႔ ဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ ခုိလႈံေနသူေတြဟာ အေရးေပၚ အကူအညီေတြနဲ႔ က်န္းမာေရး လုိအပ္ခ်က္ေတြနဲ႔ ႀကံဳေနရတယ္လုိ႔ အကူအညီေပးေနသူေတြက ေျပာပါတယ္။ အမ္းၿမိဳ႕နယ္ ပဲပဒုံ ဒုကၡသည္စခန္းမွာ ဆုိရင္လည္း ေနာက္ထပ္ေရာက္လာတဲ့ ဒုကၡသည္ ၁၀၀ နီးပါးေလာက္အတြက္ ေနစရာ မရွိတာေၾကာင့္ေျမျပင္ေပၚမွာပဲ ယာယီေနရာခ်ထားေပးခဲ့ရတယ္လုိ႔ စခန္းတာဝန္ခံ ဦးသန္းခ်ိဳက ေျပာပါတယ္။ ကိုဗစ္ကာလလည္းျဖစ္ မိုးရာသီလည္းျဖစ္တဲ့ အခ်ိန္မ်ိဳးမွာ ဒုကၡသည္ေတြ ပိုမ်ားလာတာေၾကာင့္ က်န္းမာေရးအတြက္ စိုးရိမ္စရာ ျဖစ္လာေနတယ္လုိ႔လည္း ေျပာပါတယ္။

“က်ေနာ္တို႔ဘက္ကေတာ့ စိုးရိမ္တာေပါ့ အခုက မိုးရာသီျဖစ္တာရယ္၊ ေနာက္ လူဦးေရထူထပ္တာရယ္၊ ခုဆို က်ေနာ္တို႔မွာဆိုရင္ အိမ္သာေတြကလည္းပဲ လုံေလာက္မႈ အားနည္းတယ္။ ဝမ္းေရာဂါ၊ ေသြးလြန္တုတ္ေကြးေရာဂါ ေနာက္ဒီ အမ်ားသိတဲ့ ကိုဗစ္ကိုလည္း ပိုၿပီးစိုးရိမ္ေနရတာေပါ့။ က်န္းမာေရးနဲ႔ ပတ္သက္လို႔ကေတာ့ တပတ္ကိုတစ္ႀကိမ္ ေဆး႐ုံက ဆရာမေတြလာၿပီးေတာ့ က်န္းမာေရးေစာင့္ေရွာက္မႈေတာ့ လုပ္ေပးပါတယ္။ အခုရက္ပိုင္းမွာေတာ့ မိုးမ်ားတာရယ္ သူတို႔လည္း ဘယ္လိုျဖစ္လဲေတာ့မသိဘူး၊ ခုရက္ပိုင္းေတာ့ လူဦးေရ တိုးလာတဲ့ေနာက္ပိုင္းေတာ့ ေဆး႐ုံက သတ္မွတ္တဲ့ ေစာင့္ေရွာက္မႈအဖြဲ႕ကေတာ့ ေရာက္မလာေသးပါဘူး။ အရင္ရက္ေတြကေတာ့ ေရာက္တယ္။ က်ေနာ္တို႔လည္း စိုးေတာ့ စိုးရိမ္တာေပါ့။ လူဦးေရမ်ားေတာ့။ ဒါေပမဲ့ ထိန္းလို႔မႏိုင္ေတာ့ က်လိုျဖစ္သလိုပဲ က်ေနာ္တို႔လည္း လုပ္ေနရတာေပါ့။ စခန္းမွာရွိတဲ့သူေတြကလည္း စိုးရိမ္မႈေတြ ရွိတယ္။”

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ရွိ ဘုန္းႀကီးေက်ာင္းတေက်ာင္းမွာ ေခတၱေနထိုင္ေနတဲ့ စစ္ေရွာင္ ဒုကၡသည္တခ်ိဳ႕။ (ဇြန္ ၂၉၊ ၂၀၂၀)
ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ရွိ ဘုန္းႀကီးေက်ာင္းတေက်ာင္းမွာ ေခတၱေနထိုင္ေနတဲ့ စစ္ေရွာင္ ဒုကၡသည္တခ်ိဳ႕။ (ဇြန္ ၂၉၊ ၂၀၂၀)

လတ္တေလာမွာေတာ့ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ အႏၱရာယ္နဲ႔ ပတ္သက္တဲ့ က်န္းမာေရး အသိပညာေပးတာေတြ လက္ကမ္းစာေစာင္ ျဖန္႔ေ၀တာမ်ဳိးေတြကုိေတာ့ က်န္းမာေရးတာ၀န္ရွိသူေတြက ေဆာင္ရြက္ေနတယ္လုိ႔လည္း ေျပာပါတယ္။ ဒီလုိ က်န္းမာေရးအတြက္ ႀကိဳတင္ကာကြယ္ဖုိ႔ ႀကိဳးပမ္းေနေပမဲ့လည္း ဒုကၡသည္ေတြ မ်ားလာေနတာနဲ႔အမွွ် အခက္အခဲေတြလည္း ရွိေနတယ္လုိ႔ ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနက ေဒါက္တာစိုးဝင္းပိုင္က ေျပာပါတယ္။

“က်ေနာ္တို႔႔ကေတာ့ စစ္ေဘးေရွာင္စခန္း တစ္ခုျဖစ္လာတယ္ဆိုရင္ သက္ဆိုင္ရာ ၿမိဳ႕နယ္မွာရွိတဲ့ ၿမိဳ႕နယ္ က်န္းမာေရး ဦးစီးဌာနမွဴးေတြက အဲ့ဒီၿမိဳ႕နယ္မွာရွိတဲ့ သက္ဆိုင္ရာ အာဏာပိုင္ေတြေပါ့၊ အေထြေထြအုပ္ခ်ဳပ္ေရးတို႔ တျခား ရဲတို႔ မီးသတ္တို႔ အဲ့လိုမ်ိဳးေတြနဲ႔ ပူးေပါင္းၿပီးေတာ့ေတာ့ က်န္းမာေရးလုပ္ငန္းေတြမွာေတာ့ ပါဝင္ေဆာင္႐ြက္ေပးတယ္ေပါ့ကြယ္။ လူေတြတအားမ်ားတဲ့ေနရာ လူေနစရာလည္း မရွိတဲ့ေနရာေတြမွာကေတာ့ က်ေနာ္တို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ ေဝးေဝးကြာကြာေနရမယ္လို႔ က်န္းမာေရး အသိပညာေပးေပမယ့္ အေနအထားအရ သူတို႔အေနႏိုင္ဘူးေပါ့ေနာ္။ ဒါေတြကို အေရွာင္လြဲႏိုင္ပဲ ႀကဳံေတြေနရတဲ့ ေနရာေတြလည္း ရွိေကာင္းရွိမွာေပ့ါ။ အဲ့ေတာ့ ဆရာတို႔ကေတာ့ က်န္းမာေရးအသိပညာေပးတဲ့ လုပ္ငန္းတို႔၊ ေနမေကာင္းရင္ တပတ္မွာႏွစ္ႀကိမ္ အနည္းဆုံး ႏွစ္ႀကိမ္ေပါ့ က်န္းမာေရး ေဆးခန္းဖြင့္ေပးတာတို႔ ေရာဂါသံသယရွိတဲ့သူေတြဆိုရင္ ေစာေစာစီးစီး ေဆး႐ုံေဆးခန္းပို႔ေပးတာတို႔ ဒီေလာက္လုပ္ေပးေနတယ္ေပါ့။"

ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ ေဒသခံေတြ စားနပ္ရိကၡာ ျပတ္လပ္မႈနဲ႔ အိုးအိမ္စြန္႔ခြာရတဲ့ အေျခအေနေတြ ပုိဆုိးလာမွာကုိ စိုးရိမ္ပူပန္ေၾကာင္းနဲ႔ အေရးေပၚ အကူအညီေတြ ေပးႏုိင္ေအာင္ ခြင့္ျပဳဖုိ႔လည္း ႏုိင္ငံတကာ လူသားခ်င္းစာနာမႈ အကူအညီေပးေရးအဖြဲ႔ ၂၀ က မေန႔တုန္းကပဲ ပူးတြဲေၾကညာခ်က္ တစ္ေစာင္ ထုတ္ျပန္တုိက္တြန္းခဲ့ပါတယ္။

လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီးကလည္း ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ တုိက္ပဲြေတြေၾကာင့္ ေဒသခံေတြ ထိခုိက္ေသေက်မႈေတြနဲ႔ အုိးအိမ္စြန္႔ခြာရတဲ့ အေျခအေနေတြ ႀကံဳေနရတာေၾကာင္း အျမန္ဆုံး အပစ္အခတ္ ရပ္စဲဖို႔နဲ႔ တပ္မေတာ္ရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြ အဆုံးသတ္ဖို႔ကို မေန႔တုန္းကပဲ ဆြစ္ဇာလန္ႏုိင္ငံ ဂ်နီဗာၿမိဳ႕က လူ႔အခြင့္အေရးေကာင္စီ ညီလာခံမွာ တိုက္တြန္းထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်စစ်ဒုက္ခသည်တွေအတွက် ကျန်းမာရေးအစီအမံအားနည်း

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် နောက်ထပ်ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအတွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အစီအမံတွေ အားနည်းနေတာကြောင့် စိုးရိမ်နေကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ေတြ႔ရတဲ့ ရခိုင္စစ္ေရွာင္ ဒုကၡသည္တခ်ိဳ႕။ (ဇြန္ ၂၉၊ ၂၀၂၀)
ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ေတြ႔ရတဲ့ ရခိုင္စစ္ေရွာင္ ဒုကၡသည္တခ်ိဳ႕။ (ဇြန္ ၂၉၊ ၂၀၂၀)

တိုက်ပွဲတွေကြောင့် ဒေသခံထောင်သောင်းချီ ထွက်ပြေးနေကြတဲ့ ရခိုင်ပြည်နယ်မှာ စားရေးသောက်ရေးနဲ့ နေထိုင်စရာ အခက်အခဲတွေ ကြုံနေရသလို ဒုက္ခသည်တွေ တနေ့တခြား ပိုတိုးလာနေတဲ့အတွက် ကျန်းမာရေးအတွက် စိုးရိမ်စရာ ဖြစ်လာနေပါတယ်။ စစ်ရှောင် ဒုက္ခသည် ၂,၀၀၀ နီးပါးလောက် ရှိနေတဲ့ အမ်းမြို့နယ်မှာ ဆိုရင်လည်း အစိုးရက ဖွင့်ထားတဲ့ ယာယီစခန်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေသူတွေဟာ အရေးပေါ် အကူအညီတွေနဲ့ ကျန်းမာရေး လိုအပ်ချက်တွေနဲ့ ကြုံနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ အမ်းမြို့နယ် ပဲပဒုံ ဒုက္ခသည်စခန်းမှာ ဆိုရင်လည်း နောက်ထပ်ရောက်လာတဲ့ ဒုက္ခသည် ၁၀၀ နီးပါးလောက်အတွက် နေစရာ မရှိတာကြောင့်မြေပြင်ပေါ်မှာပဲ ယာယီနေရာချထားပေးခဲ့ရတယ်လို့ စခန်းတာဝန်ခံ ဦးသန်းချိုက ပြောပါတယ်။ ကိုဗစ်ကာလလည်းဖြစ် မိုးရာသီလည်းဖြစ်တဲ့ အချိန်မျိုးမှာ ဒုက္ခသည်တွေ ပိုများလာတာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်စရာ ဖြစ်လာနေတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ စိုးရိမ်တာပေါ့ အခုက မိုးရာသီဖြစ်တာရယ်၊ နောက် လူဦးရေထူထပ်တာရယ်၊ ခုဆို ကျနော်တို့မှာဆိုရင် အိမ်သာတွေကလည်းပဲ လုံလောက်မှု အားနည်းတယ်။ ဝမ်းရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ နောက်ဒီ အများသိတဲ့ ကိုဗစ်ကိုလည်း ပိုပြီးစိုးရိမ်နေရတာပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်လို့ကတော့ တပတ်ကိုတစ်ကြိမ် ဆေးရုံက ဆရာမတွေလာပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတော့ လုပ်ပေးပါတယ်။ အခုရက်ပိုင်းမှာတော့ မိုးများတာရယ် သူတို့လည်း ဘယ်လိုဖြစ်လဲတော့မသိဘူး၊ ခုရက်ပိုင်းတော့ လူဦးရေ တိုးလာတဲ့နောက်ပိုင်းတော့ ဆေးရုံက သတ်မှတ်တဲ့ စောင့်ရှောက်မှုအဖွဲ့ကတော့ ရောက်မလာသေးပါဘူး။ အရင်ရက်တွေကတော့ ရောက်တယ်။ ကျနော်တို့လည်း စိုးတော့ စိုးရိမ်တာပေါ့။ လူဦးရေများတော့။ ဒါပေမဲ့ ထိန်းလို့မနိုင်တော့ ကျလိုဖြစ်သလိုပဲ ကျနော်တို့လည်း လုပ်နေရတာပေါ့။ စခန်းမှာရှိတဲ့သူတွေကလည်း စိုးရိမ်မှုတွေ ရှိတယ်။”

လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေး အသိပညာပေးတာတွေ လက်ကမ်းစာစောင် ဖြန့်ဝေတာမျိုးတွေကိုတော့ ကျန်းမာရေးတာဝန်ရှိသူတွေက ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ ဒီလို ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ဖို့ ကြိုးပမ်းနေပေမဲ့လည်း ဒုက္ခသည်တွေ များလာနေတာနဲ့အမျှ အခက်အခဲတွေလည်း ရှိနေတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

“ကျနော်တို့ကတော့ စစ်ဘေးရှောင်စခန်း တစ်ခုဖြစ်လာတယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်မှာရှိတဲ့ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးတွေက အဲ့ဒီမြို့နယ်မှာရှိတဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေပေါ့၊ အထွေထွေအုပ်ချုပ်ရေးတို့ တခြား ရဲတို့ မီးသတ်တို့ အဲ့လိုမျိုးတွေနဲ့ ပူးပေါင်းပြီးတော့တော့ ကျန်းမာရေးလုပ်ငန်းတွေမှာတော့ ပါဝင်ဆောင်ရွက်ပေးတယ်ပေါ့ကွယ်။ လူတွေတအားများတဲ့နေရာ လူနေစရာလည်း မရှိတဲ့နေရာတွေမှာကတော့ ကျနော်တို့က တစ်ယောက်နဲ့ တစ်ယောက် ဝေးဝေးကွာကွာနေရမယ်လို့ ကျန်းမာရေး အသိပညာပေးပေမယ့် အနေအထားအရ သူတို့အနေနိုင်ဘူးပေါ့နော်။ ဒါတွေကို အရှောင်လွဲနိုင်ပဲ ကြုံတွေနေရတဲ့ နေရာတွေလည်း ရှိကောင်းရှိမှာပေ့ါ။ အဲ့တော့ ဆရာတို့ကတော့ ကျန်းမာရေးအသိပညာပေးတဲ့ လုပ်ငန်းတို့၊ နေမကောင်းရင် တပတ်မှာနှစ်ကြိမ် အနည်းဆုံး နှစ်ကြိမ်ပေါ့ ကျန်းမာရေး ဆေးခန်းဖွင့်ပေးတာတို့ ရောဂါသံသယရှိတဲ့သူတွေဆိုရင် စောစောစီးစီး ဆေးရုံဆေးခန်းပို့ပေးတာတို့ ဒီလောက်လုပ်ပေးနေတယ်ပေါ့။"

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတွေ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ အိုးအိမ်စွန့်ခွာရတဲ့ အခြေအနေတွေ ပိုဆိုးလာမှာကို စိုးရိမ်ပူပန်ကြောင်းနဲ့ အရေးပေါ် အကူအညီတွေ ပေးနိုင်အောင် ခွင့်ပြုဖို့လည်း နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့ ၂၀ က မနေ့တုန်းကပဲ ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်တိုက်တွန်းခဲ့ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးကလည်း ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထိခိုက်သေကျေမှုတွေနဲ့ အိုးအိမ်စွန့်ခွာရတဲ့ အခြေအနေတွေ ကြုံနေရတာကြောင်း အမြန်ဆုံး အပစ်အခတ် ရပ်စဲဖို့နဲ့ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ အဆုံးသတ်ဖို့ကို မနေ့တုန်းကပဲ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ တိုက်တွန်းထားပါတယ်ရှင်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG