သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္တုိက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္ဒုကၡသည္ေတြ ေန႔စဥ္ထပ္တုိးေန


စစ္ေတြဘက္ကို ေရာက္လာတဲ့ စစ္ေဘးေရွာင္ဒုကၡသည္မ်ား

(Zawgyi/Unicode)

ရခိုင္ျပည္နယ္မွာ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ ေဒသခံေတြ ထိခုိက္ဒဏ္ရာရမႈေတြ ႀကံဳေနရသလုိ၊ ေနာက္ထပ္ ထြက္ေျပးေနၾကသူေတြ တုိးလာေနတဲ့ အေျခအေနေတြကို ကိုသက္ႏိုင္ ေျပာျပမွာပါ။

အခုရက္ပိုင္းအတြင္း တိုက္ပြဲေတြေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္နဲ႔ အမ္းၿမိဳ႕နယ္ေတြက ေဒသခံေတြဟာ ေဘးလြတ္ရာ ဆက္လက္ ထြက္ေျပးေနရတာ အခုဆုိရင္ ေထာင္နဲ႔ခ်ီရွိေနပါၿပီ။

အမ္းၿမိဳ႕နယ္ ဒလက္အုပ္စုဘက္မွာလည္း တပ္မေတာ္က နယ္ေျမရွင္းလင္းေရးအတြက္ ေဒသခံေတြကို ထြက္ခြာေပးဖို႔ ေျပာဆိုခဲ့ၿပီးေနာက္ တိုက္ပြဲေတြ ျဖစ္ပြားေနတာေၾကာင့္ အခုရက္ပိုင္းအတြင္းမွာ စစ္ေရွာင္ဦးေရ ပုိတိုးလာေနတယ္လို႔ စစ္ေရွာင္ဒုကၡသည္ေတြကုိ ကူညီေနတဲ့ အမ္းၿမိဳ႕ နယ္က ကိုမ်ိဳး လြင္က ေျပာပါတယ္။

" အမ္းၿမိဳ႕နယ္ ဒလက္အုပ္စု နတ္ေမာ္ေက်းရြာမွာ ရွိတဲ့ ေက်းရြာသားေတြကို တပ္မေတာ္က ေနၿပီးေတာ့ ေက်းရြာမွာမေနၾကတဲ့ ထြက္ၾကတာဆိုေတာ့ ထြက္ေပးရတာေပါ့။ ႏွင္ထုတ္တာကေတာ့ ဇြန္လ ၂၈ရက္ကေန ၂၉ရက္အတြင္း ေနာက္ဆံုးထားၿပီးေတာ့ ထြက္ေပးရမယ္ဆိုတာကို တပ္မေတာ္က လာၿပီးေတာ့ ႏႈတ္မိန္႔နဲ႔ လာၿပီး အမိန္႔ေပးတာေပါ့ေနာ္။ေနာက္တစ္ခုက နတ္ေမာ္ေက်းရြာကို လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့ တာေၾကာင့္ ၂ဦးေသတယ္။ သံုးဦးဒဏ္ရာရတယ္။ ၿပီးေတာ့ တိုက္ပြဲေတြလည္း မၾကာမၾကာျဖစ္ေနေတာ့ ဒီရက္ပိုင္း မွာ စစ္ေဘးေရွာင္ေတြ ေနရပ္စြန္႔ ထြက္ေျပးလာတာေပါ့ေနာ္။"

လက္ရွိအခ်ိန္အမ္းၿမိဳ႕နယ္ အတြင္းမွာ ဒုကၡသည္ ႏွစ္ေထာင္နီးပါးအထိရွိေနၿပီး အစိုးကဖြင့္ေပးထားတဲ့ စစ္ေရွာင္စခန္းေတြမွာ ေနထိုင္ၾကသူေတြ ရွိသလို တစ္ျခားေဆြမ်ိဳးအိမ္ေတြမွာ ေနထိုင္ေနၾကတာ လည္းရွိပါတယ္။

အမ္းၿမိဳ႕ေပၚက ပဲပဒံု ဒုကၡသည္စခန္းမွာေတာ့ ဒီရက္ပိုင္းအတြင္း စစ္ေရွာင္ဦးေရေတြ တိုးလာတာ ေၾကာင့္ စားဝတ္ေနေရး ခက္ခဲေနတယ္လို႔ စခန္းတာဝန္ခံ ဦးသန္းခ်ိဳက ေျပာပါတယ္။

" ပထမပိုင္းကေတာ့ က်ေနာ္တို႔ ဒီစခန္းမွာ လူ ၂၀၀ေက်ာ္ ၃၀၀ ေလာက္သာရွိေတာ့ အဆင္ေျပတာေပါ့။ ဒီတစ္ပတ္အတြင္းမွာပဲ လူုဦးေရက တစ္ဆေက်ာ္ျမင့္တက္သြားေတာ့ ဒီစခန္းမွာ လူဦးေရ ၆၀၀ ေက်ာ္ သြားၿပီ။ အဲေတာ့ အဲဒီလူေတြအတြက္ လက္တေလာ စီစဥ္ရတာ က်ေနာ္တို႔မွာ အခက္ ေတြ႔တာေပါ့။ ေနထိုင္စရာ အေဆာက္အဦး ေနာက္အေျခခံ စားေသာက္ကုန္ေတြ ကေတာ့ ေတာ္ေတာ္လည္း အခက္ ေတြ႔တာေပါ့ ။ မွ်တၿပီး ေတာ့ စားရတာေပါ့။"

ရခုိင္ျပည္နယ္ ရေသ့ေတာင္ ၿမိဳ႕နယ္က ေက်ာက္တန္း ေက်းရြာအုပ္စုအနီး တပ္မေတာ္က စစ္ဆင္ေရး ေတြ ဆင္ႏႊဲဖုိ႔ ရွိတဲ့အတြက္ ေဒသခံေတြ တိမ္းေရွာင္ဖုိ႔ ညႊန္ၾကား ခ်က္ကုိ ျပန္လည္႐ုပ္ သိမ္းလုိက္ေပမယ့္ လည္း တုိက္ပဲြ ေတြ ဆက္လက္ ျဖစ္ပြားေနတာေၾကာင့္ ေဒသခံေတြ ဆက္လက္ ထြက္ေျပးေနဆဲ ျဖစ္ပါတယ္။ စစ္ေရွာင္လူဦးေရ ရုတ္တရက္တိုးလာေၾကာင့္ အကူအညီေတြ လုိအပ္ေနတယ္လုိ႔ လည္း ဒုကၡသည္ေတြကုိ ကူညီေနသူ ကိုဘကၠာက ေျပာပါတယ္။

" တိုးတာေပါ့ စစ္ေရွာင္ေတြက တစ္ေန႔ၿပီးတစ္ေန႔ တိုးလာေနေတာ့ က်ေနာ္တို႔မွာ ေနဖို႔ထိုင္ဖို႔ စားဖို႔ေသာက္ဖို႔ကအစ ေတာ္ေတာ္ေလးကို ခက္ခဲေနၾကပါတယ္။"

လက္နက္ကုိင္ပဋိပကၡေတြေၾကာင့္ အရပ္သားေတြ ထိခုိက္မႈေတြနဲ႔ ဒုကၡသည္ေတြ ထြက္ေျပးေနရတဲ့ အေျခအေနေတြအေပၚ ကုလသမဂၢနဲ႔ ျမန္မာႏုိင္ငံအေျခစုိက္ အေမရိကန္၊ ကေနဒါ၊ ယူေကနဲ႔ ၾသစေၾတးလ် သံ႐ုံးေတြက စုိးရိမ္တဲ့ သေဘာထားေတြ ထုတ္ျပန္ၿပီး ေနာက္မွာပဲ ရခုိင္ျပည္နယ္မွာ နယ္ေျမရွင္းလင္းေရးအတြက္ ေဒသခံေတြ ေဘးလြတ္ရာ တိမ္းေရွာင္ဖုိ႔ ညႊန္ၾကားခ်က္ကုိ ျပည္နယ္အစုိးရက ျပန္႐ုပ္သိမ္းခဲ့တာပါ။

ညႊန္ၾကားခ်က္ ျပန္႐ုပ္သိမ္းလုိက္ေပမဲ့လည္း တုိက္ပဲြေတြ ဆက္လက္ ျဖစ္ပြားေနဆဲ ျဖစ္ပါ တယ္။ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီးကလည္း ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ အပစ္အခတ္ရပ္စဲဖုိ႔နဲ႔ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြ အဆုံးသတ္ဖုိ႔လည္း Geneva ၿမိဳ႕မွာ အဂၤါေန႔က က်င္းပတဲ့ လူ႔အခြင့္အေရးေကာင္စီ ညီလာခံမွာ တုိက္တြန္းခဲ့တာပါ။

ႏုိင္ငံတကာ အကူအညီေပးေရးအဖဲြ႔ ၂၀ ကလည္း ရခုိင္ျပည္နယ္မွာ လက္နက္ကုိင္ ပဋိပကၡေတြ ႀကီးထြားလာေနတာေၾကာင့္ စားနပ္ရိကၡာ ျပတ္လပ္မႈနဲ႔ အုိးအိမ္စြန္႔ခြာရတဲ့ အေျခအေနေတြ ပုိဆုိး လာမွာ စုိးရိမ္ေၾကာင္းလည္း အဂၤါေန႔မွာပဲ ပူးတဲြေၾကညာခ်က္တေစာင္ ထုတ္ျပန္ သတိေပး ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ရခိုင်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ နေ့စဉ်ထပ်တိုးနေ

(Unicode)

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရမှုတွေ ကြုံနေရသလို၊ နောက်ထပ် ထွက်ပြေးနေကြသူတွေ တိုးလာနေတဲ့ အခြေအနေတွေကို ကိုသက်နိုင် ပြောပြမှာပါ။

အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်နဲ့ အမ်းမြို့နယ်တွေက ဒေသခံတွေဟာ ဘေးလွတ်ရာ ဆက်လက် ထွက်ပြေးနေရတာ အခုဆိုရင် ထောင်နဲ့ချီရှိနေပါပြီ။

အမ်းမြို့နယ် ဒလက်အုပ်စုဘက်မှာလည်း တပ်မတော်က နယ်မြေရှင်းလင်းရေးအတွက် ဒေသခံတွေကို ထွက်ခွာပေးဖို့ ပြောဆိုခဲ့ပြီးနောက် တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အခုရက်ပိုင်းအတွင်းမှာ စစ်ရှောင်ဦးရေ ပိုတိုးလာနေတယ်လို့ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီနေတဲ့ အမ်းမြို့ နယ်က ကိုမျိုး လွင်က ပြောပါတယ်။

" အမ်းမြို့နယ် ဒလက်အုပ်စု နတ်မော်ကျေးရွာမှာ ရှိတဲ့ ကျေးရွာသားတွေကို တပ်မတော်က နေပြီးတော့ ကျေးရွာမှာမနေကြတဲ့ ထွက်ကြတာဆိုတော့ ထွက်ပေးရတာပေါ့။ နှင်ထုတ်တာကတော့ ဇွန်လ ၂၈ရက်ကနေ ၂၉ရက်အတွင်း နောက်ဆုံးထားပြီးတော့ ထွက်ပေးရမယ်ဆိုတာကို တပ်မတော်က လာပြီးတော့ နှုတ်မိန့်နဲ့ လာပြီး အမိန့်ပေးတာပေါ့နော်။နောက်တစ်ခုက နတ်မော်ကျေးရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် ၂ဦးသေတယ်။ သုံးဦးဒဏ်ရာရတယ်။ ပြီးတော့ တိုက်ပွဲတွေလည်း မကြာမကြာဖြစ်နေတော့ ဒီရက်ပိုင်း မှာ စစ်ဘေးရှောင်တွေ နေရပ်စွန့် ထွက်ပြေးလာတာပေါ့နော်။"

လက်ရှိအချိန်အမ်းမြို့နယ် အတွင်းမှာ ဒုက္ခသည် နှစ်ထောင်နီးပါးအထိရှိနေပြီး အစိုးကဖွင့်ပေးထားတဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြသူတွေ ရှိသလို တစ်ခြားဆွေမျိုးအိမ်တွေမှာ နေထိုင်နေကြတာ လည်းရှိပါတယ်။

အမ်းမြို့ပေါ်က ပဲပဒုံ ဒုက္ခသည်စခန်းမှာတော့ ဒီရက်ပိုင်းအတွင်း စစ်ရှောင်ဦးရေတွေ တိုးလာတာ ကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ စခန်းတာဝန်ခံ ဦးသန်းချိုက ပြောပါတယ်။

" ပထမပိုင်းကတော့ ကျနော်တို့ ဒီစခန်းမှာ လူ ၂၀၀ကျော် ၃၀၀ လောက်သာရှိတော့ အဆင်ပြေတာပေါ့။ ဒီတစ်ပတ်အတွင်းမှာပဲ လူုဦးရေက တစ်ဆကျော်မြင့်တက်သွားတော့ ဒီစခန်းမှာ လူဦးရေ ၆၀၀ ကျော် သွားပြီ။ အဲတော့ အဲဒီလူတွေအတွက် လက်တလော စီစဉ်ရတာ ကျနော်တို့မှာ အခက် တွေ့တာပေါ့။ နေထိုင်စရာ အဆောက်အဦး နောက်အခြေခံ စားသောက်ကုန်တွေ ကတော့ တော်တော်လည်း အခက် တွေ့တာပေါ့ ။ မျှတပြီး တော့ စားရတာပေါ့။"

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်က ကျောက်တန်း ကျေးရွာအုပ်စုအနီး တပ်မတော်က စစ်ဆင်ရေး တွေ ဆင်နွှဲဖို့ ရှိတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်ဖို့ ညွှန်ကြား ချက်ကို ပြန်လည်ရုပ် သိမ်းလိုက်ပေမယ့် လည်း တိုက်ပွဲ တွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ဆက်လက် ထွက်ပြေးနေဆဲ ဖြစ်ပါတယ်။ စစ်ရှောင်လူဦးရေ ရုတ်တရက်တိုးလာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ လည်း ဒုက္ခသည်တွေကို ကူညီနေသူ ကိုဘက္ကာက ပြောပါတယ်။

" တိုးတာပေါ့ စစ်ရှောင်တွေက တစ်နေ့ပြီးတစ်နေ့ တိုးလာနေတော့ ကျနော်တို့မှာ နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ကအစ တော်တော်လေးကို ခက်ခဲနေကြပါတယ်။"

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်မှုတွေနဲ့ ဒုက္ခသည်တွေ ထွက်ပြေးနေရတဲ့ အခြေအနေတွေအပေါ် ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျ သံရုံးတွေက စိုးရိမ်တဲ့ သဘောထားတွေ ထုတ်ပြန်ပြီး နောက်မှာပဲ ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေးအတွက် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ ညွှန်ကြားချက်ကို ပြည်နယ်အစိုးရက ပြန်ရုပ်သိမ်းခဲ့တာပါ။

ညွှန်ကြားချက် ပြန်ရုပ်သိမ်းလိုက်ပေမဲ့လည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါ တယ်။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးကလည်း ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အပစ်အခတ်ရပ်စဲဖို့နဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ အဆုံးသတ်ဖို့လည်း Geneva မြို့မှာ အင်္ဂါနေ့က ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ တိုက်တွန်းခဲ့တာပါ။

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ၂၀ ကလည်း ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ အိုးအိမ်စွန့်ခွာရတဲ့ အခြေအနေတွေ ပိုဆိုး လာမှာ စိုးရိမ်ကြောင်းလည်း အင်္ဂါနေ့မှာပဲ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန် သတိပေး ထားပါတယ်။

XS
SM
MD
LG