သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေဘးေရွာင္မ်ား မဲေပးခြင့္ဆံုး႐ံႈးမယ့္အေရး စိုးရိမ္မႈေတြထြက္ေပၚ


၂၀၁၅ ေရြးေကာက္ပဲြတုန္းက ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ျမင္ေတြ႔ရတဲ့ မဲရံုတခုရဲ႕ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

လာမယ့္ ႏိုဝင္ဘာလထဲ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရသူေတြ မဲေပးခြင့္ ဆုံး႐ႈံးမွာကုိ စုိးရိမ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက တင္ျပထားပါတယ္။

က်င္းပဖုိ႔ ၄ လေလာက္သာ လုိေတာ့တဲ့ ေရြးေကာက္ပဲြမွာ စစ္ဒဏ္ေၾကာင့္ တိမ္းေရွာင္ေနရတဲ့ သိန္းနဲ႔ခ်ီတဲ့ မဲဆႏၵရွင္ေတြ မဲေပးႏုိင္မယ့္ အေျခအေနေတြ မေရမရာ ျဖစ္ေနတဲ့အေပၚ ႏုိင္ငံေရးအသုိင္းအ၀န္းက စုိးရိမ္ေနၾကတာပါ။ သိန္းနဲ႔ခ်ီတဲ့ စစ္ေဘးေရွာင္ ဒုကၡသည္ေတြ ရွိေနတဲ့ ရခုိင္ျပည္နယ္မွာ ဆုိရင္လည္း တုိက္ပဲြေတြ ျပင္းထန္ေနဆဲ ျဖစ္တာေၾကာင့္ မဲေပးႏုိင္ဖုိ႔ အခက္ႀကံဳေနရတယ္လုိ႔ ရခိုင္ဒီမိုကေရစီပါတီ အေထြေထြအတြင္းေရးမွဴး ဦးမ်ိဳးေက်ာ္က ေျပာပါတယ္။

"တပ္မေတာ္ရယ္၊ လက္နက္ကိုင္အဖြဲ႕ေတြရယ္ကေနၿပီးေတာ့ ျပည္သူတိုင္းျပည္သူခြင့္ေရးရႏိုင္ဖို႔ မဲေပးတာမွာ အပစ္ရပ္ေပးမယ္ဆိုတဲ့ ေၾကညာခ်က္ ထုတ္ေပးရင္ လုံၿခဳံမႈ အဆင့္တခုအေနနဲ႔ မဲေပးႏိုင္မႈဘက္မွာ ထိေရာက္လာႏိုင္မယ္ ထင္ပါတယ္။ စာ႐ုင္းအရ ၂၀၀,၀၀၀ ေက်ာ္ စာရင္းက စစ္ေဘးေရွာင္ စခန္းေတြမွာ ရွိတယ္။ အဲမွာ ၁၀၀,၀၀၀ အထက္ကေတာ့မဲဆႏၵရွင္ေတြျဖစ္မယ္။ ၁၀၀,၀၀၀ ေက်ာ္ျပည္သူေတြကေတာ့ သူတို႔မဲေပးခြင့္ဆုံးရႈံးဖို႔ရွိတာေပါ့။"

သမၼတဦး၀င္းျမင့္ကေတာ့ မဲေပးခြင့္ရွိသူတိုင္း မဲေပးပိုင္ခြင့္ မဆုံးရႈံးေစဖုိ႔၊ မဲေပးပိုင္ခြင့္ ဆုံးရႈံးတာဟာ ႏိုင္ငံသား တေယာက္ရဲ႕ ေမြးရာပါအခြင့္အေရး လူအခြင့္အေရး ဆုံးရႈံးရာေရာက္တယ္။ ဒါေၾကာင့္လည္း မဲေပးခြင့္ မဆုံးရႈံးရေအာင္ စီစဥ္ဖုိ႔လုိတယ္ဆုိၿပီး ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္တာ၀န္ရွိသူေတြ၊ အစုိးရအဖဲြ႔၀င္ေတြနဲ႔ ေနျပည္ေတာ္မွာ ဒီလဆန္းက ေတြ႔တဲ့အခ်ိန္မွာ ေျပာထားပါတယ္။ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီအတြင္းေရးမွဴး ေဒၚဒြဲဘူကေတာ့ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာ စစ္ေဘးဒုကၡသည္ေတြပါ ပါ၀င္ခြင့္ရေအာင္ စီစဥ္ဖုိ႔ လုိအပ္ခ်က္ေတြ ရွိေနတယ္လုိ႔ ေျပာပါတယ္။

"UEC အစည္းအေဝးမွာေျပာတာေတာ့ မဲေပးတာမွာ မွတ္ပုံတင္မလိုဘူးေျပာေပမဲ့ ခုေအာက္ေျခမွာက မွတ္ပုံတင္ ပါမွဆိုတာျဖစ္ေနတယ္။ အဲဒါက ဘယ္ဟာမွန္လဲဆိုတာ ၾကည့္ရမယ္။ မွတ္ပုံတင္ရွိမွဆိုရင္ေတာ့ စစ္ေဘးေရွာင္ေဒသက လူေတြက မွတ္ပုံတင္မရွိၾကဘူး။ တခ်ိဳ႕က ေျပးရင္းလႊားရင္း မရွိေတာ့တာေတြရွိေနတယ္။ တခ်ိဳ႕ကေတာ့ မွတ္ပုံတင္မရွိတဲ့ေနရာေတြက မ်ားတယ္။ အဲဒါေတြကို ေသခ်ာစိစစ္ၿပီးမွ သူတို႔ဟာတိုင္းရင္းသားေတြျဖစ္တယ္၊ သူတို႔ ဟာေကာ္မရွင္ေျပာသလို ေထာက္ခံစာမလိုသူေတြျဖစ္တယ္ဆိုတဲ့ ေထာက္ခံခ်က္ေတြနဲ႔ ဒါေတြျပန္တင္ရမယ္။ စခန္းက တာဝန္ခံေတြနဲ႔ ညႇိႏိႈင္းလုပ္ရမယ္။ ျဖစ္ေစခ်င္တာကေတာ့ တခ်ိဳ႕ကစခန္းကေန ေနရပ္ျပန္တာရွိတယ္။ တခ်ိဳ႕ကက်ေတာ့ ေနရပ္မွာထည့္ခ်င္တာရွိသလို တခ်ိဳ႕ကေတာ့ သူတို႔ခုေနတဲ့ေနရပ္မွာထည့္ခ်င္တာရွိတယ္။ ဘယ္လိုျဖစ္ျဖစ္သူတို႔သေဘာထားအတိုင္း ေဆာင္႐ြက္ေပးေစသင့္တယ္လို႔ အႀကံျပဳခ်င္ပါတယ္။"

ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ကေတာ့ မဲဆႏၵရွင္စာရင္းေတြကုိ လာမယ့္ စေနေန႔ကစ ထုတ္ျပန္ေပးသြားမယ့္အေၾကာင္း ေၾကညာထားၿပီး၊ မဲေပးခြင့္ရွိသူေတြ ပါ-မပါ၊ အခ်က္အလက္ မွန္မမွန္ စစ္ေဆးဖုိ႔လည္း တုိက္တြန္းထားပါတယ္။ တအာင္း(ပေလာင္) ရွမ္းျပည္နယ္ ေျမာက္ပုိင္းက ေဒသတခ်ဳိ႕မွာေတာ့ စစ္ေဘးေရွာင္ေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကုိ ေရြးေကာက္ပဲြ ေကာ္မရွင္ တာ၀န္ရွိသူေတြ စုေဆာင္းေနေပမဲ့ မဲေပးတဲ့လုပ္ငန္းစဥ္နဲ႔ ပတ္သက္လုိ႔ေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးဘူးလုိ႔လည္း တအာင္း (ပေလာင္) အမ်ိဳးသားပါတီက အတြင္းေရးမွဴး မိုင္းအုဏ္းခိုင္ ကေျပာပါတယ္။

"ခုကေတာ့ စစ္ေဘးေရွာင္က ၈၀၀ ေလာက္ရွိတယ္။ သူတို႔မဲေပးခြင့္ရဖို႔ တနည္းတဖုံလုပ္ေပးသင့္တယ္လို႔ ယူဆတယ္။ မဲေပးခြင့္ မဆုံးရႈံးေအာင္ေပါ့၊ တခ်ိဳ႕လည္းမွတ္ပုံတင္မပါတာ။ တခ်ိဳ႕လည္းအိမ္ေထာင္စုစာရင္း မရွိတာေတြ ရွိေနတယ္။ ဒီလိုလူေတြအတြက္ တနည္းတဖုံ လုပ္ေပးသင့္တယ္။ ေ႐ႊ႕ေျပာင္းလုပ္သားေတြကို ရက္ေပါင္း ၉၀ နဲ႔ မဲေပးလို႔ရေအာင္လုပ္ေပးတာမ်ိဳးရွိေတာ့ ဒီလိုလူေတြအတြက္ မဲေပးလို႔ရေအာင္လုပ္ေပးေစခ်င္တယ္။"

လက္နက္ကိုင္ ပဋိပကၡေတြရွိေနတဲ့ ရွမ္းျပည္နယ္ ေျမာက္ပိုင္းက ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕က အတြင္းေရးမွဴး ဦးႏွစ္ဆန္းဦးကေတာ့ စစ္ေရွာင္ ဒုကၡသည္ေတြသာမက ျပည္ပက ျပန္လာတဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြပါ မဲေပးခြင့္မဆုံးရႈံးရေအာင္ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

"စစ္ေဘးသင့္ကလူေတြရဲ႕ စာရင္းေတြကိုေတာ့ သက္ဆိုင္ရာ ၿမိဳ႕နယ္ေထြအုပ္ေတြနဲ႔ ရပ္ေက်း အဆင့္ေထြအုပ္ေတြေပါင္းၿပီး ေကာက္ယူေပးတယ္။ ၿပီးရင္အဲစာရင္းေတြကို က်ေနာ္တို႔ ထပ္ေပါင္းထည့္ေပးေနပါတယ္။ ေကာ္မရွင္ဘက္က ၫႊန္ၾကားခ်က္နဲ႔အညီ နယ္စပ္ၾကားမွာရွိတဲ့ မူဆယ္တို႔၊ ေလာက္ကိုင္တို႔ ခ်င္းေ႐ႊေဟာ္တို႔ဘက္ေတြကေန ျပန္ဝင္လာတဲ့ သူေတြေနာက္ေ႐ႊ႕ေျပာင္းလုပ္သားေတြနဲ႔ ပတ္သတ္လို႔ ရွမ္းေျမာက္တြင္းမွာျပန္လည္ေရာက္လာသူေတြကို သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြကေနတဆင့္ စာရင္းေကာက္ၿပီး မဲစာရင္းထဲထည့္ေပးေနပါတယ္။ လူဦးေရစာရင္းကျပန္အတည္ျပဳရမွာမို႔ ျပန္ေျပာပါမယ္။"

ကုလသမဂၢ လူသားခ်င္းစာနာမႈဆုိင္ရာ ညွိႏႈိင္းေရးမွဴး႐ုံး (UNOCHA) ကေတာ့ ကခ်င္၊ ကရင္၊ ရွမ္းနဲ႔ ရခုိင္ျပည္နယ္ေတြမွာ အုိးအိမ္စြန္႔ခြာ ခုိလႈံေနရသူ ၂၄၁,၀၀၀ ေက်ာ္ေလာက္ရွိေၾကာင္း ခန္႔မွန္းထားပါတယ္။ ခန္႔မွန္းေခ် ကခ်င္ျပည္နယ္မွာ ၉၂,၀၀၀ ရွမ္းျပည္နယ္မွာ ၁၅,၀၀၀ ကရင္ျပည္နယ္မွာ ၅,၆၀၀ နဲ႔ ရခုိင္ျပည္နယ္မွာေတာ့ ၂၀၁၂ ခုႏွစ္က ပဋိပကၡေတြေၾကာင့္ ေနရပ္စြန္႔ခဲ့ရသူ ၁၂၉,၀၀၀ ေလာက္ ပါ၀င္တယ္လုိ႔လည္း ေျပာပါတယ္။ ရခုိင္ျပည္နယ္မွာ လတ္တေလာ ျဖစ္ပြားေနတဲ့ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ ေနာက္ထပ္လည္း ေနရပ္စြန္႔ခြာ ထြက္ေျပးေနရသူေတြ တုိးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်ဘေးရှောင်များ မဲပေးခွင့်ဆုံးရှုံးမယ့်အရေး စိုးရိမ်မှုတွေထွက်ပေါ်

လာမယ့် နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ မဲပေးခွင့် ဆုံးရှုံးမှာကို စိုးရိမ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ပြထားပါတယ်။

ကျင်းပဖို့ ၄ လလောက်သာ လိုတော့တဲ့ ရွေးကောက်ပွဲမှာ စစ်ဒဏ်ကြောင့် တိမ်းရှောင်နေရတဲ့ သိန်းနဲ့ချီတဲ့ မဲဆန္ဒရှင်တွေ မဲပေးနိုင်မယ့် အခြေအနေတွေ မရေမရာ ဖြစ်နေတဲ့အပေါ် နိုင်ငံရေးအသိုင်းအဝန်းက စိုးရိမ်နေကြတာပါ။ သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ ဆိုရင်လည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တာကြောင့် မဲပေးနိုင်ဖို့ အခက်ကြုံနေရတယ်လို့ ရခိုင်ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

"တပ်မတော်ရယ်၊ လက်နက်ကိုင်အဖွဲ့တွေရယ်ကနေပြီးတော့ ပြည်သူတိုင်းပြည်သူခွင့်ရေးရနိုင်ဖို့ မဲပေးတာမှာ အပစ်ရပ်ပေးမယ်ဆိုတဲ့ ကြေညာချက် ထုတ်ပေးရင် လုံခြုံမှု အဆင့်တခုအနေနဲ့ မဲပေးနိုင်မှုဘက်မှာ ထိရောက်လာနိုင်မယ် ထင်ပါတယ်။ စာရုင်းအရ ၂၀၀,၀၀၀ ကျော် စာရင်းက စစ်ဘေးရှောင် စခန်းတွေမှာ ရှိတယ်။ အဲမှာ ၁၀၀,၀၀၀ အထက်ကတော့မဲဆန္ဒရှင်တွေဖြစ်မယ်။ ၁၀၀,၀၀၀ ကျော်ပြည်သူတွေကတော့ သူတို့မဲပေးခွင့်ဆုံးရှုံးဖို့ရှိတာပေါ့။"

သမ္မတဦးဝင်းမြင့်ကတော့ မဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့၊ မဲပေးပိုင်ခွင့် ဆုံးရှုံးတာဟာ နိုင်ငံသား တယောက်ရဲ့ မွေးရာပါအခွင့်အရေး လူအခွင့်အရေး ဆုံးရှုံးရာရောက်တယ်။ ဒါကြောင့်လည်း မဲပေးခွင့် မဆုံးရှုံးရအောင် စီစဉ်ဖို့လိုတယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ နေပြည်တော်မှာ ဒီလဆန်းက တွေ့တဲ့အချိန်မှာ ပြောထားပါတယ်။ ကချင်ပြည်နယ်ပြည်သူ့ပါတီအတွင်းရေးမှူး ဒေါ်ဒွဲဘူကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ စစ်ဘေးဒုက္ခသည်တွေပါ ပါဝင်ခွင့်ရအောင် စီစဉ်ဖို့ လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။

"UEC အစည်းအဝေးမှာပြောတာတော့ မဲပေးတာမှာ မှတ်ပုံတင်မလိုဘူးပြောပေမဲ့ ခုအောက်ခြေမှာက မှတ်ပုံတင် ပါမှဆိုတာဖြစ်နေတယ်။ အဲဒါက ဘယ်ဟာမှန်လဲဆိုတာ ကြည့်ရမယ်။ မှတ်ပုံတင်ရှိမှဆိုရင်တော့ စစ်ဘေးရှောင်ဒေသက လူတွေက မှတ်ပုံတင်မရှိကြဘူး။ တချို့က ပြေးရင်းလွှားရင်း မရှိတော့တာတွေရှိနေတယ်။ တချို့ကတော့ မှတ်ပုံတင်မရှိတဲ့နေရာတွေက များတယ်။ အဲဒါတွေကို သေချာစိစစ်ပြီးမှ သူတို့ဟာတိုင်းရင်းသားတွေဖြစ်တယ်၊ သူတို့ ဟာကော်မရှင်ပြောသလို ထောက်ခံစာမလိုသူတွေဖြစ်တယ်ဆိုတဲ့ ထောက်ခံချက်တွေနဲ့ ဒါတွေပြန်တင်ရမယ်။ စခန်းက တာဝန်ခံတွေနဲ့ ညှိနှိုင်းလုပ်ရမယ်။ ဖြစ်စေချင်တာကတော့ တချို့ကစခန်းကနေ နေရပ်ပြန်တာရှိတယ်။ တချို့ကကျတော့ နေရပ်မှာထည့်ချင်တာရှိသလို တချို့ကတော့ သူတို့ခုနေတဲ့နေရပ်မှာထည့်ချင်တာရှိတယ်။ ဘယ်လိုဖြစ်ဖြစ်သူတို့သဘောထားအတိုင်း ဆောင်ရွက်ပေးစေသင့်တယ်လို့ အကြံပြုချင်ပါတယ်။"

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲဆန္ဒရှင်စာရင်းတွေကို လာမယ့် စနေနေ့ကစ ထုတ်ပြန်ပေးသွားမယ့်အကြောင်း ကြေညာထားပြီး၊ မဲပေးခွင့်ရှိသူတွေ ပါ-မပါ၊ အချက်အလက် မှန်မမှန် စစ်ဆေးဖို့လည်း တိုက်တွန်းထားပါတယ်။ တအာင်း(ပလောင်) ရှမ်းပြည်နယ် မြောက်ပိုင်းက ဒေသတချို့မှာတော့ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေ စုဆောင်းနေပေမဲ့ မဲပေးတဲ့လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း တအာင်း (ပလောင်) အမျိုးသားပါတီက အတွင်းရေးမှူး မိုင်းအုဏ်းခိုင် ကပြောပါတယ်။

"ခုကတော့ စစ်ဘေးရှောင်က ၈၀၀ လောက်ရှိတယ်။ သူတို့မဲပေးခွင့်ရဖို့ တနည်းတဖုံလုပ်ပေးသင့်တယ်လို့ ယူဆတယ်။ မဲပေးခွင့် မဆုံးရှုံးအောင်ပေါ့၊ တချို့လည်းမှတ်ပုံတင်မပါတာ။ တချို့လည်းအိမ်ထောင်စုစာရင်း မရှိတာတွေ ရှိနေတယ်။ ဒီလိုလူတွေအတွက် တနည်းတဖုံ လုပ်ပေးသင့်တယ်။ ရွှေ့ပြောင်းလုပ်သားတွေကို ရက်ပေါင်း ၉၀ နဲ့ မဲပေးလို့ရအောင်လုပ်ပေးတာမျိုးရှိတော့ ဒီလိုလူတွေအတွက် မဲပေးလို့ရအောင်လုပ်ပေးစေချင်တယ်။"

လက်နက်ကိုင် ပဋိပက္ခတွေရှိနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ရွေးကောက်ပွဲကော်မရှင်အဖွဲ့က အတွင်းရေးမှူး ဦးနှစ်ဆန်းဦးကတော့ စစ်ရှောင် ဒုက္ခသည်တွေသာမက ပြည်ပက ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေပါ မဲပေးခွင့်မဆုံးရှုံးရအောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။

"စစ်ဘေးသင့်ကလူတွေရဲ့ စာရင်းတွေကိုတော့ သက်ဆိုင်ရာ မြို့နယ်ထွေအုပ်တွေနဲ့ ရပ်ကျေး အဆင့်ထွေအုပ်တွေပေါင်းပြီး ကောက်ယူပေးတယ်။ ပြီးရင်အဲစာရင်းတွေကို ကျနော်တို့ ထပ်ပေါင်းထည့်ပေးနေပါတယ်။ ကော်မရှင်ဘက်က ညွှန်ကြားချက်နဲ့အညီ နယ်စပ်ကြားမှာရှိတဲ့ မူဆယ်တို့၊ လောက်ကိုင်တို့ ချင်းရွှေဟော်တို့ဘက်တွေကနေ ပြန်ဝင်လာတဲ့ သူတွေနောက်ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သတ်လို့ ရှမ်းမြောက်တွင်းမှာပြန်လည်ရောက်လာသူတွေကို သက်ဆိုင်ရာ မြို့နယ်တွေကနေတဆင့် စာရင်းကောက်ပြီး မဲစာရင်းထဲထည့်ပေးနေပါတယ်။ လူဦးရေစာရင်းကပြန်အတည်ပြုရမှာမို့ ပြန်ပြောပါမယ်။"

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကတော့ ကချင်၊ ကရင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အိုးအိမ်စွန့်ခွာ ခိုလှုံနေရသူ ၂၄၁,၀၀၀ ကျော်လောက်ရှိကြောင်း ခန့်မှန်းထားပါတယ်။ ခန့်မှန်းချေ ကချင်ပြည်နယ်မှာ ၉၂,၀၀၀ ရှမ်းပြည်နယ်မှာ ၁၅,၀၀၀ ကရင်ပြည်နယ်မှာ ၅,၆၀၀ နဲ့ ရခိုင်ပြည်နယ်မှာတော့ ၂၀၁၂ ခုနှစ်က ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခဲ့ရသူ ၁၂၉,၀၀၀ လောက် ပါဝင်တယ်လို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နောက်ထပ်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ တိုးလာနေပါတယ်။

XS
SM
MD
LG