သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ကုိ မဲေပးခဲ့သူေတြ ၂၀၂၀ မွာ မဲထပ္ေပးၾကဦးမလား


၂၀၁၅ စက္တင္ဘာ ၉ ရက္ေန႔က NLD ပါတီ မဲဆြယ္ ပိုစတာတခုကို ေတြ႔ရစဥ္

(Zawgyi/Unicode)

၂၀၁၅ မွာ NLD ကိုမဲေပးခဲ့ၾကသူေတြ လာမယ့္ ၂၀၂၀ ေရြးေကာက္ပဲြမွာ NLD ပါတီကို မဲျပန္ေပးမေပး ကိစၥအေပၚ သေဘာထားအျမင္ အမ်ဳိးမ်ဳိး ရွိၾကတဲ့ အေၾကာင္းကိုကိုဉာဏ္ဝင္းေအာင္ တင္ျပေပးမွာပါ။

စစ္အစိုးရလက္ေအာက္မွာ အႏွစ္(၂၀)ေက်ာ္ေနလာခဲ့ရတဲ့ ျမန္မာ ျပည္သူေတြထဲက ၈၀% ေက်ာ္ဟာ ၿပီးခဲ့တဲ့ ၂၀၁၅ အေထြေထြေရြးေကာက္ပဲြမွာ NLD ကို တခဲနက္ မဲေပးခဲ့ၾကတာပါ။

လက္ရွိ ကခ်င္ျပည္နယ္ ဖားကန္႔ၿမဳိ႕မွာ ေနထိုင္အလုပ္လုပ္ေနေပမဲ့ ၂၀၁၅ ေရြးေကာက္ပဲြတုန္းက မႏၱေလးတိုင္းကုိျပန္ၿပီး NLD ပါတီကို မဲေပးခဲ့သူကေတာ့ ကိုေဇာ္မိုးထက္ျဖစ္ပါတယ္။ ဒီႏွစ္ ေရြးေကာက္ပဲြမွာေတာ့ ဖားကန္႔မွာ မဲေပးခြင့္ရတဲ့အတြက္ NLD ပါတီ ကုိယ္စားလွယ္ ဘယ္သူလဲ ဆိုတဲ့ေပၚမူတည္ၿပီး မဲေပးဖို႔ ဆုံးျဖတ္ရလိမ့္မယ္လို႔ ဆိုပါတယ္။

" NLD အစိုးရလက္ထက္မွာ အဓိက က်ေနာ္တုိ႔ သေဘာက်တဲ့အခ်က္က - ေက်ာက္စိမ္း လုပ္ကြက္ေတြ သက္တမ္း တိုးမေပးေတာ့ဘူး ၊ အသစ္လည္း ထပ္ခ်မေပးေတာ့ဘူးေပါ့ေနာ္ ။ ဒီလို ပိတ္ႏိုင္လုိက္တာကို အသိမွတ္ျပဳတယ္ ။ ေနာက္ထပ္ အားရတဲ့အခ်က္က ဖားကန္႔မွာ လွ်ပ္စစ္မီးရရွိလာတယ္။ ဒါေပမဲ့ ဖားကန္႔မွာ ေျမၿပဳိတာမ်ဳိးေတြ ႏြံကန္ ပြင့္က်တာမ်ဳိးေတြ ၊ လူအစုလိုက္အၿပဳံလိုက္ ေသတဲ့ကိစၥေတြမွာ NLD အစိုးရက ကိုင္တြယ္ လုပ္ေဆာင္ႏိုင္မႈအပိုင္းမွာ ေတာ္ေတာ္ေလး အားနည္းတာကို ေတြ႔ရတယ္။ ဖားကန္႔ကထြက္တဲ့ ေက်ာက္စိမ္းေတြကို ထုတ္ယူသြားၿပီး တျခား ျပည္နယ္နဲ႔တိုင္း ေဒသေတြမွာက်ေတာ့ ဖြံ႔ၿဖဳိးေရး လုပ္ငန္းေတြေပါ့ေနာ္ ၊ အေျခခံ အေဆာက္အဦးေတြ လမ္းတံတားေတြ လုပ္ေပးတယ္ ၊ က်ေနာ္တို႔ ဖားကန္႔ကိုေတာ့ လုပ္မေပးတဲ့ကိစၥမွာေတာ့ အားမရဘူး။ ၂၀၁၅ မဲႏိုင္ၿပီးတဲ့ ေနာက္ပိုင္းမွာ မ်ားေသာအားျဖင့္ NLD က လုပ္သင့္လုပ္ထိုက္ တာေတြကိုေတာင္ မလုပ္ႏိုင္တာ ေတြ႔ရတယ္။ က်ေနာ္တုိ႔မဲေပးရမယ့္ ေနထိုင္ရာ ေဒသမွာရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ လုပ္ေဆာင္မႈအပိုင္းကို အားမရဘူး။ အားမရတဲ့အတြက္ က်ေနာ္တုိ႔က ဒီလူေတြကို မႀကဳိက္ဘူး။ ဒီလူေတြကို မႀကဳိက္ဘူး ဆိုရင္ ခင္ဗ်ားတုိ႔ ပါတီက လဲေပးမွာလား ၊ လူလဲမေပးဘူးဆိုရင္ က်ေနာ္တုိ႔ မဲမေပးဘူး ဒါက က်ေနာ့္မူဝါဒပဲ။"

NLD ပါတီရဲ႕ လုပ္ေဆာင္ခ်က္ေတြမွာ အားမလိုအားမရ ျဖစ္စရာေတြရွိေနေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD ပါတီ အႏိုင္ရမွသာ က်န္တဲ့ျပဳျပင္ ေျပာင္းလဲေရးေတြြ ဆက္ျဖစ္လာႏိုင္တာမို႔ NLD ကို မဲေပးမယ္လို႔ ဆုိသူက ရန္ကုန္ၿမဳိ့က မသင္းရနံ ႔ေက်ာ္ ျဖစ္ပါတယ္။

" ၂၀၁၅ တုန္းက NLD ကို မဲေပးခဲ့တာေပါ့။ ၂၀၂၀ မွာက်ေတာ့ ဘာပဲျဖစ္ျဖစ္ ကိုယ့္အေမစု မ်က္ႏွာကို ၾကည့္တဲ့အတြက္ေၾကာင့္ ျပန္ၿပီးေပးခ်င္ရင္လည္း NLD ကိုပဲ ေပးမယ္လို႔ စိတ္ကူးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တုိင္းျပည္မွာ လုပ္ရမယ့္ လုပ္ငန္းစဥ္ေတြက အမ်ားႀကီး က်န္ေသးတယ္ေလ။ ၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ဖို႔အတြက္တို႔ စီးပြားေရးရယ္ ၿငိမ္းခ်မ္းေရး အတြက္ရယ္က အေမစု ဆက္လက္ၿပီး ဒီပါတီကို ႏိုင္မွသာလွ်င္ လုပ္ေပးႏိုင္မယ္လို႔ အဲလိုခံယူထားတဲ့ အတြက္ေၾကာင့္မို႔လို႔ ၂၀၂၀ မွာ NLD ကို မဲေပးရဦးမယ္။ "

ရွမ္းျပည္နယ္ ေျမာက္ပိုင္းဟာ ခုခ်ိန္ထိ ၿငိမ္းခ်မ္းေရးနဲ႔ ေဝးကြာေနဆဲလို႔ ဆိုရမွာပါ။ ဒီႏွစ္မွ ပထမဆုံးအႀကိမ္ မဲေပးမယ့္ နမ့္ဆန္ ၿမိဳ႕က ပေလာင္တုိင္းရင္းသူ မေလြးေအးကေတာ့ NLD ပါတီဟာ သူတို႔ေတာင္ေပၚ ေဒသဖံြ႔ၿဖဳိးေရးကို သိသာျမင္သာေအာင္ လုပ္ေဆာင္ခဲ့ျခင္း မရွိေသးတာေၾကာင့္ ဘယ္ပါတီကို ေရြးၿပီး မဲေပးရမလဲဆိုတာ ေဝခဲြမရႏိုင္ေသးဘူးလို႔ ေျပာပါတယ္။

" စဥ္းစားရခက္ေနတုန္းပဲေပါ့ေနာ္၊ ဘာလို႔လဲ ဆိုေတာ့ ကိုယ့္ေဒသအတြင္းကို လုိက္ၾကည့္လိုက္လို႔ ရွိရင္ေတာ့ က်မက ေတာင္ေပၚေဒသမွာ ေနတဲ့အခါက်ေတာ့ ကိုယ့္ရဲ႕ေတာင္ေပၚေဒသအတြက္ကေတာ့ လက္ရွိ NLD အစိုးရက ဒါေတြလုပ္ေပးတယ္ .. ဒါေတြလုပ္ေပးတယ္ဆိုတာမ်ဳိး က်မတို႔ ကြက္ကြက္ကြင္းကြင္း မျမင္ရဘူးေပါ့ေနာ္။ "

ဟုိအရင္ စစ္အစိုးရလက္ထက္ ေဒသခံေတြရဲ႕ ေျမယာသိမ္းဆည္းခံရမႈ ျပန္လည္ရရွိေရးအပါဝင္ ေရႏုတ္ေျမာင္းေတြ မေဖၚလို႔ မုိးတြင္း ေရျမဳပ္ေနတဲ့ကိစၥ စတဲ့ အေျခခံျပႆနာေတြကို မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ အေနနဲ႔ ကိုင္တြယ္ ေျဖရွင္းမႈ အားနည္းတာေတြ ရွိေပမဲ့ NLD ကိုပဲ မဲေပးမွာပါလို႔ ေျပာသူက ေမာ္လၿမဳိင္ၿမဳိ႕က အျငိမ္းစားဆရာမ ေဒၚအုန္းျမင့္ ျဖစ္ပါတယ္။

" ၂၀၁၅ တုန္းက NLD ပါတီကို မဲေပးခဲ့တယ္ေပါ့။ အခုလည္း အဲဒီပါတီကိုပဲ မဲေပးမွာပါ။ ဘာျဖစ္လုိ႔လဲဆို လုပ္ေဆာင္မႈက ဟုိအရင္ (ဦးသိန္းစိန္)အစိုးရနဲ႔ စာရင္ေတာ့ ေကာင္းတာေပါ့။ ေခါင္းေဆာင္ကေတာ့ ေတာ္ေတာ္ေကာင္းတယ္ ၊ တခ်ဳိ႕ေနရာေတြမွာက်ေတာ့ လက္ေအာက္ငယ္သားေတြရဲ႕ ေဆာင္ရြက္ခ်က္ေတြက မေကာင္းတာေလးေတြလည္း ရွိေနေသးတာေပါ့။ အရင္ပါတီ ထက္စာရင္ NLD ကေနၿပီးေတာ့ လုပ္ေဆာင္တဲ့ တခ်ဳိ႕ကိစၥေတြက ေအာင္ျမင္မႈ ရွိတာေတြ႔ရတဲ့အတြက္ ဒီပါတီကိုပဲ ဆက္ၿပီး မဲေပးမွာေပါ့။ NLD အုပ္ခ်ဳပ္မႈမွာ မေကာင္းတဲ့အခ်က္ေတြလည္း ရွိတယ္ စည္ပင္နဲ႔ပတ္သက္ရင္ ေရေျမာင္းပိတ္ဆို႔မႈက အခုထက္ထိ ရွိေနတုန္းပဲ၊ ဟိုးအရင္ထက္စာရင္ ပိုဆိုးတယ္ လမ္းေတြက မုိးရြာၿပီဆိုတာနဲ႔ ေရျမဳပ္သြားတာပဲ။ တခါ ေသာက္ေရနဲ႔ပတ္သက္ရင္ ေရကေတာ့ ေန႔တုိင္းေတာ့လာပါရဲ႕ ဒါေပမဲ့ ေရၾကည္မဟုတ္ဘူး ေရေနာက္ျဖစ္ေနတယ္။ တခါတေလက်ရင္ ခ႐ုတို႔ ငါးတုိ႔ဘာတို႔ အဲသည္ေလာက္အထိ ပါလာတာေပါ့ေနာ္။ တခါ သိမ္းထားတဲ့ လယ္ေျမေတြ စစ္တပ္ကေတာ့ ျပန္ေပးတာေပါ့ သူတို႔က ျပန္ေပးမယ္ ျပန္ေပးမယ္ ေျပာေျပာၿပီးေတာ့ အခုက ျပန္မေပးဘူး ။ အခုပဲ ရမယ္ဆိုၿပီး ေနျပည္ေတာ္ကို လုိက္သြားၾကျပန္ၿပီ ေငြကုန္ျပန္ၿပီ ၊ အဲလုိနဲ႔ ျပန္မရတာေတြကို အားမရၾကဘူးေပါ့။ ဒါေၾကာင့္မုိ႔ ဝန္ႀကီးခ်ဳပ္ရဲ႕ စီမံခန္႔ခြဲမႈကလည္း အားနည္းေနေသးတယ္ေပါ့။ "

၂၀၂၀ ေရြးေကာက္ပြဲမွာ NLD ပါတီသာမက အျခားပါတီေတြလည္း ဝင္ၿပဳိင္ဖို႔ ျပင္ဆင္ေနၾကပါတယ္။ လာမယ့္ေရြးေကာက္ပဲြကို ေအာင္ႏိုင္ဖို႔ NLD ပါတီက ဘယ္လို မူဝါဒ အေျပာင္းအလဲေတြနဲ႔ ခ်မွတ္လုပ္ေဆာင္လာမယ္ဆုိတာ ေစာင့္ၾကည့္ရမွာ ျဖစ္ေၾကာင္းပါ။

တိုက္႐ိုက္ လင့္ခ္


...............

(Unicode)

၂၀၁၅ မှာ NLD ကိုမဲပေးခဲ့ကြသူတွေ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကို မဲပြန်ပေးမပေး ကိစ္စအပေါ် သဘောထားအမြင် အမျိုးမျိုး ရှိကြတဲ့ အကြောင်းကိုကိုဉာဏ်ဝင်းအောင် တင်ပြပေးမှာပါ။

စစ်အစိုးရလက်အောက်မှာ အနှစ်(၂၀)ကျော်နေလာခဲ့ရတဲ့ မြန်မာ ပြည်သူတွေထဲက ၈၀% ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ကို တခဲနက် မဲပေးခဲ့ကြတာပါ။

လက်ရှိ ကချင်ပြည်နယ် ဖားကန့်မြို့မှာ နေထိုင်အလုပ်လုပ်နေပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မန္တလေးတိုင်းကိုပြန်ပြီး NLD ပါတီကို မဲပေးခဲ့သူကတော့ ကိုဇော်မိုးထက်ဖြစ်ပါတယ်။ ဒီနှစ် ရွေးကောက်ပွဲမှာတော့ ဖားကန့်မှာ မဲပေးခွင့်ရတဲ့အတွက် NLD ပါတီ ကိုယ်စားလှယ် ဘယ်သူလဲ ဆိုတဲ့ပေါ်မူတည်ပြီး မဲပေးဖို့ ဆုံးဖြတ်ရလိမ့်မယ်လို့ ဆိုပါတယ်။

" NLD အစိုးရလက်ထက်မှာ အဓိက ကျနော်တို့ သဘောကျတဲ့အချက်က - ကျောက်စိမ်း လုပ်ကွက်တွေ သက်တမ်း တိုးမပေးတော့ဘူး ၊ အသစ်လည်း ထပ်ချမပေးတော့ဘူးပေါ့နော် ။ ဒီလို ပိတ်နိုင်လိုက်တာကို အသိမှတ်ပြုတယ် ။ နောက်ထပ် အားရတဲ့အချက်က ဖားကန့်မှာ လျှပ်စစ်မီးရရှိလာတယ်။ ဒါပေမဲ့ ဖားကန့်မှာ မြေပြိုတာမျိုးတွေ နွံကန် ပွင့်ကျတာမျိုးတွေ ၊ လူအစုလိုက်အပြုံလိုက် သေတဲ့ကိစ္စတွေမှာ NLD အစိုးရက ကိုင်တွယ် လုပ်ဆောင်နိုင်မှုအပိုင်းမှာ တော်တော်လေး အားနည်းတာကို တွေ့ရတယ်။ ဖားကန့်ကထွက်တဲ့ ကျောက်စိမ်းတွေကို ထုတ်ယူသွားပြီး တခြား ပြည်နယ်နဲ့တိုင်း ဒေသတွေမှာကျတော့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေပေါ့နော် ၊ အခြေခံ အဆောက်အဦးတွေ လမ်းတံတားတွေ လုပ်ပေးတယ် ၊ ကျနော်တို့ ဖားကန့်ကိုတော့ လုပ်မပေးတဲ့ကိစ္စမှာတော့ အားမရဘူး။ ၂၀၁၅ မဲနိုင်ပြီးတဲ့ နောက်ပိုင်းမှာ များသောအားဖြင့် NLD က လုပ်သင့်လုပ်ထိုက် တာတွေကိုတောင် မလုပ်နိုင်တာ တွေ့ရတယ်။ ကျနော်တို့မဲပေးရမယ့် နေထိုင်ရာ ဒေသမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်မှုအပိုင်းကို အားမရဘူး။ အားမရတဲ့အတွက် ကျနော်တို့က ဒီလူတွေကို မကြိုက်ဘူး။ ဒီလူတွေကို မကြိုက်ဘူး ဆိုရင် ခင်ဗျားတို့ ပါတီက လဲပေးမှာလား ၊ လူလဲမပေးဘူးဆိုရင် ကျနော်တို့ မဲမပေးဘူး ဒါက ကျနော့်မူဝါဒပဲ။"

NLD ပါတီရဲ့ လုပ်ဆောင်ချက်တွေမှာ အားမလိုအားမရ ဖြစ်စရာတွေရှိနေပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ အနိုင်ရမှသာ ကျန်တဲ့ပြုပြင် ပြောင်းလဲရေးတွေ ဆက်ဖြစ်လာနိုင်တာမို့ NLD ကို မဲပေးမယ်လို့ ဆိုသူက ရန်ကုန်မြို့က မသင်းရနံ ့ကျော် ဖြစ်ပါတယ်။

" ၂၀၁၅ တုန်းက NLD ကို မဲပေးခဲ့တာပေါ့။ ၂၀၂၀ မှာကျတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်အမေစု မျက်နှာကို ကြည့်တဲ့အတွက်ကြောင့် ပြန်ပြီးပေးချင်ရင်လည်း NLD ကိုပဲ ပေးမယ်လို့ စိတ်ကူးတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်မှာ လုပ်ရမယ့် လုပ်ငန်းစဉ်တွေက အများကြီး ကျန်သေးတယ်လေ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက်တို့ စီးပွားရေးရယ် ငြိမ်းချမ်းရေး အတွက်ရယ်က အမေစု ဆက်လက်ပြီး ဒီပါတီကို နိုင်မှသာလျှင် လုပ်ပေးနိုင်မယ်လို့ အဲလိုခံယူထားတဲ့ အတွက်ကြောင့်မို့လို့ ၂၀၂၀ မှာ NLD ကို မဲပေးရဦးမယ်။ "

ရှမ်းပြည်နယ် မြောက်ပိုင်းဟာ ခုချိန်ထိ ငြိမ်းချမ်းရေးနဲ့ ဝေးကွာနေဆဲလို့ ဆိုရမှာပါ။ ဒီနှစ်မှ ပထမဆုံးအကြိမ် မဲပေးမယ့် နမ့်ဆန် မြို့က ပလောင်တိုင်းရင်းသူ မလွေးအေးကတော့ NLD ပါတီဟာ သူတို့တောင်ပေါ် ဒေသဖွံ့ဖြိုးရေးကို သိသာမြင်သာအောင် လုပ်ဆောင်ခဲ့ခြင်း မရှိသေးတာကြောင့် ဘယ်ပါတီကို ရွေးပြီး မဲပေးရမလဲဆိုတာ ဝေခွဲမရနိုင်သေးဘူးလို့ ပြောပါတယ်။

" စဉ်းစားရခက်နေတုန်းပဲပေါ့နော်၊ ဘာလို့လဲ ဆိုတော့ ကိုယ့်ဒေသအတွင်းကို လိုက်ကြည့်လိုက်လို့ ရှိရင်တော့ ကျမက တောင်ပေါ်ဒေသမှာ နေတဲ့အခါကျတော့ ကိုယ့်ရဲ့တောင်ပေါ်ဒေသအတွက်ကတော့ လက်ရှိ NLD အစိုးရက ဒါတွေလုပ်ပေးတယ် .. ဒါတွေလုပ်ပေးတယ်ဆိုတာမျိုး ကျမတို့ ကွက်ကွက်ကွင်းကွင်း မမြင်ရဘူးပေါ့နော်။ "

ဟိုအရင် စစ်အစိုးရလက်ထက် ဒေသခံတွေရဲ့ မြေယာသိမ်းဆည်းခံရမှု ပြန်လည်ရရှိရေးအပါဝင် ရေနုတ်မြောင်းတွေ မဖေါ်လို့ မိုးတွင်း ရေမြုပ်နေတဲ့ကိစ္စ စတဲ့ အခြေခံပြဿနာတွေကို မွန်ပြည်နယ် ဝန်ကြီးချုပ် အနေနဲ့ ကိုင်တွယ် ဖြေရှင်းမှု အားနည်းတာတွေ ရှိပေမဲ့ NLD ကိုပဲ မဲပေးမှာပါလို့ ပြောသူက မော်လမြိုင်မြို့က အငြိမ်းစားဆရာမ ဒေါ်အုန်းမြင့် ဖြစ်ပါတယ်။

" ၂၀၁၅ တုန်းက NLD ပါတီကို မဲပေးခဲ့တယ်ပေါ့။ အခုလည်း အဲဒီပါတီကိုပဲ မဲပေးမှာပါ။ ဘာဖြစ်လို့လဲဆို လုပ်ဆောင်မှုက ဟိုအရင် (ဦးသိန်းစိန်)အစိုးရနဲ့ စာရင်တော့ ကောင်းတာပေါ့။ ခေါင်းဆောင်ကတော့ တော်တော်ကောင်းတယ် ၊ တချို့နေရာတွေမှာကျတော့ လက်အောက်ငယ်သားတွေရဲ့ ဆောင်ရွက်ချက်တွေက မကောင်းတာလေးတွေလည်း ရှိနေသေးတာပေါ့။ အရင်ပါတီ ထက်စာရင် NLD ကနေပြီးတော့ လုပ်ဆောင်တဲ့ တချို့ကိစ္စတွေက အောင်မြင်မှု ရှိတာတွေ့ရတဲ့အတွက် ဒီပါတီကိုပဲ ဆက်ပြီး မဲပေးမှာပေါ့။ NLD အုပ်ချုပ်မှုမှာ မကောင်းတဲ့အချက်တွေလည်း ရှိတယ် စည်ပင်နဲ့ပတ်သက်ရင် ရေမြောင်းပိတ်ဆို့မှုက အခုထက်ထိ ရှိနေတုန်းပဲ၊ ဟိုးအရင်ထက်စာရင် ပိုဆိုးတယ် လမ်းတွေက မိုးရွာပြီဆိုတာနဲ့ ရေမြုပ်သွားတာပဲ။ တခါ သောက်ရေနဲ့ပတ်သက်ရင် ရေကတော့ နေ့တိုင်းတော့လာပါရဲ့ ဒါပေမဲ့ ရေကြည်မဟုတ်ဘူး ရေနောက်ဖြစ်နေတယ်။ တခါတလေကျရင် ခရုတို့ ငါးတို့ဘာတို့ အဲသည်လောက်အထိ ပါလာတာပေါ့နော်။ တခါ သိမ်းထားတဲ့ လယ်မြေတွေ စစ်တပ်ကတော့ ပြန်ပေးတာပေါ့ သူတို့က ပြန်ပေးမယ် ပြန်ပေးမယ် ပြောပြောပြီးတော့ အခုက ပြန်မပေးဘူး ။ အခုပဲ ရမယ်ဆိုပြီး နေပြည်တော်ကို လိုက်သွားကြပြန်ပြီ ငွေကုန်ပြန်ပြီ ၊ အဲလိုနဲ့ ပြန်မရတာတွေကို အားမရကြဘူးပေါ့။ ဒါကြောင့်မို့ ဝန်ကြီးချုပ်ရဲ့ စီမံခန့်ခွဲမှုကလည်း အားနည်းနေသေးတယ်ပေါ့။ "

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီသာမက အခြားပါတီတွေလည်း ဝင်ပြိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ လာမယ့်ရွေးကောက်ပွဲကို အောင်နိုင်ဖို့ NLD ပါတီက ဘယ်လို မူဝါဒ အပြောင်းအလဲတွေနဲ့ ချမှတ်လုပ်ဆောင်လာမယ်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ကြောင်းပါ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG