သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် ရွေးကောက်ပွဲစည်းရုံးရေး စပြီ


သမ္မတဦးဝင်းမြင့် (ဝဲ) နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ယာ)။ (မတ် ၃၀၊ ၂၀၁၈)
သမ္မတဦးဝင်းမြင့် (ဝဲ) နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ယာ)။ (မတ် ၃၀၊ ၂၀၁၈)

[Zawgyi/Unicode]

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာ လာမယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို ဒီနေ့က စတင်လိုက်ပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီက ဒီနေ့ ကြေငြာလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီရဲ့ ကြေငြာချက်။ (ဇူလိုင် ၀၂၊ ၂၀၂၀)
အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီရဲ့ ကြေငြာချက်။ (ဇူလိုင် ၀၂၊ ၂၀၂၀)

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ ဇူလိုင်လ ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အထူးကြေငြာချက်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒု-ဥက္ကဋ္ဌ (၁) ဦးဝင်းမြင့်တို့ဟာ ဒီနေ့ကစပြီး ပါတီစည်းရုံရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်သွားမယ်ဆိုပြီး ပြောကြားထားပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မနေ့က ကြေငြာခဲ့ပြီးတဲ့နောက် NLD ပါတီရဲ့ အခုထုတ်ပြန်ချက် ထွက်လာတာပါ။

ကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေငြာတဲ့နေ့ကစပြီး သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေတွေနဲ့ ကိုက်ညီရင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းတွေနဲ့ နယ်မြေစည်းရုံရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အခုချိန်ထိတော့ မဲဆန္ဒနယ်မြေအလိုက် ကိုယ်စားလှယ်တွေကို မကြေငြာသေးသလို ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မယ်၊ မပြိုင်ဘူးဆိုတာကိုလည်း အတိအကျ မသိရသေးပါဘူး။

ပါတီအသီးသီးကနေ ဝင်ရောက်ယှဉ်ပြိင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဇူလိုင်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့အထိ တင်သွင်းရမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတုန်းကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံခဲ့ပြီး သမ္မတဦးဝင်းမြင့်ကတော့ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ဝင်အရွေးခံခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG