သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအေထြေထြေရြးေကာက္ပဲြမ်ား ႏို၀င္ဘာ ၈ ရက္ က်င္းပမည္


ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ား က်င္းပမည့္ေန႔ရက္ သတ္မွတ္ေၾကညာျခင္း (ဓာတ္ပုံ - Union Election Commission - ဇူလိုင္ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ပါတီစံု ဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲေတြကို ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္အေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ဒီကေန႔ ေၾကညာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းေတြမွာ အမ်ဳိးသားလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္၊ ျပည္နယ္နဲ႔တိုင္းေဒသႀကီးလႊတ္ေတာ္ အသီးသီးအတြက္ မဲဆႏၵနယ္စာရင္းေတြကို ထုတ္ျပန္ေၾကညာခ့ဲၿပီးတဲ့ေနာက္ ေရြးေကာက္ပြဲက်င္းပမယ့္ရက္ကို ဒီကေန႔ ေၾကညာတာပါ။

ေရြးေကာက္ပြဲဝင္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္း အမည္စာရင္းေတြကို ဇူလိုင္လ ၂၀ ရက္ေန႔ကေန ၾသဂုတ္လ ၇ ရက္ေန႔ထိ တင္သြင္းၾကရပါမယ္။

အမည္စာရင္းတင္သြင္းလႊာကို ျပန္႐ုပ္သိမ္းခ်င္တယ္ဆုိရင္ ၾသဂုတ္လ ၁၀ ရက္ေန႔ ေနာက္ဆံုးထား ႐ုပ္သိမ္းရမွာျဖစ္ၿပီး တင္သြင္းထားတဲ့ အမည္စာရင္းေတြကိုေတာ့ ၾသဂုတ္လ ၁၁ ရက္ေန႔ကေန ၁၇ ရက္ေန႔အထိ စိစစ္သြားမယ္လုိ႔လည္း ေရြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားပါတယ္။

ဒါေၾကာင့္ ႏုိင္ငံေရးပါတီေတြအေနနဲ႔ သိပ္မၾကာခင္ သီတင္းပတ္ေတြအတြင္း မဲဆြယ္စည္း႐ံုးမႈေတြ စလုပ္ခြင့္ ရၾကေတာ့မွာျဖစ္ပါတယ္။ ဒါေပမဲ့လည္း COVID-19 ေရာဂါ ကူးစက္မႈအႏၲရာယ္ေၾကာင့္ ထိထိေရာက္ေရာက္ မဲဆြယ္စည္း႐ံုးႏုိင္မယ့္ အလားအလာကေတာ့ သိပ္မေကာင္းလွပါဘူး။

ဒါ့အျပင္ မဲဆြယ္စည္း႐ံုးေရးဆုိင္ရာ လိုက္နာလုပ္ေဆာင္ရမယ့္ စည္းကမ္းသတ္မွတ္ခ်က္ Code Of Conduct ကို ျပင္ဆင္တဲ့အပုိင္းမွာလည္း ႏုိင္ငံေရးပါတီတခ်ဳိ႕နဲ႔ ေရြးေကာက္ပြဲေကာ္မရွင္ၾကား သေဘာတူညီခ်က္မရခဲ့ပါဘူး။ အထူးသျဖင့္ေတာ့ မဲဆြယ္စည္း႐ံုးမႈေတြမွာ ကြယ္လြန္သူ အမ်ဳိးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ နာမည္နဲ႔ ႐ုပ္ပံုေတြ အသံုးျပဳခြင့္နဲ႔ ပတ္သက္ၿပီး သေဘာထားကြဲလြဲၾကတာပါ။

လက္ရွိ အာဏာရ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီေခါင္းေဆာင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေရြးေကာက္ပြဲ ဝင္မယ္ မဝင္ဘူးဆိုတာကိုလည္း ခုခ်ိန္ထိ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

၂၀၁၅ ေရြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး အႏုိင္ရခဲ့တဲ့ ေကာ့မွဴး ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္မွာေတာ့ အဲဒီေရြးေကာက္ပြဲတံုးက ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မဲဆြယ္စည္း႐ံုးေရးမွဴးလုပ္ခဲ့သူ NLD ပါတီရဲ႕ လက္ရွိ အလုပ္အမႈေဆာင္အဖြဲ႔ဝင္တဦးျဖစ္တဲ့ ေဒၚၾကည္ၾကည္ဝင္း ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ စာရင္းေပးသြင္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအထွေထွေရွေးကောက်ပွဲများ နိုဝင်ဘာ ၈ ရက် ကျင်းပမည်

မြန်မာနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့်အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ကြေညာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော် အသီးသီးအတွက် မဲဆန္ဒနယ်စာရင်းတွေကို ထုတ်ပြန်ကြေညာခဲ့ပြီးတဲ့နောက် ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ဒီကနေ့ ကြေညာတာပါ။

ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဇူလိုင်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့ထိ တင်သွင်းကြရပါမယ်။

အမည်စာရင်းတင်သွင်းလွှာကို ပြန်ရုပ်သိမ်းချင်တယ်ဆိုရင် သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထား ရုပ်သိမ်းရမှာဖြစ်ပြီး တင်သွင်းထားတဲ့ အမည်စာရင်းတွေကိုတော့ သြဂုတ်လ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ စိစစ်သွားမယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ဒါကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ သိပ်မကြာခင် သီတင်းပတ်တွေအတွင်း မဲဆွယ်စည်းရုံးမှုတွေ စလုပ်ခွင့် ရကြတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း COVID-19 ရောဂါ ကူးစက်မှုအန္တရာယ်ကြောင့် ထိထိရောက်ရောက် မဲဆွယ်စည်းရုံးနိုင်မယ့် အလားအလာကတော့ သိပ်မကောင်းလှပါဘူး။

ဒါ့အပြင် မဲဆွယ်စည်းရုံးရေးဆိုင်ရာ လိုက်နာလုပ်ဆောင်ရမယ့် စည်းကမ်းသတ်မှတ်ချက် Code Of Conduct ကို ပြင်ဆင်တဲ့အပိုင်းမှာလည်း နိုင်ငံရေးပါတီတချို့နဲ့ ရွေးကောက်ပွဲကော်မရှင်ကြား သဘောတူညီချက်မရခဲ့ပါဘူး။ အထူးသဖြင့်တော့ မဲဆွယ်စည်းရုံးမှုတွေမှာ ကွယ်လွန်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည်နဲ့ ရုပ်ပုံတွေ အသုံးပြုခွင့်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲကြတာပါ။

လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူးဆိုတာကိုလည်း ခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ကော့မှူး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာတော့ အဲဒီရွေးကောက်ပွဲတုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေးမှူးလုပ်ခဲ့သူ NLD ပါတီရဲ့ လက်ရှိ အလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်ကြည်ကြည်ဝင်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားပါတယ်။

XS
SM
MD
LG