သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္းရင္းသားပါတီေတြ မဟာမိတ္ဖဲြ႔ယွဥ္ၿပိဳင္ဖို႔ ျပင္ဆင္


၂၀၁၅ ခုနွစ္ ေရြးေကာက္ပြဲတုန္းက ရွမ္းတိုင္းရင္းသူ မဲဆႏၵရွင္တဦး ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုမွာ မဲေပးေနတဲ့ ျမင္ကြင္း။ (ေမ ၁၅၊ ၂၀၁၅)

[Zawgyi/Unicode]

ဒီႏွစ္ထဲ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြ မဟာမိတ္ဖဲြ႔ ယွဥ္ၿပိဳင္ဖုိ႔ ျပင္ဆင္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးပါမယ္။

ႏုိ၀င္ဘာလထဲ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ တုိင္းရင္းသား ႏုိင္ငံေရးပါတီ တခ်ဳိ႕က မဟာမိတ္ဖဲြ႔ ယွဥ္ၿပိဳင္ဖုိ႔ ျပင္ဆင္ေနတဲ့အတြက္ ေရြးေကာက္ပဲြနဲ႔ ေရြးေကာက္ပဲြေနာက္ပုိင္း အစုိးရဖဲြ႔စည္းေရးမွာ အာဏာရ အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီအတြက္ စိန္ေခၚမႈ ျဖစ္လာႏုိင္တယ္လုိ႔ ႏုိင္ငံေရး အသုိင္းအ၀န္းနဲ႔ အကဲခတ္ေတြက ခန္႔မွန္းေနၾကပါတယ္။ ‘ဝ’ ႏုိင္ငံေရးပါတီသုံးခုကုိ အေျခခံထားတဲ့ ‘ဝ’ အမ်ိဳးသားပါတီ၊ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP၊ ရခုိင္အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (ALD) ခ်င္းအမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ CNLD ၊ မြန္ညီညႊတ္ေရးပါတီ MUP၊ တုိ႔လုိ တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြ ေပါင္းစည္းထားတဲ့ ႏုိင္ငံေရးအင္အားစုေတြ ေရြးေကာက္ပဲြမွာ ယွဥ္ၿပိဳင္ဖုိ႔ ျပင္ဆင္ေနၾကတာပါ။

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ဒုဥကၠ႒ (၂) ဦးကြမ္ေဂါင္ေအာင္ခမ္း ကေတာ့ ထိေရာက္တဲ့ ျပဳျပင္ေျပာင္းလဲေရးေတြျဖစ္ဖုိ႔ အစုိးရထဲမွာ တုိင္းရင္းသား ႏုိင္ငံေရး အင္အားစုေတြ ပါ၀င္ခြင့္ရဖုိ႔ ရည္ရြယ္တယ္လုိ႔ ေျပာပါတယ္။

“တိုင္းရင္းသား ပါတီေတြအေနနဲ႔ ၫႊန႔္ေပါင္းျဖစ္ဖို႔လည္း အရင္ကတည္းက ျပင္ဆင္ေနပါတယ္။ ၫႊန႔္ေပါင္း ျဖစ္ေစခ်င္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီပါတီ ႏွစ္ခုလုံးကို ျပန္ၿပီးမွ ေ႐ြးမယ္ဆိုရင္လည္း က်ေနာ္တို႔ႏိုင္ငံအတြက္ ဖြံ႕ၿဖိဳးဖို႔၊ တိုးတက္ဖို႔၊ ၿငိမ္းခ်မ္းေရးရဖို႔။ ဒါေၾကာင့္ ၫႊန႔္ေပါင္းအစိုးရကို ဖြဲ႕ရမယ္ဆိုတဲ့ဟာကို က်ေနာ္တို႔ ခံယူၿပီးမွ ႀကိဳးစားေနတဲ့အခ်ိန္ ျဖစ္ပါတယ္။”

တုိင္းရင္းသား ႏုိင္ငံေရး အင္အားစုေတြၾကားမွာေတာ့ NLD အရပ္သားအစုိးရ အာဏာရလာေပမဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရး အပါအ၀င္ တုိးတက္မႈေတြ သိသိသာသာ မျမင္ရဘူးဆုိၿပီး အားမလုိအားမရ ျဖစ္ေနၾကသလုိ ႏုိင္ငံေရးမွာ ပုိမုိပါ၀င္ခြင့္ရဖုိ႔လည္း ေမွ်ာ္လင့္ေနၾကပါတယ္။ ဒီလုိအေျခအေနမ်ဳိးမွာ တုိင္းရင္းသား အင္အားစုေတြနဲ႔ သင့္ျမတ္ေရးအတြက္ NLD ကစဥ္းစားသင့္တယ္လုိ႔လည္း တိုင္းရင္းသား မဟာမိတ္အဖြဲ႕ UNA အဖြဲ႕ဝင္ UNDP ပါတီဥကၠ႒ ေဒးဗစ္လွျမင့္က ေျပာပါတယ္။

“NLD ကိုယ္တိုင္ကလည္း တိုင္းရင္းသားေတြနဲ႔ ပတ္သက္တဲ့ ကိစၥအေပၚမွာ သူတို႔ ဆက္ဆံေရးက်ဲတယ္ေပါ့ေနာ္။ လႊတ္ေတာ္ထဲမွာ အမ်ိဳးသား ညီၫႊတ္ေရးပုံစံ ဘယ္လိုမွ မျဖစ္ႏိုင္ဘူး။ အဓိက ျပည္နယ္ေတြမွာ NLD အေနနဲ႔ ေနာက္ဆုတ္ေပးသင့္တယ္။ ျပည္မက ဝင္ၿပိဳင္ၿပီး တိုင္းရင္းသားေတြနဲ႔ တန္းတူညီတူ ညႇိႏႈိင္းၿပီး ေဆာင္႐ြက္မယ္ဆိုရင္ ညီၫႊတ္ေရး တခုကို တည္ေဆာက္လို႔ရမယ္။”

ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္ရဲ႕ မေန႔ညပုိင္းက မဲဆႏၵနယ္ေျမစာရင္းကုိ ထုတ္ျပန္ရာမွာေတာ့ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ ၃၃၀၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ ျပည္နယ္နဲ႔တိုင္းအသီးသီးမွာ အစုဖြဲ႕နယ္ေျမ ၁၂ ခုစီနဲ႔ စုစုေပါင္းေနရာ ၁၆၈ ခု ရွိပါတယ္။ တိုင္းနဲ႔ျပည္နယ္ လႊတ္ေတာ္ေတြအတြက္ စုစုေပါင္း ၆၄၄ ေနရာနဲ႔ တိုင္းရင္းသား လူမ်ိဳးမဲဆႏၵနယ္ ၂၉ ခု သတ္မွတ္ထားပါတယ္။

ႏိုင္ငံေရးပါတီ ၉၀ ေက်ာ္ ယွဥ္ၿပိဳင္မယ့္ ေရြးေကာက္ပဲြအတြက္ ေန႔ရက္အတိအက်ကုိေတာ့ ေကာ္မရွင္က မေၾကညာေသးပါဘူး။ ဒါေပမဲ့လည္း တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြ မဟာမိတ္ဖဲြ႔ ယွဥ္ၿပိဳင္ဖုိ႔ ႀကိဳးပမ္းလာတာေတြ အပါအ၀င္ အာဏာရ NLD ပါတီအေနနဲ႔ ေရြးေကာက္ပဲြမွာ စိန္ေခၚမႈေတြ ႀကံဳရႏုိင္တယ္လုိ႔လည္း အကဲခတ္ေတြ ခန္႔မွန္းေနၾကတာပါ။ ႏိုင္ငံေရးေလ့လာသူ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ တုိင္းရင္းသား ပါတီေတြနဲ႔ ပူးေပါင္းရတဲ့ အေျခအေနမ်ဳိးအထိ ႀကံဳရႏုိင္တယ္လုိ႔ သုံးသပ္ပါတယ္။

“က်ေနာ္တို႔ႏိုင္ငံ ဖြဲ႕စည္းပုံ ဥပေဒပါ ျပ႒ာန္းခ်က္ေတြအရ အစိုးအေပၚမွာ အယုံအၾကည္မရွိ အဆိုကို တင္သြင္းခြင့္ မရွိတဲ့အတြက္ေၾကာင့္မို႔ ၫႊန႔္ေပါင္းအစိုးရစစ္စစ္ ျဖစ္လာဖို႔ေတာ့ အလားအလာ မရွိဘူးလို႔ ျမင္တယ္။ သို႔ေသာ္လည္းပဲ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အေနနဲ႔ မိတ္ဖက္ တိုင္းရင္းသား ပါတီေတြၾကားမွာ ညႇိႏႈိင္းေဆြးေႏြးၿပီး ဖြဲ႕စည္းတဲ့ အမ်ိဳးသားညီၫႊတ္ေရးအစိုးရ ပုံစံမ်ိဳးေတာ့ ျဖစ္လာႏိုင္တယ္လို႔ ျမင္ပါတယ္။”

ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ALD ရဲ႕ အေထြေထြ အတြင္းေရးမႉး ဦးမ်ိဳးေက်ာ္ကလည္း ေရြးေကာက္ပဲြနဲ႔ ေရြးေကာက္ပဲြေနာက္ပုိင္း လႊတ္ေတာ္ထဲမွာ ၿပိဳင္ဆုိင္မႈေတြ အားေကာင္းလာႏုိင္တယ္လုိ႔ ျမင္ပါတယ္။

“လႊတ္ေတာ္ထဲမွာ ၫြန႔္ေပါင္းဆိုတာနဲ႔ ပါတီတြင္းၿပိဳင္မႈေတြ၊ ေပၚလစီၿပိဳင္မႈ၊ သူတို႔ရဲ႕ အက်ိဳးေက်းဇူး ယွဥ္ၿပိဳင္မႈေတြ ရွိလာတဲ့အတြင္းမွာ မတူညီတဲ့ အခ်ိန္အခါက်ေတာ့လည္း အယုံအၾကည္မရွိတာတို႔ ဘာတို႔လည္း ျဖစ္ေကာင္း၊ ျဖစ္ႏိုင္တာေပါ့ေနာ္၊ ဒီဟာ ဒီဟာ စုၿပီးေတာ့။ အဲဒါကေတာ့ အခုရမယ့္ ၂၀၂၀ မဲရလဒ္အေပၚပဲ အဓိကေတာ့ တည္တာေပါ့ေနာ္။”

ေရြးေကာက္ပဲြေတြကုိ ႏုိ၀င္ဘာလမွာ ပုံမွန္အတုိင္းက်င္းပသြားဖုိ႔ ေရြးေကာက္ပဲြ ေကာ္မရွင္က ေၾကညာထားေပမဲ့ COVID-19 ကပ္ေရာဂါ အႏၱရာယ္ေၾကာင့္ စည္း႐ုံးေရးလုပ္ငန္းေတြမွာ အကန္႔အသတ္ေတြ ႀကံဳေနရသလုိ တုိင္းရင္းသားေဒသေတြမွာ တုိက္ပဲြေတြ ျပင္းထန္လာေနတာေၾကာင့္ ေရြးေကာက္ပဲြမွာ လြတ္လပ္မွ်တမႈ ရွိပါ့မလား ဆုိတဲ့အေပၚမွာလည္း ႏုိင္ငံေရးပါတီေတြၾကား စုိးရိမ္မႈေတြ ထြက္ေပၚေနပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တိုင်းရင်းသားပါတီတွေ မဟာမိတ်ဖွဲ့ယှဉ်ပြိုင်ဖို့ ပြင်ဆင်

ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ မဟာမိတ်ဖွဲ့ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသား နိုင်ငံရေးပါတီ တချို့က မဟာမိတ်ဖွဲ့ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့အတွက် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲနောက်ပိုင်း အစိုးရဖွဲ့စည်းရေးမှာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအတွက် စိန်ခေါ်မှု ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး အသိုင်းအဝန်းနဲ့ အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။ ‘ဝ’ နိုင်ငံရေးပါတီသုံးခုကို အခြေခံထားတဲ့ ‘ဝ’ အမျိုးသားပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ALD) ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ၊ မွန်ညီညွှတ်ရေးပါတီ MUP၊ တို့လို တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ပေါင်းစည်းထားတဲ့ နိုင်ငံရေးအင်အားစုတွေ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြတာပါ။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒုဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်း ကတော့ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲရေးတွေဖြစ်ဖို့ အစိုးရထဲမှာ တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေ ပါဝင်ခွင့်ရဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

“တိုင်းရင်းသား ပါတီတွေအနေနဲ့ ညွှန့်ပေါင်းဖြစ်ဖို့လည်း အရင်ကတည်းက ပြင်ဆင်နေပါတယ်။ ညွှန့်ပေါင်း ဖြစ်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပါတီ နှစ်ခုလုံးကို ပြန်ပြီးမှ ရွေးမယ်ဆိုရင်လည်း ကျနော်တို့နိုင်ငံအတွက် ဖွံ့ဖြိုးဖို့၊ တိုးတက်ဖို့၊ ငြိမ်းချမ်းရေးရဖို့။ ဒါကြောင့် ညွှန့်ပေါင်းအစိုးရကို ဖွဲ့ရမယ်ဆိုတဲ့ဟာကို ကျနော်တို့ ခံယူပြီးမှ ကြိုးစားနေတဲ့အချိန် ဖြစ်ပါတယ်။”

တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေကြားမှာတော့ NLD အရပ်သားအစိုးရ အာဏာရလာပေမဲ့ ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် တိုးတက်မှုတွေ သိသိသာသာ မမြင်ရဘူးဆိုပြီး အားမလိုအားမရ ဖြစ်နေကြသလို နိုင်ငံရေးမှာ ပိုမိုပါဝင်ခွင့်ရဖို့လည်း မျှော်လင့်နေကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တိုင်းရင်းသား အင်အားစုတွေနဲ့ သင့်မြတ်ရေးအတွက် NLD ကစဉ်းစားသင့်တယ်လို့လည်း တိုင်းရင်းသား မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင် UNDP ပါတီဥက္ကဋ္ဌ ဒေးဗစ်လှမြင့်က ပြောပါတယ်။

“NLD ကိုယ်တိုင်ကလည်း တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စအပေါ်မှာ သူတို့ ဆက်ဆံရေးကြဲတယ်ပေါ့နော်။ လွှတ်တော်ထဲမှာ အမျိုးသား ညီညွှတ်ရေးပုံစံ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဓိက ပြည်နယ်တွေမှာ NLD အနေနဲ့ နောက်ဆုတ်ပေးသင့်တယ်။ ပြည်မက ဝင်ပြိုင်ပြီး တိုင်းရင်းသားတွေနဲ့ တန်းတူညီတူ ညှိနှိုင်းပြီး ဆောင်ရွက်မယ်ဆိုရင် ညီညွှတ်ရေး တခုကို တည်ဆောက်လို့ရမယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ မနေ့ညပိုင်းက မဲဆန္ဒနယ်မြေစာရင်းကို ထုတ်ပြန်ရာမှာတော့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော်အတွက် ပြည်နယ်နဲ့တိုင်းအသီးသီးမှာ အစုဖွဲ့နယ်မြေ ၁၂ ခုစီနဲ့ စုစုပေါင်းနေရာ ၁၆၈ ခု ရှိပါတယ်။ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေအတွက် စုစုပေါင်း ၆၄၄ နေရာနဲ့ တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် ၂၉ ခု သတ်မှတ်ထားပါတယ်။

နိုင်ငံရေးပါတီ ၉၀ ကျော် ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲအတွက် နေ့ရက်အတိအကျကိုတော့ ကော်မရှင်က မကြေညာသေးပါဘူး။ ဒါပေမဲ့လည်း တိုင်းရင်းသား နိုင်ငံရေးပါတီတွေ မဟာမိတ်ဖွဲ့ ယှဉ်ပြိုင်ဖို့ ကြိုးပမ်းလာတာတွေ အပါအဝင် အာဏာရ NLD ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ စိန်ခေါ်မှုတွေ ကြုံရနိုင်တယ်လို့လည်း အကဲခတ်တွေ ခန့်မှန်းနေကြတာပါ။ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကတော့ တိုင်းရင်းသား ပါတီတွေနဲ့ ပူးပေါင်းရတဲ့ အခြေအနေမျိုးအထိ ကြုံရနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကျနော်တို့နိုင်ငံ ဖွဲ့စည်းပုံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ အစိုးအပေါ်မှာ အယုံအကြည်မရှိ အဆိုကို တင်သွင်းခွင့် မရှိတဲ့အတွက်ကြောင့်မို့ ညွှန့်ပေါင်းအစိုးရစစ်စစ် ဖြစ်လာဖို့တော့ အလားအလာ မရှိဘူးလို့ မြင်တယ်။ သို့သော်လည်းပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မိတ်ဖက် တိုင်းရင်းသား ပါတီတွေကြားမှာ ညှိနှိုင်းဆွေးနွေးပြီး ဖွဲ့စည်းတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ ပုံစံမျိုးတော့ ဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်။”

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်ကလည်း ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်ထဲမှာ ပြိုင်ဆိုင်မှုတွေ အားကောင်းလာနိုင်တယ်လို့ မြင်ပါတယ်။

“လွှတ်တော်ထဲမှာ ညွန့်ပေါင်းဆိုတာနဲ့ ပါတီတွင်းပြိုင်မှုတွေ၊ ပေါ်လစီပြိုင်မှု၊ သူတို့ရဲ့ အကျိုးကျေးဇူး ယှဉ်ပြိုင်မှုတွေ ရှိလာတဲ့အတွင်းမှာ မတူညီတဲ့ အချိန်အခါကျတော့လည်း အယုံအကြည်မရှိတာတို့ ဘာတို့လည်း ဖြစ်ကောင်း၊ ဖြစ်နိုင်တာပေါ့နော်၊ ဒီဟာ ဒီဟာ စုပြီးတော့။ အဲဒါကတော့ အခုရမယ့် ၂၀၂၀ မဲရလဒ်အပေါ်ပဲ အဓိကတော့ တည်တာပေါ့နော်။”

ရွေးကောက်ပွဲတွေကို နိုဝင်ဘာလမှာ ပုံမှန်အတိုင်းကျင်းပသွားဖို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပေမဲ့ COVID-19 ကပ်ရောဂါ အန္တရာယ်ကြောင့် စည်းရုံးရေးလုပ်ငန်းတွေမှာ အကန့်အသတ်တွေ ကြုံနေရသလို တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှု ရှိပါ့မလား ဆိုတဲ့အပေါ်မှာလည်း နိုင်ငံရေးပါတီတွေကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်ခင်ဗျာ။

XS
SM
MD
LG