သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အခ်ိန္မတုိင္ခင္ ေရြးေကာက္ပြဲမဲဆြယ္စည္းရုံးေရးလုပ္တဲ့ NLD ပါတီအေပၚ ေ၀ဖန္မႈေတြထြက္ေပၚ


၂၀၁၅ ေရြးေကာက္ပြဲတုန္းက NLD ပါတီ စည္းရံုးေရးဆိုင္းဘုတ္တခု

(Zawgyi/Unicode)

အာဏာရ NLD ပါတီရဲ႕ အခ်ိန္မတိုင္ခင္ ေ႐ြးေကာက္ပြဲ မဲဆြယ္တဲ့ပုံစံေတြအေပၚပါတီတခ်ိဳ႕က ေဝဖန္လိုက္ၿပီး ေ႐ြးေကာက္ပြဲ ႏိုဝင္ဘာလထဲ အေဆာတလ်င္ မလုပ္ဖို႔ တိုင္းရင္းသားပါတီတခ်ိဳ႕က ေျပာလိုက္တဲ့သတင္းကို ကိုေဇာ္ထက္ တင္ျပေပးမွာပါ။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလထဲ က်င္းပသြားမယ္လို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ကဒီရက္ပိုင္း သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ၿပီး၊ COVID-19 ေရာဂါျဖစ္ပြားေနတဲ့ကာလ ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာထဲ အေဆာတလ်င္မလုပ္ဖို႔နဲ႔ မဲေပးသူေတြ လုံၿခဳံမႈရွိဖို႔လည္း ခ်င္းဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ CNLD ဥကၠ႒ ဆလိုင္းငိုင္ဆာ့ခ္က အႀကံျပဳပါတယ္။


COVID-19 ေရာဂါထိန္းခ်ဳပ္၊ ကန႔္သတ္မႈေတြရွိေနလို႔ မဲဆြယ္စည္း႐ုံးတဲ့ကာလ အဆင္မေျပမွာလည္း ပါတီေလးေတြက စိုးရိမ္မႈရွိပါတယ္။

အာဏာရပါတီရဲ႕ လက္တေလာ လူမႈကြန္ရက္အသုံးျပဳတာေတြ၊ ၿမိဳ႕နယ္ေထြအုပ္ေတြရဲ႕ လုပ္ေဆာင္ခ်က္တခ်ိဳ႕ဟာလည္း မဲဆြယ္စည္း႐ုံးေရး သေဘာဆန္ေနတယ္လို႔ ပါတီငယ္ေတြ နစ္နာႏိုင္ေၾကာင္း ဆလိုင္းငိုင္ဆာ့ခ္က ေျပာပါတယ္။

“ မဲဆႏၵေပးဖို႔ စိတ္ဓာတ္ထဲမွာ လုံလုံၿခဳံၿခဳံခံစားမႈရွိဖို႔ လိုတယ္ေလ၊ ဒါေၾကာင့္ က်ေနာ့္အျမင္ကေတာ့ ဒီ COVID-19 ကိုထိန္းခ်ဳပ္ႏိုင္တဲ့ အခ်ိန္ကေတာ့ ပိုေကာင္းတယ္။ ဒါေပမဲ့ တအားေနာက္က်လို႔လည္း မရဘူး၊ ဒါေၾကာင့္ ဒီဇင္ဘာလ က်င္းပရင္ အေကာင္းဆုံးလို႔ က်ေနာ္ကေတာ့ ျမင္တယ္။”

ခ်င္းဒီမိုကေရစီအဖြဲ႕ခ်ဳပ္ CNLD က ခ်င္း ၉ ၿမိဳ႕နယ္မွာဝင္ၿပိဳင္ဖို႔ရွိၿပီး ပလက္ဝၿမိဳ႕နယ္ကေတာ့ တပ္မေတာ္နဲ႔ AA တိုက္ပြဲေတြေၾကာင့္ မေသခ်ာဖို႔ မ်ားတယ္လို႔ သူကေျပာပါတယ္။ မေကြးတိုင္း၊ ၿပီးေတာ့ စစ္ကိုင္းတိုင္း တမူးၿမိဳ႕နယ္၊ ကေလးၿမိဳ႕နယ္မွာလည္း CNLD က ဝင္ၿပိဳင္မွာပါ။ ရခိုင္မွာေတာ့ ခ်င္းလူမ်ိဳးေတြ မ်ားတဲ့ အမ္း၊ ေျမပုံ၊ မင္းျပားမွာ နယ္ေျမအေျခအေနေပၚမူတည္ၿပီး ၿပိဳင္ဖို႔ရွိတယ္လို႔ သူကေျပာပါတယ္။

“ ပါတီစည္း႐ုံးေရးလည္း သြားမရ၊ ဆိုေတာ့ အနီးကပ္က်မွ ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးေကာက္ပြဲအတြက္ အခ်ိန္ ၂လပဲရမယ္ဆိုရင္ က်ေနာ္တို႔ အရမ္းထိခိုက္တယ္။ အခုက NLD ကပိုအားသာတာေပါ့၊ Facebook ကေန COVID အေၾကာင္းနဲ႔ပတ္သက္လို႔ ေျပာတဲ့ဟာပဲျဖစ္ျဖစ္ မဲဆြယ္သလိုျဖစ္သြားတယ္။ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြကလည္း အစိုးရခရီးစဥ္လိုလို၊ ဘာလိုလိုနဲ႔ အနည္းနဲ႔အမ်ား စည္း႐ုံးေရးသေဘာပါတယ္။ မသိမသာ သြယ္ဝိုက္ေသာနည္းအားျဖင့္ အာဏာရပါတီကို ပိုအားေကာင္းတဲ့ပုံစံ ျဖစ္သြားတဲ့အခါက်ေတာ့ က်န္တဲ့ပါတီေတြ ေတာ္ေတာ္ေလးကို အခက္အခဲပိုရွိတာေပါ့။”

မြန္ညီၫြတ္ေရးပါတီကလည္း မေန႔က ဇြန္လ ၇ ရက္မွာ အစည္းအေဝးလုပ္ခဲ့ၿပီး သူတို႔ေ႐ြးေကာက္ပြဲျပင္ဆင္ေနတာကို အသိေပးခဲ့ပါတယ္။ မဲဆႏၵနယ္ အတိအက်မသတ္မွတ္ရေသးေပမယ့္ မြန္၊ ကရင္နဲ႔ တနသၤာရီတိုင္းမွာ ဝင္ၿပိဳင္သြားမယ္လို႔ ပါတီရဲ႕ တြဲဖက္အေထြေထြအတြင္းေရးမႉး ႏိုင္လယိတမ က ေျပာပါတယ္။ ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္ေနတဲ့ အာဏာရပါတီအေပၚမွာလည္ သူ႔အျမင္ကို အခုလိုေျပာပါတယ္။

“ သို႔ေသာ္ အစိုးရလုပ္ငန္းကို လုပ္ေနရင္းနဲ႔ ရည္႐ြယ္သည္ျဖစ္ေစ၊ မရည္႐ြယ္သည္ျဖစ္ေစ၊ သူတို႔ေနာက္ထပ္ေ႐ြးေကာက္ပြဲအတြက္ ေအာင္ႏိုင္ေရးအတြက္က အေထာက္အကူျပဳမွာပဲဆိုတာ ဒါဘယ္သူမွ ျငင္းလို႔မရဘူးေလ။ ဒါက အာဏာရပါတီဆိုတာ ဘယ္လိုေျပာေျပာ တပန္းသာၿပီးသား၊ ဒီအေပၚမွာ က်ေနာ္ ဘာမွ ေဝဖန္စရာေတာ့ မရွိဘူးေပါ့။”

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ကလည္း ၿမိဳ႕နယ္ ၁၈ ခုမွာ ကိုယ္စားလွယ္ ၆၅ေယာက္ ဝင္ၿပိဳင္သြားမယ္လို႔ ဒီေန႔ ဇြန္လ ၈ရက္မွာ အသိေပးလိုက္ပါတယ္။ ပါတီဥကၠ႒ ေဒါက္တာတူးဂ်ာကေတာ့ အစိုးရက ကပ္ေရာဂါရွိေနေပမဲ့လည္း ေ႐ြးေကာက္ပြဲကို မျဖစ္မေန လုပ္သြားလိမ့္မယ္လို႔ ျမင္ေၾကာင္းေျပာပါတယ္။

“ လုပ္လည္း လုပ္ေစခ်င္ပါတယ္၊ က်ေနာ့ပါတီအေနနဲ႔ကေတာ့။ သူတို႔ လုပ္ျဖစ္ေအာင္ လုပ္မွာပါ။ ဒီ COVID-19 ေတာ့ ရွိတာေပါ့။ ဒါေပမဲ့ ဒီ ျဖစ္ႏိုင္တဲ့ နည္းလမ္းေတာ့ သူတို႔ရွာၾကလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ COVID-19 ေၾကာင့္ ယႏၲရားအားလုံး ရပ္ဆိုင္းထားမယ္ဆိုတာ မျဖစ္ႏိုင္ပါဘူး။”

ေ႐ြးေကာက္ပြဲက်င္းပမယ့္ ရက္ကို ဇူလိုင္လထဲ ေၾကညာဖို႔ရွိတယ္လို႔ ေျပာတာလည္းရွိပါတယ္။ ေ႐ြးေကာက္ပြဲကို က်န္းမာေရးဝန္ႀကီးဌာနနဲ႔ ပူးေပါင္း လုပ္ေဆာင္မယ္လို႔ ေကာ္မရွင္က ဇြန္လ ၄ရက္မွာ ေျပာခဲ့တာပါ။ တည္ဆဲမွတ္ပုံတင္ထားတဲ့ပါတီက ၉၇ ပါတီရွိၿပီး တႏိုင္ငံလုံးမွာ ဝင္ၿပိဳင္မယ့္ ပါတီက ၇၉ပါတီ ရွိပါတယ္။ စုစုေပါင္း ပါတီ ၉၀ ေက်ာ္ဝင္ၿပိဳင္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

အချိန်မတိုင်ခင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ်တဲ့ NLD ပါတီအပေါ် ဝေဖန်မှုတွေထွက်ပေါ်

(Unicode)

အာဏာရ NLD ပါတီရဲ့ အချိန်မတိုင်ခင် ရွေးကောက်ပွဲ မဲဆွယ်တဲ့ပုံစံတွေအပေါ်ပါတီတချို့က ဝေဖန်လိုက်ပြီး ရွေးကောက်ပွဲ နိုဝင်ဘာလထဲ အဆောတလျင် မလုပ်ဖို့ တိုင်းရင်းသားပါတီတချို့က ပြောလိုက်တဲ့သတင်းကို ကိုဇော်ထက် တင်ပြပေးမှာပါ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလထဲ ကျင်းပသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကဒီရက်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပြီး၊ COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလ ရွေးကောက်ပွဲကို နိုဝင်ဘာထဲ အဆောတလျင်မလုပ်ဖို့နဲ့ မဲပေးသူတွေ လုံခြုံမှုရှိဖို့လည်း ချင်းဒီမိုကရေစီ အဖွဲ့ချုပ် CNLD ဥက္ကဋ္ဌ ဆလိုင်းငိုင်ဆာ့ခ်က အကြံပြုပါတယ်။

COVID-19 ရောဂါထိန်းချုပ်၊ ကန့်သတ်မှုတွေရှိနေလို့ မဲဆွယ်စည်းရုံးတဲ့ကာလ အဆင်မပြေမှာလည်း ပါတီလေးတွေက စိုးရိမ်မှုရှိပါတယ်။

အာဏာရပါတီရဲ့ လက်တလော လူမှုကွန်ရက်အသုံးပြုတာတွေ၊ မြို့နယ်ထွေအုပ်တွေရဲ့ လုပ်ဆောင်ချက်တချို့ဟာလည်း မဲဆွယ်စည်းရုံးရေး သဘောဆန်နေတယ်လို့ ပါတီငယ်တွေ နစ်နာနိုင်ကြောင်း ဆလိုင်းငိုင်ဆာ့ခ်က ပြောပါတယ်။

“ မဲဆန္ဒပေးဖို့ စိတ်ဓာတ်ထဲမှာ လုံလုံခြုံခြုံခံစားမှုရှိဖို့ လိုတယ်လေ၊ ဒါကြောင့် ကျနော့်အမြင်ကတော့ ဒီ COVID-19 ကိုထိန်းချုပ်နိုင်တဲ့ အချိန်ကတော့ ပိုကောင်းတယ်။ ဒါပေမဲ့ တအားနောက်ကျလို့လည်း မရဘူး၊ ဒါကြောင့် ဒီဇင်ဘာလ ကျင်းပရင် အကောင်းဆုံးလို့ ကျနော်ကတော့ မြင်တယ်။”

ချင်းဒီမိုကရေစီအဖွဲ့ချုပ် CNLD က ချင်း ၉ မြို့နယ်မှာဝင်ပြိုင်ဖို့ရှိပြီး ပလက်ဝမြို့နယ်ကတော့ တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် မသေချာဖို့ များတယ်လို့ သူကပြောပါတယ်။ မကွေးတိုင်း၊ ပြီးတော့ စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ ကလေးမြို့နယ်မှာလည်း CNLD က ဝင်ပြိုင်မှာပါ။ ရခိုင်မှာတော့ ချင်းလူမျိုးတွေ များတဲ့ အမ်း၊ မြေပုံ၊ မင်းပြားမှာ နယ်မြေအခြေအနေပေါ်မူတည်ပြီး ပြိုင်ဖို့ရှိတယ်လို့ သူကပြောပါတယ်။

“ ပါတီစည်းရုံးရေးလည်း သွားမရ၊ ဆိုတော့ အနီးကပ်ကျမှ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲအတွက် အချိန် ၂လပဲရမယ်ဆိုရင် ကျနော်တို့ အရမ်းထိခိုက်တယ်။ အခုက NLD ကပိုအားသာတာပေါ့၊ Facebook ကနေ COVID အကြောင်းနဲ့ပတ်သက်လို့ ပြောတဲ့ဟာပဲဖြစ်ဖြစ် မဲဆွယ်သလိုဖြစ်သွားတယ်။ ပြည်နယ် ဝန်ကြီးချုပ်တွေကလည်း အစိုးရခရီးစဉ်လိုလို၊ ဘာလိုလိုနဲ့ အနည်းနဲ့အများ စည်းရုံးရေးသဘောပါတယ်။ မသိမသာ သွယ်ဝိုက်သောနည်းအားဖြင့် အာဏာရပါတီကို ပိုအားကောင်းတဲ့ပုံစံ ဖြစ်သွားတဲ့အခါကျတော့ ကျန်တဲ့ပါတီတွေ တော်တော်လေးကို အခက်အခဲပိုရှိတာပေါ့။”

မွန်ညီညွတ်ရေးပါတီကလည်း မနေ့က ဇွန်လ ၇ ရက်မှာ အစည်းအဝေးလုပ်ခဲ့ပြီး သူတို့ရွေးကောက်ပွဲပြင်ဆင်နေတာကို အသိပေးခဲ့ပါတယ်။ မဲဆန္ဒနယ် အတိအကျမသတ်မှတ်ရသေးပေမယ့် မွန်၊ ကရင်နဲ့ တနင်္သာရီတိုင်းမှာ ဝင်ပြိုင်သွားမယ်လို့ ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်လယိတမ က ပြောပါတယ်။ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ အာဏာရပါတီအပေါ်မှာလည် သူ့အမြင်ကို အခုလိုပြောပါတယ်။

“ သို့သော် အစိုးရလုပ်ငန်းကို လုပ်နေရင်းနဲ့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ၊ သူတို့နောက်ထပ်ရွေးကောက်ပွဲအတွက် အောင်နိုင်ရေးအတွက်က အထောက်အကူပြုမှာပဲဆိုတာ ဒါဘယ်သူမှ ငြင်းလို့မရဘူးလေ။ ဒါက အာဏာရပါတီဆိုတာ ဘယ်လိုပြောပြော တပန်းသာပြီးသား၊ ဒီအပေါ်မှာ ကျနော် ဘာမှ ဝေဖန်စရာတော့ မရှိဘူးပေါ့။”

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ကလည်း မြို့နယ် ၁၈ ခုမှာ ကိုယ်စားလှယ် ၆၅ယောက် ဝင်ပြိုင်သွားမယ်လို့ ဒီနေ့ ဇွန်လ ၈ရက်မှာ အသိပေးလိုက်ပါတယ်။ ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာကတော့ အစိုးရက ကပ်ရောဂါရှိနေပေမဲ့လည်း ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်သွားလိမ့်မယ်လို့ မြင်ကြောင်းပြောပါတယ်။

“ လုပ်လည်း လုပ်စေချင်ပါတယ်၊ ကျနော့ပါတီအနေနဲ့ကတော့။ သူတို့ လုပ်ဖြစ်အောင် လုပ်မှာပါ။ ဒီ COVID-19 တော့ ရှိတာပေါ့။ ဒါပေမဲ့ ဒီ ဖြစ်နိုင်တဲ့ နည်းလမ်းတော့ သူတို့ရှာကြလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ COVID-19 ကြောင့် ယန္တရားအားလုံး ရပ်ဆိုင်းထားမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။”

ရွေးကောက်ပွဲကျင်းပမယ့် ရက်ကို ဇူလိုင်လထဲ ကြေညာဖို့ရှိတယ်လို့ ပြောတာလည်းရှိပါတယ်။ ရွေးကောက်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း လုပ်ဆောင်မယ်လို့ ကော်မရှင်က ဇွန်လ ၄ရက်မှာ ပြောခဲ့တာပါ။ တည်ဆဲမှတ်ပုံတင်ထားတဲ့ပါတီက ၉၇ ပါတီရှိပြီး တနိုင်ငံလုံးမှာ ဝင်ပြိုင်မယ့် ပါတီက ၇၉ပါတီ ရှိပါတယ်။ စုစုပေါင်း ပါတီ ၉၀ ကျော်ဝင်ပြိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG