သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ေရြးေကာက္ပြဲကုိ တႏုိင္ငံလုံးတၿပိဳင္ထဲ က်င္းပေပးဖုိ႔ တုိင္းရင္းသားပါတီေတြလုိလား


၂၀၁၀ ေရြးေကာက္ပြဲတုန္းက ရွမ္းတိုင္းရင္းသူ မဲဆႏၵရွင္တဦး မဲ

(Zawgyi/Unicode)

၂၀၂၀ အေထြေထြ ေရြးေကာက္ပဲြကို ႏို၀င္ဘာလထဲ က်င္းပမယ္ဆိုရင္ တိုင္းရင္းသားပါတီေတြက မဲဆႏၵနယ္ေတြအားလံုးမွာ တခ်ိန္တည္း တၿပိဳင္တည္း က်င္းပဖို႔ လိုလားတယ္ဆိုတဲ့ သတင္းကို ကိုမိုးေဇာ္ တင္ျပထားပါတယ္။

ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္က ၂၀၂၀ အေထြေထြ ေရြးေကာက္ပဲြကို ပံုမွန္က်င္းပတဲ့ ႏို၀င္ဘာလမွာပဲ က်င္းပမွာျဖစ္ေၾကာင္းကို ဒီလ ၄ရက္ေန႔မွာ ေၾကညာပါတယ္။

လာမယ့္ ႏို၀င္ဘာလမွာ ေရြးေကာက္ပဲြက်င္းပမယ့္အေပၚ ရခိုင္အမ်ိဳးသားပါတီရဲ႕ အျမင္နဲ႔ ေရြးေကာက္ပဲြ လုပ္ငန္းအစီအစဥ္ကို ပါတီရဲ႕ မူဝါဒေရးရာ ဦးေဆာင္ေကာ္မတီ၀င္၊ လက္ရွိ ေျမပံုၿမိဳ႔နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ျဖစ္တဲ့ ဦးေဖသန္းက အခုလို ေျပာပါတယ္။

“ျပႆနာေတာ့ ၂ခုရွိတာေပါ့ေနာ္။ တစ္ခုက COVID- 19 ျပႆနာရယ္။ တစ္ခုကေတာ့ က်ေနာ္တို႔နယ္ေျမမွာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ေရြးေကာက္ပဲြျဖစ္၊ မျဖစ္ဆိုတဲ့ ျပႆနာေပါ့။ ပထမအခ်က္ကေတာ့ တစ္ႏိုင္ငံလံုးနဲ႔ ဆိုင္တဲ့အေျခအေနဆိုေတာ့ အစိုးရမွာ သူ႔နည္းသူ႔ဟန္နဲ႔ ေျဖရွင္းမယ့္ အစီအစဥ္ေတြ ရွိပါလိမ့္မယ္။ ရခိုင္ျပည္နယ္ထဲမွာ က်ေတာ့ ဘယ္ၿမိဳ႔နယ္ေတြမွာ ေရြးေကာက္ပဲြ မလုပ္ဖူးလည္းဆိုတာကို က်ေနာ္တို႔ သိခ်င္တာေပါ့ဗ်ာ။ အဲဒီဟာက မေၾကညာေသးဘူး။ တကယ္လို႔ တခ်ိဳ႕ၿမိဳ႔နယ္ေတြမွာ ေရြးေကာက္ပဲြ မလုပ္ဖူးဆိုရင္ က်ေနာ္တို႔ ေရြးေကာက္ပဲြ ၀င္ ၊ မ၀င္။ ၀င္မယ္ဆိုရင္လည္း က်န္တဲ့ၿမိဳ႔နယ္ေတြမွာ ဘယ္လို စည္းရံုးေရး လုပ္မယ္ ဆိုတဲ့ အခ်က္ေတြေပါ့၊ အဲဒီ အခ်က္ ၂ခ်က္အေပၚမွာ က်ေနာ္တို႔ လုပ္ေဆာင္ဖို႔ အစီအစဥ္ရွိပါတယ္။”

ရခိုင္အမ်ိဳးသားပါတီအေနနဲ႔ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲ ၂ႀကိမ္မွာ ရခိုင္ျပည္နယ္မွာ မဲအမ်ားစုရရွိေပမဲ့ အစိုးရဖဲြ႕ခြင့္မရခဲ့ေၾကာင္း၊ ဒါေၾကာင့္ ဒီတစ္ႀကိမ္မွာေတာ့ မဲဆႏၵနယ္အားလံုးမွာ အင္တိုက္အားတိုက္ယွဥ္ၿပိဳင္ခြင့္ ရလိုေၾကာင္း အခုလို ဆက္ေျပာပါတယ္။

“ အဲဒီ ၂ႀကိမ္လံုး ရခိုင္အမ်ိဳးသားပါတီအေနနဲ႔ ေရြးေကာက္ပဲြ ေအာင္ႏိုင္ေပမဲ့ အစိုးရမဖဲြ႕ႏိုင္တဲ့ ပါတီအျဖစ္ အခြင့္အေရးေတြကို လက္လြတ္ဆံုးရႈံးခဲ့တယ္။ ဒီတစ္ႀကိမ္မွာေတာ့ အင္နဲ႔ အားနဲ႔ ၿပိဳင္ႏိုင္တဲ့အခြင့္အေရးမ်ိဳး ၊ ရခိုင္ျပည္နယ္ ၁၇ၿမိဳ႕နယ္လံုးမွာ ANP က ၿပိဳင္ႏိုင္တဲ့ အခြင့္အေရးမိ်ဳး ရေစခ်င္တယ္။ အဲဒါမ်ိဳး တတိယအႀကိမ္မွာ ဗမာေခါင္းေဆာင္ေတြက ဘယ္ေလာက္ထိ ဖက္ဒရယ္ကို လိုလားသလဲ၊ ဒီမိုကေရစီကို အသိအမွတ္ျပဳသလဲ ဆိုတာကို က်ေနာ္တို႔ တစ္ပဲြတစ္လမ္းေလာက္ စမ္းၾကည့္ခ်င္ေသးတယ္ဗ်။”

ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ပါတီက တဲြဘက္အေထြေထြအတြင္းေရးမႈး ၁ ျဖစ္တဲ့ စိုင္းေက်ာ္ၫႊန္႔ကလည္း သူတို႔ပါတီအေနနဲ႔ ေရြးေကာက္ပဲြကို မဲဆႏၵနယ္ေတြအားလံုးမွာ က်င္းပတာကို လိုလားေၾကာင္း ေျပာပါတယ္။

“ က်ေနာ္တို႔ သေဘာထားကေတာ့ ေရြးေကာက္ပဲြလုပ္မယ္ဆိုရင္ေတာ့ ဘယ္ေနရာမွ မခ်န္ဘဲနဲ႔ လုပ္ေပါ့။ ရွမ္းျပည္သာ မကပါဘူး၊ ရခိုင္မွာပဲ ျဖစ္ျဖစ္ေပါ့ဗ်ာ။ ေရြးေကာက္ပဲြလုပ္မယ္ဆို တစ္ႏိုင္ငံလံုးတေျပးညီေပါ့။ ဟိုနားဒီနား ခ်န္ခဲ့တာမဟုတ္ဘဲ အကုန္လံုးလုပ္ေပါ့ဗ်ာ။ အဲလိုမ်ိဳးသေဘာထားေတာ့ ရွိပါတယ္။ ဟိုနားခ်န္မယ္၊ ဒီနားခ်န္မယ္ အေၾကာင္းကိစၥတစ္ခုခုေၾကာင့္ ျဖစ္ေစ၊ လံုျခံဳေရးအေၾကာင္းျပခ်က္ေၾကာင့္ ျဖစ္ေစ၊ တစ္ခုခု အေၾကာင္းျပလို႔ျဖစ္ေစ အဲလိုမ်ိဳး ခ်န္ထားတာေတာ့ က်ေနာ္ မလိုလားပါဘူး။”

ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီေရး အသြင္ကူးေျပာင္းေနတဲ့ ႏိုင္ငံျဖစ္တာေၾကာင့္ ေရြးေကာက္ပဲြက အေရးႀကီးေၾကာင္း၊ ဒါေပမဲ့ ေရြးေကာက္ပဲြနဲ႔ယွဥ္ရင္ ျပည္သူ႔ က်န္းမာေရးက ပိုအေရးႀကီးေၾကာင္းလည္း စိုင္းေက်ာ္ၫႊန္႔က ေထာက္ျပပါတယ္။

ေရြးေကာက္ပဲြေကာ္မရွင္ကေတာ့ ေရြးေကာက္ပဲြက်င္းပခ်ိန္ဟာ COVID ကာလ ဆက္ျဖစ္ေနရင္ က်န္းမာေရး၀န္ႀကီးဌာနအပါအ၀င္ ၀န္ႀကီးဌာန ၈ခုနဲ႔ပူးေပါင္းၿပီး စည္းကမ္းခ်က္ေတြ ခ်မွတ္ ေဆာင္ရြက္မယ္လို႔ ထုတ္ျပန္ထားပါတယ္။

၂၀၁၅ ေရြးေကာက္ပဲြကာလမွာ လြတ္လပ္ၿပီးတရားမွ်တတဲ႔ ေရြးေကာက္ပဲြက်င္းပႏိုင္တဲ့ အေျခအေနမရွိတာေၾကာင့္ ကခ်င္၊ကရင္၊ ရွမ္း၊ မြန္၊ ပဲခူး စတဲ့ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြက ၿမိဳ႔နယ္ေပါင္း ၃၀ေက်ာ္က ေက်းရြာေတြမွာ ေရြးေကာက္ပဲြက်င္းပႏိုင္ျခင္းမရိွသလို၊ ၂၀၁၀ ေရြးေကာက္ပဲြကာလကေတာ့ ကခ်င္ျပည္နယ္က ၿမိဳ႔နယ္ ၂ခုမွာ ေရြးေကာက္ပဲြ မက်င္းပႏိုင္ခဲ့ပါဘူး။

အခု ကာလမွာေတာ့ ရခိုင္၊ ရွမ္း၊ ကရင္ျပည္နယ္ေတြမွာ တိုက္ပဲြေတြရိွေနတာေၾကာင့္ အဲဒီပဋိပကၡေတြမွာ ေရြးေကာက္ပဲြ က်င္းပႏိုင္ပ့ါမလားစိုးရိမ္မႈေတြရိွပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

၂၀၂၀ ရွေးကောက်ပွဲကို တနိုင်ငံလုံးတပြိုင်ထဲကျင်းပပေးဖို့ တိုင်းရင်းသားပါတီတွေလိုလား

(Unicode)

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလထဲ ကျင်းပမယ်ဆိုရင် တိုင်းရင်းသားပါတီတွေက မဲဆန္ဒနယ်တွေအားလုံးမှာ တချိန်တည်း တပြိုင်တည်း ကျင်းပဖို့ လိုလားတယ်ဆိုတဲ့ သတင်းကို ကိုမိုးဇော် တင်ပြထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ပုံမှန်ကျင်းပတဲ့ နိုဝင်ဘာလမှာပဲ ကျင်းပမှာဖြစ်ကြောင်းကို ဒီလ ၄ရက်နေ့မှာ ကြေညာပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ရွေးကောက်ပွဲကျင်းပမယ့်အပေါ် ရခိုင်အမျိုးသားပါတီရဲ့ အမြင်နဲ့ ရွေးကောက်ပွဲ လုပ်ငန်းအစီအစဉ်ကို ပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်၊ လက်ရှိ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဖေသန်းက အခုလို ပြောပါတယ်။

“ပြဿနာတော့ ၂ခုရှိတာပေါ့နော်။ တစ်ခုက COVID- 19 ပြဿနာရယ်။ တစ်ခုကတော့ ကျနော်တို့နယ်မြေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရွေးကောက်ပွဲဖြစ်၊ မဖြစ်ဆိုတဲ့ ပြဿနာပေါ့။ ပထမအချက်ကတော့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့အခြေအနေဆိုတော့ အစိုးရမှာ သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းမယ့် အစီအစဉ်တွေ ရှိပါလိမ့်မယ်။ ရခိုင်ပြည်နယ်ထဲမှာ ကျတော့ ဘယ်မြို့နယ်တွေမှာ ရွေးကောက်ပွဲ မလုပ်ဖူးလည်းဆိုတာကို ကျနော်တို့ သိချင်တာပေါ့ဗျာ။ အဲဒီဟာက မကြေညာသေးဘူး။ တကယ်လို့ တချို့မြို့နယ်တွေမှာ ရွေးကောက်ပွဲ မလုပ်ဖူးဆိုရင် ကျနော်တို့ ရွေးကောက်ပွဲ ဝင် ၊ မဝင်။ ဝင်မယ်ဆိုရင်လည်း ကျန်တဲ့မြို့နယ်တွေမှာ ဘယ်လို စည်းရုံးရေး လုပ်မယ် ဆိုတဲ့ အချက်တွေပေါ့၊ အဲဒီ အချက် ၂ချက်အပေါ်မှာ ကျနော်တို့ လုပ်ဆောင်ဖို့ အစီအစဉ်ရှိပါတယ်။”

ရခိုင်အမျိုးသားပါတီအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၂ကြိမ်မှာ ရခိုင်ပြည်နယ်မှာ မဲအများစုရရှိပေမဲ့ အစိုးရဖွဲ့ခွင့်မရခဲ့ကြောင်း၊ ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ မဲဆန္ဒနယ်အားလုံးမှာ အင်တိုက်အားတိုက်ယှဉ်ပြိုင်ခွင့် ရလိုကြောင်း အခုလို ဆက်ပြောပါတယ်။

“ အဲဒီ ၂ကြိမ်လုံး ရခိုင်အမျိုးသားပါတီအနေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ပေမဲ့ အစိုးရမဖွဲ့နိုင်တဲ့ ပါတီအဖြစ် အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ အင်နဲ့ အားနဲ့ ပြိုင်နိုင်တဲ့အခွင့်အရေးမျိုး ၊ ရခိုင်ပြည်နယ် ၁၇မြို့နယ်လုံးမှာ ANP က ပြိုင်နိုင်တဲ့ အခွင့်အရေးမျိုး ရစေချင်တယ်။ အဲဒါမျိုး တတိယအကြိမ်မှာ ဗမာခေါင်းဆောင်တွေက ဘယ်လောက်ထိ ဖက်ဒရယ်ကို လိုလားသလဲ၊ ဒီမိုကရေစီကို အသိအမှတ်ပြုသလဲ ဆိုတာကို ကျနော်တို့ တစ်ပွဲတစ်လမ်းလောက် စမ်းကြည့်ချင်သေးတယ်ဗျ။”

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တွဲဘက်အထွေထွေအတွင်းရေးမှုး ၁ ဖြစ်တဲ့ စိုင်းကျော်ညွှန့်ကလည်း သူတို့ပါတီအနေနဲ့ ရွေးကောက်ပွဲကို မဲဆန္ဒနယ်တွေအားလုံးမှာ ကျင်းပတာကို လိုလားကြောင်း ပြောပါတယ်။

“ ကျနော်တို့ သဘောထားကတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့ ဘယ်နေရာမှ မချန်ဘဲနဲ့ လုပ်ပေါ့။ ရှမ်းပြည်သာ မကပါဘူး၊ ရခိုင်မှာပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ ရွေးကောက်ပွဲလုပ်မယ်ဆို တစ်နိုင်ငံလုံးတပြေးညီပေါ့။ ဟိုနားဒီနား ချန်ခဲ့တာမဟုတ်ဘဲ အကုန်လုံးလုပ်ပေါ့ဗျာ။ အဲလိုမျိုးသဘောထားတော့ ရှိပါတယ်။ ဟိုနားချန်မယ်၊ ဒီနားချန်မယ် အကြောင်းကိစ္စတစ်ခုခုကြောင့် ဖြစ်စေ၊ လုံခြုံရေးအကြောင်းပြချက်ကြောင့် ဖြစ်စေ၊ တစ်ခုခု အကြောင်းပြလို့ဖြစ်စေ အဲလိုမျိုး ချန်ထားတာတော့ ကျနော် မလိုလားပါဘူး။”

မြန်မာနိုင်ငံဟာ ဒီမိုကရေစီရေး အသွင်ကူးပြောင်းနေတဲ့ နိုင်ငံဖြစ်တာကြောင့် ရွေးကောက်ပွဲက အရေးကြီးကြောင်း၊ ဒါပေမဲ့ ရွေးကောက်ပွဲနဲ့ယှဉ်ရင် ပြည်သူ့ ကျန်းမာရေးက ပိုအရေးကြီးကြောင်းလည်း စိုင်းကျော်ညွှန့်က ထောက်ပြပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲကျင်းပချိန်ဟာ COVID ကာလ ဆက်ဖြစ်နေရင် ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ၈ခုနဲ့ပူးပေါင်းပြီး စည်းကမ်းချက်တွေ ချမှတ် ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကာလမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေမရှိတာကြောင့် ကချင်၊ကရင်၊ ရှမ်း၊ မွန်၊ ပဲခူး စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက မြို့နယ်ပေါင်း ၃၀ကျော်က ကျေးရွာတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသလို၊ ၂၀၁၀ ရွေးကောက်ပွဲကာလကတော့ ကချင်ပြည်နယ်က မြို့နယ် ၂ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။

အခု ကာလမှာတော့ ရခိုင်၊ ရှမ်း၊ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲတွေရှိနေတာကြောင့် အဲဒီပဋိပက္ခတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ပ့ါမလားစိုးရိမ်မှုတွေရှိပါတယ်။

XS
SM
MD
LG