သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်နေကြောင်း UEC ပြော


Union Election Commission ရွေးကောက်ပွဲ ကော်မရှင် ရဲ့ လုပ်ငန်း ညိုနှိုင်း အစည်းအဝေး
Union Election Commission ရွေးကောက်ပွဲ ကော်မရှင် ရဲ့ လုပ်ငန်း ညိုနှိုင်း အစည်းအဝေး

(Zawgyi/Unicode)

ဒီနှစ်နှောင်းပိုင်းမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ စတင် ဆောင်ရွက်တော့မယ်လို့ မြန်မာနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ ဖွဲ့စည်းပုံပါ ပြဌာန်းချက်အရ တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းမှာ ကျင်းပရမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်း က ဇွန်လ ၂ ရက်နေ့က ကျင်းပတဲ့ ကော်မရှင်ရဲ့ လုပ်ငန်း ညိုနှိုင်း အစည်းအဝေးမှာ ပြောပါတယ်။

ရွေးကောက်ပွဲ လုပ်မယ့် ရက်အတိအကျကိုတော့ COVID-19 ရောဂါ ထိန်းချုပ်နိုင်မှု အခြေအနေပေါ် မူတည်ပြီး သတ်မှတ်သွားမယ်လို့ ပြောပါတယ်။

၂၀၁၅ တုန်းက ကျင်းပတဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲ ကျင်းပရက်ကို ၄ လ ကြိုတင် ကြေညာခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ရွေးကောက်ပွဲ မလုပ်ခင် ၃ လနီးပါး ကြိုတင်ကြေညာခဲ့တာပါ။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အပြတ်အသတ် အနိုင်ရခဲ့ ပြီး မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ အုပ်ချုပ်ရေး လုံးဝ အဆုံးသတ်နိုင်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး မျှော်လင့်ချက်တွေ ပေါ်ထွက်ခဲ့ပါတယ်။

ဒါပေမဲ့ NLD သက်တမ်းတစ်လျှောက် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေအောက်မှာ မျှော်လင့်ချက်တွေ တိမ်မြုပ်နေခဲ့သလို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလည်း အလှမ်းကွာဝေးနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.....


(Unicode)






XS
SM
MD
LG