စက်တင်ဘာလ ၀၂၊ ၂၀၁၅ - ဒီ ရွေးကောက်ပွဲ လွတ်လပ်မျှတမှုရှိ-မရှိ ဆိုတာကိုလဲ နိုင်ငံတကာအကဲခတ်တွေထက် မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေကသာ စောင့်ကြည့်သိရှိနိုင်ကြမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲအကြို အထူးအစီအစဉ်အဖြစ် ပါမောက္ခ David Steinberg ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်းထားပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေထားတဲ့ ရွေးကောက်ပွဲ မဲမသမာမှု တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်ဆိုတဲ့ စာအုပ်တွေကို တချို့ဘုန်းကြီးကျောင်းတွေ၊ စာသင်တိုက်တွေကို မြို့နယ်သံဃနာယက အဖွဲ့တွေကနေတဆင့် ရရှိတယ်လို့ သံဃာတော်တချို့က ပြောပါတယ်။
စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းအပြီး ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်က တည်ဆဲ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ဖို့နဲ့ ရွေးကောက်ပွဲမှာ PR အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့အာဏာသိမ်းမှုကို လူထုက ဘယ်လိုနည်းနဲ့တုံ့ပြန်နေကြပါလဲ။ ဒါတွေက ထိရောက်မှုရှိပါလား။ နိုင်ငံရေးလေ့လာသူတွေဖြစ်တဲ့ ဦးတင်မောင်သန်း၊ ၈၈ မျိုးဆက် ကိုမိုးမောင်မောင်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတေဇာဆန်း တို့နဲ့ ကိုမှူးသစ် မျက်မှောက်ရေးရာဆွေးနွေးခန်း အစီအစဉ်မှာ သုံးသပ်ထားပါတယ်။
ရွေးကောက်ပွဲရလဒ်ဆိုင်ရာ အငြင်းပွားမှုတွေကြောင့် ရွေးကောက်ပွဲအလွန် မတည်မငြိမ်ဖြစ်ပြီး အစိုးရသစ်ပြောင်းရေးကြန့်ကြာစေမှာကို စိုးရိမ်ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခဲ့တဲ့ ပြည်တွင်းကအဖွဲ့တွေရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ဒါမှမဟုတ် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေဖို့ ဘယ်လို ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို ဆန့်ကျင် ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းတွေရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲကျင်းပပြီးစီးပြီးနောက် တွေ့နေရတဲ့ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေ၊ ပြီးတော့ သူတို့သဘောထားကို ဘယ်လို သုံးသပ်ရပါလဲ၊ ရိုက်ခတ်မှုတွေ ဘယ်လိုရှိမလဲ၊ ဒါတွေနဲ့ပတ်သတ်ပြီး နိုင်ငံရေးလေ့လာသူတွေဖြစ်တဲ့ ဦးရဲထွဋ်၊ ဦးမောင်မောင်စိုးတို့နဲ့ ကိုမှူးသစ်က မျက်မှောက်ရေးရာဆွေးနွေးခန်း အစီအစဉ်မှာ သုံးသပ်ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲတွေ လုပ်ခြင်းအားဖြင့် ရခိုင်ဒေသ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းဖြစ်သလို ရခိုင်အနာဂတ်အိပ်မက်ကိုလည်း အကောင်အထည်ဖော်ရာ ရောက်တယ်လို့ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Sasakawa က ဗွီအိုအေနဲ့ သီးခြားမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာတော့ အစိုးရသစ် ဖွဲ့စည်းလာမယ့် အနေအထားနဲ့ ပတ်သတ်ပြီး ဆွေးနွေးတင်ပြသွားပါမယ်။ Channel FFE က အယ်ဒီတာ ကိုမှူးသစ်က နိုင်ငံရေးလေ့လာစောင့်ကြည့် သူတွေဖြစ်တဲ့ ဦးတင်မောင်သန်း၊ ဒေါက်တာ ရန်မျိုးသိမ်း တို့နဲ့ ဆွေးနွေးထားပါတယ်။
ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ကျန်တိုင်းရင်းသား ဒေသတွေမှာလည်း လုံခြုံရေးအခြေအနေတွေ စိတ်မချရသေးတာ အပါအဝင် လွတ်လပ်မျှတမှု ရရှိမယ့် အခြေအနေတွေ မရှိသေးတာကြောင့် ကျင်းပနိုင်မှာ မဟုတ်ကြောင်း မြန်မာအစိုးရ ပြောခွင့်ရ ဦးဇော်ဌေးက ပြောဆိုလိုက်တာပါ။
လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ရပ်စဲထားပေမဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကသာ အဓိက ဆုံးဖြတ်ရမှာ ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ရခိုင်ပြည်နယ်တွင်းက ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်ရေးအတွက် AA ရခိုင်လက်နက်ကိုင်အဖွဲ့ရော ရခိုင်ပါတီတွေကပါ တိုက်တွန်းနေပေမယ့် အခုအချိန်အထိတော့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေဘက်က တိတိကျကျ တုံ့ပြန်တာ မရှိသေးပါဘူး။
နောက်ထပ်ကြည့်ရှုရန်