သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မဲမသမာမႈ ေတြ႔ရွိခ်က္ဆိုတဲ့ စာအုပ္ေတြ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား လက္ခံရရွိ


၂၀၂၀ ေရြးေကာက္ပြဲ က်င္းပခဲ့စဥ္ ရန္ကုန္ၿမိဳ႕ မဲ႐ံုတခုမွာ ဆႏၵမဲမ်ား ေရတြက္ေနတဲ့ ေကာ္မရွင္အဖြဲ႔ဝင္မ်ား။ (ႏုိဝင္ဘာ ၈၊ ၂၀၂၀။)

(Zawgyi / Unicode)

ေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ေဝထားတဲ့ ေရြးေကာက္ပြဲ မဲမသမာမႈ တရားမဲ့ျပဳက်င့္မႈမ်ားအေပၚ စံုစမ္းစစ္ေဆးေတြ႔ရွိခ်က္ဆိုတဲ့ စာအုပ္ေတြကုိ တခ်ဳိ႕ဘုန္းႀကီးေက်ာင္းေတြ၊ စာသင္တိုက္ေတြကို ၿမိဳ႕နယ္သံဃနာယက အဖြဲ႔ေတြကေနတဆင့္ ရရွိတယ္လို႔ သံဃာေတာ္တခ်ဳိ႕က ေျပာပါတယ္။ ေရြးေကာက္ပြဲမွာ မတရားလုပ္တယ္လို႔ စစ္ေကာင္စီက စြပ္စြဲေနတဲ့ ကိစၥေတြကို သံဃာေတြကတဆင့္ ျပည္သူလူထုကုိ စည္း႐ံုးေစခ်င္တဲ့သေဘာလို႔ သံဃသမဂၢ ဆရာေတာ္တပါးက မိန္႔ပါတယ္။ ဒီသတင္းနဲ႔ပတ္သက္လို႔ ရန္ကုန္ကလာတဲ့သတင္းကို မသိဂႌထုိက္ တင္ျပေပးထားပါတယ္။

၂၀၂၀ ေရြးေကာက္ပြဲ မဲမသမာမႈ၊ တရားမဲ့ျပဳက်င့္မႈမ်ားအေပၚ စံုစမ္းေတြ႔ရွိခ်က္ဆိုၿပီး ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ ထုတ္ေဝထားတဲ့ စာအုပ္ေတြ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြထဲက ၿမိဳ႕နယ္ သံဃနာယက အဖြဲ႔ေတြကေနတဆင့္ ဘုန္းႀကီးေက်ာင္းတခ်ဳိ႕နဲ႔ စာသင္တိုက္တခ်ဳိ႕ ရရွိခဲ့ပါတယ္။ ေရြးေကာက္ပဲြ မဲမသမာမႈ ျဖစ္စဥ္အမွန္ကို ျပည္သူေတြ သိရွိေစဖုိ႔အတြက္ ဘုန္းႀကီးေက်ာင္းေတြကို ျဖန္႔ေဝရမယ္ဆိုၿပီး သာသနာေရး႐ံုးခဲြက ထုတ္ျပန္ခ်က္တေစာင္ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနခ်ိန္နဲ႔အတူ အခုလို ဘုန္းႀကီးေက်ာင္းတခ်ဳိ႕ ေရြးေကာက္ပြဲနဲ႔ဆိုင္တဲ့ စာအုပ္ေတြ ရရွိေနတာ ျဖစ္ပါတယ္။ သာသနာေရး႐ံုးခဲြထုတ္ျပန္စာ အစစ္အမွန္ ဟုတ္မဟုတ္ ဆုိတာေတာ့ ဗီအိုေအက စံုစမ္းေမးျမန္းေနဆဲ ျဖစ္ပါတယ္။

ပ်ံ႕ႏွံ႔ေနတဲ့ ထုတ္ျပန္ခ်က္ထဲမွာ ဒီစာအုပ္ေတြကို သံဃာအပါး အေရအတြက္မ်ားတဲ့ ေက်ာင္းေတြကို ဦးစားေပး ျဖန္႔ေဝဆက္ကပ္ဖို႔ဆိုၿပီး ေဖာ္ျပထားပါတယ္။ ခုလို ေရြးေကာက္ပြဲ မဲမသမာမႈေတြ မွတ္တမ္းလုပ္ထားတယ္ဆိုတဲ့ စာအုပ္ေတြကို ဘုန္းႀကီးေက်ာင္းေတြမွာ ျဖန္႔ေဝေနတာဟာ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ခ်ိဳးေဖာက္တာျဖစ္သလို ဆရာေတာ္ေတြနဲ႔ အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ျပည္သူေတြကို ရန္တိုက္ေပးသလို ျဖစ္တယ္လို႔ မႏၱေလး သံဃသမဂၢက ဆရာေတာ္ အရွင္ရာဇဓမၼက အခုလိုမိန္႔ပါတယ္။

“မဲစာရင္းေတြမွားလို႔ သူတို႔ အာဏာသိမ္းရပါတယ္ ဆုိတာကို စစ္ေကာင္စီဘက္ကေနၿပီးေတာ့မွ သံဃာေတာ္ေတြကို အသံုးခ်ၿပီးေတာ့မွ ျပည္သူလူထုကို စည္႐ုံးခိုင္းတဲ့ သေဘာမ်ိဳးဗ်။ အေျခခံဥပေဒ အခန္း ၈၊ ပုဒ္မ ၃၆၄ မွာ ႏိုင္ငံေရးကိစၥအလို႔ငွာ ဘာသာ သာသနာကို အလြဲသံုးစားမျပဳရဆုိတာ ျပ႒ာန္းထားတာ ရွိတယ္။ ဒါႀကီးက သူတို႔ေျပာေျပာေနတဲ့ အေျခခံဥပေဒကို ခ်ိဳးဖ်က္ၿပီး ဥပေဒေဘာင္ကို ေက်ာ္ၿပီးေတာ့မွ မဲကိစၥေတြကို ဘုန္းႀကီးေတြနဲ႔ လာၿပီး ပတ္သက္ေနတာေပါ့ေနာ္။ ဒါက ေျပာလို႔ရွိရင္ ဘယ္လိုမွ ပတ္သက္စရာအေၾကာင္း မရွိဘူး။ မဲစာရင္းကိစၥတို႔ ေရြးေကာက္ပြဲကိစၥတို႔ဆိုတာ ဘုန္းႀကီးေတြနဲ႔ မဆုိင္ဘူးဗ်။ ဒါ ပါတီႏိုင္ငံေရးကိစၥ ျဖစ္သြားၿပီ။ ဆရာေတာ္ႀကီးေတြက နားခ်မယ္၊ ေျပာမယ္၊ ေဟာမယ္ဆိုရင္ ျပည္သူက လက္ခံခ်င္ လက္ခံလာလိမ့္မယ္လို႔ သူတို႔ ယူဆရင္လည္း ယူဆမွာေပါ့။ ဒါ စစ္ေကာင္စီအတြက္က ဘုန္းႀကီးေတြနဲ႔ ျပည္သူကို ရန္တိုက္ေပးတာပဲ။”

တခ်ိဳ႕ေနရာေတြမွာ မဲစာရင္းမွားယြင္းတဲ့ အေၾကာင္းကို ဆရာေတာ္ သံဃာေတာ္ေတြ အေနနဲ႔ အလ်င္းသင့္သလို ေဟာေျပာေပးဖို႔ ေျပာဆိုတာေတြ ရွိတယ္လို႔လည္း ဆရာေတာ္က မိန္႔ပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ေဝတဲ့ ၂၀၂၀ ေရြးေကာက္ပြဲ မဲမသမာမႈဆိုင္ရာ စံုစမ္းေတြ႔ရွိခ်က္ စာအုပ္ေတြကို မႏၱေလးတိုင္းထဲက ဘုန္းႀကီးေက်ာင္းတခ်ိဳ႕နဲ႔ ဧရာဝတီတိုင္းဘက္က ဘုန္းႀကီးေက်ာင္းတခ်ဳိ႕ ၿမိဳ႕နယ္သံဃနာယက အဖြဲ႔ေတြကေနတဆင့္ လက္ခံရထားတယ္လို႔ စံုစမ္းသိရပါတယ္။ ခုလို စာအုပ္ေတြကို ျဖန္႔ေဝေနေပမယ့္ သံဃာေတြအေနနဲ႔ တရားေတာ္ အဆံုးအမေတြကလဲြလို႔ တျခား သာသနာေရးနဲ႔ မဆိုင္တဲ့ ကိစၥေတြကို ဒကာ၊ ဒကာမေတြကို ေဟာေျပာစရာအေၾကာင္း မရွိဘူးလို႔ မိုးကုတ္ ေရပူဆရာေတာ္က မွတ္ခ်က္ျပဳ မိန္႔ပါတယ္။

“ဘာသာေရး အဆံုးအမနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ ဆရာေတာ္ သံဃာေတာ္ေတြဟာ ဓမၼနဲ႔ အဓမၼကို ခြဲျခားၿပီးေတာ့ အဓမၼကို မေဟာၾကားဖို႔၊ အဓမၼကို မေျပာဖို႔၊ အဓမၼကို ဒကာ ဒကာမေတြ ႏွလံုးသားေတြထဲ မ႐ုိက္သြင္းဖို႔ အဲ့ဒါကေတာ့ အေရးႀကီးတယ္။”

မဲမသမာမႈေတြေၾကာင့္ ႏုိင္ငံေတာ္အာဏာကုို ထိန္းသိမ္းထားတာျဖစ္တယ္လို႔ စစ္ေကာင္စီ အႀကီးအကဲေတြက အၿမဲေျပာဆိုေနသလို ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္ အပါအဝင္ NLD အစိုးရ ေခါင္းေဆာင္ေတြကိုလည္း ေရြးေကာက္ပြဲဆိုင္ရာ ဥပေဒေတြနဲ႔ အေရးယူထားတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ ခုခ်ိန္ထိေတာ့ ဘယ္လိုပုဒ္မေတြတပ္ၿပီး တရားစဲြထားသလဲဆုိတာ အတိအက် မသိရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

မဲမသမာမှု တွေ့ရှိချက်ဆိုတဲ့ စာအုပ်တွေ ဘုန်းတော်ကြီးကျောင်းများ လက်ခံရရှိ

ရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေထားတဲ့ ရွေးကောက်ပွဲ မဲမသမာမှု တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်ဆိုတဲ့ စာအုပ်တွေကို တချို့ဘုန်းကြီးကျောင်းတွေ၊ စာသင်တိုက်တွေကို မြို့နယ်သံဃနာယက အဖွဲ့တွေကနေတဆင့် ရရှိတယ်လို့ သံဃာတော်တချို့က ပြောပါတယ်။ ရွေးကောက်ပွဲမှာ မတရားလုပ်တယ်လို့ စစ်ကောင်စီက စွပ်စွဲနေတဲ့ ကိစ္စတွေကို သံဃာတွေကတဆင့် ပြည်သူလူထုကို စည်းရုံးစေချင်တဲ့သဘောလို့ သံဃသမဂ္ဂ ဆရာတော်တပါးက မိန့်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းတွေ့ရှိချက်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထုတ်ဝေထားတဲ့ စာအုပ်တွေ ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲက မြို့နယ် သံဃနာယက အဖွဲ့တွေကနေတဆင့် ဘုန်းကြီးကျောင်းတချို့နဲ့ စာသင်တိုက်တချို့ ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်စဉ်အမှန်ကို ပြည်သူတွေ သိရှိစေဖို့အတွက် ဘုန်းကြီးကျောင်းတွေကို ဖြန့်ဝေရမယ်ဆိုပြီး သာသနာရေးရုံးခွဲက ထုတ်ပြန်ချက်တစောင် အွန်လိုင်းမှာ ပျံ့နှံ့နေချိန်နဲ့အတူ အခုလို ဘုန်းကြီးကျောင်းတချို့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ စာအုပ်တွေ ရရှိနေတာ ဖြစ်ပါတယ်။ သာသနာရေးရုံးခွဲထုတ်ပြန်စာ အစစ်အမှန် ဟုတ်မဟုတ် ဆိုတာတော့ ဗီအိုအေက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

ပျံ့နှံ့နေတဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီစာအုပ်တွေကို သံဃာအပါး အရေအတွက်များတဲ့ ကျောင်းတွေကို ဦးစားပေး ဖြန့်ဝေဆက်ကပ်ဖို့ဆိုပြီး ဖော်ပြထားပါတယ်။ ခုလို ရွေးကောက်ပွဲ မဲမသမာမှုတွေ မှတ်တမ်းလုပ်ထားတယ်ဆိုတဲ့ စာအုပ်တွေကို ဘုန်းကြီးကျောင်းတွေမှာ ဖြန့်ဝေနေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်သလို ဆရာတော်တွေနဲ့ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ရန်တိုက်ပေးသလို ဖြစ်တယ်လို့ မန္တလေး သံဃသမဂ္ဂက ဆရာတော် အရှင်ရာဇဓမ္မက အခုလိုမိန့်ပါတယ်။

“မဲစာရင်းတွေမှားလို့ သူတို့ အာဏာသိမ်းရပါတယ် ဆိုတာကို စစ်ကောင်စီဘက်ကနေပြီးတော့မှ သံဃာတော်တွေကို အသုံးချပြီးတော့မှ ပြည်သူလူထုကို စည်ရုံးခိုင်းတဲ့ သဘောမျိုးဗျ။ အခြေခံဥပဒေ အခန်း ၈၊ ပုဒ်မ ၃၆၄ မှာ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားမပြုရဆိုတာ ပြဋ္ဌာန်းထားတာ ရှိတယ်။ ဒါကြီးက သူတို့ပြောပြောနေတဲ့ အခြေခံဥပဒေကို ချိုးဖျက်ပြီး ဥပဒေဘောင်ကို ကျော်ပြီးတော့မှ မဲကိစ္စတွေကို ဘုန်းကြီးတွေနဲ့ လာပြီး ပတ်သက်နေတာပေါ့နော်။ ဒါက ပြောလို့ရှိရင် ဘယ်လိုမှ ပတ်သက်စရာအကြောင်း မရှိဘူး။ မဲစာရင်းကိစ္စတို့ ရွေးကောက်ပွဲကိစ္စတို့ဆိုတာ ဘုန်းကြီးတွေနဲ့ မဆိုင်ဘူးဗျ။ ဒါ ပါတီနိုင်ငံရေးကိစ္စ ဖြစ်သွားပြီ။ ဆရာတော်ကြီးတွေက နားချမယ်၊ ပြောမယ်၊ ဟောမယ်ဆိုရင် ပြည်သူက လက်ခံချင် လက်ခံလာလိမ့်မယ်လို့ သူတို့ ယူဆရင်လည်း ယူဆမှာပေါ့။ ဒါ စစ်ကောင်စီအတွက်က ဘုန်းကြီးတွေနဲ့ ပြည်သူကို ရန်တိုက်ပေးတာပဲ။”

တချို့နေရာတွေမှာ မဲစာရင်းမှားယွင်းတဲ့ အကြောင်းကို ဆရာတော် သံဃာတော်တွေ အနေနဲ့ အလျင်းသင့်သလို ဟောပြောပေးဖို့ ပြောဆိုတာတွေ ရှိတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေတဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုဆိုင်ရာ စုံစမ်းတွေ့ရှိချက် စာအုပ်တွေကို မန္တလေးတိုင်းထဲက ဘုန်းကြီးကျောင်းတချို့နဲ့ ဧရာဝတီတိုင်းဘက်က ဘုန်းကြီးကျောင်းတချို့ မြို့နယ်သံဃနာယက အဖွဲ့တွေကနေတဆင့် လက်ခံရထားတယ်လို့ စုံစမ်းသိရပါတယ်။ ခုလို စာအုပ်တွေကို ဖြန့်ဝေနေပေမယ့် သံဃာတွေအနေနဲ့ တရားတော် အဆုံးအမတွေကလွဲလို့ တခြား သာသနာရေးနဲ့ မဆိုင်တဲ့ ကိစ္စတွေကို ဒကာ၊ ဒကာမတွေကို ဟောပြောစရာအကြောင်း မရှိဘူးလို့ မိုးကုတ် ရေပူဆရာတော်က မှတ်ချက်ပြု မိန့်ပါတယ်။

“ဘာသာရေး အဆုံးအမနဲ့ ပြောရမယ်ဆိုရင်တော့ ဆရာတော် သံဃာတော်တွေဟာ ဓမ္မနဲ့ အဓမ္မကို ခွဲခြားပြီးတော့ အဓမ္မကို မဟောကြားဖို့၊ အဓမ္မကို မပြောဖို့၊ အဓမ္မကို ဒကာ ဒကာမတွေ နှလုံးသားတွေထဲ မရိုက်သွင်းဖို့ အဲ့ဒါကတော့ အရေးကြီးတယ်။”

မဲမသမာမှုတွေကြောင့် နိုင်ငံတော်အာဏာကို ထိန်းသိမ်းထားတာဖြစ်တယ်လို့ စစ်ကောင်စီ အကြီးအကဲတွေက အမြဲပြောဆိုနေသလို ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် NLD အစိုးရ ခေါင်းဆောင်တွေကိုလည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ခုချိန်ထိတော့ ဘယ်လိုပုဒ်မတွေတပ်ပြီး တရားစွဲထားသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

XS
SM
MD
LG