သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ထိပ္တန္းေခါင္းေဆာင္ေတြကို မဲမသမာမႈေတြနဲ႔ တရားစြဲဆို


ရန္ကုန္ၿမိဳ႕ မဲ႐ံုတခုတြင္ ဆႏၵမဲမ်ားေရတြက္ေနသည့္ ေကာ္မရွင္အဖြဲ႔ဝင္မ်ား။ ႏိုဝင္ဘာ ၈၊ ၂၀၂၀။

{{Zawgyi/Unicode}}

မဲမသမာမႈနဲ႔မတရားမႈ က်ဴးလြန္တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီက အျခား ေခါင္းေဆာင္ေတြကို စစ္ေကာင္စီက ႏိုဝင္ဘာ ၁၅ ရက္ေန႔ မွာ တရားစြဲဆိုလိုက္ပါတယ္။

တရားစြဲဆိုသူစာရင္းမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အတူ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဒုတိယဥကၠ႒ေတြ ျဖစ္ၾကတဲ့ ေ႐ြးေကာက္ခံအစိုးရ သမၼတဦးဝင္းျမင့္၊ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္နဲ႔ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မီတီဝင္ ေနျပည္ေတာ္ ေကာင္စီဥကၠဌ ‌‌‌ေဒါက္တာမ်ိဳးေအာင္တို႔ပါဝင္သလို ျပည္ေထာင္စုအစိုးရအဖြဲ႔႐ုံး ဝန္ႀကီးဌာနဝန္ႀကီး ဦးမင္းသူ၊ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးလွသိန္း၊ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႔ဝင္ေတြ ျဖစ္ၾကတဲ့ ဦးျမင့္ႏိုင္နဲ႔ ဦးသန္းေဌးတို႔လည္း ပါဝင္ၾကၿပီး စုစုေပါင္း ၁၆ ဦး ျဖစ္တယ္လို႔ စစ္ေကာင္စီခန႔္ ေ႐ြးေကာက္ပြဲေကာ္မရွင္က သတင္းထုတ္ျပန္လိုက္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္တို႔ဟာ ေကာ္မရွင္ခြဲေတြ ဖြဲ႔စည္းရာမွာ တည္ဆဲ ဥပေဒပါ ျပဌာန္းခ်က္ေတြကို ဆန႔္က်င္တယ္၊ တာဝန္ထမ္းေဆာင္ေနသူေတြကို ဟန႔္တား ၿခိမ္းေျခာက္တယ္၊ အုပ္ခ်ဳပ္ေရးမႉးေတြကို ဖိအားေပးတယ္၊ မဲစာရင္းကို မသမာလုပ္တယ္၊ NLD အႏိုင္ရဖို႔ ၾသဇာသုံး စြက္ဖက္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို ထုတ္ျပန္ခ်က္ မွာ ေဖာ္ျပထားပါတယ္။

===========

{{Unicode}}

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ထိပ်တန်းခေါင်းဆောင်တွေကို မဲမသမာမှုတွေနဲ့ တရားစွဲဆို

မဲမသမာမှုနဲ့မတရားမှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အခြား ခေါင်းဆောင်တွေကို စစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက်နေ့ မှာ တရားစွဲဆိုလိုက်ပါတယ်။

တရားစွဲဆိုသူစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌတွေ ဖြစ်ကြတဲ့ ရွေးကောက်ခံအစိုးရ သမ္မတဦးဝင်းမြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် နေပြည်တော် ကောင်စီဥက္ကဌ ‌‌‌ဒေါက်တာမျိုးအောင်တို့ပါဝင်သလို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးတို့လည်း ပါဝင်ကြပြီး စုစုပေါင်း ၁၆ ဦး ဖြစ်တယ်လို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ကော်မရှင်ခွဲတွေ ဖွဲ့စည်းရာမှာ တည်ဆဲ ဥပဒေပါ ပြဌာန်းချက်တွေကို ဆန့်ကျင်တယ်၊ တာဝန်ထမ်းဆောင်နေသူတွေကို ဟန့်တား ခြိမ်းခြောက်တယ်၊ အုပ်ချုပ်ရေးမှူးတွေကို ဖိအားပေးတယ်၊ မဲစာရင်းကို မသမာလုပ်တယ်၊ NLD အနိုင်ရဖို့ သြဇာသုံး စွက်ဖက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG