သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေ႐ြးေကာက္ပြဲရလဒ္ ဖ်က္သိမ္းမႈအေပၚ ကြဲလြဲတဲ့ အျမင္ ၂ ရပ္


(Zawgyi/ Unicode)

အခုအပတ္အိမ္ေစာင့္အစိုးရ မေၾကညာခင္ အရင္တပတ္ကျဖစ္ခဲ့တဲ့၊ ေ႐ြးေကာက္ပြဲ ရလဒ္ဖ်က္သိမ္းခဲ့တာအေပၚ ျပည္ေထာင္စုႀကံခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရး ပါတီက အမွားအမွန္မေျပာလိုေပမဲ့၊ အရင္ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကသာ မဲျပႆနာေျဖရွင္းေပးခဲ့ရင္၊ အခုအက်ပ္အတည္းႀကဳံရမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ဒီအေပၚ၊ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အျပတ္အသက္အႏိုင္ရခဲ့တဲ့ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ဗဟိုအလုပ္အမူေဆာင္ေကာ္မတီအဖြဲ႕ဝင္ တစ္ဦးကေတာ့၊ ေရွ.ေနာက္လြဲေနတယ္လို႔ ျပန္တုံ႔ျပန္လိုက္ပါတယ္။

လက္ရွိေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ၿပီးခဲ့တဲ့ တနလၤာဆုံးျဖတ္ခ်က္ေၾကာင့္၊ ဒီေန႔အၾကပ္တည္းပိုႀကီးလာမွာကိုေတာ့၊ ပါတီ ၂ ဘက္လုံးက သူ႔နည္းသူ႔ဟန္နဲ႔ စိုးရိမ္ေနၾကပါတယ္။ NLD ဗဟိုအလုပ္အမူေဆာင္ ဦးေအာင္ၾကည္ၫႊန႔္နဲ႔၊ ျပည္ခိုင္ၿဖိဳးေျပာခြင့္ရ ေဒါက္တာနႏၵာလွျမင့္တို႔ကို ကိုဝင္းမင္းက ေမးထားပါတယ္။

လက္ရွိ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ဆုံးျဖတ္ခဲ့တာ အေပၚ ေဒါက္တာ နႏၵာလွျမင့္က

“ တပ္မေတာ္က ဖြဲ႕စည္းလိုက္တဲ့ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေန ၿပီးေတာမွ ဒါ မဲစာရင္းေတြ စိစစ္ၿပီးေတာ့ ရလဒ္ကို ဖ်က္သိမ္းတယ္ေပါ့ေနာ္။ ဒီအေပၚမွာ မွားျခင္း၊ မွန္ျခင္း၊ ေထာက္ခံျခင္း၊ မေထာက္ခံျခင္းကိုေတာ့ က်ေနာ္တို႔ ပါတီ အေနနဲ႔ ေျပာစရာ မရွိပါဘူး ခင္ဗ်။ ေဝဖန္စရာ မရွိဘူး။ ဘာျဖစ္လို႔လဲ ဆိုတဲ့ အခါက်ေတာ့ ဒါ ဥပေဒ အရ ေကာ္မရွင္ရဲ႕ လုပ္ပိုင္ခြင့္ ျဖစ္တဲ့ အတြက္ ေကာင္းျခင္း၊ ဆိုးျခင္းကေတာ့ေလ ျဖစ္ေပၚလာတဲ့ အေျခအေန အေပၚမွာ အားလုံး တာဝန္ယူမႈ တာဝန္ခံမႈနဲ႔ ေဆာင္႐ြက္သြားရမယ့္ ကိစၥေတြလို႔ဘဲ ျမင္ပါတယ္။ သို႔ေသာ္လည္း အဓိက က ဒီမဲစာရင္း မမွန္မကန္မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့မွ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က အဲဒီတုန္းက ဦးလွသိန္း ေကာ္မရွင္က တာဝန္ယူ ေျဖရွင္းႏိုင္ရင္ ၿပီးသြားႏိုင္တဲ့ ကိစၥေပါ့။ ဒီလိုမ်ိဳး ဆိုးက်ိဳးေတြလည္း မျဖစ္ေပၚလာႏိုင္ဘူးေပါ့ေလ။ မေျဖရွင္းခဲ့ဘဲ ေခါင္းမာခဲ့တဲ့ အတြက္ ဒီေန႔ အခင္းအက်င္းမ်ိဳးကို က်ေနာ္တို႔ ျပည္သူေတြ တႏိုင္ငံလုံး ခါးစည္းခံလာၾကရတာ။ ”

ဒီအေပၚ NLD ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ဝင္ ဦးေအာင္ၾကည္ၫြန႔္က

“ ဒီလို အရင္ ေကာ္မရွင္ အေဟာင္းကသာ စီစဥ္ ေဆာင္႐ြက္ ေပးမယ္ဆိုရင္ အာဏာသိမ္းစရာ မလိုဘူးလို႔ ေျပာလို႔ ရဖို႔ရာ အတြက္က အရင္ ေကာ္မရွင္ အေဟာင္းက ဒီအမႈေတြကို ၾကားနာ စစ္ေဆးတဲ့ အခ်ိန္ကိုေတာင္မွ သူက မရလိုက္ဘဲနဲ႔ ဘာမွေတာင္ မကိုင္ရေသးတဲ့ အခ်ိန္မွာ အာဏာသိမ္းလိုက္တာ ျဖစ္ေနတဲ့ အခါက်ေတာ့ေလ ယူဆပုံကေလ ေရွ႕ေနာက္ေတာ့ နည္းနည္းလြဲေနတယ္။ ”

အဲဒီေတာ့ အရင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကသာ ေျဖရွင္းေပးခဲ့ရင္ ဘယ္လို အေျဖမ်ိဳး ထြက္လာႏိုင္ၿပီး အခုလို အျဖစ္မ်ိဳး မႀကဳံႏိုင္ပါလဲလို႔ ေမးရာမွာ ေဒါက္တာ နႏၵာလွျမင့္က

“ က်ေနာ့္ အျမင္ ေျပာရရင္ေပါ့ေနာ္ ေကာ္မရွင္ကသာ တာဝန္ယူမႈ တာဝန္ခံမႈ ရွိရွိနဲ႔ ေျဖရွင္းခဲ့မယ္ဆိုရင္ ရလဒ္ကေတာ့ ေျပာင္းစရာ မရွိဘူးလို႔ က်ေနာ္တို႔လည္း ျမင္ပါတယ္။ ဒါေပမယ့္

အင္အားစုေတြေတာ့ လႊတ္ေတာ္ထဲမွာ ပိုၿပီး ပါဝင္လာမွာေပါ့။ က်ေနာ္တို႔ ပါတီ အပါအဝင္ တျခားပါတီေတြလည္း အႏိုင္ရတဲ့ ေနရာေတြ ေပၚထြက္လာၿပီးေတာ့မွ ၿပီးေတာ့ ေသခ်ာတာကေတာ့ ဒီကေန႔လိုမ်ိဳး အခင္းအက်င္းမ်ိဳး ေသခ်ာေပါက္ ေရွာင္လႊဲႏိုင္လိမ့္မယ္။ တပ္မေတာ္က အာဏာထိန္းတဲ့ ကိစၥ ျဖစ္စရာ အေၾကာင္းကို မရွိဘူး။ ျဖစ္လို႔လည္း မရဘူး။ ဥပေဒနဲ႔လည္း ညီၫြတ္မွာ မဟုတ္ဘူး။ ”

ဒီအေပၚ ဦးေအာင္ၾကည္ၫြန႔္ကေတာ့ အခုလို အေျဖကို မေစာင့္ဘဲ အာဏာ အရင္သိမ္းလိုက္တာေၾကာင့္ပါလို႔ ဆိုပါတယ္။

“ ေ႐ြးေကာက္ပြဲ ဆိုင္ရာ ျပသနာေတြနဲ႔ ပတ္သက္ၿပီးတဲ့ အခါက်ေတာ့ က်ေနာ္တို႔ NLD ကေန တင္တာေတြ ရွိသလို ျပည္ခိုင္ၿဖိဳး ပါတီကေနလည္းဘဲ သူတို႔ အမႈေတြ စြဲၿပီး တင္တယ္။ ဒါ တကယ္ ဥပေဒေၾကာင္း အတိုင္းဆိုရင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အေနအထားနဲ႔က ၾကားနာ စိစစ္တဲ့ အေပၚမွာ မူတည္ၿပီးေတာ့ မွန္ကန္တယ္ ဆိုလို႔ရွိရင္ ဆိုပါေတာ့ သူတို႔ ဒုတိယ မဲ အမ်ားဆုံး ရခဲ့တယ္ဆိုရင္ သူသာလ်င္ လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္ေၾကာင္း ေတာင္းဆိုခြင့္လည္း ရွိတယ္ေလ။ အဲဒီလို မွန္ကန္တဲ့ အေျဖေတြကို ေပၚေပါက္လာႏိုင္မယ့္ အေနအထားမ်ိဳးက အဲဒီ အခ်ိန္ တခုေတာ့ ေစာင့္ရမယ္။ အဲဒီ အခ်ိန္ မတိုင္ခင္မွာ သူက အာဏာသိမ္း လိုက္တာ။”

အဲဒီေတာ့ အခု ေကာ္မရွင္ ဆုံးျဖတ္ခ်က္ က်လာခ်ိန္မွာ လက္ရွိ အက်ပ္အတည္းေပၚ ဘယ္လို သက္ေရာက္ႏိုင္ပါသလဲလို႔ ေမးရာမွာ ေဒါက္တာ နႏၵာလွျမင့္က

“ ဒီကာလက တိုင္းျပည္ရဲ႕ ႏိုင္ငံေရး အေျခအေန၊ ေနာက္ ကပ္ေဘးေရာဂါေၾကာင့္ က်န္းမာေရး အေျခအေနနဲ႔ ဒီဟာရဲ႕ ေနာက္ဆက္တြဲ စီးပြားေရး က်ပ္တည္းမႈ အေျခအေနေတြကို တိုင္းျပည္မွာ ကံဆိုးစြာ တၿပိဳင္နက္တည္း ခံစားေနၾကတာေပါ့ေလ။ ဒီအေပၚမွာလည္း ႏိုင္ငံသူ ႏိုင္ငံသား အားလုံးက ေတာ္ေတာ္ကို စိတ္ဆင္းရဲ ၾကပါတယ္။ ဆိုေတာ့ အနာဂတ္မွာ က်ေနာ္တို႔ တိုင္းျပည္ ျပည္သူ လူထုေတြ အားလုံး ေပ်ာ္ေပ်ာ္႐ႊင္႐ြင္ စိတ္ခ်မ္းခ်မ္းသာသာ၊ က်န္းက်န္းမာမာနဲ႔ မိမိရဲ႕ စားဝတ္ေနေရး ေျပလည္ေပ်ာ္႐ႊင္ၿပီးေတာ့မွ တိုင္းျပည္လည္း တည္တည္ၿငိမ္ၿငိမ္ ေအးခ်မ္း လုံလုံၿခဳံၿခဳံ ျဖစ္သြားဖို႔ အတြက္ကေတာ့ တဦးေကာင္း တေယာက္ေကာင္း ဆိုတာထက္ အစိုးရေရာ ျပည္သူေရာ ဒါ က်ေနာ္တို႔ အဖြဲ႕အစည္း အားလုံးေရာ တက္ညီ လက္ညီ စည္းစည္းလုံးလုံး ညီညီၫြတ္ၫြတ္နဲ႔ အမုန္းတရားေတြ ေဘးခြာၿပီးေတာ့မွ ဝိုင္းဝန္း ကူညီၿပီးေတာ့မွ အားလုံးက တိုင္းျပည္နဲ႔ လူမ်ိဳးရဲ႕ မ်က္ႏွာကိုဘဲ ၾကည့္ၿပီးေတာ့ ပူးေပါင္းေဆာင္႐ြက္သြားဖို႔ အခ်ိန္ အေရးႀကီးေနၿပီလို႔ က်ေနာ္တို႔ ျမင္ပါတယ္ ခင္ဗ်။”

ဒါေပမယ့္ ဦးေအာင္ၾကည္ၫြန႔္ကေတာ့ အက်ိဳးဆက္ မေကာင္းႏိုင္ဘူးလို႔ ဆိုပါတယ္။

“ ဒါေၾကာင့္မို႔ တိုင္းျပည္ အတြက္ ဘယ္လိုမွ ေကာင္းရာ လမ္းေၾကာင္း မရွိဘူး။ ဒီမိုကေရစီ လမ္းေၾကာင္းကေန လုံး၀ ေသြဖည္ သြားၿပီးတဲ့ အခါက်ေတာ့ ျပည္သူ လူထုကို စစ္အာဏာရွင္ စနစ္နဲ႔ စစ္အုပ္ခ်ဳပ္ေရး စနစ္ကို ဆက္သြားမယ္ဆိုတဲ့ ပုံစံမ်ိဳး အတိအလင္း ျပဌာန္းလိုက္တာ ျဖစ္တဲ့ အတြက္ေၾကာင့္ ျပည္သူကလည္းဘဲ ဘယ္လိုနည္းနဲ႔မွ လက္ခံႏိုင္မွာ မဟုတ္ဘူး။ အဲလိုဆို တိုင္းျပည္က ဘယ္လိုမွ မတည္ၿငိမ္ႏိုင္ဘူး။ ဘယ္လိုမွ မဖြံ႕ၿဖိဳးႏိုင္ဘူး။ ဘယ္လိုမွ မဖြံ႕ၿဖိဳးႏိုင္ရင္ ျပည္သူနဲ႔ အစိုးရနဲ႔ သဟဇာတ မျဖစ္ရင္ အခု က်ေနာ္တို႔ Covid-19 မွာကို လက္ေတြ႕ စိန္ေခၚေနရၿပီ။ တတိယ လႈိင္းကို လုံး၀ မကာကြယ္ေပးႏိုင္ဘူး။ ဘာျဖစ္လို႔ မကာကြယ္ေပးႏိုင္လဲ ဆိုေတာ့ ၿပီးခဲ့တဲ့ ျပည္သူ႔ အစိုးရ လက္ထက္တုန္းက ဆိုရင္ အစိုးရနဲ႔ ျပည္သူ ယုံၾကည္မႈ ရွိတဲ့ အခါက်ေတာ့ အားလုံး ဝိုင္းၿပီးေတာ့ ပူးေပါင္းပါဝင္တယ္။ အခု လက္ရွိ အေျခအေနမ်ိဳးမွာ အဲလို ပူးေပါင္း ပါဝင္ေပးတဲ့ လူေတြကို သည္ပင္လ်င္ ဖမ္းတယ္၊ ခ်ဳပ္တယ္။ ေဆးေရာင္းတာေလးကစ လိုက္ၿပီးေတာ့ ပိတ္သိမ္းတယ္။ ေအာက္ဆီဂ်င္လို ယူတာမ်ိဳးကစ ကန႔္သတ္တယ္ ဆိုတဲ့ အေနအထားမ်ိဳးမွာ ျပည္သူ လူထုက အင္မတန္မွ ဘဝနဲ႔ ရင္းၿပီး အသက္နဲ႔ ရင္းၿပီးေတာ့ စြန႔္စားေနရတဲ့ အေနအထားမ်ိဳးရဲ႕ နာက်ည္းခ်က္ဟာ အင္မတန္မွ ဆိုးတယ္။ တိုင္းျပည္ အတြက္ ဘယ္နည္းနဲ႔မွ မေကာင္းဘူးလို႔ ေျပာရမွာေပါ့ဗ်ာ။ တိုင္းျပည္အတြက္ အင္မတန္ ဝမ္းနည္းစရာ ေကာင္းတာ။ ”

(Unicode)

ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းမှုအပေါ် ကွဲလွဲတဲ့ အမြင် ၂ ရပ်

အခုအပတ်အိမ်စောင့်အစိုးရ မကြေညာခင် အရင်တပတ်ကဖြစ်ခဲ့တဲ့၊ ရွေးကောက်ပွဲ ရလဒ်ဖျက်သိမ်းခဲ့တာအပေါ် ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အမှားအမှန်မပြောလိုပေမဲ့၊ အရင်ရွေးကောက်ပွဲ ကော်မရှင်ကသာ မဲပြဿနာဖြေရှင်းပေးခဲ့ရင်၊ အခုအကျပ်အတည်းကြုံရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီအပေါ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ အပြတ်အသက်အနိုင်ရခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ်အမူဆောင်ကော်မတီအဖွဲ့ဝင် တစ်ဦးကတော့၊ ရှေ.နောက်လွဲနေတယ်လို့ ပြန်တုံ့ပြန်လိုက်ပါတယ်။

လက်ရှိရွေးကောက်ပွဲကော်မရှင်ရဲ့ ပြီးခဲ့တဲ့ တနင်္လာဆုံးဖြတ်ချက်ကြောင့်၊ ဒီနေ့အကြပ်တည်းပိုကြီးလာမှာကိုတော့၊ ပါတီ ၂ ဘက်လုံးက သူ့နည်းသူ့ဟန်နဲ့ စိုးရိမ်နေကြပါတယ်။ NLD ဗဟိုအလုပ်အမူဆောင် ဦးအောင်ကြည်ညွှန့်နဲ့၊ ပြည်ခိုင်ဖြိုးပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်တို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ခဲ့တာ အပေါ် ဒေါက်တာ နန္ဒာလှမြင့်က

“ တပ်မတော်က ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ကနေ ပြီးတောမှ ဒါ မဲစာရင်းတွေ စိစစ်ပြီးတော့ ရလဒ်ကို ဖျက်သိမ်းတယ်ပေါ့နော်။ ဒီအပေါ်မှာ မှားခြင်း၊ မှန်ခြင်း၊ ထောက်ခံခြင်း၊ မထောက်ခံခြင်းကိုတော့ ကျနော်တို့ ပါတီ အနေနဲ့ ပြောစရာ မရှိပါဘူး ခင်ဗျ။ ဝေဖန်စရာ မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတဲ့ အခါကျတော့ ဒါ ဥပဒေ အရ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့် ဖြစ်တဲ့ အတွက် ကောင်းခြင်း၊ ဆိုးခြင်းကတော့လေ ဖြစ်ပေါ်လာတဲ့ အခြေအနေ အပေါ်မှာ အားလုံး တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဆောင်ရွက်သွားရမယ့် ကိစ္စတွေလို့ဘဲ မြင်ပါတယ်။ သို့သော်လည်း အဓိက က ဒီမဲစာရင်း မမှန်မကန်မှုတွေနဲ့ ပတ်သက်ပြီးတော့မှ ရွေးကောက်ပွဲ ကော်မရှင်က အဲဒီတုန်းက ဦးလှသိန်း ကော်မရှင်က တာဝန်ယူ ဖြေရှင်းနိုင်ရင် ပြီးသွားနိုင်တဲ့ ကိစ္စပေါ့။ ဒီလိုမျိုး ဆိုးကျိုးတွေလည်း မဖြစ်ပေါ်လာနိုင်ဘူးပေါ့လေ။ မဖြေရှင်းခဲ့ဘဲ ခေါင်းမာခဲ့တဲ့ အတွက် ဒီနေ့ အခင်းအကျင်းမျိုးကို ကျနော်တို့ ပြည်သူတွေ တနိုင်ငံလုံး ခါးစည်းခံလာကြရတာ။ ”

ဒီအပေါ် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က

“ ဒီလို အရင် ကော်မရှင် အဟောင်းကသာ စီစဉ် ဆောင်ရွက် ပေးမယ်ဆိုရင် အာဏာသိမ်းစရာ မလိုဘူးလို့ ပြောလို့ ရဖို့ရာ အတွက်က အရင် ကော်မရှင် အဟောင်းက ဒီအမှုတွေကို ကြားနာ စစ်ဆေးတဲ့ အချိန်ကိုတောင်မှ သူက မရလိုက်ဘဲနဲ့ ဘာမှတောင် မကိုင်ရသေးတဲ့ အချိန်မှာ အာဏာသိမ်းလိုက်တာ ဖြစ်နေတဲ့ အခါကျတော့လေ ယူဆပုံကလေ ရှေ့နောက်တော့ နည်းနည်းလွဲနေတယ်။ ”

အဲဒီတော့ အရင် ရွေးကောက်ပွဲ ကော်မရှင်ကသာ ဖြေရှင်းပေးခဲ့ရင် ဘယ်လို အဖြေမျိုး ထွက်လာနိုင်ပြီး အခုလို အဖြစ်မျိုး မကြုံနိုင်ပါလဲလို့ မေးရာမှာ ဒေါက်တာ နန္ဒာလှမြင့်က

“ ကျနော့် အမြင် ပြောရရင်ပေါ့နော် ကော်မရှင်ကသာ တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ ဖြေရှင်းခဲ့မယ်ဆိုရင် ရလဒ်ကတော့ ပြောင်းစရာ မရှိဘူးလို့ ကျနော်တို့လည်း မြင်ပါတယ်။ ဒါပေမယ့်

အင်အားစုတွေတော့ လွှတ်တော်ထဲမှာ ပိုပြီး ပါဝင်လာမှာပေါ့။ ကျနော်တို့ ပါတီ အပါအဝင် တခြားပါတီတွေလည်း အနိုင်ရတဲ့ နေရာတွေ ပေါ်ထွက်လာပြီးတော့မှ ပြီးတော့ သေချာတာကတော့ ဒီကနေ့လိုမျိုး အခင်းအကျင်းမျိုး သေချာပေါက် ရှောင်လွှဲနိုင်လိမ့်မယ်။ တပ်မတော်က အာဏာထိန်းတဲ့ ကိစ္စ ဖြစ်စရာ အကြောင်းကို မရှိဘူး။ ဖြစ်လို့လည်း မရဘူး။ ဥပဒေနဲ့လည်း ညီညွတ်မှာ မဟုတ်ဘူး။ ”

ဒီအပေါ် ဦးအောင်ကြည်ညွန့်ကတော့ အခုလို အဖြေကို မစောင့်ဘဲ အာဏာ အရင်သိမ်းလိုက်တာကြောင့်ပါလို့ ဆိုပါတယ်။

“ ရွေးကောက်ပွဲ ဆိုင်ရာ ပြသနာတွေနဲ့ ပတ်သက်ပြီးတဲ့ အခါကျတော့ ကျနော်တို့ NLD ကနေ တင်တာတွေ ရှိသလို ပြည်ခိုင်ဖြိုး ပါတီကနေလည်းဘဲ သူတို့ အမှုတွေ စွဲပြီး တင်တယ်။ ဒါ တကယ် ဥပဒေကြောင်း အတိုင်းဆိုရင် ရွေးကောက်ပွဲ ကော်မရှင် အနေအထားနဲ့က ကြားနာ စိစစ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ မှန်ကန်တယ် ဆိုလို့ရှိရင် ဆိုပါတော့ သူတို့ ဒုတိယ မဲ အများဆုံး ရခဲ့တယ်ဆိုရင် သူသာလျင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ကြောင်း တောင်းဆိုခွင့်လည်း ရှိတယ်လေ။ အဲဒီလို မှန်ကန်တဲ့ အဖြေတွေကို ပေါ်ပေါက်လာနိုင်မယ့် အနေအထားမျိုးက အဲဒီ အချိန် တခုတော့ စောင့်ရမယ်။ အဲဒီ အချိန် မတိုင်ခင်မှာ သူက အာဏာသိမ်း လိုက်တာ။”

အဲဒီတော့ အခု ကော်မရှင် ဆုံးဖြတ်ချက် ကျလာချိန်မှာ လက်ရှိ အကျပ်အတည်းပေါ် ဘယ်လို သက်ရောက်နိုင်ပါသလဲလို့ မေးရာမှာ ဒေါက်တာ နန္ဒာလှမြင့်က

“ ဒီကာလက တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေ၊ နောက် ကပ်ဘေးရောဂါကြောင့် ကျန်းမာရေး အခြေအနေနဲ့ ဒီဟာရဲ့ နောက်ဆက်တွဲ စီးပွားရေး ကျပ်တည်းမှု အခြေအနေတွေကို တိုင်းပြည်မှာ ကံဆိုးစွာ တပြိုင်နက်တည်း ခံစားနေကြတာပေါ့လေ။ ဒီအပေါ်မှာလည်း နိုင်ငံသူ နိုင်ငံသား အားလုံးက တော်တော်ကို စိတ်ဆင်းရဲ ကြပါတယ်။ ဆိုတော့ အနာဂတ်မှာ ကျနော်တို့ တိုင်းပြည် ပြည်သူ လူထုတွေ အားလုံး ပျော်ပျော်ရွှင်ရွင် စိတ်ချမ်းချမ်းသာသာ၊ ကျန်းကျန်းမာမာနဲ့ မိမိရဲ့ စားဝတ်နေရေး ပြေလည်ပျော်ရွှင်ပြီးတော့မှ တိုင်းပြည်လည်း တည်တည်ငြိမ်ငြိမ် အေးချမ်း လုံလုံခြုံခြုံ ဖြစ်သွားဖို့ အတွက်ကတော့ တဦးကောင်း တယောက်ကောင်း ဆိုတာထက် အစိုးရရော ပြည်သူရော ဒါ ကျနော်တို့ အဖွဲ့အစည်း အားလုံးရော တက်ညီ လက်ညီ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အမုန်းတရားတွေ ဘေးခွာပြီးတော့မှ ဝိုင်းဝန်း ကူညီပြီးတော့မှ အားလုံးက တိုင်းပြည်နဲ့ လူမျိုးရဲ့ မျက်နှာကိုဘဲ ကြည့်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့ အချိန် အရေးကြီးနေပြီလို့ ကျနော်တို့ မြင်ပါတယ် ခင်ဗျ။”

ဒါပေမယ့် ဦးအောင်ကြည်ညွန့်ကတော့ အကျိုးဆက် မကောင်းနိုင်ဘူးလို့ ဆိုပါတယ်။

“ ဒါကြောင့်မို့ တိုင်းပြည် အတွက် ဘယ်လိုမှ ကောင်းရာ လမ်းကြောင်း မရှိဘူး။ ဒီမိုကရေစီ လမ်းကြောင်းကနေ လုံး၀ သွေဖည် သွားပြီးတဲ့ အခါကျတော့ ပြည်သူ လူထုကို စစ်အာဏာရှင် စနစ်နဲ့ စစ်အုပ်ချုပ်ရေး စနစ်ကို ဆက်သွားမယ်ဆိုတဲ့ ပုံစံမျိုး အတိအလင်း ပြဌာန်းလိုက်တာ ဖြစ်တဲ့ အတွက်ကြောင့် ပြည်သူကလည်းဘဲ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်မှာ မဟုတ်ဘူး။ အဲလိုဆို တိုင်းပြည်က ဘယ်လိုမှ မတည်ငြိမ်နိုင်ဘူး။ ဘယ်လိုမှ မဖွံ့ဖြိုးနိုင်ဘူး။ ဘယ်လိုမှ မဖွံ့ဖြိုးနိုင်ရင် ပြည်သူနဲ့ အစိုးရနဲ့ သဟဇာတ မဖြစ်ရင် အခု ကျနော်တို့ Covid-19 မှာကို လက်တွေ့ စိန်ခေါ်နေရပြီ။ တတိယ လှိုင်းကို လုံး၀ မကာကွယ်ပေးနိုင်ဘူး။ ဘာဖြစ်လို့ မကာကွယ်ပေးနိုင်လဲ ဆိုတော့ ပြီးခဲ့တဲ့ ပြည်သူ့ အစိုးရ လက်ထက်တုန်းက ဆိုရင် အစိုးရနဲ့ ပြည်သူ ယုံကြည်မှု ရှိတဲ့ အခါကျတော့ အားလုံး ဝိုင်းပြီးတော့ ပူးပေါင်းပါဝင်တယ်။ အခု လက်ရှိ အခြေအနေမျိုးမှာ အဲလို ပူးပေါင်း ပါဝင်ပေးတဲ့ လူတွေကို သည်ပင်လျင် ဖမ်းတယ်၊ ချုပ်တယ်။ ဆေးရောင်းတာလေးကစ လိုက်ပြီးတော့ ပိတ်သိမ်းတယ်။ အောက်ဆီဂျင်လို ယူတာမျိုးကစ ကန့်သတ်တယ် ဆိုတဲ့ အနေအထားမျိုးမှာ ပြည်သူ လူထုက အင်မတန်မှ ဘဝနဲ့ ရင်းပြီး အသက်နဲ့ ရင်းပြီးတော့ စွန့်စားနေရတဲ့ အနေအထားမျိုးရဲ့ နာကျည်းချက်ဟာ အင်မတန်မှ ဆိုးတယ်။ တိုင်းပြည် အတွက် ဘယ်နည်းနဲ့မှ မကောင်းဘူးလို့ ပြောရမှာပေါ့ဗျာ။ တိုင်းပြည်အတွက် အင်မတန် ဝမ်းနည်းစရာ ကောင်းတာ။ ”

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG