သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ စစ္ေကာင္စီခန႔္ေကာ္မရွင္ဖ်က္သိမ္း


Myanmar Elections

(zawgyi/unicode)

ျမန္မာႏိုင္ငံမွာ ၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲ ရလဒ္ေတြကို ပယ္ဖ်က္လိုက္ေၾကာင္း အာဏာသိမ္းစစ္ေကာင္စီ ခန႔္အပ္တဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္က ဒီကေန႔ ဇူလိုင္လ ၂၆ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္လိုက္ပါတယ္။

တည္ဆဲ ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥပေဒပုဒ္မေတြနဲ႔အညီ ၿမိဳ႕နယ္ေပါင္း ၃၁၅ ၿမိဳ႕နယ္မွာ က်င္းပခဲ့တဲ့ မဲစာရင္းေတြကို စစ္ေဆးခဲ့တာမွာ မဲမသမာမႈ ၁၁ သန္းေက်ာ္ ေတြ႕ရွိခဲ့ရသလို၊ အရင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဟာလည္း တရားဝင္အပ္ႏွံထားတဲ့ လုပ္ပိုင္ခြင့္ေတြကို အလြဲသုံးစားျပဳၿပီး ဥပေဒ၊ နည္းဥပေဒေတြကို ေက်ာ္လြန္ ေဖာက္ဖ်က္ ေဆာင္႐ြက္ခဲ့တာကို ေတြ႕ရွိရတဲ့အတြက္ ေ႐ြးေကာက္ပြဲရလဒ္ကို ပယ္ဖ်က္လိုက္ေၾကာင္း စစ္ေကာင္စီက ခန႔္ထားတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠဌ ဦးသိန္းစိုးက လက္မွတ္ထိုးၿပီး ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲအတြင္း မဲမသမာမႈေတြ ရွိခဲ့တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ စစ္ေကာင္စီက ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းခဲ့ၿပီးတဲ့ေနာက္ ေနာက္ပိုင္း က်င္းပတဲ့ စစ္ေကာင္စီ သတင္းစာရွင္းလင္းပြဲတိုင္းမွာလည္း မဲမသမာရွိခဲ့တဲ့ ကိစၥရပ္ေတြကို စုံစမ္း စစ္ေဆးေနတဲ့အေၾကာင္းအရာေတြကို ထည့္သြင္း ေျပာဆိုေနခဲ့တာပါ။

ဒါေပမယ့္ ျပည္တြင္း ေ႐ြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္သူေတြနဲ႔ ႏိုင္ငံတကာက ေလ့လာသူအားလုံးနီးပါးက ၂၀၂၀ ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲဟာ တရားမွ်တမႈရွိေၾကာင္း အႀကိမ္ႀကိမ္ ေျပာဆိုထားၾကၿပီး ျဖစ္ပါတယ္။ ေ႐ြးေကာက္ပြဲမသာမာမႈကိုအေၾကာင္းျပၿပီး ျမန္မာစစ္တပ္က ႏိုင္ငံေတာ္အာဏာသိမ္းယူခဲ့ၿပီး၊ တႏွစ္အတြင္း ေနာက္တႀကိမ္ေ႐ြးေကာက္ပြဲက်င္းပေပးမယ္လို႔ ေၾကညာထားပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ ေနာက္တႀကိမ္ေ႐ြးေကာက္ပြဲေတြက်င္းပႏိုင္ဖို႔ ႏွစ္ႏွစ္အထိ ၾကာသြားႏိုင္တယ္လို႔ ေျပာလာပါတယ္။

တိုက္႐ိုက္ လင့္ခ္

+++++

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီ ခန့်အပ်တဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

တည်ဆဲ ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မတွေနဲ့အညီ မြို့နယ်ပေါင်း ၃၁၅ မြို့နယ်မှာ ကျင်းပခဲ့တဲ့ မဲစာရင်းတွေကို စစ်ဆေးခဲ့တာမှာ မဲမသမာမှု ၁၁ သန်းကျော် တွေ့ရှိခဲ့ရသလို၊ အရင် ရွေးကောက်ပွဲ ကော်မရှင်ဟာလည်း တရားဝင်အပ်နှံထားတဲ့ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားပြုပြီး ဥပဒေ၊ နည်းဥပဒေတွေကို ကျော်လွန် ဖောက်ဖျက် ဆောင်ရွက်ခဲ့တာကို တွေ့ရှိရတဲ့အတွက် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီက ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသိန်းစိုးက လက်မှတ်ထိုးပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီးတဲ့နောက် နောက်ပိုင်း ကျင်းပတဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတိုင်းမှာလည်း မဲမသမာရှိခဲ့တဲ့ ကိစ္စရပ်တွေကို စုံစမ်း စစ်ဆေးနေတဲ့အကြောင်းအရာတွေကို ထည့်သွင်း ပြောဆိုနေခဲ့တာပါ။

ဒါပေမယ့် ပြည်တွင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေနဲ့ နိုင်ငံတကာက လေ့လာသူအားလုံးနီးပါးက ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိကြောင်း အကြိမ်ကြိမ် ပြောဆိုထားကြပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲမသာမာမှုကိုအကြောင်းပြပြီး မြန်မာစစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူခဲ့ပြီး၊ တနှစ်အတွင်း နောက်တကြိမ်ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် နောက်တကြိမ်ရွေးကောက်ပွဲတွေကျင်းပနိုင်ဖို့ နှစ်နှစ်အထိ ကြာသွားနိုင်တယ်လို့ ပြောလာပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG