သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေကာ္မရွင္သစ္ဖိတ္ေခၚမႈ ပါတီေတြအၾကား သေဘာထားကဲြ


ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မ႐ွင္ရံုး ျမင္ကြင္း။ (ေအာက္တိုဘာ ၂၇၊ ၂၀၁၅)

[Zawgyi/Unicode]

ေ႐ြးေကာက္ပဲြ ဥပေဒတခ်ဳိ႕ျပင္ဆင္ေရးနဲ႔ ပတ္သက္လို႔ ေဆြးေႏြးဖို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မ႐ွင္က ႏိုင္ငံေရးပါတီေတြကို ေမလ ၂၁ ရက္ ေသာၾကာေန႔က်ရင္ ေနျပည္ေတာ္လာဖုိ႔ ဖိတ္ေခၚထားပါတယ္။ ဒီေတြ႔ဆံုပဲြကို တက္ေရာက္ေလ့လာမယ့္ပါတီေတြ ရွိသလို မတက္ဘူးလို႔ ဆံုးျဖတ္ထားတဲ့ ပါတီေတြလည္း ႐ွိပါတယ္။ မတက္ေရာက္တဲ့ပါတီေတြလည္း ရွိေနပါတယ္။ တက္ေရး၊ မတက္ေရး ဆုံးျဖတ္ခ်က္ေၾကာင့္ ျပည္သူ႔ပါတီမွာ သေဘာထားကြဲခဲ့ၿပီး ပါတီဗဟိုထိပ္ပိုင္းေခါင္းေဆာင္တခ်ဳိ႕အပါအဝင္ ျပည္နယ္ပါတီေခါင္းေဆာင္ေတြ ႏုတ္ထြက္သြားပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မခင္ျဖဴေထြးကေျပာျပပါမယ္။

ေ႐ြးေကာက္ပြဲ မသမာမႈေတြ ရွိႏိုင္တယ္လို႔ဆိုၿပီး အာဏာသိမ္း အုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ကို ျပန္လည္ဖြဲ႕စည္းခဲ့ၿပီး ၂၀၂၀ မဲရလဒ္ေတြ ျပန္စစ္တာနဲ႔ ေ႐ြးေကာက္ပြဲဥပေဒတခ်ိဳ႕ကို ျပင္ဆင္ဖို႔ လုပ္ေနပါတယ္။ ဥပေဒျပင္ေရးနဲ႔ ပါတ္သက္လို႔ ႏိုင္ငံေရးပါတီေတြကို ရွင္းလင္းေျပာျပဖို႔ ေကာ္မရွင္က ႏိုင္ငံေရးပါတီေတြကို ေမ ၂၁ ရက္၊ ေသာၾကာေန႔က်ရင္ ေနျပည္ေတာ္လာဖို႔ ဖိတ္ထားပါတယ္။ ဒီပြဲကို ႏိုင္ငံေရးပါတီတခ်ိဳ႕က တက္ေရာက္ၾကဖို႔ ျပင္ဆင္ေနသလို၊ တခ်ိဳ႕ပါတီေတြထဲမွာေတာ့ တက္ေရး မတက္ေရး သေဘာထားကြဲလို႔ ပါတီဝင္ေတြ ႏုတ္ထြက္ခဲ့ၾကပါတယ္။ ၈၈ မ်ိဳးဆက္ ဦးကိုကိုႀကီး ဦးေဆာင္တဲ့ ျပည္သူ႔ပါတီမွာဆို အေထြေထြ အတြင္းေရးမႉး ၁ ဦးရဲႏိုင္ေအာင္အျပင္ ျပည္နယ္ပါတီေခါင္းေဆာင္ေတြနဲ႔ ပါတီဝင္ေတာ္ေတာ္မ်ားမ်ား ႏုတ္ထြက္သြားၾကပါတယ္။ ပါတီတြင္းမဲခြဲဆုံးျဖတ္ၿပီး ေကာ္မရွင္ဖိတ္ၾကားမႈကို တက္ေရာက္ဖို႔ ဆုံးျဖတ္တဲ့အေပၚ အျမင္သေဘာထား မတိုက္ဆိုင္လို႔ ႏုတ္ထြက္တာျဖစ္တယ္လို႔ ျပည္သူ႔ပါတီ မႏၲေလးတိုင္းဒုဥကၠ႒ ဦးေအာင္စိုးျမင့္က ဗီြအိုေအကို ေျပာပါတယ္။

"ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ ေရြးေကာက္ပဲြ ေကာ္မရွင္က ၂၁ ရက္ေန႔ကို ပါတီက တက္မယ္ဆိုလို႔ က်ေနာ္ထြက္လိုက္တာပါဗ်ာ။ က်ေနာ္ကေတာ့ ဘာျဖစ္လို႔တုန္းဆိုေတာ့ က်ေနာ္တို႔က ၂၀၀၈ အေျခခံ ဥပေဒကို က်ေနာ္တို႔ CRPH ျပည္သူ႔ကိုယ္စားျပဳေကာ္မတီကေန ဖ်က္လိုက္ၿပီဗ်။ မတ္လ ၃၁ ရက္ေန႔က ထင္တယ္။ က်ေနာ္တို႔ ပါတီေတြဆိုတာက ၂၀၀၈ အေျခခံဥပေဒအရေပၚေပါက္လာတာပဲ။ ၂၀၀၈ ဖ်က္ျပီးျပီဆိုရင္ ပါတီေတြဆိုတာ မရွိႏိုင္ေတာ့ဘူး။ အဲဒီေတာ့ ျပန္ၿပီးေတာ့ renew ပဲ ျပန္လုပ္ရမွာေပါ့ေနာ္။ ေရြးေကာက္ပဲြေကာ္မရွင္ကေနၿပီးေတာ့မွ အသစ္ျပန္ယူၿပီးေတာ့မွ အဲဒီေန႔က်မွပဲ ပါတီစံုကေန လုပ္သင့္တယ္လို႔ ယံုၾကည္တဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္က ပါတီနဲ႔ ပတ္သက္တာကို မပါေတာ့ဘဲနဲ႔ ႏုတ္ထြက္လိုက္တာပါပဲ အဓိကက။"

ျပည္သူ႔ပါတီရဲ႕ အေထြေထြအတြင္းေရးမွဴး ဦးေက်ာ္ေက်ာ္ေထြးကေတာ့ ေ႐ြးေကာက္ပြဲ ဥပေဒ ျပင္ဆင္ေရးပိုင္း လုပ္မွာနဲ႔ ပတ္သက္လို႔တရားဝင္ ပါတီတခုအေနနဲ႔ ေလ့လာႏိုင္ဖို႔ တက္ေရာက္မယ္လို႔ ခုလိုေျပာပါတယ္။

"က်ေနာ္တို႔ သြားတက္မွာပါ။ ေရွ႕မွာ က်ေနာ္တို႔ကို ဖိတ္ခဲ့တာ ၃ ၾကိမ္ ဖိတ္ခဲ့တယ္ေပါ့ေနာ္။ ျငင္းခဲ့တယ္။ မတက္ခဲ့ၾကဘူး။ အခုတႀကိမ္မွာေတာ့ သြားတက္ဖို႔ ဆံုးျဖတ္ခဲ့ၾကတယ္။ ျပည္သူ႔ပါတီရဲ႕ တြဲဖက္အေထြေထြ အတြင္းေရးမွဴး ၂ ဦးေက်ာ္ေက်ာ္စိုး သြားတက္မွာပါ။ က်ေနာ္တို႔ဘက္က ပါတီတရပ္အေနနဲ႔ ေျပာႏိုင္ဆိုႏိုင္ခြင့္ တခုလိုခ်င္လို႔ သြားတက္တာမ်ိဳးရွိမယ္။ ဘာေတြေျပာမလဲ၊ ဘာေတြ ဆံုးျဖတ္မလဲဆိုတာကေတာ့ သြားတက္ၿပီးမွပဲ တက္တဲ့သူေတြနဲ႔ ေတြ႔ဆံုေမးျမန္းတာ ပိုအဆင္ေျပလိမ့္မယ္ထင္ပါတယ္။ ဒီအခ်ိန္မွာေတာ့ ေကာ္မရွင္ အစည္းအေဝးလည္း မတက္ရေသးတဲ့အခါက်ေတာ့ ေျပာဖို႔ မျဖစ္ႏိုင္လို႔ပါ။"

လႊတ္ေတာ္မွာ အခ်ိဳးက ကိုယ္စားျပဳ PR စနစ္ က်င့္သုံးႏိုင္ဖို႔နဲ႔ တည္ဆဲ ေ႐ြးေကာက္ပြဲ ဥပေဒတခ်ိဳ႕ ျပင္ဆင္ေရးအတြက္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေဆာင္႐ြက္ေနတယ္လို႔ ေကာ္မရွင္ ၫႊန္ၾကားေရးမႉးခ်ဴပ္ ဦးခင္ေမာင္ဦးကေျပာၾကားထားပါတယ္။ ဒီကိစၥေတြေဆြးေႏြးဖို႔ တရားဝင္ပါတီျဖစ္တဲ့ NLD ပါတီကိုလည္း ဖိတ္ၾကားထားတယ္လို႔ ေကာ္မရွင္က ေျပာေပမဲ့ NLD ထိပ္ပိုင္းေခါင္းေဆာင္ေတာ္ေတာ္မ်ားမ်ား အာဏာ သိမ္းခ်ိန္မွာ ဖမ္းဆီးခံထားရသလို က်န္ပါတီတာဝန္ရွိသူေတြကိုလည္း လိုက္လံဖမ္းဆီးေနတာမို႔ ေဆြးေႏြးပြဲ တက္ႏိုင္ဖို႔ အခက္အခဲရွိပါတယ္။ အာဏာသိမ္းထားတဲ့ စစ္ေကာင္စီအုပ္ခ်ဳပ္မႈေအာက္မွာ ဥပေဒေတြကို ဘယ္လိုျပင္ဆင္မွာလဲ၊ ဒီမိုကေရစီ နည္းလမ္းတက် ျပင္ဆင္ႏိုင္ပါ့မလားဆိုတဲ့အေပၚ ပါတီတခ်ိဳ႕ကလည္း ေမးခြန္းထုတ္ေနၾကပါတယ္။ ပါတီေတြအေနနဲ႔ လြတ္လပ္စြာပါတီ လုပ္ငန္းေတြကို လုပ္လို႔ မရခ်ိန္မွာ ေကာ္မရွင္က ဥပေဒေတြျပင္ဆင္မယ့္အေပၚ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ပါတီ တြဲဖက္အတြင္းေရးမႉး (၁) ဦးစိုင္းေက်ာ္ၫြန႔္က ခုလိုမွတ္ခ်က္ေပးပါတယ္။

"ဖိတ္တာေတာ့ ရွိတယ္။ ဒါေပမဲ့ ဒီမွာလည္း သိတဲ့တိုင္း ပါတီက အစည္း​ေ၀းထိုင္ဖို႔၊ ျပဳဖို႔ကလည္း ခက္တယ္ေလ။ အဲဒီေတာ့ ေလာေလာဆယ္အထိကေတာ့ တက္ဖို႔၊ ျပဳဖို႔ေတာ့ မရွိေသးဘူး။ ဒီအခ်ိန္ၾကီးက ဟိုနားသြား၊ ဒီနားသြားေတာင္ ခက္ခဲေနေတာ့ ပါတီလုပ္ငန္းက လုပ္ရ၊ ကိုင္ရ အင္မတန္ အခက္ခဲဆုံးအေျခအေနက ခရီးသြားဖို႔ကအစ၊ ေနာက္ဆံုး အြန္လိုင္းကဆိုရင္လည္း အြန္လိုင္းက အဆင္မေျပဘူးေလ။ အဲဒီလိုဆိုေတာ့ ပါတီလုပ္ငန္းေတြ လုပ္ေဆာင္တာ ေတာ္ေတာ္အခက္အခဲအက်ပ္အတည္း ရွိတဲ့အခ်ိန္ပဲ ျဖစ္ပါတယ္။"

စစ္ေကာင္စီျပန္လည္ဖြဲ႕စည္းထားတဲ့ ေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔ လက္တြဲေဆာင္႐ြက္ဖို႔ ယုံၾကည္ခ်က္နည္းတဲ့အတြက္ ပါတီတြင္းဆုံးျဖတ္ခ်က္နဲ႔ ေတြ႔ဆုံပြဲတက္မွာ မဟုတ္ဘူးလို႔ ညီၫႊတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ အေထြေထြအတြင္းေရးမႉး ေဒၚေနာ္အုန္းလွကလည္းေျပာပါတယ္။

"က်မတို႔ မတက္ပါ။ ဗဟိုအလုပ္မႈေဆာင္ရဲ႕ ဆုံးျဖတ္ခ်က္အရ က်မတို႔သြားေနတာပါရွင့္။ အကန႔္အသတ္ေတြနဲ႔ ကပ္ေရာဂါကာလ အကန႔္အသတ္ေတြ ရွိတယ္။ ေနာက္ၿပီးေတာ့ စစ္အုပ္ခ်ဳပ္ေရးရွိတဲ့အခါက်ေတာ့ က်မတို႔ အခုအခ်ိန္ ဘာမွမလုပ္ႏိုင္ေသးပါဘူး တကယ္တမ္းက်ရင္ေတာ့ေလ။ ထဲထဲဝင္ဝင္လုပ္ဖို႔ေတာ့ ခက္ခဲပါတယ္ရွင့္။"

စစ္ဗိုလ္ခ်ဳပ္ေဟာင္း သူရဦးေ႐ႊမန္း တည္ေထာင္တဲ့ ျပည္သူ႔ေကာင္းက်ိဳးေဆာင္ပါတီကေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ေတြ႔ဆုံေဆြးေႏြးမယ္လို႔ CEC ဦးဘိုဝင္းက ေျပာပါတယ္။

"တက္မွာ၊ တက္မွာ။ တခ်ိဳ႕ပါတီေတြက စာတမ္းေတြတင္ၾကတယ္ေျပာတယ္မလား။ က်ေနာ္တို႔ဆီကေတာ့ စာတမ္းေတြေတာ့ မတင္ဘူး။ မတင္ႏိုင္ေသးဘူးေပါ့။ ဒါေပမဲ့ သူတို႔ ေဆြးေႏြးတဲ့အခ်ိန္က်ရင္ေတာ့ ပါဝင္ေဆြးေႏြးမယ္။ ေ႐ြးေကာက္ပြဲလည္း ၿပီးသြားၿပီ။ အခုေနာက္ပိုင္း ဒီဘက္က စီမံအုပ္ခ်ဳပ္ေရးေကာင္စီ တက္လာတယ္။ က်ေနာ္တို႔ကေတာ့ အေျခအေနကို စာင့္ၾကည့္တဲ့သေဘာပါ။"

စစ္ဘက္ကေန အရပ္ဘက္ေျပာင္းထားသူေတြ အမ်ားစုရွိတဲ့ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ စစ္တပ္နဲ႔နီးစပ္တဲ့ ပါတီေတြကေတာ့ ေသာၾကာေန႔က်ရင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ေဆြးေႏြးဖို႔ တက္ၾကမွာျဖစ္ပါမယ္။ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ တပ္မေတာ္အာဏာသိမ္းအၿပီး ေနာက္တရက္မွာပဲ အသစ္ျပန္ဖြဲ႕တဲ့ ေကာ္မရွင္က ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၆ ရက္တုန္းကလည္း ႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႕ဆုံခဲ့တုန္းကလည္း စစ္တပ္နဲ႔ နီးစပ္တဲ့ ပါတီတခ်ိဳ႕သာ တက္ေရာက္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကော်မရှင်သစ်ဖိတ်ခေါ်မှု ပါတီတွေအကြား သဘောထားကွဲ

ရွေးကောက်ပွဲ ဥပဒေတချို့ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတွေကို မေလ ၂၁ ရက် သောကြာနေ့ကျရင် နေပြည်တော်လာဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီတွေ့ဆုံပွဲကို တက်ရောက်လေ့လာမယ့်ပါတီတွေ ရှိသလို မတက်ဘူးလို့ ဆုံးဖြတ်ထားတဲ့ ပါတီတွေလည်း ရှိပါတယ်။ မတက်ရောက်တဲ့ပါတီတွေလည်း ရှိနေပါတယ်။ တက်ရေး၊ မတက်ရေး ဆုံးဖြတ်ချက်ကြောင့် ပြည်သူ့ပါတီမှာ သဘောထားကွဲခဲ့ပြီး ပါတီဗဟိုထိပ်ပိုင်းခေါင်းဆောင်တချို့အပါအဝင် ပြည်နယ်ပါတီခေါင်းဆောင်တွေ နုတ်ထွက်သွားပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးကပြောပြပါမယ်။

ရွေးကောက်ပွဲ မသမာမှုတွေ ရှိနိုင်တယ်လို့ဆိုပြီး အာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၂၀၂၀ မဲရလဒ်တွေ ပြန်စစ်တာနဲ့ ရွေးကောက်ပွဲဥပဒေတချို့ကို ပြင်ဆင်ဖို့ လုပ်နေပါတယ်။ ဥပဒေပြင်ရေးနဲ့ ပါတ်သက်လို့ နိုင်ငံရေးပါတီတွေကို ရှင်းလင်းပြောပြဖို့ ကော်မရှင်က နိုင်ငံရေးပါတီတွေကို မေ ၂၁ ရက်၊ သောကြာနေ့ကျရင် နေပြည်တော်လာဖို့ ဖိတ်ထားပါတယ်။ ဒီပွဲကို နိုင်ငံရေးပါတီတချို့က တက်ရောက်ကြဖို့ ပြင်ဆင်နေသလို၊ တချို့ပါတီတွေထဲမှာတော့ တက်ရေး မတက်ရေး သဘောထားကွဲလို့ ပါတီဝင်တွေ နုတ်ထွက်ခဲ့ကြပါတယ်။ ၈၈ မျိုးဆက် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီမှာဆို အထွေထွေ အတွင်းရေးမှူး ၁ ဦးရဲနိုင်အောင်အပြင် ပြည်နယ်ပါတီခေါင်းဆောင်တွေနဲ့ ပါတီဝင်တော်တော်များများ နုတ်ထွက်သွားကြပါတယ်။ ပါတီတွင်းမဲခွဲဆုံးဖြတ်ပြီး ကော်မရှင်ဖိတ်ကြားမှုကို တက်ရောက်ဖို့ ဆုံးဖြတ်တဲ့အပေါ် အမြင်သဘောထား မတိုက်ဆိုင်လို့ နုတ်ထွက်တာဖြစ်တယ်လို့ ပြည်သူ့ပါတီ မန္တလေးတိုင်းဒုဥက္ကဋ္ဌ ဦးအောင်စိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ရွေးကောက်ပွဲ ကော်မရှင်က ၂၁ ရက်နေ့ကို ပါတီက တက်မယ်ဆိုလို့ ကျနော်ထွက်လိုက်တာပါဗျာ။ ကျနော်ကတော့ ဘာဖြစ်လို့တုန်းဆိုတော့ ကျနော်တို့က ၂၀၀၈ အခြေခံ ဥပဒေကို ကျနော်တို့ CRPH ပြည်သူ့ကိုယ်စားပြုကော်မတီကနေ ဖျက်လိုက်ပြီဗျ။ မတ်လ ၃၁ ရက်နေ့က ထင်တယ်။ ကျနော်တို့ ပါတီတွေဆိုတာက ၂၀၀၈ အခြေခံဥပဒေအရပေါ်ပေါက်လာတာပဲ။ ၂၀၀၈ ဖျက်ပြီးပြီဆိုရင် ပါတီတွေဆိုတာ မရှိနိုင်တော့ဘူး။ အဲဒီတော့ ပြန်ပြီးတော့ renew ပဲ ပြန်လုပ်ရမှာပေါ့နော်။ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့မှ အသစ်ပြန်ယူပြီးတော့မှ အဲဒီနေ့ကျမှပဲ ပါတီစုံကနေ လုပ်သင့်တယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ကျနော်က ပါတီနဲ့ ပတ်သက်တာကို မပါတော့ဘဲနဲ့ နုတ်ထွက်လိုက်တာပါပဲ အဓိကက။"

ပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်ထွေးကတော့ ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ရေးပိုင်း လုပ်မှာနဲ့ ပတ်သက်လို့တရားဝင် ပါတီတခုအနေနဲ့ လေ့လာနိုင်ဖို့ တက်ရောက်မယ်လို့ ခုလိုပြောပါတယ်။

"ကျနော်တို့ သွားတက်မှာပါ။ ရှေ့မှာ ကျနော်တို့ကို ဖိတ်ခဲ့တာ ၃ ကြိမ် ဖိတ်ခဲ့တယ်ပေါ့နော်။ ငြင်းခဲ့တယ်။ မတက်ခဲ့ကြဘူး။ အခုတကြိမ်မှာတော့ သွားတက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ပြည်သူ့ပါတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂ ဦးကျော်ကျော်စိုး သွားတက်မှာပါ။ ကျနော်တို့ဘက်က ပါတီတရပ်အနေနဲ့ ပြောနိုင်ဆိုနိုင်ခွင့် တခုလိုချင်လို့ သွားတက်တာမျိုးရှိမယ်။ ဘာတွေပြောမလဲ၊ ဘာတွေ ဆုံးဖြတ်မလဲဆိုတာကတော့ သွားတက်ပြီးမှပဲ တက်တဲ့သူတွေနဲ့ တွေ့ဆုံမေးမြန်းတာ ပိုအဆင်ပြေလိမ့်မယ်ထင်ပါတယ်။ ဒီအချိန်မှာတော့ ကော်မရှင် အစည်းအဝေးလည်း မတက်ရသေးတဲ့အခါကျတော့ ပြောဖို့ မဖြစ်နိုင်လို့ပါ။"

လွှတ်တော်မှာ အချိုးက ကိုယ်စားပြု PR စနစ် ကျင့်သုံးနိုင်ဖို့နဲ့ တည်ဆဲ ရွေးကောက်ပွဲ ဥပဒေတချို့ ပြင်ဆင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်နေတယ်လို့ ကော်မရှင် ညွှန်ကြားရေးမှူးချူပ် ဦးခင်မောင်ဦးကပြောကြားထားပါတယ်။ ဒီကိစ္စတွေဆွေးနွေးဖို့ တရားဝင်ပါတီဖြစ်တဲ့ NLD ပါတီကိုလည်း ဖိတ်ကြားထားတယ်လို့ ကော်မရှင်က ပြောပေမဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တော်တော်များများ အာဏာ သိမ်းချိန်မှာ ဖမ်းဆီးခံထားရသလို ကျန်ပါတီတာဝန်ရှိသူတွေကိုလည်း လိုက်လံဖမ်းဆီးနေတာမို့ ဆွေးနွေးပွဲ တက်နိုင်ဖို့ အခက်အခဲရှိပါတယ်။ အာဏာသိမ်းထားတဲ့ စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ ဥပဒေတွေကို ဘယ်လိုပြင်ဆင်မှာလဲ၊ ဒီမိုကရေစီ နည်းလမ်းတကျ ပြင်ဆင်နိုင်ပါ့မလားဆိုတဲ့အပေါ် ပါတီတချို့ကလည်း မေးခွန်းထုတ်နေကြပါတယ်။ ပါတီတွေအနေနဲ့ လွတ်လပ်စွာပါတီ လုပ်ငန်းတွေကို လုပ်လို့ မရချိန်မှာ ကော်မရှင်က ဥပဒေတွေပြင်ဆင်မယ့်အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က ခုလိုမှတ်ချက်ပေးပါတယ်။

"ဖိတ်တာတော့ ရှိတယ်။ ဒါပေမဲ့ ဒီမှာလည်း သိတဲ့တိုင်း ပါတီက အစည်းဝေးထိုင်ဖို့၊ ပြုဖို့ကလည်း ခက်တယ်လေ။ အဲဒီတော့ လောလောဆယ်အထိကတော့ တက်ဖို့၊ ပြုဖို့တော့ မရှိသေးဘူး။ ဒီအချိန်ကြီးက ဟိုနားသွား၊ ဒီနားသွားတောင် ခက်ခဲနေတော့ ပါတီလုပ်ငန်းက လုပ်ရ၊ ကိုင်ရ အင်မတန် အခက်ခဲဆုံးအခြေအနေက ခရီးသွားဖို့ကအစ၊ နောက်ဆုံး အွန်လိုင်းကဆိုရင်လည်း အွန်လိုင်းက အဆင်မပြေဘူးလေ။ အဲဒီလိုဆိုတော့ ပါတီလုပ်ငန်းတွေ လုပ်ဆောင်တာ တော်တော်အခက်အခဲအကျပ်အတည်း ရှိတဲ့အချိန်ပဲ ဖြစ်ပါတယ်။"

စစ်ကောင်စီပြန်လည်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ လက်တွဲဆောင်ရွက်ဖို့ ယုံကြည်ချက်နည်းတဲ့အတွက် ပါတီတွင်းဆုံးဖြတ်ချက်နဲ့ တွေ့ဆုံပွဲတက်မှာ မဟုတ်ဘူးလို့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နော်အုန်းလှကလည်းပြောပါတယ်။

"ကျမတို့ မတက်ပါ။ ဗဟိုအလုပ်မှုဆောင်ရဲ့ ဆုံးဖြတ်ချက်အရ ကျမတို့သွားနေတာပါရှင့်။ အကန့်အသတ်တွေနဲ့ ကပ်ရောဂါကာလ အကန့်အသတ်တွေ ရှိတယ်။ နောက်ပြီးတော့ စစ်အုပ်ချုပ်ရေးရှိတဲ့အခါကျတော့ ကျမတို့ အခုအချိန် ဘာမှမလုပ်နိုင်သေးပါဘူး တကယ်တမ်းကျရင်တော့လေ။ ထဲထဲဝင်ဝင်လုပ်ဖို့တော့ ခက်ခဲပါတယ်ရှင့်။"

စစ်ဗိုလ်ချုပ်ဟောင်း သူရဦးရွှေမန်း တည်ထောင်တဲ့ ပြည်သူ့ကောင်းကျိုးဆောင်ပါတီကတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ CEC ဦးဘိုဝင်းက ပြောပါတယ်။

"တက်မှာ၊ တက်မှာ။ တချို့ပါတီတွေက စာတမ်းတွေတင်ကြတယ်ပြောတယ်မလား။ ကျနော်တို့ဆီကတော့ စာတမ်းတွေတော့ မတင်ဘူး။ မတင်နိုင်သေးဘူးပေါ့။ ဒါပေမဲ့ သူတို့ ဆွေးနွေးတဲ့အချိန်ကျရင်တော့ ပါဝင်ဆွေးနွေးမယ်။ ရွေးကောက်ပွဲလည်း ပြီးသွားပြီ။ အခုနောက်ပိုင်း ဒီဘက်က စီမံအုပ်ချုပ်ရေးကောင်စီ တက်လာတယ်။ ကျနော်တို့ကတော့ အခြေအနေကို စာင့်ကြည့်တဲ့သဘောပါ။"

စစ်ဘက်ကနေ အရပ်ဘက်ပြောင်းထားသူတွေ အများစုရှိတဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်နဲ့နီးစပ်တဲ့ ပါတီတွေကတော့ သောကြာနေ့ကျရင် ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဆွေးနွေးဖို့ တက်ကြမှာဖြစ်ပါမယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်အာဏာသိမ်းအပြီး နောက်တရက်မှာပဲ အသစ်ပြန်ဖွဲ့တဲ့ ကော်မရှင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်တုန်းကလည်း နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့တုန်းကလည်း စစ်တပ်နဲ့ နီးစပ်တဲ့ ပါတီတချို့သာ တက်ရောက်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG