[Zawgyi/Unicode]
ၿပီးခဲ့တဲ့ႏွစ္ ႏို၀င္ဘာ ျမန္မာႏိုင္ငံမွာ က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲဟာ ျပည္သူ႔ဆႏၵကို ထင္ဟတ္တဲ့ ေရြးေကာက္ပြဲျဖစ္ၿပီး မဲမသမာမႈေတြ ရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ စစ္တပ္က အာဏာသိမ္းတာဟာ က်ဳိးေၾကာင္းခိုင္လုံမႈ မရွိတဲ့အေၾကာင္း ႏိုင္ငံတကာ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာေရး အဖြဲ႔တခုက ဒီေန႔ အဆုံးသတ္ အစီရင္ခံစာ ထုတ္ျပန္ပါတယ္။
အာရွ လြတ္လပ္တဲ့ ေရြးေကာက္ပြဲအတြက္ ကြန္ယက္အဖြဲ႔ ANFREL ဟာ ႏိုင္ငံတကာအသိအမွတ္ျပဳ ခံအဖြဲ႔အစည္း ျဖစ္သလို ၂၀၂၀ ျမန္မာႏိုင္ငံေရြးေကာက္ပြဲကို ေနရာေဒသအႏွံ႔ ေစာင့္ၾကည့္ေလ့လာခြင့္ရ ျပည္ပ အဖြဲ႔အစည္း ၂ ခုထဲက တခုျဖစ္ပါတယ္။ ၂၀၂၀ ႏို၀င္ဘာ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး တိုက္ဖ်က္ေခ်မႈန္းျခင္း ခံေနရေသာ ဒီမိုကေရစီ ဆိုတဲ့ နာမည္နဲ႔ ဒီေန႔ အစီရင္ခံစာ ထုတ္ျပန္တာပါ။
ျမန္မာႏိ္ုင္ငံမွာ က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြၾကား က်င္းပခဲ့ရတာျဖစ္လို႔ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲေလာက္ လြတ္လပ္တရားမွ်တမႈ မရွိခဲ့ဘူးဆိုတာ အစီရင္ခံစာမွာ ေဖၚျပပါတယ္။
ဒါေပမဲ့လည္း ၂၀၂၀ အေထြေထြေရြးေကာက္ပြဲဟာ မ်ားေသာအားျဖင့္ ျမန္မာျပည္သူေတြရဲ႕ ဆႏၵကို ကိုယ္စားျပဳတဲ့ ထင္ဟတ္တဲ့ ေရြးေကာက္ပြဲျဖစ္တယ္လို႔ ANFREL ရဲ႕ အစီရင္ခံစာမွာ ရွရွိလာတဲ့ အခ်က္အလက္ေတြအေပၚ အေျခခံ မွတ္ခ်က္ေပးေရးသားထားပါတယ္။ ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီကေတာ့ ေရြးေကာက္ပြဲမွာ မဲမသမာမႈေတြ ရွိခဲ့တယ္ဆိုၿပီး ေရြးေကာက္ပြဲရလဒ္ ပ်က္ပ်ယ္တဲ့အေၾကာင္း ေၾကညာထားတာပါ။
COVID-19 ေရာဂါ ကူးစက္မႈေတြ ရွိေနခဲ့တဲ့အခ်ိန္ မဲ႐ုံ ၀န္ထမ္းေတြ၊ ေရြးေကာက္ပြဲနဲ႔ က်န္းမာေရးအရာရွိေတြရဲ႕ ပင္ပင္ပန္းပန္း ႀကိဳးစားလုပ္ေဆာင္ေပးမႈၾကားမွာ ျမန္မာျပည္သူ ၂၇ သန္းခြဲ မဲေပးခဲ့ၾကတဲ့အေၾကာင္းနဲ႔ ျမန္မာျပည္သူေတြရဲ႕ အသံ၊ သေဘာထားဆႏၵကို တိပ္သြားေအာင္ ေခ်ဖ်က္လို႔ ရမွမဟုတ္တဲ့အေၾကာင္း အစီရင္ခံစာမွာေဖၚျပပါတယ္။ ANFREL ဟာ အာရွေဒသ ၁၇ ႏိုင္ငံက ေရြးေကာက္ပြဲ ၆၅ ခုကို ေစာင့္ၾကည့္ေလ့လာခဲ့တဲ့ အဖြဲ႔အစည္းျဖစ္ပါတယ္။
[Unicode Version]
၂၀၂၀ မြန်မာရွေးကောက်ပွဲ လူထုဆန္ဒထင်ဟပ် - ANFREL ထုတ်ပြန်
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟတ်တဲ့ ရွေးကောက်ပွဲဖြစ်ပြီး မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က အာဏာသိမ်းတာဟာ ကျိုးကြောင်းခိုင်လုံမှု မရှိတဲ့အကြောင်း နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တခုက ဒီနေ့ အဆုံးသတ် အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
အာရှ လွတ်လပ်တဲ့ ရွေးကောက်ပွဲအတွက် ကွန်ယက်အဖွဲ့ ANFREL ဟာ နိုင်ငံတကာအသိအမှတ်ပြု ခံအဖွဲ့အစည်း ဖြစ်သလို ၂၀၂၀ မြန်မာနိုင်ငံရွေးကောက်ပွဲကို နေရာဒေသအနှံ့ စောင့်ကြည့်လေ့လာခွင့်ရ ပြည်ပ အဖွဲ့အစည်း ၂ ခုထဲက တခုဖြစ်ပါတယ်။ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုက်ဖျက်ချေမှုန်းခြင်း ခံနေရသော ဒီမိုကရေစီ ဆိုတဲ့ နာမည်နဲ့ ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်တာပါ။
မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြား ကျင်းပခဲ့ရတာဖြစ်လို့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲလောက် လွတ်လပ်တရားမျှတမှု မရှိခဲ့ဘူးဆိုတာ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
ဒါပေမဲ့လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ များသောအားဖြင့် မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုတဲ့ ထင်ဟတ်တဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ANFREL ရဲ့ အစီရင်ခံစာမှာ ရှရှိလာတဲ့ အချက်အလက်တွေအပေါ် အခြေခံ မှတ်ချက်ပေးရေးသားထားပါတယ်။ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲရလဒ် ပျက်ပျယ်တဲ့အကြောင်း ကြေညာထားတာပါ။
COVID-19 ရောဂါ ကူးစက်မှုတွေ ရှိနေခဲ့တဲ့အချိန် မဲရုံ ဝန်ထမ်းတွေ၊ ရွေးကောက်ပွဲနဲ့ ကျန်းမာရေးအရာရှိတွေရဲ့ ပင်ပင်ပန်းပန်း ကြိုးစားလုပ်ဆောင်ပေးမှုကြားမှာ မြန်မာပြည်သူ ၂၇ သန်းခွဲ မဲပေးခဲ့ကြတဲ့အကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ အသံ၊ သဘောထားဆန္ဒကို တိပ်သွားအောင် ချေဖျက်လို့ ရမှမဟုတ်တဲ့အကြောင်း အစီရင်ခံစာမှာဖေါ်ပြပါတယ်။ ANFREL ဟာ အာရှဒေသ ၁၇ နိုင်ငံက ရွေးကောက်ပွဲ ၆၅ ခုကို စောင့်ကြည့်လေ့လာခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။