သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ႏုိင္ငံတကာေရာက္ ျမန္မာေတြ စုေဝးလႈပ္ရွား


ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္မွာ ျပဳလုပ္တဲ့ ျမန္မာႏုိင္ငံက စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲ။ (ေမ ၁၄၊ ၂၀၂၁)

[ Zawgyi / Unicode ]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတာ ရက္ေပါင္း ၁၀၀ ေက်ာ္လာခ်ိန္မွာပဲ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေနတဲ့ ျပည္တြင္းက လူထုနဲ႔အတူ ရပ္တည္ေနေၾကာင္းျပသဖို႔ ျပည္ပေရာက္ ျမန္မာေတြကလည္း အေမရိကန္၊ ဥေရာပနဲ႔ အာရွႏုိင္ငံတခ်ဳိ႕မွာ ပုံသဏၭာန္မ်ဳိးစုံနဲ႔ စေနေန႔က လႈပ္ရွားခဲ့ၾကပါတယ္။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က စုစည္း တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမဳိ႕ေတာ္မွာေတာ့ စစ္အာဏာသိမ္းမႈဆန္႔က်င္ လႈပ္ရွားသူ ျမန္မာနဲ႔ တုိင္းရင္းသားေတြက ေမလ ၁၅ ရက္ စေနေန႔မွာ ထိုင္းသံ႐ုံးေရွ႕ သြားေရာက္ ေမတၱာရပ္ခံခဲ့ၾကသလို ျမန္မာသံ႐ုံးေရွ႕ကုိလည္း သြားေရာက္ ဆႏၵျပခဲ့ၾကတယ္လို႔ ဆႏၵျပပဲြမွာ ပါဝင္သူ ABSDF ေက်ာင္းသားတပ္မေတာ္ အဖြဲ႔ဝင္ေဟာင္း ဦးယဥ္ေထြးက ေျပာပါတယ္။

"က်ေနာ္တုိ႔ ဒီေန႔ ထိုင္းသံ႐ုံးမွာသြားၿပီး ဆႏၵထုတ္ေဖာ္တာကေတာ့ ထိုင္းအစိုးရကို ေမတၱာရပ္ခံတာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ျပည္တြင္းမွာ ဒီေလာက္ သတ္ျဖတ္ေနတဲ့ အခါက်ေတာ့ စစ္ေဘးေရွာင္လာတဲ့ ျပည္သူေတြကို ျပန္ေမာင္းမထုတ္ဖို႔နဲ႔ သူတို႔ ထိုင္းနယ္ေျမမွာ လက္ခံထားဖို႔နဲ႔ ထိုင္းအစိုးရက ဒုက​ၡသည္အေရး ျပတ္ျပတ္သားသား ရပ္တည္ေပးဖို႔။ ေနာက္တခု ထိုင္းအစိုးရကို ေတာင္းဆိုတာက ကရင္လက္နက္ကိုင္ အဖြဲ႔တခုျဖစ္တဲ့ BGF ကုိ ထိုင္းနယ္ေျမကိုျဖတ္ၿပီး KNU ေနာက္ေက်ာက ဝင္ပတ္မယ့္ကိစၥကို ထုိင္းက ရပ္တန္႔ေပးဖို႔၊ အိမ္ၾကက္ခ်င္း အိုးမဲသုတ္တာမ်ဳိး မလုပ္ဖို႔ အဲဒါေတြ က်ေနာ္တုိ႔ ေတာင္းဆိုျဖစ္ပါတယ္။ အခုေတာ့ က်ေနာ္တို႔ ဗမာသံ႐ုံးေရွ႕ ေရာက္ေနပါတယ္။ ဗမာသံ႐ုံးေရွ႕က်ေတာ့လည္း စစ္အာဏာရွင္ျပဳတ္က်ေရးအတြက္ က်ေနာ္တို႔ ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။ CDM လုပ္ေနတဲ့ သံဝန္ထမ္းေတြေနရာမွာ အစားထုိးဖို႔ အသစ္ေရာက္လာတဲ့ သံဝန္ထမ္းေတြ က်ေနာ္တို႔နဲ႔ ပူးေပါင္းဖို႔အျပင္ သံအမတ္ႀကီး ဦးေအာင္လင္းရဲ႕ ၿခံစည္းရိုးခြထိုင္ေနတဲ့ အေၾကာင္းအရာေတြကိုလည္း က်ေနာ္တုိ႔ ေဖာ္ထုတ္ေနတာ ျဖစ္ပါတယ္ခင္ဗ်ာ။"

အလားတူ အေမရိကန္ အေရွ႕အလယ္ပိုင္း ကန္တပ္ကီျပည္နယ္က တုိင္းရင္းသားေတြကေတာ့ ျမန္မာျပည္တြင္း စစ္တပ္ရဲ႕ ထုိးစစ္ေၾကာင့္ စစ္ေရွာင္ဒုကၡသည္ ျဖစ္လာရတဲ့ ျပည္သူေတြကို ကူညီေထာက္ပံ့ဖို႔ ရန္ပုံေငြ ေကာက္ခံလွဴဒါန္းေနေၾကာင္း တခ်ိန္က မင္းတပ္ၿမဳိ႕မွာ ေနခဲ့တဲ့ ခ်င္းတိုင္းရင္းသား ဦးေသာမတ္လိန္းေရႊက ေျပာပါတယ္။

"က်ေနာ္တို႔က ျမန္မာျပည္မွာရွိတဲ့ စစ္ေျပးေရွာင္ဒုကၡသည္ေတြေပါ့ေနာ့၊ ကရင္ျပည္နယ္က စစ္ေျပးဒုကၡသည္ေတြအတြက္ေရာ၊ ကခ်င္ရယ္ ရခုိင္ရယ္မွာရွိတဲ့ ဒုကၡသည္ေတြ အတြက္ပါေပ့ါ။ အခုက မင္းတပ္က အေရးေပၚ ျဖစ္လာတဲ့အတြက္ေၾကာင့္ မင္းတပ္အတြက္လည္း က်ေနာ္တုိ႔ နည္းနည္းမွ်မယ္ေပါ့။ အဲလိုနဲ႔ က်ေနာ္တို႔က ရန္ပုံေငြရွာဖို႔ လုပ္ေနတာပါ။ ဒါေတြမတိုင္ခင္မွာ ဒီ ကန္တပ္ကီမွာရွိတဲ့ Save Myanmar Campaign အဖြဲ႔က က်ေနာ္တို႔ ညီအစ္ကုိေတြကေန မင္းတပ္ျပည္သူေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ အလွဴေငြေကာက္ခံၿပီး ၂,၈၈၂ ေဒၚလာ ပုိ႔လုိက္ပါတယ္။ အခု မင္းတပ္မွာ တူမီးေသနတ္ေလးေတြ ကိုင္တဲ့ လူငယ္ေလးေတြကို စစ္ေရးမွာသုံးတဲ့ လက္နက္ႀကီးေတြ ေလယာဥ္ေတြနဲ႔ အႀကိမ္ႀကိမ္ မင္းတပ္ကို ပို႔ၿပီးေတာ့မွ ျပည္သူေတြကို အႏိုင္က်င့္ သတ္ျဖတ္တယ္ က်ေနာ္တုိ႔ ၾကားရတယ္။ အဲဒါကို က်ေနာ္တုိ႔ ႐ႈတ္ခ်တယ္။ ဒီလုပ္ရပ္ေတြ ရပ္တန္းကရပ္ေပးဖို႔ အေဝးကေန ေတာင္းဆိုခ်င္တယ္။"

ေရွ႕လာမယ့္ သီတင္းပတ္ေတြမွာလည္း ျမန္မာျပည္နယ္စပ္က စစ္ေဘးဒုကၡသည္ေတြအတြက္ ရန္ပုံေငြ ဆက္လက္ ရွာေဖြသ ြားမယ္လို႔ ဆုိပါတယ္။

အေမရိကန္နဲ႔ကပ္လ်က္ ကေနဒါမွာေတာ့ ကေနဒါႏိုင္ငံသားေတြရဲ႕ လစာေငြကျဖတ္ၿပီး ပင္စင္ရန္ပုံေငြအျဖစ္ စုေဆာင္းထားတဲ့ ေငြေတြကို ျမန္မာစစ္တပ္ပိုင္ ဦးပုိင္လို ကုမၸဏီရဲ႕ လုပ္ငန္းေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ထားတာကို ျပန္႐ုပ္သိမ္းဖို႔ ကေနဒါအစိုးရကို ေတာင္းဆိုတဲ့လႈပ္ရွားမႈ လုပ္ေနေၾကာင္း အေနာက္ ဗန္ကူးဗားၿမဳိ႕ေန မဝါဝါေမာင္က ေျပာပါတယ္။

"အခုလို ျမန္မာ့အေရး ျဖစ္လာတဲ့အခါမွာ က်မတို႔ ျမန္မာျပည္ဖြား ကေနဒါေတြကလည္း ဒီက လႊတ္ေတာ္အမတ္ MP ေတြနဲ႔ ေတြ႔ဆုံခြင့္ေတာင္းၿပီး စကားေျပာၾကပါတယ္။ ဒီစစ္အစိုးရကို ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ဘယ္လိုမ်ဳိး ထပ္လုပ္ရမလဲေပါ့ အဲဒါေတြကို ေဆြးေႏြးတယ္။ အဲလိုေဆြးေႏြးတဲ့အခါ က်မတို႔ ခ်ျပတာက သူတို႔ ကေနဒါႏိုင္ငံသားေတြနဲ႔ ဒီမွာ အၿမဲတမ္းေနထိုင္ခြင့္ ရထားသူေတြရဲ႕ ပင္စင္ခံစားခြင့္ လစာအတြက္ စုေဆာင္းေငြေတြနဲ႔ သူတို႔က ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ထားတဲ့အရာေတြမွာ စစ္ေကာင္စီနဲ႔ ပတ္သက္တဲ့ ကုမၸဏီေတြမွာ (ဦးပိုင္ကုမၸဏီရဲ႕ လုပ္ငန္းမ်ဳိးမွာ) ရင္းႏွီးျမႇဳပ္ႏွံေနတာ ေတြ႔ရတယ္။ အဲဒီလို ရင္းႏွီးျမႇဳပ္နွံတဲ့ ကုမၸဏီေတြကို ကေနဒါအစိုးရကေန အေရးယူအျပစ္ေပးဖို႔ ေတာင္းဆိုေနတာ ရွိပါတယ္။ ဒါက တကယ္ထိေရာက္လာမယ့္ ကိစၥပါ။"

နယ္သာလန္မွာျပဳလုပ္တဲ့ ျမန္မာစစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပပြဲ။ (ေမ ၁၅ ၊ ၂၀၂၁)
နယ္သာလန္မွာျပဳလုပ္တဲ့ ျမန္မာစစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပပြဲ။ (ေမ ၁၅ ၊ ၂၀၂၁)

ဥေရာပတိုက္ထဲက နယ္သာလန္ႏိုင္ငံမွာေတာ့ အမ္စတာဒမ္ၿမဳိ႕နားက လြတ္လပ္ေသာ အႏုပညာရင္ျပင္မွာ ျမန္မာႏိုင္ငံတြင္း ဖမ္းဆီးခံထားရသူ အျမန္ျပန္လႊတ္ေပးဆိုတဲ့ အျပာေရာင္ကမ္ပိန္းကို စေနေန႔က လုပ္ခဲ့ၾကတဲ့အေၾကာင္း အမ္စတာဒမ္ၿမဳိ႕ခံ ေဒၚစမ္းစမ္းႏဲြ႔က ေျပာပါတယ္။

"ဒီေန႔ကေတာ့ နယ္သာလန္ေရာက္ေနတဲ့ ျမန္မာေတြကလည္း အမ္စတာဒမ္ၿမဳိ႕ကေန ကူးတို႔နဲ႔ ကူးသြားရင္ တဖက္ကမ္းမွာရွိတဲ့ NDSM warf ဆိုတဲ့ ၁၉၄၆ ခုႏွစ္ ဒုတိယကမၻာစစ္ေနာက္ပိုင္း တည္ေထာင္ ဖဲြ႔စည္းထားတဲ့ နယ္သာလန္ႏိုင္ငံ သေဘၤာက်င္းသမဂၢ ရွိတဲ့ေနရာ၊ လူစည္ကားတဲ့ အဲဒီေနရာမွာ က်မတို႔ သြားၿပီးေတာ့ အျပာေရာင္ကမ္ပိန္းကို သြားလုပ္တာပါရွင့္။ အျပာေရာင္ကမ္ပိန္းက ျမန္မာျပည္ရဲ႕ မိခင္ျဖစ္တဲ့ အေမေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ အဖမ္းဆီးခံေနရတဲ့ ျပည္သူေတြ အကုန္လုံးကို ျပန္လႊတ္ေပးဖို႔ တိုက္တြန္းတာပါ။ ဝမ္းနည္းတဲ့အထိမ္းအမွတ္နဲ႔ က်မတို႔ အျပာေရာင္ အဝတ္စားေတြ ဝတ္ၾကပါတယ္။ နယ္သာလန္မွာရွိတဲ့ ျမန္မာျပည္သူေတြကလည္း တေသြးတည္းတသားတည္း ေတာင္းဆိုတယ္ေပါ့ေနာ္။ ၿပီးေတာ့ က်မတို႔က NUG အစိုးရေရာ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ကိုလည္း ေထာက္ခံတယ္ဆိုတဲ့ အေၾကာင္းလည္း ပါပါတယ္။"

ျမန္မာႏိုင္ငံမွာ ညဘက္ သံပုံးတီးလႈပ္ရွားမႈလုပ္ဖို႔ အခက္အခဲေတြ ရွိလာတာမုိ႔ နယ္သာလန္ေရာက္ ျမန္မာေတြက ျမန္မာစံေတာ္ခ်ိန္ ည ၈ နာရီမွာ အြန္လိုင္းကတဆင့္ သံပုံးတီးလႈပ္ရွားမႈ လုပ္ေနၾကတယ္လို႔ ေျပာပါတယ္။

ဂ်ပန္ေရာက္ ျမန္မာႏိုင္ငံသားေတြကေတာ့ ျမန္မာႏိုင္ငံတြင္း CDM လႈပ္ရွားသူေတြနဲ႔ CRPH ေကာ္မတီအတြက္ ျမန္မာက်ပ္ေငြ သိန္း ၁၀၀ ေပးပုိ႔လွဴဒါန္းခဲ့သလို NUG အစိုးရရဲ႕ ကာကြယ္ေရးဝန္ႀကီးဌာနကို ထုိင္းဘတ္ေငြ ၂၇၅,၀၀၀ ေက်ာ္ လွဴဒါန္းခဲ့တာ ေတြ႔ရပါတယ္။

=================================

[ Unicode ]

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး နိုင်ငံတကာရောက် မြန်မာတွေ စုဝေးလှုပ်ရှား

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ရက်ပေါင်း ၁၀၀ ကျော်လာချိန်မှာပဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်နေတဲ့ ပြည်တွင်းက လူထုနဲ့အတူ ရပ်တည်နေကြောင်းပြသဖို့ ပြည်ပရောက် မြန်မာတွေကလည်း အမေရိကန်၊ ဥရောပနဲ့ အာရှနိုင်ငံတချို့မှာ ပုံသဏ္ဌာန်မျိုးစုံနဲ့ စနေနေ့က လှုပ်ရှားခဲ့ကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာတော့ စစ်အာဏာသိမ်းမှုဆန့်ကျင် လှုပ်ရှားသူ မြန်မာနဲ့ တိုင်းရင်းသားတွေက မေလ ၁၅ ရက် စနေနေ့မှာ ထိုင်းသံရုံးရှေ့ သွားရောက် မေတ္တာရပ်ခံခဲ့ကြသလို မြန်မာသံရုံးရှေ့ကိုလည်း သွားရောက် ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ ABSDF ကျောင်းသားတပ်မတော် အဖွဲ့ဝင်ဟောင်း ဦးယဉ်ထွေးက ပြောပါတယ်။

"ကျနော်တို့ ဒီနေ့ ထိုင်းသံရုံးမှာသွားပြီး ဆန္ဒထုတ်ဖော်တာကတော့ ထိုင်းအစိုးရကို မေတ္တာရပ်ခံတာပါ။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာ ဒီလောက် သတ်ဖြတ်နေတဲ့ အခါကျတော့ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို ပြန်မောင်းမထုတ်ဖို့နဲ့ သူတို့ ထိုင်းနယ်မြေမှာ လက်ခံထားဖို့နဲ့ ထိုင်းအစိုးရက ဒုက္ခသည်အရေး ပြတ်ပြတ်သားသား ရပ်တည်ပေးဖို့။ နောက်တခု ထိုင်းအစိုးရကို တောင်းဆိုတာက ကရင်လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ BGF ကို ထိုင်းနယ်မြေကိုဖြတ်ပြီး KNU နောက်ကျောက ဝင်ပတ်မယ့်ကိစ္စကို ထိုင်းက ရပ်တန့်ပေးဖို့၊ အိမ်ကြက်ချင်း အိုးမဲသုတ်တာမျိုး မလုပ်ဖို့ အဲဒါတွေ ကျနော်တို့ တောင်းဆိုဖြစ်ပါတယ်။ အခုတော့ ကျနော်တို့ ဗမာသံရုံးရှေ့ ရောက်နေပါတယ်။ ဗမာသံရုံးရှေ့ကျတော့လည်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ကျနော်တို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ CDM လုပ်နေတဲ့ သံဝန်ထမ်းတွေနေရာမှာ အစားထိုးဖို့ အသစ်ရောက်လာတဲ့ သံဝန်ထမ်းတွေ ကျနော်တို့နဲ့ ပူးပေါင်းဖို့အပြင် သံအမတ်ကြီး ဦးအောင်လင်းရဲ့ ခြံစည်းရိုးခွထိုင်နေတဲ့ အကြောင်းအရာတွေကိုလည်း ကျနော်တို့ ဖော်ထုတ်နေတာ ဖြစ်ပါတယ်ခင်ဗျာ။"

အလားတူ အမေရိကန် အရှေ့အလယ်ပိုင်း ကန်တပ်ကီပြည်နယ်က တိုင်းရင်းသားတွေကတော့ မြန်မာပြည်တွင်း စစ်တပ်ရဲ့ ထိုးစစ်ကြောင့် စစ်ရှောင်ဒုက္ခသည် ဖြစ်လာရတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ ရန်ပုံငွေ ကောက်ခံလှူဒါန်းနေကြောင်း တချိန်က မင်းတပ်မြို့မှာ နေခဲ့တဲ့ ချင်းတိုင်းရင်းသား ဦးသောမတ်လိန်းရွှေက ပြောပါတယ်။

"ကျနော်တို့က မြန်မာပြည်မှာရှိတဲ့ စစ်ပြေးရှောင်ဒုက္ခသည်တွေပေါ့နော့၊ ကရင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေအတွက်ရော၊ ကချင်ရယ် ရခိုင်ရယ်မှာရှိတဲ့ ဒုက္ခသည်တွေ အတွက်ပါပေ့ါ။ အခုက မင်းတပ်က အရေးပေါ် ဖြစ်လာတဲ့အတွက်ကြောင့် မင်းတပ်အတွက်လည်း ကျနော်တို့ နည်းနည်းမျှမယ်ပေါ့။ အဲလိုနဲ့ ကျနော်တို့က ရန်ပုံငွေရှာဖို့ လုပ်နေတာပါ။ ဒါတွေမတိုင်ခင်မှာ ဒီ ကန်တပ်ကီမှာရှိတဲ့ Save Myanmar Campaign အဖွဲ့က ကျနော်တို့ ညီအစ်ကိုတွေကနေ မင်းတပ်ပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အလှူငွေကောက်ခံပြီး ၂,၈၈၂ ဒေါ်လာ ပို့လိုက်ပါတယ်။ အခု မင်းတပ်မှာ တူမီးသေနတ်လေးတွေ ကိုင်တဲ့ လူငယ်လေးတွေကို စစ်ရေးမှာသုံးတဲ့ လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ အကြိမ်ကြိမ် မင်းတပ်ကို ပို့ပြီးတော့မှ ပြည်သူတွေကို အနိုင်ကျင့် သတ်ဖြတ်တယ် ကျနော်တို့ ကြားရတယ်။ အဲဒါကို ကျနော်တို့ ရှုတ်ချတယ်။ ဒီလုပ်ရပ်တွေ ရပ်တန်းကရပ်ပေးဖို့ အဝေးကနေ တောင်းဆိုချင်တယ်။"

ရှေ့လာမယ့် သီတင်းပတ်တွေမှာလည်း မြန်မာပြည်နယ်စပ်က စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေ ဆက်လက် ရှာဖွေသ ွားမယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ကပ်လျက် ကနေဒါမှာတော့ ကနေဒါနိုင်ငံသားတွေရဲ့ လစာငွေကဖြတ်ပြီး ပင်စင်ရန်ပုံငွေအဖြစ် စုဆောင်းထားတဲ့ ငွေတွေကို မြန်မာစစ်တပ်ပိုင် ဦးပိုင်လို ကုမ္ပဏီရဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ထားတာကို ပြန်ရုပ်သိမ်းဖို့ ကနေဒါအစိုးရကို တောင်းဆိုတဲ့လှုပ်ရှားမှု လုပ်နေကြောင်း အနောက် ဗန်ကူးဗားမြို့နေ မဝါဝါမောင်က ပြောပါတယ်။

"အခုလို မြန်မာ့အရေး ဖြစ်လာတဲ့အခါမှာ ကျမတို့ မြန်မာပြည်ဖွား ကနေဒါတွေကလည်း ဒီက လွှတ်တော်အမတ် MP တွေနဲ့ တွေ့ဆုံခွင့်တောင်းပြီး စကားပြောကြပါတယ်။ ဒီစစ်အစိုးရကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဘယ်လိုမျိုး ထပ်လုပ်ရမလဲပေါ့ အဲဒါတွေကို ဆွေးနွေးတယ်။ အဲလိုဆွေးနွေးတဲ့အခါ ကျမတို့ ချပြတာက သူတို့ ကနေဒါနိုင်ငံသားတွေနဲ့ ဒီမှာ အမြဲတမ်းနေထိုင်ခွင့် ရထားသူတွေရဲ့ ပင်စင်ခံစားခွင့် လစာအတွက် စုဆောင်းငွေတွေနဲ့ သူတို့က ရင်းနှီးမြှုပ်နှံမှု လုပ်ထားတဲ့အရာတွေမှာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေမှာ (ဦးပိုင်ကုမ္ပဏီရဲ့ လုပ်ငန်းမျိုးမှာ) ရင်းနှီးမြှုပ်နှံနေတာ တွေ့ရတယ်။ အဲဒီလို ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေကို ကနေဒါအစိုးရကနေ အရေးယူအပြစ်ပေးဖို့ တောင်းဆိုနေတာ ရှိပါတယ်။ ဒါက တကယ်ထိရောက်လာမယ့် ကိစ္စပါ။"

နယ္သာလန္မွာျပဳလုပ္တဲ့ ျမန္မာစစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပပြဲ။ (ေမ ၁၅ ၊ ၂၀၂၁)
နယ္သာလန္မွာျပဳလုပ္တဲ့ ျမန္မာစစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပပြဲ။ (ေမ ၁၅ ၊ ၂၀၂၁)

ဥရောပတိုက်ထဲက နယ်သာလန်နိုင်ငံမှာတော့ အမ်စတာဒမ်မြို့နားက လွတ်လပ်သော အနုပညာရင်ပြင်မှာ မြန်မာနိုင်ငံတွင်း ဖမ်းဆီးခံထားရသူ အမြန်ပြန်လွှတ်ပေးဆိုတဲ့ အပြာရောင်ကမ်ပိန်းကို စနေနေ့က လုပ်ခဲ့ကြတဲ့အကြောင်း အမ်စတာဒမ်မြို့ခံ ဒေါ်စမ်းစမ်းနွဲ့က ပြောပါတယ်။

"ဒီနေ့ကတော့ နယ်သာလန်ရောက်နေတဲ့ မြန်မာတွေကလည်း အမ်စတာဒမ်မြို့ကနေ ကူးတို့နဲ့ ကူးသွားရင် တဖက်ကမ်းမှာရှိတဲ့ NDSM warf ဆိုတဲ့ ၁၉၄၆ ခုနှစ် ဒုတိယကမ္ဘာစစ်နောက်ပိုင်း တည်ထောင် ဖွဲ့စည်းထားတဲ့ နယ်သာလန်နိုင်ငံ သင်္ဘောကျင်းသမဂ္ဂ ရှိတဲ့နေရာ၊ လူစည်ကားတဲ့ အဲဒီနေရာမှာ ကျမတို့ သွားပြီးတော့ အပြာရောင်ကမ်ပိန်းကို သွားလုပ်တာပါရှင့်။ အပြာရောင်ကမ်ပိန်းက မြန်မာပြည်ရဲ့ မိခင်ဖြစ်တဲ့ အမေဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အဖမ်းဆီးခံနေရတဲ့ ပြည်သူတွေ အကုန်လုံးကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းတာပါ။ ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ ကျမတို့ အပြာရောင် အဝတ်စားတွေ ဝတ်ကြပါတယ်။ နယ်သာလန်မှာရှိတဲ့ မြန်မာပြည်သူတွေကလည်း တသွေးတည်းတသားတည်း တောင်းဆိုတယ်ပေါ့နော်။ ပြီးတော့ ကျမတို့က NUG အစိုးရရော ပြည်သူ့ကာကွယ်ရေးတပ် PDF ကိုလည်း ထောက်ခံတယ်ဆိုတဲ့ အကြောင်းလည်း ပါပါတယ်။"

မြန်မာနိုင်ငံမှာ ညဘက် သံပုံးတီးလှုပ်ရှားမှုလုပ်ဖို့ အခက်အခဲတွေ ရှိလာတာမို့ နယ်သာလန်ရောက် မြန်မာတွေက မြန်မာစံတော်ချိန် ည ၈ နာရီမှာ အွန်လိုင်းကတဆင့် သံပုံးတီးလှုပ်ရှားမှု လုပ်နေကြတယ်လို့ ပြောပါတယ်။

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေကတော့ မြန်မာနိုင်ငံတွင်း CDM လှုပ်ရှားသူတွေနဲ့ CRPH ကော်မတီအတွက် မြန်မာကျပ်ငွေ သိန်း ၁၀၀ ပေးပို့လှူဒါန်းခဲ့သလို NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ထိုင်းဘတ်ငွေ ၂၇၅,၀၀၀ ကျော် လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG