သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏုိင္ငံတဝန္း ဆႏၵျပမႈမ်ား ရွိေပမယ့္ အရွိန္ေလ်ာ့လာ


ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္တဲ့ စစ္အာဏာသိမ္းဆန္႔က်င္ ဆႏၵျပပြဲ။ (ေမ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပသူေတြကို စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ပစ္ခတ္ၿဖိုခြဲတာနဲ႔ အျပင္းအထန္ ဖမ္းဆီးတာေတြေၾကာင့္ ႏုိင္ငံတဝန္းမွာ ဆႏၵျပပြဲေတြ အရွိန္ေလ်ာ့လာေပမယ့္လည္း ဒီကေန႔အထိေတာ့ ရွိေနတုန္းပါပဲ။

ရန္ကုန္က ေတာင္ဒဂံု၊ ေျမာက္ဒဂံုနဲ႔ ရန္ကင္းၿမိဳ႕နယ္ေတြဘက္မွာ သပိတ္စစ္ေၾကာင္းေတြစုၿပီး ဆႏၵျပခဲ့ၾကပါတယ္။

မႏၲေလးၿမိဳ႕မွာ ေန႔စဥ္ ဆႏၵျပေနတဲ့ သံဃသမဂၢ သပိတ္စစ္ေၾကာင္း ဒီကေန႔မွာလည္း ထြက္ပါတယ္။

အျပင္းအထန္ ဖမ္းဆီး ၿဖိဳခြဲခံထားရတဲ့ မံုရြာၿမိဳ႕မွာလည္း က်ဆံုးသြားသူေတြအတြက္ ဝမ္းနည္းျခင္း အထိမ္းအမွတ္အျဖစ္ မံုရြာေက်ာင္းသားေတြ ဦးေဆာင္ၿပီး ႏွင္းဆီသပိတ္စစ္ေၾကာင္း ထြက္ခဲ့သလို ပင္မသပိတ္စစ္ေၾကာင္းလည္း ရွိခဲ့ပါတယ္။

ကရင္ျပည္နယ္ထဲက ဝင္းေရးနဲ႔ ၾကာအင္းဆိပ္ႀကီး၊ ထားဝယ္ၿမိဳ႕၊ ေရျဖဴခ႐ိုင္၊ ကံေပါက္ေဒသနဲ႔ ေလာင္းလံုး၊ ဖားကန္႔၊ နမၼတီး၊ မိုးေကာင္း၊ ကေလး၊ ေျမာင္းျမ၊ ေပါင္၊ ေရဦး၊ ၿမိဳင္ စတဲ့ေဒသေတြမွာ ပံုစံအမ်ဳိးမ်ဳိးနဲ႔ ဆႏၵျပပြဲေတြ ရွိခဲ့ပါတယ္။

မီးေလာင္ေနတဲ့ ေရႊဘုိၿမိဳ႕မေဈးႀကီး။ (ေမ ၁၅၊ ၂၀၂၁။ ဓာတ္ပုံ - CJ)
မီးေလာင္ေနတဲ့ ေရႊဘုိၿမိဳ႕မေဈးႀကီး။ (ေမ ၁၅၊ ၂၀၂၁။ ဓာတ္ပုံ - CJ)


ေရႊဘိုၿမိဳ႕မွာေတာ့ စေနမနက္လင္းအားႀကီး ႏွစ္နာရီေလာက္မွာ အမွတ္ ၄ ရပ္ကြက္က ေရႊဘိုၿမိဳ႕မေစ်းႀကီး မီးေလာင္ၿပီး တေစ်းလံုးနီးပါး မီးေလာင္ပ်က္စီးသြားပါတယ္။

ေစ်းနဲ႔မလွမ္းမကမ္းမွာပဲ အဓိက မီးသတ္စခန္း ရွိေပမယ့္လည္း အခ်ိန္မီ မၿငိႇမ္းသတ္တာေၾကာင့္ မီးေလာင္ပ်က္စီးသြားတာလို႔ ျပည္တြင္းကလာတဲ့ သတင္းေတြမွာ ေဖာ္ျပပါတယ္။

အဲဒီေစ်းမွာ စစ္သားနဲ႔ရဲေတြကို ေစ်းမေရာင္းဘူးလို႔ စာေရးထားတဲ့ဆုိင္ေတြ ရွိသလို CDM လုပ္သူေတြကို ေထာက္ခံကူညီတဲ့ ေစ်းဆိုင္ေတြ ရွိတယ္လုိ႔လည္း သတင္းေတြမွာ ေတြ႔ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

နိုင်ငံတဝန်း ဆန္ဒပြမှုများ ရှိပေမယ့် အရှိန်လျော့လာ

စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာနဲ့ အပြင်းအထန် ဖမ်းဆီးတာတွေကြောင့် နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ အရှိန်လျော့လာပေမယ့်လည်း ဒီကနေ့အထိတော့ ရှိနေတုန်းပါပဲ။

ရန်ကုန်က တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ ရန်ကင်းမြို့နယ်တွေဘက်မှာ သပိတ်စစ်ကြောင်းတွေစုပြီး ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးမြို့မှာ နေ့စဉ် ဆန္ဒပြနေတဲ့ သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဒီကနေ့မှာလည်း ထွက်ပါတယ်။

အပြင်းအထန် ဖမ်းဆီး ဖြိုခွဲခံထားရတဲ့ မုံရွာမြို့မှာလည်း ကျဆုံးသွားသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မုံရွာကျောင်းသားတွေ ဦးဆောင်ပြီး နှင်းဆီသပိတ်စစ်ကြောင်း ထွက်ခဲ့သလို ပင်မသပိတ်စစ်ကြောင်းလည်း ရှိခဲ့ပါတယ်။

ကရင်ပြည်နယ်ထဲက ဝင်းရေးနဲ့ ကြာအင်းဆိပ်ကြီး၊ ထားဝယ်မြို့၊ ရေဖြူခရိုင်၊ ကံပေါက်ဒေသနဲ့ လောင်းလုံး၊ ဖားကန့်၊ နမ္မတီး၊ မိုးကောင်း၊ ကလေး၊ မြောင်းမြ၊ ပေါင်၊ ရေဦး၊ မြိုင် စတဲ့ဒေသတွေမှာ ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။

ရွှေဘိုမြို့မှာတော့ စနေမနက်လင်းအားကြီး နှစ်နာရီလောက်မှာ အမှတ် ၄ ရပ်ကွက်က ရွှေဘိုမြို့မဈေးကြီး မီးလောင်ပြီး တဈေးလုံးနီးပါး မီးလောင်ပျက်စီးသွားပါတယ်။

ဈေးနဲ့မလှမ်းမကမ်းမှာပဲ အဓိက မီးသတ်စခန်း ရှိပေမယ့်လည်း အချိန်မီ မငြှိမ်းသတ်တာကြောင့် မီးလောင်ပျက်စီးသွားတာလို့ ပြည်တွင်းကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

အဲဒီဈေးမှာ စစ်သားနဲ့ရဲတွေကို ဈေးမရောင်းဘူးလို့ စာရေးထားတဲ့ဆိုင်တွေ ရှိသလို CDM လုပ်သူတွေကို ထောက်ခံကူညီတဲ့ ဈေးဆိုင်တွေ ရှိတယ်လို့လည်း သတင်းတွေမှာ
တွေ့ရပါတယ်။

XS
SM
MD
LG