သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေခ်ာက္ေရနံေျမ CDM အလုပ္သမား ၆၀၀ ေက်ာ္ အလုပ္ရပ္နားခံရ


ဝန္ထမ္းေတြ CDM လႈပ္ရွားမႈမွာ ပါဝင္ဖို႔ ေတာင္းဆုိတဲ့ ရန္ကုန္ၿမိဳ႕က ဆႏၵျပျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

ႏုိင္ငံအႏွ႔ံက အၾကမ္းမဖက္ အာဏာဖီဆန္ေနၾကတဲ့ အစိုးရဝန္ထမ္းေတြကို သက္ဆုိင္ရာ ၿမိဳ႕နယ္အလိုက္ အာဏာပိုင္ေတြရဲ႕လက္မွတ္နဲ႔ အလုပ္က ယာယီရပ္ဆိုင္းမႈေတြ ထုတ္ျပန္ေနရာမွာ ေခ်ာက္ေရနံေျမ အလုပ္သမား ၆၀၀ ေက်ာ္လည္း ရာထူးက ရပ္နားခံရပါတယ္။ ဒီလို ရာထူးက ရပ္ဆိုင္းခံရတဲ့အတြက္ သူတို႔ေတြရဲ႕ စားဝတ္ေနေရး အခက္အခဲ အေျခအေနကို မခြါညိဳ တင္ျပေပးထားပါတယ္။

ေခ်ာက္ၿမိဳ႕က ေရနံေျမအလုပ္သမား ၁,၀၀၀ ေက်ာ္ရွိတဲ့အနက္ အၾကမ္းမဖက္ အာဏာဖီဆန္ဆဲ ဝန္ထမ္း ၆၀၉ ဦးကို ရာထူးကရပ္စဲေၾကာင္း တရားဝင္ေၾကညာခ်က္ ထြက္လာပါၿပီ။ ေရနံေျမအိိမ္ရာေတြမွာပဲ မ်ဳိး႐ိုးစဥ္ဆက္ ေနလာၾကတဲ့ ဝန္ထမ္းေတြ ျဖစ္တာေၾကာင့္ အခုလို ရာထူးက ရပ္ဆုိင္းခံရတဲ့အခ်ိန္မွာ ေနထုိင္ေရးနဲ႔ပတ္သက္လို႔ အလုပ္က ရပ္စဲခံရတဲ့ ေခ်ာက္ေရနံေျမက ေရနံကၽြမ္းက်င္-၅ ဝန္ထမ္းတဦးက အခုလို ေျပာပါတယ္။

“အခုအခ်ိန္ထိေတာ့ ရင္းႏွီးတဲ့အိမ္ေလးေတြ၊ အိမ္ပိုင္ဝိုင္းပိုင္ရွိတဲ့ အေပါင္းအသင္းအိမ္ေလးေတြ၊ ေဆြမ်ဳိးအိမ္ေလးေတြမွာ ဒီလုိပဲ အဆင္ေျပတဲ့လူက ကပ္ေနရတယ္။ အဆင္မေျပတဲ့လူကေတာ့ ေပးထားတဲ့ လုိင္းခန္းေလးေတြမွာပဲ အတင္းအဓမၼႀကီး ဖိအားမေပးမခ်င္းေလးေတာ့၊ ဆြဲမခ်မခ်င္းေလးေတာ့ ေနေနေသးတာေပါ့၊ ေမွးေနေသးတာေပါ့။ Non-CDM မျဖစ္ဘဲ CDM ျဖစ္ေနေသးတဲ့ ဝန္ထမ္းေတြအေနနဲ႔ကေတာ့ ဆႏၵျပပြဲေတြမွာ ပူးေပါင္းပါဝင္ လုပ္ေဆာင္ေနပါေသးတယ္။”

ဒီေန႔မွာလည္း ေခ်ာက္ၿမိဳ႕မွာ ေျပာက္က်ားသပိတ္ကို အခ်ိန္တုိ က်င္းပႏိုင္ခဲ့ေၾကာင္းလည္း သူက ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းၿပီး တပတ္အၾကာ ေဖေဖာ္ဝါရီ ၈ ရက္ကစၿပီး ေခ်ာက္ေရနံေျမ အလုပ္သမား ၁,၀၀၀ ေက်ာ္ တညီတညြတ္တည္း ဆႏၵျပခဲ့ၾကေပမယ့္ အခုေတာ့ စားဝတ္ေနေရး အခက္အခဲနဲ႔ မိသားစုဝင္ေတြကို ေႏွာင့္ယွက္ၿခိမ္းေျခာက္မႈေတြ ရွိေနတဲ့ သတင္းေတြေၾကာင့္ အလုပ္ျပန္ဝင္ေနၾကရသူေတြလည္း ရွိေနတယ္လို႔ သူက ေျပာပါတယ္။

“CDM ျဖဳတ္သြားတာေတာ့ ၄၀၀ ေက်ာ္ ပါသြားပါၿပီခင္ဗ်။ ၅၀၅(ဃ) လို႔ေခၚတဲ့ ဖမ္းမယ္၊ ဆီးမယ္။ မိသားစုေတြကို ဒုကၡေပးမွာ ေၾကာက္ၾကတယ္။ ေန႔လည္း ေကာင္းေကာင္းမအိပ္ရ၊ ညလည္း ေကာင္းေကာင္းမအိပ္ရ၊ ဘယ္အခ်ိန္ဝင္ဆြဲမယ္မွန္းလည္း မသိလည္း ျဖစ္ၾကတယ္။ အဓိကကေတာ့ ေၾကာက္တဲ့စိတ္ တခုတည္းနဲ႔ ထြက္သြားၾကတာပါ။ လံုၿခံဳစိတ္ခ်ရမႈ ဆိုတာကေတာ့ မရွိဘူးေပါ့ဗ်ာ။ ဘယ္အခ်ိန္လာဆြဲမယ္၊ ဘယ္အခ်ိန္အေရးယူမယ္ ဆုိတာကို ဘယ္သူမွ မသိဘူး။ ေနစရာက အခက္အခဲျဖစ္၊ စားဖို႔ေသာက္ဖို႔က အခက္အခဲျဖစ္ေတာ့ ဖမ္းမွာဆီးမွာလည္း စိုးရိမ္ရတယ္၊ ဘယ္ကမွလည္း အာမခံခ်က္က မရွိဘူး ျဖစ္ေနတယ္ခင္ဗ်။ က်ေနာ္တုိ႔ကလည္း ဒီတုိက္ပြဲကို အဆံုးထိ တုိက္ပြဲဝင္ေပးသြားမယ္လို႔ ဒီေနရာကေန ေျပာပါတယ္ခင္ဗ်။”

ေခ်ာက္ေရနံေျမမွာ ဌာနေပါင္းစံုက ေရနံဝန္ထမ္းအင္အား ၁,၀၀၀ ေက်ာ္မွာ လက္ရွိ အၾကမ္းမဖက္ အာဏာဖီဆန္ဆဲ အလုပ္သမား ၆၀၉ ဦး ရွိေနဆဲျဖစ္ၿပီး ၄၀၀ ေက်ာ္ကေတာ့ စားဝတ္ေနေရး အခက္အခဲေတြေၾကာင့္ အလုပ္ျပန္ဆင္းၾကပါတယ္။ ေလာေလာဆယ္မွာ ေခ်ာက္ၿမိဳ႕ မူလတန္းကေန အထက္တန္းျပအထိ ဆရာ ဆရာမေတြနဲ႔ ပညာေရးဝန္ထမ္း စုစုေပါင္း ၄၈၉ ဦးကိုလည္း ေမလ ၁၁ ရက္ေန႔စြဲနဲ႔ ႏိုင္ငံ့ဝန္ထမ္းနည္းဥပေဒ (၁၆၁) နည္းဥပေဒခြဲ (ဃ)၊ နည္းဥပေဒ (၁၇၀)၊ နည္းဥပေဒခြဲ (က) တို႔အရ လံုေလာက္တဲ့ အေၾကာင္းျပခ်က္မရွိဘဲ ခြင့္မဲ့ပ်က္ကြက္ခဲ့တဲ့အတြက္ဆိုၿပီး ညႊန္ၾကားေရးမွဴး ေဒါက္တာခ်ဳိခ်ဳိျမတ္ေအာင္ရဲ႕ လက္မွတ္နဲ႔ အလုပ္ကရပ္စဲေၾကာင္း အမိန္႔စာ ထြက္ထားပါတယ္။

ေခ်ာက္ၿမိဳ႕က အၾကမ္းမဖက္ အာဏာဖီဆန္ေနတဲ့ ျမန္မာ့ေရနံနဲ႔ သဘာဝဓာတ္ေငြ႔ဌာန MOGE၊ ေခ်ာက္ေရနံခ်က္စက္႐ံုနဲ႔ တျခားေရနံဌာနေတြက အလုပ္ရပ္နားခံရတဲ့ ဝန္ထမ္း စုစုေပါင္းကေတာ့ ၆၀၉ ဦး ရွိပါတယ္။

ျမန္မာ့ေရနံနဲ႔ သဘာဝဓာတ္ေငြ႔က ဝန္ထမ္းေတြကို အလုပ္ရပ္နားစာမွာေတာ့ ၆ လအတြင္း အယူခံဝင္ႏုိင္ေၾကာင္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ချောက်ရေနံမြေ CDM အလုပ်သမား ၆၀၀ ကျော် အလုပ်ရပ်နားခံရ

နိုင်ငံအနှံ့က အကြမ်းမဖက် အာဏာဖီဆန်နေကြတဲ့ အစိုးရဝန်ထမ်းတွေကို သက်ဆိုင်ရာ မြို့နယ်အလိုက် အာဏာပိုင်တွေရဲ့လက်မှတ်နဲ့ အလုပ်က ယာယီရပ်ဆိုင်းမှုတွေ ထုတ်ပြန်နေရာမှာ ချောက်ရေနံမြေ အလုပ်သမား ၆၀၀ ကျော်လည်း ရာထူးက ရပ်နားခံရပါတယ်။ ဒီလို ရာထူးက ရပ်ဆိုင်းခံရတဲ့အတွက် သူတို့တွေရဲ့ စားဝတ်နေရေး အခက်အခဲ အခြေအနေကို မခွါညို တင်ပြပေးထားပါတယ်။

ချောက်မြို့က ရေနံမြေအလုပ်သမား ၁,၀၀၀ ကျော်ရှိတဲ့အနက် အကြမ်းမဖက် အာဏာဖီဆန်ဆဲ ဝန်ထမ်း ၆၀၉ ဦးကို ရာထူးကရပ်စဲကြောင်း တရားဝင်ကြေညာချက် ထွက်လာပါပြီ။ ရေနံမြေအိမ်ရာတွေမှာပဲ မျိုးရိုးစဉ်ဆက် နေလာကြတဲ့ ဝန်ထမ်းတွေ ဖြစ်တာကြောင့် အခုလို ရာထူးက ရပ်ဆိုင်းခံရတဲ့အချိန်မှာ နေထိုင်ရေးနဲ့ပတ်သက်လို့ အလုပ်က ရပ်စဲခံရတဲ့ ချောက်ရေနံမြေက ရေနံကျွမ်းကျင်-၅ ဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

“အခုအချိန်ထိတော့ ရင်းနှီးတဲ့အိမ်လေးတွေ၊ အိမ်ပိုင်ဝိုင်းပိုင်ရှိတဲ့ အပေါင်းအသင်းအိမ်လေးတွေ၊ ဆွေမျိုးအိမ်လေးတွေမှာ ဒီလိုပဲ အဆင်ပြေတဲ့လူက ကပ်နေရတယ်။ အဆင်မပြေတဲ့လူကတော့ ပေးထားတဲ့ လိုင်းခန်းလေးတွေမှာပဲ အတင်းအဓမ္မကြီး ဖိအားမပေးမချင်းလေးတော့၊ ဆွဲမချမချင်းလေးတော့ နေနေသေးတာပေါ့၊ မှေးနေသေးတာပေါ့။ Non-CDM မဖြစ်ဘဲ CDM ဖြစ်နေသေးတဲ့ ဝန်ထမ်းတွေအနေနဲ့ကတော့ ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင် လုပ်ဆောင်နေပါသေးတယ်။”

ဒီနေ့မှာလည်း ချောက်မြို့မှာ ပြောက်ကျားသပိတ်ကို အချိန်တို ကျင်းပနိုင်ခဲ့ကြောင်းလည်း သူက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီး တပတ်အကြာ ဖေဖော်ဝါရီ ၈ ရက်ကစပြီး ချောက်ရေနံမြေ အလုပ်သမား ၁,၀၀၀ ကျော် တညီတညွတ်တည်း ဆန္ဒပြခဲ့ကြပေမယ့် အခုတော့ စားဝတ်နေရေး အခက်အခဲနဲ့ မိသားစုဝင်တွေကို နှောင့်ယှက်ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ သတင်းတွေကြောင့် အလုပ်ပြန်ဝင်နေကြရသူတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

“CDM ဖြုတ်သွားတာတော့ ၄၀၀ ကျော် ပါသွားပါပြီခင်ဗျ။ ၅၀၅(ဃ) လို့ခေါ်တဲ့ ဖမ်းမယ်၊ ဆီးမယ်။ မိသားစုတွေကို ဒုက္ခပေးမှာ ကြောက်ကြတယ်။ နေ့လည်း ကောင်းကောင်းမအိပ်ရ၊ ညလည်း ကောင်းကောင်းမအိပ်ရ၊ ဘယ်အချိန်ဝင်ဆွဲမယ်မှန်းလည်း မသိလည်း ဖြစ်ကြတယ်။ အဓိကကတော့ ကြောက်တဲ့စိတ် တခုတည်းနဲ့ ထွက်သွားကြတာပါ။ လုံခြုံစိတ်ချရမှု ဆိုတာကတော့ မရှိဘူးပေါ့ဗျာ။ ဘယ်အချိန်လာဆွဲမယ်၊ ဘယ်အချိန်အရေးယူမယ် ဆိုတာကို ဘယ်သူမှ မသိဘူး။ နေစရာက အခက်အခဲဖြစ်၊ စားဖို့သောက်ဖို့က အခက်အခဲဖြစ်တော့ ဖမ်းမှာဆီးမှာလည်း စိုးရိမ်ရတယ်၊ ဘယ်ကမှလည်း အာမခံချက်က မရှိဘူး ဖြစ်နေတယ်ခင်ဗျ။ ကျနော်တို့ကလည်း ဒီတိုက်ပွဲကို အဆုံးထိ တိုက်ပွဲဝင်ပေးသွားမယ်လို့ ဒီနေရာကနေ ပြောပါတယ်ခင်ဗျ။”

ချောက်ရေနံမြေမှာ ဌာနပေါင်းစုံက ရေနံဝန်ထမ်းအင်အား ၁,၀၀၀ ကျော်မှာ လက်ရှိ အကြမ်းမဖက် အာဏာဖီဆန်ဆဲ အလုပ်သမား ၆၀၉ ဦး ရှိနေဆဲဖြစ်ပြီး ၄၀၀ ကျော်ကတော့ စားဝတ်နေရေး အခက်အခဲတွေကြောင့် အလုပ်ပြန်ဆင်းကြပါတယ်။ လောလောဆယ်မှာ ချောက်မြို့ မူလတန်းကနေ အထက်တန်းပြအထိ ဆရာ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်း စုစုပေါင်း ၄၈၉ ဦးကိုလည်း မေလ ၁၁ ရက်နေ့စွဲနဲ့ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ (၁၆၁) နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ (၁၇၀)၊ နည်းဥပဒေခွဲ (က) တို့အရ လုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ ခွင့်မဲ့ပျက်ကွက်ခဲ့တဲ့အတွက်ဆိုပြီး ညွှန်ကြားရေးမှူး ဒေါက်တာချိုချိုမြတ်အောင်ရဲ့ လက်မှတ်နဲ့ အလုပ်ကရပ်စဲကြောင်း အမိန့်စာ ထွက်ထားပါတယ်။

ချောက်မြို့က အကြမ်းမဖက် အာဏာဖီဆန်နေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ဌာန MOGE၊ ချောက်ရေနံချက်စက်ရုံနဲ့ တခြားရေနံဌာနတွေက အလုပ်ရပ်နားခံရတဲ့ ဝန်ထမ်း စုစုပေါင်းကတော့ ၆၀၉ ဦး ရှိပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့က ဝန်ထမ်းတွေကို အလုပ်ရပ်နားစာမှာတော့ ၆ လအတွင်း အယူခံဝင်နိုင်ကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG