သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာရွင္ဆန္႔က်င္ေရး ပံုသဏၭာန္မ်ိဳးစံု ဆႏၵျပ ကန္႔ကြက္ေနၾကဆဲ


ရန္ကုန္ၿမိဳ႕က စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲတခု။ (ေမ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံတဝန္းမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္ၿပီး ဒီမုိကေရစီေရး ေတာင္းဆိုတဲ့ ဆႏၵျပပြဲေတြ ပံုစံအမ်ဳိးမ်ဳိးနဲ႔ ဆက္ရွိေနၿပီး ရန္ကုန္က ေနရာတခ်ဳိ႕မွာ ဒီကေန႔ လွ်ပ္တျပက္သပိတ္၊ ေျပာက္က်ားသပိတ္ေတြ ရွိခဲ့ပါတယ္။

ရန္ကုန္၊ ေျမနီကုန္းအရပ္က လူကူးခံုးေက်ာ္တံတားမွာ "ေထာင္က်ေနတဲ့သူေတြက ငါတို႔ႏုိင္မွလြတ္မွာ၊ ေသသြားတဲ့သူေတြက ငါတို႔ႏုိင္မွကၽြတ္မွာ၊ CDM သမားေတြက ငါတို႔ႏုိင္မွ အလုပ္ျပန္ရမွာ" အစရွိတဲ့ စာသားေတြ ေရးထားတဲ့ စာတန္းႀကီးကို ခ်ိတ္ဆြဲထားတာ ေတြ႔ရပါတယ္။

မႏၲေလးမွာ စက္မႈစုေပါင္းသပိတ္နဲ႔အတူ သံဃသမဂၢက သံဃာေတာ္ေတြက ဆင္းရဲဒုကၡေတြကေန လူထုတရပ္လံုး ကင္းေဝးေစဖို႔အတြက္ ဆုေတာင္းေမတၱာ ပို႔သခဲ့ပါတယ္။

တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕မွာ ေန႔စဥ္လို ဆႏၵျပပြဲေတြရွိေနၿပီး ဒီကေန႔မွာလည္း အင္ဂ်င္နီယာေတြ၊ ဆရာ ဆရာမေတြ၊ တကၠသိုလ္နဲ႔ အထက္တန္း ေက်ာင္းသူေက်ာင္းသားေတြက လူထုနဲ႔အတူ မနက္လင္းအားႀကီးပိုင္း၊ မနက္အေစာပိုင္း၊ ေန႔လယ္ပုိင္းနဲ႔ ညေနပိုင္းေတြမွာ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

ေလာင္းလံုၿမိဳ႕နယ္က ညင္းေမာ္ေက်းရြာမွာ ဆႏၵျပခဲ့သလို စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ ေဖာင္းကားေက်းရြာမွာ CRPH၊ NUG နဲ႔ PDF တို႔ကို ေထာက္ခံေၾကာင္း ေႂကြးေၾကာ္ ဆႏၵျပခဲ့ၾကပါတယ္။ ျမင္းမူၿမိဳ႕မွာေတာ့ စစ္ကၽြန္ပညာေရးကို အလိုမရွိဘူးဆိုၿပီး ေရးထားတဲ့ ေရာင္စံုစာရြက္ေတြကိုင္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။

ကေလးၿမိဳ႕နယ္မွာ ရက္ဆက္ ဆႏၵျပေနၾကသလို ေတာင္ႀကီးနဲ႔ မိုးေကာင္းၿမိဳ႕ေတြမွာေတာ့ ဆိုင္ကယ္ေတြနဲ႔ သပိတ္စစ္ေၾကာင္း ထြက္ခဲ့ၾကပါတယ္။

ရွမ္းျပည္နယ္က မူဆယ္ၿမိဳ႕မွာေတာ့ "မေၾကပြဲတြယ္မယ့္ မူဆယ္သပိတ္စစ္ေၾကာင္း" ဆိုတဲ့ စာတန္းႀကီးကို ကိုင္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

စစ်အာဏာရှင်ဆန့်ကျင်ရေး ပုံသဏ္ဌာန်မျိုးစုံ ဆန္ဒပြ ကန့်ကွက်နေကြဆဲ

မြန်မာနိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ပုံစံအမျိုးမျိုးနဲ့ ဆက်ရှိနေပြီး ရန်ကုန်က နေရာတချို့မှာ ဒီကနေ့ လျှပ်တပြက်သပိတ်၊ ပြောက်ကျားသပိတ်တွေ ရှိခဲ့ပါတယ်။

ရန်ကုန်၊ မြေနီကုန်းအရပ်က လူကူးခုံးကျော်တံတားမှာ "ထောင်ကျနေတဲ့သူတွေက ငါတို့နိုင်မှလွတ်မှာ၊ သေသွားတဲ့သူတွေက ငါတို့နိုင်မှကျွတ်မှာ၊ CDM သမားတွေက ငါတို့နိုင်မှ အလုပ်ပြန်ရမှာ" အစရှိတဲ့ စာသားတွေ ရေးထားတဲ့ စာတန်းကြီးကို ချိတ်ဆွဲထားတာ တွေ့ရပါတယ်။

မန္တလေးမှာ စက်မှုစုပေါင်းသပိတ်နဲ့အတူ သံဃသမဂ္ဂက သံဃာတော်တွေက ဆင်းရဲဒုက္ခတွေကနေ လူထုတရပ်လုံး ကင်းဝေးစေဖို့အတွက် ဆုတောင်းမေတ္တာ ပို့သခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ နေ့စဉ်လို ဆန္ဒပြပွဲတွေရှိနေပြီး ဒီကနေ့မှာလည်း အင်ဂျင်နီယာတွေ၊ ဆရာ ဆရာမတွေ၊ တက္ကသိုလ်နဲ့ အထက်တန်း ကျောင်းသူကျောင်းသားတွေက လူထုနဲ့အတူ မနက်လင်းအားကြီးပိုင်း၊ မနက်အစောပိုင်း၊ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

လောင်းလုံမြို့နယ်က ညင်းမော်ကျေးရွာမှာ ဆန္ဒပြခဲ့သလို စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကားကျေးရွာမှာ CRPH၊ NUG နဲ့ PDF တို့ကို ထောက်ခံကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ မြင်းမူမြို့မှာတော့ စစ်ကျွန်ပညာရေးကို အလိုမရှိဘူးဆိုပြီး ရေးထားတဲ့ ရောင်စုံစာရွက်တွေကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ကလေးမြို့နယ်မှာ ရက်ဆက် ဆန္ဒပြနေကြသလို တောင်ကြီးနဲ့ မိုးကောင်းမြို့တွေမှာတော့ ဆိုင်ကယ်တွေနဲ့ သပိတ်စစ်ကြောင်း ထွက်ခဲ့ကြပါတယ်။

ရှမ်းပြည်နယ်က မူဆယ်မြို့မှာတော့ "မကြေပွဲတွယ်မယ့် မူဆယ်သပိတ်စစ်ကြောင်း" ဆိုတဲ့ စာတန်းကြီးကို ကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG