သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးဝန်ထမ်းတွေ ဖိနှိပ်ခံရမှု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ သတိပေး


့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M
့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M

(Zawgyi/Unicode)

မြန်မာနိုင်ငံက ဆေးပညာရှင်တွေဟာ မြန်မာစစ်တပ်ရဲ့ စနစ်တကျ ပစ်မှတ်ထားမှု ခံနေရပြီး အသတ်ခံရတာ၊ ရိုက်နှက်တာ ဖမ်းဆီးတာနဲ့ ဘယ်ရောက်နေမှန်းမသိ ပျောက်ဆုံးတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က မေလ ၇ ရက် သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ကို လက်နက်ရလမ်း၊ ဝင်ငွေရလမ်းနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့လမ်းကြောင်း တွေကို ဖြတ်တောက်ပစ်တဲ့ ဖြတ် ၃ ဖြတ် လုပ်ဖို့၊ ဧပြီလ ၂၄ ရက်နေ့က ရရှိခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ချက်ချင်းအကောင်ထည်ဖေါ်ဖို့အပြင် လူသားချင်းစာနာမှုတွေ အရေးတကြီး ချထားပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။

စစ်တပ်ဟာ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကစပြီး လူထုကို အကြောက်တရားနဲ့ အုပ်ချုပ်နေပြီး စစ်အာဏာရှင်ကို အကြမ်းမဖက်အာခံတဲ့ CDM လှုပ်ရှားမှုကို ဦးဆောင်တဲ့ ဆေးဝန်ထမ်းတွေကို ပစ်မှတ်ထားနှိမ်နင်းခဲ့တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူကို နေ့စဉ်လိုလို အသက်သေစေတဲ့အထိ အကြမ်းဖက်ခြေမှုန်းနေသလို ဒဏ်ရာရ ပြည်သူတွေကို ဆေးကုသခွင့်မပေးတာ၊ သေဆုံးရသူတွေနဲ့ အတူသယ်သွားပြီး ပစ်ထားတာ၊ သေသွားသည့်တိုင် မိသားစုဝင်တွေ သဂြိုဟ်ခွင့် မပေးတာမျိုးတွေတွေ့နေရတယ်လို့ ဆိုပါတယ်။

ဆေးဝန်ထမ်းတွေတင်မကပဲ ဆေးရုံ ဆေးခန်းတွေကိုလည်း စစ်တပ်က တမင်တကာ ပစ်မှတ်ထားနေသလို အဲဒီမှာ တပ်တွေပါ ချထားတဲ့ အတွက် မြန်မာနိုင်ငံဟာ လူထုကျန်းမာရေးထိခိုက်မှု ပြဿနာနဲ့ ရင်ဆိုင်နေရကြောင်း ဒါဟာ အိမ်နီးချင်း အိန္ဒိယနဲ့ထိုင်းမှာ COVID 19 ကူးစက်မှု တိုးနေချိန်မှာ ဒီရောဂါအတွက်စစ်ဆေးမှုတွေ၊ ကုသမှုတွေ ဘာမှဆက်မလုပ်နိုင်တော့တဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတာ ဖြစ်ပြီး ဒီရောဂါကူးစက်သူ ဒီရောဂါနဲ့ သေဆုံးရသူ ဘယ်နှစ်ယောက်ရှိနေပြီဆိုတာ ဘယ်သူမှ မသိပဲ ဖြစ်နေရတယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် စစ်တပ်ကို တတ်နိုင်သမျှ ဖိအားပေးကြဖို့ မြန်မာဆေးပညာရှင်တွေက နိုင်ငံတကာကို တောင်းဆိုနေတာ ဖြစ်ပြီး အာဆီယံကလည်း မြန်မာနိုင်ငံရဲ့ အရေးပေါ် အခြေနေကို သိထားပြီး မကြာခင်ကမှ ရခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အမြန်အကောင်ထည်ဖေါ်ကြဖို့၊ အာဆီယံ အထူးသံတမန်တဦး အမြန်ခန့်အပ်ပြီး မြန်မာနိုင်ငံထဲ ချက်ချင်းစေလွှတ်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ပါ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ လက်နက်ကိုင်အကြမ်းဖက် အဖွဲ့ရဲ့ ပြန်ပေးဆွဲတာ ခံနေရပြီး မြန်မာလူထုရဲ့ ဆန္ဒမပါပဲ အုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ ဒီစစ်ခေါင်းဆောင်တွေ ကို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့လည်း ကုလသမဂ္ဂအရာရှိဟောင်းတွေ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)







XS
SM
MD
LG