သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကျန်းမာရေး ဝန်ထမ်းတွေ တိုက်ခိုက်ခံရမှု အမေရိကန်စိုးရိမ်


မှတ်တမ်းဓါတ်ပုံ- ဖေဖော်ဝါရီလ ၁၀ ရက်နေ့တုန်းက ရန်ကုန်မှာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြနေကြတဲ့ ကျန်းမာရေးဝန်ထမ်းများ
မှတ်တမ်းဓါတ်ပုံ- ဖေဖော်ဝါရီလ ၁၀ ရက်နေ့တုန်းက ရန်ကုန်မှာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြနေကြတဲ့ ကျန်းမာရေးဝန်ထမ်းများ

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဌာနတွေနဲ့ လူနာတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ကုလသမဂ္ဂနည်းတူ အမေရိကန်ပြည်ထောင်စုကလည်း တိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ဆေးရုံ ဆေးခန်းတွေ ကျန်းမာရေးဌာနတွေ အတိုက်ခိုက်ခံနေရတဲ့ အတွက် COVID- 19 ကပ်ရောဂါအပါအဝင် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုတွေကို ထိခိုက်နိုင်ကြောင်း ကုလသမဂ္ဂက မေလ ၅ ရက်နေ့ထုတ်ပြန်တဲ့ သတိပေးကြေညာချက် ကို မျှဝေပြီး ဆရာဝန်တွေ သူနာပြုတွေ ဆေးရုံ ဆေးခန်းတွေကို အကာကွယ်ပေးကြဖို့ Ned Price ရဲ့ ပြောကြားချက်ကို မေလ ၆ရက် ရန်ကုန်အမေရိကန်သံရုံး ဖေ့စ်ဘုတ်မှာ ဖေါ်ပြထားပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ စစ်တမ်းအရ ဖေဖေါ်ဝါရီလ ကစပြီး ကမ္ဘာတလွှားဖြစ်ပွါးခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု ၁၅၈ ခု ရှိပြီး သေဆုံးရသူ ၁၁ ဦးနဲ့ ထိခိုက်သူ ၅၁ ဦးရှိနေပြီး အများစုဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့ကြောင်းနဲ့ နိုင်ငံတဝှမ်းမှာရှိတဲ့ ကျန်းမာရေးအဆောက်အအုံ ၅၁ ခုမှာ လုံခြုံရေးတပ်ဖွဲ့တွေ တပ်စွဲထားဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ အာဏာကို ဖီဆန်တဲ့ လှုပ်ရှားမှုမှာ ပါတယ်လို့ ယူဆရတဲ့ဆရာဝန် အနည်းဆုံး ၁၃၉ ယောက်ဟာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံနေရတာ ဖြစ်ပြီး ဒီအထဲမှာ ဆေးပညာအဆင့်မြင့် ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေ၊ အထူးကု သမားတော်ကြီးတွေ ပါဝင်နေတာကြောင့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးရော အရေအတွက်ပါ ၂ မျိုးစလုံးကို ကြီးကြီးမားမား ထိခိုက်စေမှာ ဖြစ်ကြောင်းလည်း သတိပေးထားတာပါ။

ဒီကြေညာချက်ကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းပေါင်း ၂၂ ခုက ပူးတွဲထုတ်ပြန်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Unicode)






XS
SM
MD
LG