(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ ေဖေဖၚ၀ါရီလ (၁)ရက္ေန႔ စစ္တပ္ အာဏာသိမ္းၿပီး ရက္ေပါင္း (၉၀)ေက်ာ္အတြင္း က်န္းမာေရး၀န္ထမ္းေတြနဲ႔ အေဆာက္အအံုေတြကို အၾကမ္းဖက္ တိုက္ခိုက္မႈေပါင္း ၁၅၈ ခုရွိၿပီး၊ ေသဆံုးသူေပါင္း ၁၁ ဦးနဲ႔ လူေပါင္း ဒါဇင္နဲ႔ခ်ီ ဒဏ္ရာရရွိခဲ့ေၾကာင္း ကုလသမဂၢက ဗုဒၶဟူးေန႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။
နယူးေရာက္ ကုလသမဂၢဌာနခ်ဳပ္မွာ ေမလ (၅)ရက္ေန႔က ျပဳလုပ္တဲ့ ပံုမွန္သတင္းစာရွင္းလင္းပဲြအတြင္း ဒါနဲ႔ ပတ္သက္လို႔ အတြင္းေရးမွဴးခ်ဳပ္ရံုးရဲ႕ ေျပာခြင့္ရ Stephane Dujarric က စစ္တပ္က ျပည္သူ႔က်န္းမာေရး၀န္ေဆာင္မႈလုပ္ငန္းေတြအေပၚ အၾကမ္းဖက္တိုက္ခိုက္မႈေတြေၾကာင့္ ျဖစ္လာႏိုင္တဲ့ ဆုိးက်ဴိးေတြကိုသတိေပးေျပာဆိုခဲ့ပါတယ္။
” က်န္းမာေရး၀န္ထမ္းေတြနဲ႔ အေဆာက္အအံုေတြကို အကာအကြယ္ေပးဖို႔ လိုအပ္ေနေၾကာင္း ျမန္မာႏိုင္ငံမွာရွိတဲ့ ကုလသမဂၢရံုးက ဒီကေန႔ ထပ္ၿပီးေတာင္းဆိုလိုက္ၿပီး၊ ေဖေဖၚ၀ါရီလ စစ္တပ္အာဏာသိမ္းၿပီးကတည္းက ျပည္သူ႔က်န္းမာေရးလုပ္ငန္းေတြအေပၚ အၾကမ္းဖက္ေတြေၾကာင့္ ျဖစ္ေပၚလာမယ့္ အက်ဳိးဆက္ေတြကို သတိေပးလိုက္ပါတယ္။”
ေဖေဖာ္ဝါရီလအေစာပိုင္း ကစၿပီး ကမၻာအႏွံအျပား က်န္းမာေရးေစာင့္ေရွာက္မႈေတြကို အဓိက တိုက္ခိုက္ခဲ့တဲ့လုပ္ရပ္ေတြနဲ႔ပတ္သက္လို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာလည္း ျမန္မာႏိုင္ငံက အေျခအေနလည္း ပါ၀င္ပါတယ္။
ျမန္မာႏိုင္ငံတဝွမ္း က်န္းမာေရးေဆးရံုအေဆာက္အအံုေပါင္း အနည္းဆုံး ၃၁ ခုကို စစ္တပ္က ဆက္လက္သိမ္းပိုက္ထားဆဲျဖစ္တယ္လို႔လည္း Stephane Dujarric ကေျပာသြားပါတယ္။ CDM အမိန္႔မနာခံေရးလႈပ္ရွားမႈမွာ ပါ၀င္တယ္လို႔ ယူဆရတဲ့ ဆရာ၀န္ေပါင္း အနည္းဆံုး ၁၃၉ဦး တရားစြဲဆိုခံထားရေၾကာင္းနဲ႔ သူတို႔အားလံုးကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ ေတာင္းဆုိေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢဌာေန ညွဳိႏႈိင္းေရးမွဳး Andrew Kirkwood ကေျပာၾကားခဲ့ပါတယ္။
.............
ကျန်းမာရေးဝန်ထမ်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုရဲ့ ဆိုးပြစ် ကုလထပ်မံသတိပေး
(Unicode)
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်တပ် အာဏာသိမ်းပြီး ရက်ပေါင်း (၉၀)ကျော်အတွင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ အဆောက်အအုံတွေကို အကြမ်းဖက် တိုက်ခိုက်မှုပေါင်း ၁၅၈ ခုရှိပြီး၊ သေဆုံးသူပေါင်း ၁၁ ဦးနဲ့ လူပေါင်း ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ မေလ (၅)ရက်နေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ဒါနဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ Stephane Dujarric က စစ်တပ်က ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိူးတွေကိုသတိပေးပြောဆိုခဲ့ပါတယ်။
” ကျန်းမာရေးဝန်ထမ်းတွေနဲ့ အဆောက်အအုံတွေကို အကာအကွယ်ပေးဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးက ဒီကနေ့ ထပ်ပြီးတောင်းဆိုလိုက်ပြီး၊ ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေအပေါ် အကြမ်းဖက်တွေကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို သတိပေးလိုက်ပါတယ်။”
ဖေဖော်ဝါရီလအစောပိုင်း ကစပြီး ကမ္ဘာအနှံအပြား ကျန်းမာရေးစောင့်ရှောက်မှုတွေကို အဓိက တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း မြန်မာနိုင်ငံက အခြေအနေလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံတဝှမ်း ကျန်းမာရေးဆေးရုံအဆောက်အအုံပေါင်း အနည်းဆုံး ၃၁ ခုကို စစ်တပ်က ဆက်လက်သိမ်းပိုက်ထားဆဲဖြစ်တယ်လို့လည်း Stephane Dujarric ကပြောသွားပါတယ်။ CDM အမိန့်မနာခံရေးလှုပ်ရှားမှုမှာ ပါဝင်တယ်လို့ ယူဆရတဲ့ ဆရာဝန်ပေါင်း အနည်းဆုံး ၁၃၉ဦး တရားစွဲဆိုခံထားရကြောင်းနဲ့ သူတို့အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိုနှိုင်းရေးမှုး Andrew Kirkwood ကပြောကြားခဲ့ပါတယ်။