သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်န္းမာေရးမ႑ိဳင္ ျပိဳလဲသြားႏိုင္သလား


စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵျပေနတဲ့ ဆရာ၀န္မ်ား
က်န္းမာေရးမ႑ိဳင္ ျပိဳလဲသြားႏိုင္သလား
please wait

No media source currently available

0:00 0:07:18 0:00
တိုက္႐ိုက္ လင့္ခ္

ျပီးခဲ့တဲ့ ဧျပီ ၂၀ ရက္ေန႔မွာ စစ္ေကာင္စီက ထိန္းခ်ဳပ္ထားတဲ့ ျမ၀တီနဲ႔ ျမန္မာ့ရုပ္သံကေန ထူးျခားတဲ့ ေၾကညာခ်က္ တစ္ခု ထုတ္ျပန္ပါတယ္။ ေၾကညာခ်က္ထဲမွာ ျပည္သူ႔ေဆးရံုေတြမွာ တာ၀န္ထမ္းေဆာင္ေနတဲ့ ဆရာ၀န္ တစ္ခ်ိဳ႕ဟာ CDM ျပဳလုပ္တာ၊ အျခားသူေတြကိုလည္း CDM ျပဳလုပ္ရာမွာ ပါ၀င္ဖို႔ လွံဳ႕ေဆာ္တာ စတာေတြ လုပ္ကိုင္ေနတဲ့အတြက္ အဲဒီ ဆရာ၀န္ေတြကို ပုဒ္မ ၅၀၅(က) နဲ႔ အေရးယူထားေၾကာင္း၊ ဒါေၾကာင့္ အဲလို အေရးယူထားတဲ့ ဆရာ၀န္ေတြကို ထုတ္ေပးထားတဲ့ ျမန္မာႏုိင္ငံကူးလက္မွတ္ေတြကို ပယ္ဖ်က္သြားမွာ ျဖစ္တဲ့အျပင္ သက္ဆုိင္ရာ ဌာနေတြမွာလည္း Black List အမည္ပ်က္ စာရင္း ေရးသြင္းထားတယ္လို႔ ေဖာ္ျပထားပါတယ္။ တကယ္ေတာ့ အထူးကုေတြ၊ ပါေမာကၡေတြ၊ ဆရာ၀န္ေတြနဲ႔ က်န္းမာေရး ၀န္ထမ္းေတြဟာ ေရြးေကာက္ခံ တည္ဆဲ အစိုးရတစ္ရပ္ကို ျဖဳတ္ခ်ျပီး ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ ဦးေဆာင္တဲ့ စစ္ေကာင္စီက အာဏာရယူလိုက္တဲ့အေပၚ လက္မခံ၊ ဆန္႔က်င္ ဆႏၵျပတဲ့ အေနနဲ႔ CDM ျပဳလုပ္ၾကတာပါ။

ပံုမွန္အတုိင္းဆုိရင္ေတာ့ CDM လုပ္တဲ့ ဆရာ၀န္ေတြဟာ အစိုးရ၀န္ထမ္းေတြ ျဖစ္တဲ့အတြက္ ၀န္ထမ္း စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ အေရးယူ၊ ေနာက္ဆံုးအဆင့္ ၀န္ထမ္း အျဖစ္ကေန ထုတ္ပယ္ ျပစ္လိုက္ရံုပါပဲ။ ဒါေပမယ့္လည္း စစ္ေကာင္စီဟာ ဆရာ၀န္ေတြကို ၀န္ထမ္း စည္းမ်ဥ္းစည္းကမ္းနဲ႔ ကိုင္တြယ္ရံုမက ဖမ္းဆီးတာ၊ ဖမ္းဆီးခံရမွာစိုးရိမ္ျပီး တိမ္းေရွာင္ေနသူေတြကို ပုဒ္မ ၅၀၅(က) နဲ႔ အမွဳဖြင့္တာ၊ CDM လုပ္ေနစဥ္ အတြင္း လူနာေတြကို ကုသေပးတာကို တားျမစ္တာ၊ လက္ခံ ကုသခြင့္ေပးတဲ့ ပုဂၢလိက ေဆးရံု၊ ေဆးခန္း နဲ႔ ပရဟိတ ေဆးခန္းေတြကို လိုင္စင္ ပိတ္သိမ္းမယ္ ဆိုျပီး ျခိမ္းေျခာက္ရံုမက အခုေနာက္ဆံုး ဆရာ၀န္ေတြ ႏုိင္ငံျခား ထြက္လို႔မရေအာင္ ႏိုင္ငံကူး လက္မွတ္ ပယ္ဖ်က္သည္ အထိ လုပ္ကိုင္လာပါျပီ။ ေရွ႕ဘာ ဆက္ျဖစ္လာဦးမွာပါလဲ။


ေဖေဖၚ၀ါရီ ၁ ရက္၊ စစ္တပ္က အာဏာသိမ္းပြဲ ဆင္ႏဲႊျပီးတဲ့အခါ ေနာက္ပိုင္း ဖြဲ႕စည္းလိုက္တဲ့ စစ္ေကာင္စီကို အတက္ၾကြဆံုး ဆန္႔က်င္ လွဳပ္ရွားၾကသူေတြထဲမွာ ဆရာ၀န္ေတြ ထိပ္ဆံုးက ပါ၀င္တယ္ ဆုိရင္လည္း မမွားပါဘူး။ သူတုိ႔ေတြဟာ CDM လို႔ေခၚတဲ့ Civil Disobedience Movement လွဳပ္ရွားမွဳကို ဦးေဆာင္ ဆင္ႏဲႊၾကပါတယ္။ သူတုိ႔ ရွင္းျပတဲ့ CDM သေဘာ အက်ဥ္းခ်ဳပ္ကေတာ့ အလုပ္ကေန ႏွဳတ္ထြက္တာမ်ိဳး မလုပ္ပဲ အာဏာပိုင္ေတြရဲ႕ အမိန္႔ေတြ ညႊန္ၾကားခ်က္ေတြကို မနာခံဘူး၊ ရံုးမတက္၊ လုပ္ငန္းခြင္ မ၀င္ဘူး ဆိုတဲ့ သေဘာျဖစ္ပါတယ္။ ဒါေပမယ့္ ဆရာ၀န္ေတြ ျဖစ္ေနတဲ့ အားေလ်ာ္စြာ က်န္းမာေရးအရ လိုအပ္ခ်က္ရွိတဲ့ ျပည္သူေတြကို ကုသေပးရတာမ်ိဳးကိုေတာ့ အေျခအေန ေပးသလို ဆက္ျပီး လုပ္ကိုင္မယ္လို႔ ဆုိပါတယ္။ ဥပမာ ျပည္သူ႔ေဆးရံုေတြမွာ အေရးေပၚ လူနာ ခြဲစိတ္ဖို႔ လိုအပ္ရင္၊ CDM လုပ္ထားတဲ့ ဆရာ၀န္ေတြကို ပါ၀င္ဖို႔ ဖိတ္ေခၚရင္ လာေရာက္ လုပ္ကိုင္ေပးမွာ ျဖစ္သလို၊ အျခားေသာ ေဆးရံု၊ ေဆးခန္း၊ ပရဟိတ ေဆးခန္း အပါအ၀င္ ဘယ္ေနရာေတြမွာ လိုလို ကုသမွဳေပးမယ္ ဆုိျပီး ျဖစ္ပါတယ္။ တကယ္လည္း ဆႏၵျပပြဲၾကီးေတြျဖစ္၊ စစ္တပ္နဲ႔ရဲက ပစ္ခတ္ႏွိမ္နင္းလုိ႔ ထိခိုက္ဒဏ္ရာရမွဳေတြ ရွိလာတဲ့အခါ အဲဒီ CDM ၀င္ေနတဲ့ ဆရာ၀န္ေတြနဲ႔ က်န္းမာေရး၀န္ထမ္းေတြကေနပဲ ေရာက္ရာ ေနရာကေန ကုသမွဳေပးခဲ့တာ၊ ေနာက္ပိုင္း အဲလို ကုသေပးေနတဲ့ ဆရာ၀န္ေတြ က်န္းမာေရး ၀န္ထမ္းေတြကို စစ္တပ္နဲ႔ရဲက ဖမ္းဆီးမွဳေတြ လုပ္လာတဲ့အခ်ိန္ထိ ကုသမွဳေတြ ေပးခဲ့တာ ေတြ႕ရပါတယ္။


အရင္ စစ္အာဏာရွင္ေတြ လက္ထက္ကို ျပန္ၾကည့္လိုက္ရင္ ျမန္မာႏိုင္ငံရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မွဳ က႑ဟာ ၂၀၁၁ မတိုင္ခင္ အေတာ္ေလးကို ပ်က္စီးယိုယြင္းေနခဲ့တာပါ။ ၂၀၁၁ ဗိုလ္ခ်ဳပ္ၾကီးေဟာင္း သမၼတ ဦးသိန္းစိန္ အစိုးရ တက္လာတဲ့အခါ အျခားေသာ ျပဳျပင္ေျပာင္းလဲေရးေတြ လုပ္တဲ့နည္းတူ က်န္းမာေရး က႑ကိုလည္း ျပဳျပင္ေျပာင္းလဲေရး လုပ္ဖို႔ ၾကိဳးစားပါတယ္။ ဒါဟာလည္း နဂိုတုန္းကထက္ က်န္းမာေရး ဘတ္ဂ်က္ နည္းနည္း တုိးေပးလိုက္တာကလြဲလို႔ အျခား ထူးထူးျခားျခား အေကာင္အထည္ ေဖာ္ႏုိင္တာ သိပ္မေတြ႕ခဲ့ရပါဘူး။

၂၀၁၆ ခုႏွစ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အင္န္အယ္လ္ဒီ အစိုးရ တက္လာျပီး က်န္းမာေရး၀န္ၾကီး ေဒါက္တာျမင့္ေထြး လက္ထက္ ေရာက္မွသာ ဘက္စံု ျပဳျပင္ေျပာင္းလဲေရး လုပ္ခဲ့သလို၊ ကက္ဘိနက္ကလည္း က်န္းမာေရးဘတ္ဂ်က္ သိသိသာသာ တုိးေပးတာ ေတြ႕ျမင္ၾကရပါတယ္။ အင္န္အယ္လ္ဒီ အစိုးရလက္ထက္ ဘာေတြ တိုးတက္ခဲ့သလဲ ေမးရင္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က က်န္းမာေရး ေစာင့္ေရွာက္မွဳ က႑ကို လက္ညွိဳးထိုးျပေလ့ရွိပါတယ္။


၂၀၂၀ ႏွစ္ဆန္းပိုင္း ကိုဗစ္-19 ကပ္ေရာဂါ ျမန္မာႏုိင္ငံအတြင္း ကူးစက္မွဳ ရွိလာခဲ့ျပီး ေနာက္ပိုင္း က်န္းမာေရး ၀န္ၾကီးဌာနဲ႔ အစိုးရရဲ႕ ကပ္ေရာဂါ ကိုင္တြယ္ပံုကို ႏုိင္ငံတကာ အသိုင္းအ၀ိုင္းနဲ႔ WHO ကမၻာ့က်န္းမာေရး အဖြဲ႕ၾကီးကပါ အသိအမွတ္ျပဳ ေျပာဆုိတာ ေတြ႕ၾကရပါတယ္။ ၂၀၂၀ ႏွစ္ကုန္ ADB က ထုတ္ျပန္တဲ့ အစီရင္ခံစာအရ အာစီယံ ၁၀ ႏိုင္ငံထဲမွာ ဖြံ႕ျဖိဳးတုိးတက္မွဳ အႏွဳတ္လကၡဏာ မျပတဲ့ ၃ ႏုိင္ငံထဲ ျမန္မာႏုိင္ငံ ပါ၀င္ခဲ့ျပီး စီးပြားေရး ၁.၈% တုိးတက္မွဳ ရခဲ့တာကို ၾကည့္ရင္ ႏုိင္ငံ့စီးပြားေရးကို သိပ္မထိခိုက္ေစပဲ ကိုဗစ္ ကပ္ေရာဂါကို ကိုင္တြယ္ႏိုင္ခဲ့တာ ေတြ႕ရပါတယ္။ ဒီလို အေျခအေန ရလာေအာင္ က်န္းမာေရး၀န္ၾကီးဌာနက ဆရာ၀န္ေတြ၊ က်န္းမာေရး ၀န္ထမ္းေတြ အမ်ားၾကီး ၾကိဳးစားအားထုတ္ခဲ့လို႔ျဖစ္ျပီး အစိုးရဘက္က ၀ိုင္းကူတာေၾကာင့္လဲ ပါပါတယ္။

က်န္းမာေရး၀န္ၾကီးဌာန ဆရာ၀န္ၾကီး တစ္ခ်ိဳ႕ရဲ႕ အဆုိအရ အင္န္အယ္လ္ဒီ အစိုးရလက္ထက္မွာ ျပည္သူ႕ က်န္းမာေရး ေစာင့္ေရွာက္မွဳ က႑၊ ကုသေရး က႑ တင္မက သုေတသန က႑ေတြမွာပါ တိုးတက္မွဳေတြ ရခဲ့တယ္လို႔ ဆုိၾကပါတယ္။
အာဏာသိမ္းျပီးေနာက္ စစ္ေကာင္စီ လက္ထက္မွာေတာ့ အေျခအေနဟာ ေျပာင္းလဲသြားပါျပီ။ အာဏာရွင္ စနစ္ ဆန္႔က်င္တဲ့ ဆရာ၀န္၊ က်န္းမာေရး ၀န္ထမ္း ၇၅% ေက်ာ္ CDM ၀င္ေနတာေၾကာင့္ ေဆးရံု၊ေဆးခန္းေတြ လုပ္ငန္း လည္ပတ္မွဳ မလုပ္ႏုိင္ေတာ့ပါဘူး။ အခါအားေလ်ာ္စြာ အေရးၾကီးလို႔ ေဆးရံုမွာ ကုသမွဳ လာေပးတဲ့၊ ျပင္ပ ပုဂၢလိက ေဆးရံု ေဆးခန္းနဲ႔ ပရဟိတ ေဆးခန္းေတြမွာ ကုသမွဳေပးတဲ့ CDM ဆရာ၀န္ေတြကို စစ္တပ္နဲ႔ ရဲက ဖမ္းဆီးမွဳေတြ လုပ္လာတဲ့အခါ အေျခအေနေတြ ပိုဆုိးသြားေစပါတယ္။ အလားတူ ကိုဗစ္ ဓာတ္ခြဲ စစ္ေဆးႏိုင္မွဳ၊ ကုသမွဳနဲ႔ ကာကြယ္ေဆးထိုး လုပ္ငန္းေတြလည္း ေကာင္းေကာင္း မလည္ပတ္ႏုိင္ေတာ့တာ ေတြ႕ရပါတယ္။ က်န္းမာေရး ၀န္ၾကီးဌာနက မကိုင္တြယ္ႏိုင္ေတာ့တာေၾကာင့္ ဒီကေန႔အခ်ိန္ ျမန္မာႏုိင္ငံမွာ ကိုဗစ္ေရာဂါ ဘယ္ေလာက္ ပ်ံ႕ႏွံ႕ေနတယ္၊ ဘယ္ႏွစ္ေယာက္ ကူးစက္ခံရတယ္၊ ဘယ္ႏွစ္ေယာက္ ေသဆံုးကုန္တယ္ ဆိုတာ ဘယ္သူမွ တိတိက်က် မသိႏုိင္ေတာ့ပါဘူး။ အင္န္အယ္လ္ဒီ အစိုးရလက္ထက္ကတည္းက အိႏၵိယ ႏုိင္ငံက ရထားတဲ့ ကိုဗစ္ ကာကြယ္ေဆး ၃.၅ သန္းကိုလည္း အစီအစဥ္ အတုိင္း စနစ္တက် ထိုးႏွံျခင္း မျပဳႏိုင္ခဲ့ပါဘူး။ အခု ဧျပီလမွာ သက္တမ္းကုန္မယ့္ ကာကြယ္ေဆးေတြ မကုန္ကုန္ေအာင္ တစ္ခ်ိဳ႕ ျမိဳ႕နယ္ ရပ္ကြက္ေတြမွာ အသံခ်ဲ႕စက္နဲ႔ ေအာ္ျပီး ဆႏၵရွိတဲ့ အသက္ ၁၈ ႏွစ္ျပည့္သူတုိင္းကို ထိုးေပးေနတာကိုလည္း ေတြ႕ေနရပါတယ္။


ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမွဳေၾကာင့္ ႏိုင္ငံ့စီးပြားေရး၊ ဘ႑ာေရး၊ ႏိုင္ငံတကာ ဆက္ဆံေရး၊ ပညာေရး အဖက္ဖက္က ယိုယြင္းက်ဆင္းသြားခဲ့သလို၊ က်န္းမာေရးက႑ကိုလည္း ဆုိးဆုိးရြားရွား ထိခိုက္ေနတာ ေတြ႕ျမင္ႏုိင္ပါတယ္။ ဒီလို အေျခအေနမွာ စစ္ေကာင္စီကေန က်န္းမာေရးက႑ရဲ႕ ေထာက္တုိင္ေတြ ျဖစ္တဲ့ ဆရာ၀န္ေတြ၊ က်န္းမာေရး ၀န္ထမ္းေတြကို စည္းရံုးျပီး တုိင္းျပည္နဲ႔ ျပည္သူအက်ိဳး လုပ္ရမယ့္အစား ဖမ္းဆီးတာ၊ ေထာင္ခ်တာ၊ ေဆးကုခြင့္မေပးတာ စတဲ့ ျခိမ္းေျခာက္မွဳ မ်ိဳးစံု လုပ္ေနရံုမက အရင္ စစ္အာဏာရွင္ေခတ္ေတြတုန္းက အတုိင္း ပေရာ္ဖက္ရွင္နယ္နဲ႔ မပတ္သက္တဲ့ ႏိုင္ငံကူးလက္မွတ္ ရုပ္သိမ္းျခင္းလို ႏိုင္ငံေရးအရ ႏွိပ္ကြပ္မွဳေတြပါ လုပ္လာေနတဲ့အတြက္ က်န္းမာေရးမ႑ိဳင္ ျပိဳလဲမယ့္ အေျခအေန ျပန္ျပီး ဆုိက္ေရာက္သြားႏုိင္ေၾကာင္းပါ။

===================

ကျန်းမာရေးမဏ္ဍိုင် ပြိုလဲသွားနိုင်သလား

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့မှာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မြဝတီနဲ့ မြန်မာ့ရုပ်သံကနေ ထူးခြားတဲ့ ကြေညာချက် တစ်ခု ထုတ်ပြန်ပါတယ်။ ကြေညာချက်ထဲမှာ ပြည်သူ့ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် တစ်ချို့ဟာ CDM ပြုလုပ်တာ၊ အခြားသူတွေကိုလည်း CDM ပြုလုပ်ရာမှာ ပါဝင်ဖို့ လှုံ့ဆော်တာ စတာတွေ လုပ်ကိုင်နေတဲ့အတွက် အဲဒီ ဆရာဝန်တွေကို ပုဒ်မ ၅၀၅(က) နဲ့ အရေးယူထားကြောင်း၊ ဒါကြောင့် အဲလို အရေးယူထားတဲ့ ဆရာဝန်တွေကို ထုတ်ပေးထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ်တွေကို ပယ်ဖျက်သွားမှာ ဖြစ်တဲ့အပြင် သက်ဆိုင်ရာ ဌာနတွေမှာလည်း Black List အမည်ပျက် စာရင်း ရေးသွင်းထားတယ်လို့ ဖော်ပြထားပါတယ်။ တကယ်တော့ အထူးကုတွေ၊ ပါမောက္ခတွေ၊ ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေဟာ ရွေးကောက်ခံ တည်ဆဲ အစိုးရတစ်ရပ်ကို ဖြုတ်ချပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက အာဏာရယူလိုက်တဲ့အပေါ် လက်မခံ၊ ဆန့်ကျင် ဆန္ဒပြတဲ့ အနေနဲ့ CDM ပြုလုပ်ကြတာပါ။
ပုံမှန်အတိုင်းဆိုရင်တော့ CDM လုပ်တဲ့ ဆရာဝန်တွေဟာ အစိုးရဝန်ထမ်းတွေ ဖြစ်တဲ့အတွက် ဝန်ထမ်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူ၊ နောက်ဆုံးအဆင့် ဝန်ထမ်း အဖြစ်ကနေ ထုတ်ပယ် ပြစ်လိုက်ရုံပါပဲ။ ဒါပေမယ့်လည်း စစ်ကောင်စီဟာ ဆရာဝန်တွေကို ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနဲ့ ကိုင်တွယ်ရုံမက ဖမ်းဆီးတာ၊ ဖမ်းဆီးခံရမှာစိုးရိမ်ပြီး တိမ်းရှောင်နေသူတွေကို ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်တာ၊ CDM လုပ်နေစဉ် အတွင်း လူနာတွေကို ကုသပေးတာကို တားမြစ်တာ၊ လက်ခံ ကုသခွင့်ပေးတဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း နဲ့ ပရဟိတ ဆေးခန်းတွေကို လိုင်စင် ပိတ်သိမ်းမယ် ဆိုပြီး ခြိမ်းခြောက်ရုံမက အခုနောက်ဆုံး ဆရာဝန်တွေ နိုင်ငံခြား ထွက်လို့မရအောင် နိုင်ငံကူး လက်မှတ် ပယ်ဖျက်သည် အထိ လုပ်ကိုင်လာပါပြီ။ ရှေ့ဘာ ဆက်ဖြစ်လာဦးမှာပါလဲ။
ဖေဖေါ်ဝါရီ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းပွဲ ဆင်နွဲှပြီးတဲ့အခါ နောက်ပိုင်း ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီကို အတက်ကြွဆုံး ဆန့်ကျင် လှုပ်ရှားကြသူတွေထဲမှာ ဆရာဝန်တွေ ထိပ်ဆုံးက ပါဝင်တယ် ဆိုရင်လည်း မမှားပါဘူး။ သူတို့တွေဟာ CDM လို့ခေါ်တဲ့ Civil Disobedience Movement လှုပ်ရှားမှုကို ဦးဆောင် ဆင်နွဲှကြပါတယ်။ သူတို့ ရှင်းပြတဲ့ CDM သဘော အကျဉ်းချုပ်ကတော့ အလုပ်ကနေ နှုတ်ထွက်တာမျိုး မလုပ်ပဲ အာဏာပိုင်တွေရဲ့ အမိန့်တွေ ညွှန်ကြားချက်တွေကို မနာခံဘူး၊ ရုံးမတက်၊ လုပ်ငန်းခွင် မဝင်ဘူး ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေ ဖြစ်နေတဲ့ အားလျော်စွာ ကျန်းမာရေးအရ လိုအပ်ချက်ရှိတဲ့ ပြည်သူတွေကို ကုသပေးရတာမျိုးကိုတော့ အခြေအနေ ပေးသလို ဆက်ပြီး လုပ်ကိုင်မယ်လို့ ဆိုပါတယ်။ ဥပမာ ပြည်သူ့ဆေးရုံတွေမှာ အရေးပေါ် လူနာ ခွဲစိတ်ဖို့ လိုအပ်ရင်၊ CDM လုပ်ထားတဲ့ ဆရာဝန်တွေကို ပါဝင်ဖို့ ဖိတ်ခေါ်ရင် လာရောက် လုပ်ကိုင်ပေးမှာ ဖြစ်သလို၊ အခြားသော ဆေးရုံ၊ ဆေးခန်း၊ ပရဟိတ ဆေးခန်း အပါအဝင် ဘယ်နေရာတွေမှာ လိုလို ကုသမှုပေးမယ် ဆိုပြီး ဖြစ်ပါတယ်။ တကယ်လည်း ဆန္ဒပြပွဲကြီးတွေဖြစ်၊ စစ်တပ်နဲ့ရဲက ပစ်ခတ်နှိမ်နင်းလို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိလာတဲ့အခါ အဲဒီ CDM ဝင်နေတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကနေပဲ ရောက်ရာ နေရာကနေ ကုသမှုပေးခဲ့တာ၊ နောက်ပိုင်း အဲလို ကုသပေးနေတဲ့ ဆရာဝန်တွေ ကျန်းမာရေး ဝန်ထမ်းတွေကို စစ်တပ်နဲ့ရဲက ဖမ်းဆီးမှုတွေ လုပ်လာတဲ့အချိန်ထိ ကုသမှုတွေ ပေးခဲ့တာ တွေ့ရပါတယ်။
အရင် စစ်အာဏာရှင်တွေ လက်ထက်ကို ပြန်ကြည့်လိုက်ရင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍဟာ ၂၀၁၁ မတိုင်ခင် အတော်လေးကို ပျက်စီးယိုယွင်းနေခဲ့တာပါ။ ၂၀၁၁ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာတဲ့အခါ အခြားသော ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့နည်းတူ ကျန်းမာရေး ကဏ္ဍကိုလည်း ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ကြိုးစားပါတယ်။ ဒါဟာလည်း နဂိုတုန်းကထက် ကျန်းမာရေး ဘတ်ဂျက် နည်းနည်း တိုးပေးလိုက်တာကလွဲလို့ အခြား ထူးထူးခြားခြား အကောင်အထည် ဖော်နိုင်တာ သိပ်မတွေ့ခဲ့ရပါဘူး။
၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တက်လာပြီး ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး လက်ထက် ရောက်မှသာ ဘက်စုံ ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့သလို၊ ကက်ဘိနက်ကလည်း ကျန်းမာရေးဘတ်ဂျက် သိသိသာသာ တိုးပေးတာ တွေ့မြင်ကြရပါတယ်။ အင်န်အယ်လ်ဒီ အစိုးရလက်ထက် ဘာတွေ တိုးတက်ခဲ့သလဲ မေးရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကို လက်ညှိုးထိုးပြလေ့ရှိပါတယ်။
၂၀၂၀ နှစ်ဆန်းပိုင်း ကိုဗစ်-19 ကပ်ရောဂါ မြန်မာနိုင်ငံအတွင်း ကူးစက်မှု ရှိလာခဲ့ပြီး နောက်ပိုင်း ကျန်းမာရေး ဝန်ကြီးဌာနဲ့ အစိုးရရဲ့ ကပ်ရောဂါ ကိုင်တွယ်ပုံကို နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကပါ အသိအမှတ်ပြု ပြောဆိုတာ တွေ့ကြရပါတယ်။ ၂၀၂၀ နှစ်ကုန် ADB က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အာစီယံ ၁၀ နိုင်ငံထဲမှာ ဖွံ့ဖြိုးတိုးတက်မှု အနှုတ်လက္ခဏာ မပြတဲ့ ၃ နိုင်ငံထဲ မြန်မာနိုင်ငံ ပါဝင်ခဲ့ပြီး စီးပွားရေး ၁.၈% တိုးတက်မှု ရခဲ့တာကို ကြည့်ရင် နိုင်ငံ့စီးပွားရေးကို သိပ်မထိခိုက်စေပဲ ကိုဗစ် ကပ်ရောဂါကို ကိုင်တွယ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီလို အခြေအနေ ရလာအောင် ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ အများကြီး ကြိုးစားအားထုတ်ခဲ့လို့ဖြစ်ပြီး အစိုးရဘက်က ဝိုင်းကူတာကြောင့်လဲ ပါပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်ကြီး တစ်ချို့ရဲ့ အဆိုအရ အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍ၊ ကုသရေး ကဏ္ဍ တင်မက သုတေသန ကဏ္ဍတွေမှာပါ တိုးတက်မှုတွေ ရခဲ့တယ်လို့ ဆိုကြပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်ထက်မှာတော့ အခြေအနေဟာ ပြောင်းလဲသွားပါပြီ။ အာဏာရှင် စနစ် ဆန့်ကျင်တဲ့ ဆရာဝန်၊ ကျန်းမာရေး ဝန်ထမ်း ၇၅% ကျော် CDM ဝင်နေတာကြောင့် ဆေးရုံ၊ဆေးခန်းတွေ လုပ်ငန်း လည်ပတ်မှု မလုပ်နိုင်တော့ပါဘူး။ အခါအားလျော်စွာ အရေးကြီးလို့ ဆေးရုံမှာ ကုသမှု လာပေးတဲ့၊ ပြင်ပ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းနဲ့ ပရဟိတ ဆေးခန်းတွေမှာ ကုသမှုပေးတဲ့ CDM ဆရာဝန်တွေကို စစ်တပ်နဲ့ ရဲက ဖမ်းဆီးမှုတွေ လုပ်လာတဲ့အခါ အခြေအနေတွေ ပိုဆိုးသွားစေပါတယ်။ အလားတူ ကိုဗစ် ဓာတ်ခွဲ စစ်ဆေးနိုင်မှု၊ ကုသမှုနဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းတွေလည်း ကောင်းကောင်း မလည်ပတ်နိုင်တော့တာ တွေ့ရပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနက မကိုင်တွယ်နိုင်တော့တာကြောင့် ဒီကနေ့အချိန် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဘယ်လောက် ပျံ့နှံ့နေတယ်၊ ဘယ်နှစ်ယောက် ကူးစက်ခံရတယ်၊ ဘယ်နှစ်ယောက် သေဆုံးကုန်တယ် ဆိုတာ ဘယ်သူမှ တိတိကျကျ မသိနိုင်တော့ပါဘူး။ အင်န်အယ်လ်ဒီ အစိုးရလက်ထက်ကတည်းက အိန္ဒိယ နိုင်ငံက ရထားတဲ့ ကိုဗစ် ကာကွယ်ဆေး ၃.၅ သန်းကိုလည်း အစီအစဉ် အတိုင်း စနစ်တကျ ထိုးနှံခြင်း မပြုနိုင်ခဲ့ပါဘူး။ အခု ဧပြီလမှာ သက်တမ်းကုန်မယ့် ကာကွယ်ဆေးတွေ မကုန်ကုန်အောင် တစ်ချို့ မြို့နယ် ရပ်ကွက်တွေမှာ အသံချဲ့စက်နဲ့ အော်ပြီး ဆန္ဒရှိတဲ့ အသက် ၁၈ နှစ်ပြည့်သူတိုင်းကို ထိုးပေးနေတာကိုလည်း တွေ့နေရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံ့စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ပညာရေး အဖက်ဖက်က ယိုယွင်းကျဆင်းသွားခဲ့သလို၊ ကျန်းမာရေးကဏ္ဍကိုလည်း ဆိုးဆိုးရွားရှား ထိခိုက်နေတာ တွေ့မြင်နိုင်ပါတယ်။ ဒီလို အခြေအနေမှာ စစ်ကောင်စီကနေ ကျန်းမာရေးကဏ္ဍရဲ့ ထောက်တိုင်တွေ ဖြစ်တဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကို စည်းရုံးပြီး တိုင်းပြည်နဲ့ ပြည်သူအကျိုး လုပ်ရမယ့်အစား ဖမ်းဆီးတာ၊ ထောင်ချတာ၊ ဆေးကုခွင့်မပေးတာ စတဲ့ ခြိမ်းခြောက်မှု မျိုးစုံ လုပ်နေရုံမက အရင် စစ်အာဏာရှင်ခေတ်တွေတုန်းက အတိုင်း ပရော်ဖက်ရှင်နယ်နဲ့ မပတ်သက်တဲ့ နိုင်ငံကူးလက်မှတ် ရုပ်သိမ်းခြင်းလို နိုင်ငံရေးအရ နှိပ်ကွပ်မှုတွေပါ လုပ်လာနေတဲ့အတွက် ကျန်းမာရေးမဏ္ဍိုင် ပြိုလဲမယ့် အခြေအနေ ပြန်ပြီး ဆိုက်ရောက်သွားနိုင်ကြောင်းပါ။

XS
SM
MD
LG