သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာက်န္းမာေရး ဝန္ထမ္းေတြနဲ႔ က်န္းမာေရးဌာနေတြကို အကာအကြယ္ေပးဖို႔ ကုလတိုက္တြန္း


စစ္အာဏာရွင္ဆန္႔က်င္ဆႏၵျပပဲြအတြင္း ပါဝင္ခဲ့တဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ေဖေဖာ္ဝါရီ ၂၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံတြင္း ေဆးဘက္ဆိုင္ရာ ၀န္ထမ္းေတြနဲ႔ ေဆးရံု၊ ေဆးခန္း၊ က်န္းမာေရးဌာနေတြ အတိုက္အခိုက္ခံရတာေတြေၾကာင့္ COVID 19 ကပ္ေရာဂါ တံု႔ျပန္ေဆာင္ရြက္မႈအပါအ၀င္ လူထုက်န္းမာေရးကိစၥေတြအေပၚ ထိခိုက္သက္ေရာက္မႈေတြ ရွိႏိုင္ၿပီး သည့္အတြက္ က်န္းမာေရး၀န္ထမ္းေတြနဲ႔ က်န္းမာေရးဌာနေတြ လူနာေတြကို ကာကြယ္ေစာင့္ေရွာက္ဖို႔လိုတယ္လို႔ ျမန္မာႏိုင္ငံတြင္း ကုလသမဂၢအဖဲြ႕အစည္းက သတိေပးလိုက္ပါတယ္။

တကမာၻလုံးရင္ဆိုင္ေနရတဲ့ ကိုဗစ္ကပ္ေရာဂါ တံု႔ျပန္ေဆာင္႐ြက္ေရးမွာ ကုလသမဂၢအဖြဲ႕အစည္းက ကူညီႏိုင္ဖို႔အသင့္ရွိေပမဲ့ ဖမ္းဆီးထားတဲ့ က်န္းမာေရးနဲ႔ နည္းပညာဆိုင္ရာဝန္ထမ္းေတြ အရင္ျပန္လႊတ္ေပးဖို႔ လိုမယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ ယာယီဌာေနညႇိႏႈိင္းေရးမွဴး Andrew Kirkwood ေျပာပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO ရဲ႕ ကမာၻလုံးဆိုင္ရာ ေစာင့္ၾကည့္မွတ္တမ္းတင္ခ်က္အရ ေဖေဖာ္ဝါရီလဆန္းပိုင္းကစၿပီး ျမန္မာ့က်န္းမာေရးက႑အေပၚ ပစ္မွတ္ထားတိုက္ခိုက္မႈေပါင္း ၁၆၀ နီးပါးရွိၿပီး ေသဆုံးသူ ၁၁ ဦးနဲ႔ ထိခိုက္ဒဏ္ရာရသူ ၅၁ ဦးရွိတယ္လို႔လည္း ေဖာ္ျပထားပါတယ္။ ဒီကိန္းဂဏန္းေတြအရ ကမာၻမွာ ျမန္မာဟာ က်န္းမာေရးဝန္ေဆာင္မႈအေပၚ တိုက္ခိုက္မႈ လက္ရွိအမ်ားဆုံးျဖစ္တဲ့ႏိုင္ငံ ျဖစ္တယ္လို႔လည္း ေၾကျငာခ်က္မွာေျပာထားပါတယ္။ ဒီလို တိုက္ခိုက္မႈေတြေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါတုံ႔ျပန္ေဆာင္႐ြက္ေရးနဲ႔ ျပည္သူ႔က်န္းမာေရးေစာင့္ေရွာက္မႈအေပၚ ထိခိုက္ႏိုင္ၿပီး က်န္းမာေရးဝန္ထမ္းေတြကို အကာအကြယ္ေပးဖို႔ လိုတယ္လို႔လည္း ျမန္မာႏိုင္ငံထဲမွာရွိတဲ့ ကုလသမဂၢအဖြဲ႕အစည္းအားလုံးက ေမလ ၅ ရက္ေန႔မွာေၾကျငာခ်က္ထုတ္ၿပီး သတိေပးလိုက္တာပါ။

က်န္းမာေရးဌာနေတြမွာ စစ္တပ္က တပ္စြဲထားတာေတြ ရွိတဲ့တြက္ ေဆးကုခံမယ္လူနာအေရအတြက္ေတြ က်ဆင္းလာတယ္လို႔လည္း ေျပာပါတယ္။ CDM လႈပ္ရွားမႈမွာ ပါဝင္တယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ ဆရာဝန္ ၁၃၉ ေယာက္ကိုလည္း ပုဒ္မ ၅၀၅ (က)နဲ႔ တရားစြဲဆိုထားတဲ့အတြက္ သူတို႔ရဲ႕ ကြၽမ္းက်င္မႈကို အလြယ္တကူ အစားထိုးဖို႔ မျဖစ္ႏိုင္တာေၾကာင့္ က်န္းမာေရးေစာင့္ေရွာက္မႈအေပၚ ႀကီးမားစြာ ထိခိုက္လိမ့္မယ္လို႔လည္း ေၾကျငာခ်က္မွာ သတိေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဆရာ၀န္ေတြ သူနာျပဳေတြအပါအ၀င္ က်န္းမာေရး၀န္ထမ္းအေတာ္မ်ားမ်ားဟာ စစ္တပ္နဲ႔ မပူးေပါင္းေရး CDM အၾကမ္းမဖက္အာဏာဖီဆန္ေရးေတြ လုပ္ခဲ့တာေၾကာင့္ အေရးေပၚအေျခအေနကလဲြ အစိုးရေဆးရံုလုပ္ငန္းေတြအေတာ္မ်ားမ်ား ရပ္လုနီးပါးျဖစ္ခဲ့ပါတယ္။ ဆႏၵျပသူေတြကို စစ္တပ္နဲ႔ရဲ အၾကမ္းဖက္ႏွိမ္နင္းရာမွာ ထိခိုက္သူေတြကို အကူအညီလာေပးတဲ့ အေရးေပၚသူနာျပဳကားေတြကိုပါ လံုျခံဳေရးတပ္ေတြက ပစ္မွတ္ထားတိုက္ခိုက္တာေတြ ရွိခဲ့ပါတယ္။ ဒါ့အျပင္ CDM လုပ္တဲ့ ဆရာ၀န္ေတြနဲ႔ ဆႏၵျပသူေတြကို ရွာေဖြတယ္ဆိုၿပီး ေဆးရံုေဆးခန္းေတြကို စစ္တပ္နဲ႔ ရဲ ၀င္ေရာက္စီးနင္းတာေတြလည္းျဖစ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးဌာနတွေကို အကာအကွယ်ပေးဖို့ ကုလတိုက်တွန်း

မြန်မာနိုင်ငံတွင်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနတွေ အတိုက်အခိုက်ခံရတာတွေကြောင့် COVID 19 ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်မှုအပါအဝင် လူထုကျန်းမာရေးကိစ္စတွေအပေါ် ထိခိုက်သက်ရောက်မှုတွေ ရှိနိုင်ပြီး သည့်အတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးဌာနတွေ လူနာတွေကို ကာကွယ်စောင့်ရှောက်ဖို့လိုတယ်လို့ မြန်မာနိုင်ငံတွင်း ကုလသမဂ္ဂအဖွဲ့အစည်းက သတိပေးလိုက်ပါတယ်။

တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေးမှာ ကုလသမဂ္ဂအဖွဲ့အစည်းက ကူညီနိုင်ဖို့အသင့်ရှိပေမဲ့ ဖမ်းဆီးထားတဲ့ ကျန်းမာရေးနဲ့ နည်းပညာဆိုင်ရာဝန်ထမ်းတွေ အရင်ပြန်လွှတ်ပေးဖို့ လိုမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး Andrew Kirkwood ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်မှတ်တမ်းတင်ချက်အရ ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး မြန်မာ့ကျန်းမာရေးကဏ္ဍအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုပေါင်း ၁၆၀ နီးပါးရှိပြီး သေဆုံးသူ ၁၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၅၁ ဦးရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီကိန်းဂဏန်းတွေအရ ကမ္ဘာမှာ မြန်မာဟာ ကျန်းမာရေးဝန်ဆောင်မှုအပေါ် တိုက်ခိုက်မှု လက်ရှိအများဆုံးဖြစ်တဲ့နိုင်ငံ ဖြစ်တယ်လို့လည်း ကြေငြာချက်မှာပြောထားပါတယ်။ ဒီလို တိုက်ခိုက်မှုတွေကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေးနဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ထိခိုက်နိုင်ပြီး ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ လိုတယ်လို့လည်း မြန်မာနိုင်ငံထဲမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းအားလုံးက မေလ ၅ ရက်နေ့မှာကြေငြာချက်ထုတ်ပြီး သတိပေးလိုက်တာပါ။

ကျန်းမာရေးဌာနတွေမှာ စစ်တပ်က တပ်စွဲထားတာတွေ ရှိတဲ့တွက် ဆေးကုခံမယ်လူနာအရေအတွက်တွေ ကျဆင်းလာတယ်လို့လည်း ပြောပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဆရာဝန် ၁၃၉ ယောက်ကိုလည်း ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားတဲ့အတွက် သူတို့ရဲ့ ကျွမ်းကျင်မှုကို အလွယ်တကူ အစားထိုးဖို့ မဖြစ်နိုင်တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ကြီးမားစွာ ထိခိုက်လိမ့်မယ်လို့လည်း ကြေငြာချက်မှာ သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆရာဝန်တွေ သူနာပြုတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းအတော်များများဟာ စစ်တပ်နဲ့ မပူးပေါင်းရေး CDM အကြမ်းမဖက်အာဏာဖီဆန်ရေးတွေ လုပ်ခဲ့တာကြောင့် အရေးပေါ်အခြေအနေကလွဲ အစိုးရဆေးရုံလုပ်ငန်းတွေအတော်များများ ရပ်လုနီးပါးဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲ အကြမ်းဖက်နှိမ်နင်းရာမှာ ထိခိုက်သူတွေကို အကူအညီလာပေးတဲ့ အရေးပေါ်သူနာပြုကားတွေကိုပါ လုံခြုံရေးတပ်တွေက ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် CDM လုပ်တဲ့ ဆရာဝန်တွေနဲ့ ဆန္ဒပြသူတွေကို ရှာဖွေတယ်ဆိုပြီး ဆေးရုံဆေးခန်းတွေကို စစ်တပ်နဲ့ ရဲ ဝင်ရောက်စီးနင်းတာတွေလည်းဖြစ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG