သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ေပါက္ကဲြမႈ ေဖာက္ခဲြပစၥည္းစမ္းသပ္ရင္းေပါက္ကဲြျခင္းဟု စစ္ေကာင္စီသတင္းထုတ္ျပန္


ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ေနရာတခုမွာ လံုျခံဳေရးယူေနတဲ့ ျမန္မာစစ္ေကာင္စီ တပ္ဖဲြ႔ဝင္ တခ်ိဳ႕။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

[Zawgyi/Unicode]

တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ တဦးအပါအ၀င္ လူ ၅ ဦး ေသဆံုးခဲ့တဲ့ ျပည္ၿမိဳ႕နယ္ထဲက ေပါက္ကဲြမႈဟာ ေဖာက္ခဲြပစၥည္းစမ္းသပ္ရင္း ေပါက္ကဲြခဲ့တာျဖစ္တယ္လို႔ ျမန္မာစစ္ေကာင္စီက ထုတ္ျပန္ပါတယ္။ ေပါက္ကဲြမႈျဖစ္စဥ္ ျဖစ္တဲ့ေနာက္ ပတ္၀န္းက်င္တိုင္ၾကားခ်က္အရ လံုျခံဳေရးတပ္ေတြ ၀င္ေရာက္ရွင္းလင္းစစ္ေဆးရာမွာ လူ ၅ ဦး ေသဆံုးေနၿပီး အနီးအနားမွာ ေဖာက္ခဲြေရးပစၥည္းသံုး ဝါယာႀကိဳးစေတြနဲ႔ အျခားပစၥည္းေတြကို ေတြ႕ခဲ့ရတယ္လို႔ ျမန္မာအသံမွာ ထုတ္ျပန္ေၾကညာသြားတာပါ။ ေပါက္ကဲြမႈေၾကာင့္ ပဲခူးတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသက္၀င္းလိႈင္နဲ႔ CDM လုပ္ေနတဲ့ ရဲတပ္သားတခ်ိဳ႕ပါ၀င္တယ္လို႔ ေဒသခံေတြက ေျပာဆိုတာရွိေပမဲ့ ရဲ၀န္ထမ္းေတြ ပါ၀င္တယ္ဆိုတာကေတာ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီထုတ္ျပန္ခ်က္မွာမေတြ႕ရပါဘူး။

ျမန္မာႏိုင္ငံတြင္း စစ္တပ္က အာဏာသိမ္းၿပီး ကန္႔ကြက္ဆႏၵျပမႈေတြကို လံုျခံဳေရးတပ္ေတြက အၾကမ္းဖက္ႏွိမ္နင္းလိုက္တဲ့ေနာက္ ႀကီးႀကီးမားမား ဆႏၵျပမႈမ်ိဳး မရွိေတာ့ဘဲ လူငယ္ေတြရဲ႕ လွ်ပ္တျပက္ ဆႏၵျပမႈေတြသာ ရွိေနပါတယ္။ ဒီၾကားထဲမွာေတာ့ ရန္ကုန္အပါအ၀င္ ၿမိဳ႕အေတာ္မ်ားမ်ားမွာ ဗံုးကဲြမႈေတြ ဆက္တိုက္ရွိေနၿပီး ခ်င္းျပည္နယ္နဲ႔ စစ္ကိုင္း မေကြးၿမိဳ႕အခ်ိဳ႕မွာ လံုျခံဳေရးတပ္ေတြကို လက္လုပ္ေသနတ္ေတြနဲ႔ တိုက္ခိုက္မႈေတြ ၾကံဳေနရပါတယ္။

[Unicode Version]

ပြည်ပေါက်ကွဲမှု ဖောက်ခွဲပစ္စည်းစမ်းသပ်ရင်းပေါက်ကွဲခြင်းဟု စစ်ကောင်စီသတင်းထုတ်ပြန်

တိုင်းလွှတ်တော်ကိုယ်စားလှယ် တဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့တဲ့ ပြည်မြို့နယ်ထဲက ပေါက်ကွဲမှုဟာ ဖောက်ခွဲပစ္စည်းစမ်းသပ်ရင်း ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ မြန်မာစစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်တဲ့နောက် ပတ်ဝန်းကျင်တိုင်ကြားချက်အရ လုံခြုံရေးတပ်တွေ ဝင်ရောက်ရှင်းလင်းစစ်ဆေးရာမှာ လူ ၅ ဦး သေဆုံးနေပြီး အနီးအနားမှာ ဖောက်ခွဲရေးပစ္စည်းသုံး ဝါယာကြိုးစတွေနဲ့ အခြားပစ္စည်းတွေကို တွေ့ခဲ့ရတယ်လို့ မြန်မာအသံမှာ ထုတ်ပြန်ကြေညာသွားတာပါ။ ပေါက်ကွဲမှုကြောင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်နဲ့ CDM လုပ်နေတဲ့ ရဲတပ်သားတချို့ပါဝင်တယ်လို့ ဒေသခံတွေက ပြောဆိုတာရှိပေမဲ့ ရဲဝန်ထမ်းတွေ ပါဝင်တယ်ဆိုတာကတော့ စစ်အုပ်ချုပ်ရေးကောင်စီထုတ်ပြန်ချက်မှာမတွေ့ရပါဘူး။

မြန်မာနိုင်ငံတွင်း စစ်တပ်ကအာဏာသိမ်းပြီး ကန့်ကွက်ဆန္ဒပြမှုတွေကို လုံခြုံရေးတပ်တွေက အကြမ်းဖက်နှိမ်နင်းလိုက်တဲ့နောက် ကြီးကြီးမားမား ဆန္ဒပြမှုမျိုး မရှိတော့ဘဲ လူငယ်တွေရဲ့ လျှပ်တပြက် ဆန္ဒပြမှုတွေသာ ရှိနေပါတယ်။ ဒီကြားထဲမှာတော့ ရန်ကုန်အပါအဝင် မြို့အတော်များများမှာ ဗုံးကွဲမှုတွေ ဆက်တိုက်ရှိနေပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်း မကွေးမြို့အချို့မှာ လုံခြုံရေးတပ်တွေကို လက်လုပ်သေနတ်တွေနဲ့ တိုက်ခိုက်မှုတွေ ကြုံနေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG