သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ၿမိဳ႕ ဗံုးေပါက္ကဲြမႈ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ အပါအဝင္ ၅ ဦးေသဆံုး


NLD ပါတီရဲ႕ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ျဖစ္ခဲ့သူ ဦးသက္ဝင္းလႈိင္

(Zawgyi/Unicode)

ျပည္ၿမိဳ႕နယ္ထဲမွာ ဗုံးေပါက္ကြဲတာေၾကာင့္ NLD ပါတီရဲ႕ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ျဖစ္ခဲ့သူ ဦးသက္ဝင္းလႈိင္ အပါအဝင္ လူတခ်ဳိ႕ ၊ ေမလ(၃)ရက္ ညေနပိုင္းက ေသဆုံးသြားပါတယ္။ ျမန္မာႏိုင္ငံတလႊား ေနရာတခ်ဳိ႕မွာ ဗုံးေပါက္ကြဲမႈေတြ ျဖစ္ေပၚေနခ်ိန္ - NLD လႊတ္ေတာ္ကိုယ္စားလွယ္တဦး အခုလို ေသဆုံးသြားတာ ျဖစ္ပါတယ္။ ဆက္သြယ္စုံစမ္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

ပဲခူးတိုင္း အေနာက္ဘက္ျခမ္း ျပည္ၿမိဳ႕နယ္ထဲက ကမၻီလာ႐ြာကိုေရာက္ေနတဲ့ ၊ ၂၀၂၀ ေရြးေကာက္ပဲြအႏိုင္ရ ပဲခူးတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသက္ဝင္းလႈိင္ဟာ ဗံုးေပါက္ကဲြၿပီး တနလၤာညေနပိုင္း ၅ နာရီဝန္းက်င္အခ်ိန္ ေနရာမွာတင္ ေသဆုံးသြားေၾကာင္း အမည္မေဖၚလိုတဲ့ ပဲခူးတိုင္းလႊတ္ေတာ္ရဲ႕ ၂၀၂၀ ေရြးေကာက္ပဲြအႏိုင္ရ ကိုယ္စားလွယ္တဦးက VOA ကို ေျပာပါတယ္။

" က်ေနာ္တို႔ ျပည္ျမဳိ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေပါ့ေနာ္ ၊ ကိုသက္ဝင္းလႈိင္ - အဲဒီမွာ ဗံုးေရာက္လာၿပီး ဖြင့္ေဖါက္တဲ့ကိစၥမွာ ဗံုး ေပါက္ကဲြမႈျဖစ္တယ္ေပါ့။ ေပါက္ကဲြၿပီး ထိခိုက္ဒဏ္ရာေတြရၿပီး အသက္ဆုံးရႈံး သြားတယ္လို႔ က်ေနာ္တို႔ ၾကားသိရပါတယ္။ အဲဒီေပါက္ကဲြမႈ ေနာက္ဆက္တဲြအျဖစ္ က်ေနာ္တို႔သိရတဲ့ အတိုင္းအတာကေတာ့ ၆ ေယာက္လို႔ က်ေနာ္တို႔သိရပါတယ္။ ကိုသက္ဝင္းလႈိင္အပါအဝင္ ေနာက္ထပ္ ၅ ေယာက္ေပါ့ေနာ္။ အားလုံး ၆ ေယာက္ ေသဆုံးပါတယ္။ ျပည္ေဆး႐ုံႀကီးကို ေရာက္တာ ၂ ေယာက္လို႔ က်ေနာ္တို႔ ၾကားရပါတယ္။ က်ေနာ္တို႔ သိရသေလာက္ကေတာ့ ေနာက္ဆက္တဲြအျဖစ္ လုံျခဳံေရးအရ တင္းၾကပ္ထားပါတယ္။ အခုဆို က်ေနာ္တို႔အားလုံး ထြက္ေျပး တိမ္းေရွာင္ေနရတယ္။ "

ျပည္တြင္းကလာတဲ့ သတင္းတခ်ဳိ႕မွာေတာ့ ဒီဗံုးေပါက္တဲ့ ဒီျဖစ္စဥ္မွာ ေသဆုံးသူ(၅)ဦးရွိတယ္လို႔ ေရးၾကပါတယ္။ ျဖစ္စဥ္ အေသးစိတ္ကို သီးျခား အတည္ျပဳႏိုင္ဖို႔အတြက္ ျပည္ျမဳိ႕နယ္ ရဲတပ္ဖဲြ႕႐ုံးကို VOA က အႀကိမ္ႀကိမ္ ဖုန္းေခၚခဲ့ေပမယ့္ လက္ခံေျဖၾကားျခင္း မရွိခဲ့ပါဘူး။

ျပည္ျမဳိ႕ဟာ တပ္မ(၆၆)နဲ႔လည္း မေဝးတဲ့ ေဒသျဖစ္ၿပီး၊ အခုလို ဗုံးေပါက္ကဲြမႈ ျဖစ္စဥ္အၿပီးမွာပဲ စစ္ကားနဲ႔ ရဲကား အမ်ားအျပား ေပါက္ကဲြရာ ေနရာကို ေရာက္လာၿပီး ျပည္ျမဳိ႕မွာလည္း စစ္တပ္က လုံျခဳံေရးတင္းၾကပ္ထားေၾကာင္း ေဒသခံေတြကဆိုပါတယ္။

ဗုံးေပါက္ကဲြၿပီး ဦးသက္ဝင္းလႈိင္ ေသဆုံးသြားရတာ ေသခ်ာေၾကာင္းနဲ႔ သူအခုလို ေသဆုံးသြားရတာအတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း ဦးသက္ဝင္းလႈိင္ရဲ႕ ႏိုင္ငံေရးလုပ္ေဖၚကိုင္ဖက္ ျပည္ျမဳိ႕ခံတဦးကလည္း ေျပာပါတယ္။

"ဒီသတင္းက ေသခ်ာလား ၊ confirm ျဖစ္လားမျဖစ္လား ေမးလိုက္ေတာ့ ကိုသက္ဝင္းလႈိင္ဆုံးတာ ေသခ်ာတယ္တဲ့။ စိတ္မေကာင္းပါဘူးဗ်။ အဲဒီထဲမွာ CDM ၃ ေယာက္လည္း ပါတယ္တဲ့၊ မေတာ္တဆ ေပါက္ကဲြၿပီး ဆုံးသြားတယ္။ အခု လုံျခဳံေရးအရ တင္းၾကပ္ထားပါတယ္။ ျပည္က ျမန္မာျပည္အလယ္ပိုင္းလည္းျဖစ္တယ္၊ တပ္မ ၆၆ နဲ႔လည္း နီးေတာ့ လုံျခဳံေရးအရလည္း တင္းၾကပ္ထားပါတယ္။"

NLD ပါတီဝင္ ဦးသက္ဝင္းလႈိင္ဟာ ၂၀၂၀ ေရြးေကာက္ပဲြမွာ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္အတြက္ ျပည္ၿမိဳ႕နယ္ မဲဆႏၵအမွတ္(၁)ကေန ဝင္ေရာက္ယွဥ္ျပဳိင္ အႏိုင္ရခဲ့သူျဖစ္ပါတယ္။ သူနဲ႔အတူ CDM (အၾကမ္းမဖက္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ) လုပ္ေနတဲ့ ရဲဝန္ထမ္း ၃ ဦး ကမၻီလာေက်း႐ြာမွာ တိမ္းေရွာင္ေနတုန္း ခုလို ဗုံးကဲြတဲ့ျဖစ္စဥ္ ေပၚေပါက္ရတာ ျဖစ္တယ္လို႔ သိရပါတယ္။

ဒီရက္ပိုင္းေတြအတြင္း ရန္ကုန္က ျမဳိ႕နယ္တခ်ဳိ႕အပါအဝင္ အျခားနယ္ျမဳိ႕ေတြမွာပါ အထူးသျဖင့္ ရပ္ကြက္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ႐ုံးေတြ ေရွ႕ အေသးစားဗုံးေပါက္ကြဲမႈေတြ ဆက္တိုက္ဆိုသလို ျဖစ္ေပၚခဲ့တာပါ။ အခုေတာ့ ျပည္ျမဳိ႕နယ္ထဲမွာ ဗုံးေပါက္ကဲြၿပီး NLD လႊတ္ေတာ္ကိုယ္စားလွယ္တဦး ေသဆုံးရတာ ပထမဆုံးအႀကိမ္ပဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ပြည်မြို့ ဗုံးပေါက်ကွဲမှု တိုင်းလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ၅ ဦးသေဆုံး

(Unicode)

ပြည်မြို့နယ်ထဲမှာ ဗုံးပေါက်ကွဲတာကြောင့် NLD ပါတီရဲ့ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဦးသက်ဝင်းလှိုင် အပါအဝင် လူတချို့ ၊ မေလ(၃)ရက် ညနေပိုင်းက သေဆုံးသွားပါတယ်။ မြန်မာနိုင်ငံတလွှား နေရာတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေချိန် - NLD လွှတ်တော်ကိုယ်စားလှယ်တဦး အခုလို သေဆုံးသွားတာ ဖြစ်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပြည်မြို့နယ်ထဲက ကမ္ဘီလာရွာကိုရောက်နေတဲ့ ၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်ဟာ ဗုံးပေါက်ကွဲပြီး တနင်္လာညနေပိုင်း ၅ နာရီဝန်းကျင်အချိန် နေရာမှာတင် သေဆုံးသွားကြောင်း အမည်မဖေါ်လိုတဲ့ ပဲခူးတိုင်းလွှတ်တော်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တဦးက VOA ကို ပြောပါတယ်။

" ကျနော်တို့ ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ပေါ့နော် ၊ ကိုသက်ဝင်းလှိုင် - အဲဒီမှာ ဗုံးရောက်လာပြီး ဖွင့်ဖေါက်တဲ့ကိစ္စမှာ ဗုံး ပေါက်ကွဲမှုဖြစ်တယ်ပေါ့။ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာတွေရပြီး အသက်ဆုံးရှုံး သွားတယ်လို့ ကျနော်တို့ ကြားသိရပါတယ်။ အဲဒီပေါက်ကွဲမှု နောက်ဆက်တွဲအဖြစ် ကျနော်တို့သိရတဲ့ အတိုင်းအတာကတော့ ၆ ယောက်လို့ ကျနော်တို့သိရပါတယ်။ ကိုသက်ဝင်းလှိုင်အပါအဝင် နောက်ထပ် ၅ ယောက်ပေါ့နော်။ အားလုံး ၆ ယောက် သေဆုံးပါတယ်။ ပြည်ဆေးရုံကြီးကို ရောက်တာ ၂ ယောက်လို့ ကျနော်တို့ ကြားရပါတယ်။ ကျနော်တို့ သိရသလောက်ကတော့ နောက်ဆက်တွဲအဖြစ် လုံခြုံရေးအရ တင်းကြပ်ထားပါတယ်။ အခုဆို ကျနော်တို့အားလုံး ထွက်ပြေး တိမ်းရှောင်နေရတယ်။ "

ပြည်တွင်းကလာတဲ့ သတင်းတချို့မှာတော့ ဒီဗုံးပေါက်တဲ့ ဒီဖြစ်စဉ်မှာ သေဆုံးသူ(၅)ဦးရှိတယ်လို့ ရေးကြပါတယ်။ ဖြစ်စဉ် အသေးစိတ်ကို သီးခြား အတည်ပြုနိုင်ဖို့အတွက် ပြည်မြို့နယ် ရဲတပ်ဖွဲ့ရုံးကို VOA က အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

ပြည်မြို့ဟာ တပ်မ(၆၆)နဲ့လည်း မဝေးတဲ့ ဒေသဖြစ်ပြီး၊ အခုလို ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အပြီးမှာပဲ စစ်ကားနဲ့ ရဲကား အများအပြား ပေါက်ကွဲရာ နေရာကို ရောက်လာပြီး ပြည်မြို့မှာလည်း စစ်တပ်က လုံခြုံရေးတင်းကြပ်ထားကြောင်း ဒေသခံတွေကဆိုပါတယ်။

ဗုံးပေါက်ကွဲပြီး ဦးသက်ဝင်းလှိုင် သေဆုံးသွားရတာ သေချာကြောင်းနဲ့ သူအခုလို သေဆုံးသွားရတာအတွက် စိတ်မကောင်းဖြစ်ရကြောင်း ဦးသက်ဝင်းလှိုင်ရဲ့ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက် ပြည်မြို့ခံတဦးကလည်း ပြောပါတယ်။

"ဒီသတင်းက သေချာလား ၊ confirm ဖြစ်လားမဖြစ်လား မေးလိုက်တော့ ကိုသက်ဝင်းလှိုင်ဆုံးတာ သေချာတယ်တဲ့။ စိတ်မကောင်းပါဘူးဗျ။ အဲဒီထဲမှာ CDM ၃ ယောက်လည်း ပါတယ်တဲ့၊ မတော်တဆ ပေါက်ကွဲပြီး ဆုံးသွားတယ်။ အခု လုံခြုံရေးအရ တင်းကြပ်ထားပါတယ်။ ပြည်က မြန်မာပြည်အလယ်ပိုင်းလည်းဖြစ်တယ်၊ တပ်မ ၆၆ နဲ့လည်း နီးတော့ လုံခြုံရေးအရလည်း တင်းကြပ်ထားပါတယ်။"

NLD ပါတီဝင် ဦးသက်ဝင်းလှိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်အတွက် ပြည်မြို့နယ် မဲဆန္ဒအမှတ်(၁)ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်ပါတယ်။ သူနဲ့အတူ CDM (အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်နေတဲ့ ရဲဝန်ထမ်း ၃ ဦး ကမ္ဘီလာကျေးရွာမှာ တိမ်းရှောင်နေတုန်း ခုလို ဗုံးကွဲတဲ့ဖြစ်စဉ် ပေါ်ပေါက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ရန်ကုန်က မြို့နယ်တချို့အပါအဝင် အခြားနယ်မြို့တွေမှာပါ အထူးသဖြင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွေ ရှေ့ အသေးစားဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့တာပါ။ အခုတော့ ပြည်မြို့နယ်ထဲမှာ ဗုံးပေါက်ကွဲပြီး NLD လွှတ်တော်ကိုယ်စားလှယ်တဦး သေဆုံးရတာ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG