သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္ တဖက္သတ္ အပစ္ရပ္ေၾကညာခ်က္အေပၚ အကဲခတ္ေတြအျမင္


ရွမ္းျပည္နယ္အတြင္း လုံၿခဳံေရးယူေနတဲ့ ျမန္မာ့တပ္မေတာ္သားအခ်ဳိ႕။ (ၾသဂုတ္ ၁၅၊ ၂၀၁၉)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလုိက္ၿပီးေနာက္ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ေတြနဲ႔ စစ္ေရးပဋိပကၡေတြ ျပင္းထန္ေနခ်ိန္မွာပဲ တပ္မေတာ္က ဒီလကုန္အထိ အပစ္ရပ္ ေနာက္ထပ္ သက္တမ္းတုိးလုိက္ေၾကာင္း ေၾကညာလုိက္ပါတယ္။ ဒါေပမယ့္လည္း ကာကြယ္ေရးနဲ႔ အုပ္ခ်ဳပ္ေရး လုပ္ငန္းေတြကုိ ေႏွာင့္ယွက္ထိပါးလာတာမ်ဳိးကုိေတာ့ ႁခြင္းခ်က္အျဖစ္ တုံ႔ျပန္ဖုိ႔လည္း တပ္မေတာ္က ေျပာဆုိထားတာပါ။ တပ္မေတာ္ရဲ႕ တဖက္သတ္ အပစ္ရပ္ ေၾကညာခ်က္က လက္ေတြ႔ တုိက္ပဲြေတြ ေလွ်ာ့ခ်ႏုိင္မယ့္ အလားအလာအေပၚ အျမင္ေတြကုိေတာ့ ကုိဝင္းမင္းက စုစည္းတင္ျပေပးမွာ ျဖစ္ပါတယ္။

တႏုိင္္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ ထုိးထားတဲ့ ပအုိ႔ဝ္အမ်ဳိးသား လြတ္ေျမာက္ေရးအဖြဲ႔ခ်ဳပ္ (PPLO) ဦးေဆာင္နာယက ဗုိလ္မွဴးႀကီးခြန္ဥကၠာက ေသာၾကာေန႔က ထုတ္ျပန္ခဲ့တဲ့ ဒီ အပစ္ရပ္ေရး ထုတ္ျပန္မႈက လကုန္တုိင္း ပုံမွန္ မူအရ တုိးလာတာ ျဖစ္ေပမယ့္ ဒီတေခါက္ ထူးျခားမႈကို အခုလိုေျပာပါတယ္။

“ရပ္တယ္လို႔ေျပာၿပီးေတာ့ ေကအန္ယူမွာ တပ္မဟာ ၅ က NCA မလုိက္နာလို႔၊ ေနာက္ၿပီးေတာ့ အရွက္ခြဲတယ္ေပါ့ဗ်ာ သူတို႔ကို၊ အဲဒါေၾကာင့္ ဆုံးမရမယ္ဆုိတဲ့ သေဘာမ်ဳိးနဲ႔ စစ္ဆင္ေရးလုပ္ ေခ်မႈန္းမယ္ဆုိၿပီးေတာ့ ေၾကညာခ်က္ တဖက္က ထုတ္တာကုိးဗ်။ အဲဒီႏွစ္ခုက တႏုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး ေၾကညာခ်က္ထဲမွာ ႁခြင္းခ်က္ထုတ္လုိက္တဲ့ သေဘာမ်ဳိး ျဖစ္တာေပါ့။ ဆိုလုိတာက စစ္မ်က္ႏွာ မ်ားမ်ားမဖြင့္ခ်င္တဲ့ သေဘာမ်ဳိး။ ေနာက္ Selected Target နဲ႔ ပစ္မွတ္တခုခုကိုပဲ အဓိကထားၿပီး တုိက္ခ်င္တဲ့သေဘာမ်ဳိး ျဖစ္မယ္လို႔ထင္တယ္။ အားလုံး က်န္တဲ့လူေတြ အရင္ ၿငိမ္သြားေအာင္ေပါ့ဗ်ာ။”

ဒါ့အျပင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေတာက္ေလွ်ာက္ အနီးကပ္ ပါဝင္ေလ့လာေနတဲ့ MIPS ေခၚ ျမန္မာ့ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရး အင္စတီက်ဳ အမႈေဆာင္ဒါ႐ုိက္တာ ေဒါက္တာမင္းေဇာ္ဦးကလည္း ဒီတေခါက္ သက္တမ္းတိုးမႈ အေရးပါတာကို အခုလို ရွင္းျပပါတယ္။

“အရင္ကေၾကညာတဲ့ ပုံစံပါပဲ။ သေဘာကေတာ့ သူတုိ႔ကစၿပီး တိုက္စစ္မဆင္ဘူး။ အခုအခ်ိန္ထိလည္း သူတို႔စခန္း လာတုိက္လုိ႔ရွိရင္ ဒီအေပၚမွာ တုံ႔ျပန္ၿပီး ဗုံးႀကဲတဲ့ဟာေတြ ေတြ႔ရတယ္။ ဒါေပမယ့္ ဌာနခ်ဳပ္ေတြကိုေတာ့ အခုခ်ိန္ထိ လက္ရွိ ပစ္ခတ္တုိက္ခုိက္မႈ အမ်ားဆုံးျဖစ္ေနတဲ့ ေကအန္ယူနဲ႔ေရာ၊ ေကအုိင္ေအ လုိင္ဇာေရာ၊ ေနာက္တခု ေကအန္ယူ ဌာနခ်ဳပ္ကိုေရာ သူတုိ႔ မလုပ္တာ ေတြ႔ရတယ္။”

အဲဒီေတာ့ ဘာေၾကာင့္ ျမန္မာတပ္ဘက္က အခုလို ေကအန္ယူ ကရင္အမ်ဳိးသား အစည္းအ႐ုံး တပ္မဟာ ၅ နယ္ေျမကို ထိုးစစ္ဆင္လာရပုံကုိ ထိပ္ပုိင္း ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမွာ ပါဝင္ခဲ့တဲ့ ဗိုလ္မွဴးႀကီးခြန္ဥကၠာက အခုလိုေျပာပါတယ္။

“သူတုိ႔စြပ္စြဲတာကေတာ့ တပ္မေတာ္ေန႔ ၂၇ ရက္ေန႔ က်င္းပတုန္းမွာ အေရးႀကီးတဲ့ စခန္းႏွစ္ခုကို တပ္မဟာ ၅ က သိမ္းလိုက္တယ္။ သိမ္းလုိက္ေတာ့ ဖမ္းမိတဲ့လူေတြကုိ ၄ နာရီအတြင္း ျပန္လႊတ္ေပးဖုိ႔ ေတာင္းတယ္ သူတို႔က။ သူတို႔က အဲဒါကိုလည္း မလုိက္နာဘူး။ ေနာက္တခါ သိမ္းတဲ့စခန္းကို ျပန္သြားဖို႔ ရိကၡာလမ္းေၾကာင္းေတြ၊ ခရီးသြားလမ္းေၾကာင္းေတြ ဖြင့္ေပးဖုိ႔ အဲဒါလည္း ဟုိဘက္က မလုပ္ဘူးေပါ့ဗ်ာ။ အဲဒီလို ဆက္တုိက္ေတြ ျဖစ္လာေတာ့ ႏုိင္ရာကုိင္တဲ့ သေဘာမ်ဳိးေပါ့။ သိကၡာဆယ္ရမယ္၊ ညိႇလို႔လည္းမရ၊ ဒါေၾကာင့္ ဗုံးႀကဲတဲ့အဆင့္ေတြ ေရာက္လာတယ္လို႔ ေျပာတာပဲ။ ဒါ က်ေနာ္ တဖက္က ျပန္ၾကားတာေပါ့။”

ဒီေနရာမွာ ျမန္မာစစ္တပ္က အာဏာသိမ္းၿပီးမွ အခုလို ေျပာင္းလဲလာျခင္းေၾကာင့္ NCA အပစ္ရပ္လက္မွတ္ထိုးထားတဲ့ အဖြဲ႔ေတြ စုဖြဲ႔ထားတဲ့ PPST ေခၚ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔အတြင္း ႐ုိက္ခတ္လာပုံကုိလည္း ဦးေဆာင္အဖြဲ႔ဝင္ တဦးျဖစ္တဲ့ ဗိုလ္မွဴးႀကီးခြန္ဥကၠာက အခုလိုေျပာပါတယ္။

“PPST ကေတာ့ Very Loose Alliance ကုိး။ ေနာက္ NCA လက္မွတ္ထိုးၿပီးေတာ့ အေကာင္အထည္ေဖာ္တဲ့ေနရာမွာ ပူးေပါင္းေဆာင္ရြက္မယ္ဆုိတဲ့အေၾကာင္း ခန္႔ထားတဲ့အခါက်ေတာ့ အခု NCA အလုပ္မျဖစ္ေတာ့ဘူး၊ ဒါေပမယ့္ ပ်က္ေတာ့ မပ်က္ေသးဘူးေပါ့။ NCA အေကာင္အထည္ေဖာ္မႈေတြ ရပ္ဆုိင္းေနတဲ့အခ်ိန္မွာ၊ ႏုိင္ငံေရး ေဆြးေႏြးပြဲေတြလည္း မရွိေတာ့တဲ့အခ်ိန္မွာ နည္းနည္းေတာ့ တျခား PPST ေဘာင္ကို ေက်ာ္ၿပီးေတာ့၊ NCA ေဘာင္ကို ေက်ာ္ၿပီးေတာ့ လုပ္ရမယ့္ အလုပ္ေတြကုိ ဦးတည္လာတဲ့သေဘာ ရွိတာေပါ့ PPST ဘက္က။ အဲဒီမွာလည္း တညီတညြတ္တည္းေတာ့ မဟုတ္ဘူးဗ်။ PPST အဖြြဲ႔ဝင္တခ်ဳိ႕က မိမိတို႔ရဲ႕ ကုိယ္ပုိင္ျပ႒ာန္းခြင့္တရားအရ သြားၾက လာၾက လုပ္ၾကတာ ရွိတယ္။ ေကအန္ယူ တဖြဲ႔တည္းမွာကုိပဲ မတူကြဲျပားတာေတြ ရွိေနေတာ့ စုိးရိမ္ေနရတာေပါ့ဗ်ာ။”

အခုလို PPST အတြင္း ကြဲျပားမႈေတြ ရွိလာရတဲ့ အေျခအေနကုိလည္း ဗုိလ္မွဴးႀကီးခြန္ဥကၠာက…

“CRPH နဲ႔ NUG ရဲ႕ အလားအလာနဲ႔ အဲဒီမွာ ပူးေပါင္းေဆာင္ရြက္တဲ့ အဖြဲ႔ေတြ ရွိသလို စစ္ေကာင္စီနဲ႔လည္း ဆက္ဆံေရး မပ်က္ေစခ်င္တဲ့ အဖြဲ႔ေတြကလည္း ရွိတာကုိး။ ပါးပါးနပ္နပ္နဲ႔ လုပ္ေနရတဲ့ အဖြဲ႔ေတြလည္း ရွိတာေပါ့ဗ်ာ။ ေနာက္ လက္ရွိ NCA အပစ္အခတ္ရပ္စဲေရး ခုိင္မာေအာင္ ထိန္းသိမ္းၿပီးေတာ့ နယ္ေျမဖြံ႔ၿဖဳိးေရးတုိ႔ အဖြဲ႔အစည္း လုံၿခဳံေရးတုိ႔ ဦးစားေပးရမယ့္ အဆင့္လည္း ရွိတာကုိး။” လုိ႔ ေျပာပါတယ္။

အဲဒီေတာ့ အာဏာသိမ္းၿပီး အဓိက ေျပာင္းလာတာနဲ႔ ေရွ႕မွာ ဆက္ျဖစ္လာႏုိင္တာေတြကိုလည္း ေဒါက္တာမင္းေဇာ္ဦးက အခုလုိေျပာပါတယ္။

“တုိင္းရင္းသား လက္နက္ကုိင္ေတြဘက္ကေတာ့ အာဏာသိမ္းလုိက္တဲ့ ကိစၥက တပ္မေတာ္က ဒီမုိကေရစီ ဖက္ဒရယ္ကို သြားဖို႔အတြက္ ဆႏၵရွိရဲ႕လားဆုိတာ သံသယ အႀကီးအက်ယ္ ျဖစ္သြားတယ္။ ေနာက္တခုကလည္း ဆႏၵျပပြဲေတြ ပစ္ခတ္တဲ့အေပၚမွာေရာေပါ့။ ဒါ စစ္ေရးအရ တုံ႔ျပန္မႈေတြကို အတုိင္းအတာတခုနဲ႔ အကန္႔အသတ္နဲ႔ လုပ္ၾကတယ္။ ေနာက္ ျပည္တြင္းက ဆႏၵျပတဲ့လူငယ္ေတြ နယ္စပ္ေရာက္သြားတယ္။ အဲဒီမွာ စစ္သင္တန္းေတြ ဘာေတြ တက္တယ္။ အထဲမွာ ေဖာက္ခြဲေရး လုပ္တယ္ဆုိတဲ့ဟာေတြလည္း က်ေနာ္တုိ႔ ၾကားရတာ ရွိပါတယ္။ အဲဒီမွာ နယ္စပ္က တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔ေတြ အေနနဲ႔လည္း အလုံးအရင္းနဲ႔ ပံ့ပိုးႏုိင္ဖုိ႔ကေတာ့ အခက္အခဲရွိတယ္။ တဖက္ကလည္း လက္ရွိ ရွိေနၿပီးသား အပစ္အခတ္ ရပ္စဲေရးေတြ ပ်က္သြားၿပီးေတာ့ တုိက္ပြဲႀကီးေတြ ျဖစ္လာဖို႔ဆုိတဲ့ ကိစၥမ်ဳိးေတာ့လည္း ႏွစ္ဖက္လုံးက ေရွာင္ႏုိင္ေအာင္ ႀကိဳးစားတယ္ဆုိတဲ့ အေနအထားေတြလည္း ေတြ႔ရပါတယ္။ အဲေတာ့ NCA ကို ထိန္းသိမ္းႏုိင္ဖို႔ဆုိရင္ေတာ့ ဒီမုိကေရစီလမ္းေၾကာင္း၊ ဖက္ဒရယ္လမ္းေၾကာင္းကို ထင္ထင္ရွားရွား ျမင္သာေအာင္ ျပန္ဖြင့္ႏုိင္မွပဲ ေျဖရွင္းႏုိင္မွာ ျဖစ္ပါတယ္။”

တကယ္ေတာ့ အခု စစ္အာဏာသိမ္းၿပီး တိုက္ပြဲေတြ ပိုျပင္းထန္လာမွာ စုိးရိမ္ရခ်ိန္မွာ အခုလို တုိင္းရင္းသားေတြၾကား အကြဲအျပားေတြ ရွိေနတဲ့ၾကားက အေျခအေနေတြ ျပန္ေကာင္းလာဖို႔ကိုလည္း ဘက္အားလုံးနဲ႔ ႀကိဳးပမ္းေဆာင္ရြက္သြားမယ္လို႔ တုိင္းရင္းသားေခါင္းေဆာင္ေတြက ေျပာေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

တပ်မတော် တဖက်သတ် အပစ်ရပ်ကြေညာချက်အပေါ် အကဲခတ်တွေအမြင်

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေချိန်မှာပဲ တပ်မတော်က ဒီလကုန်အထိ အပစ်ရပ် နောက်ထပ် သက်တမ်းတိုးလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ ဒါပေမယ့်လည်း ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေကို နှောင့်ယှက်ထိပါးလာတာမျိုးကိုတော့ ခြွင်းချက်အဖြစ် တုံ့ပြန်ဖို့လည်း တပ်မတော်က ပြောဆိုထားတာပါ။ တပ်မတော်ရဲ့ တဖက်သတ် အပစ်ရပ် ကြေညာချက်က လက်တွေ့ တိုက်ပွဲတွေ လျှော့ချနိုင်မယ့် အလားအလာအပေါ် အမြင်တွေကိုတော့ ကိုဝင်းမင်းက စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ထိုးထားတဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PPLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီ အပစ်ရပ်ရေး ထုတ်ပြန်မှုက လကုန်တိုင်း ပုံမှန် မူအရ တိုးလာတာ ဖြစ်ပေမယ့် ဒီတခေါက် ထူးခြားမှုကို အခုလိုပြောပါတယ်။

“ရပ်တယ်လို့ပြောပြီးတော့ ကေအန်ယူမှာ တပ်မဟာ ၅ က NCA မလိုက်နာလို့၊ နောက်ပြီးတော့ အရှက်ခွဲတယ်ပေါ့ဗျာ သူတို့ကို၊ အဲဒါကြောင့် ဆုံးမရမယ်ဆိုတဲ့ သဘောမျိုးနဲ့ စစ်ဆင်ရေးလုပ် ချေမှုန်းမယ်ဆိုပြီးတော့ ကြေညာချက် တဖက်က ထုတ်တာကိုးဗျ။ အဲဒီနှစ်ခုက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေညာချက်ထဲမှာ ခြွင်းချက်ထုတ်လိုက်တဲ့ သဘောမျိုး ဖြစ်တာပေါ့။ ဆိုလိုတာက စစ်မျက်နှာ များများမဖွင့်ချင်တဲ့ သဘောမျိုး။ နောက် Selected Target နဲ့ ပစ်မှတ်တခုခုကိုပဲ အဓိကထားပြီး တိုက်ချင်တဲ့သဘောမျိုး ဖြစ်မယ်လို့ထင်တယ်။ အားလုံး ကျန်တဲ့လူတွေ အရင် ငြိမ်သွားအောင်ပေါ့ဗျာ။”

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တောက်လျှောက် အနီးကပ် ပါဝင်လေ့လာနေတဲ့ MIPS ခေါ် မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အင်စတီကျု အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကလည်း ဒီတခေါက် သက်တမ်းတိုးမှု အရေးပါတာကို အခုလို ရှင်းပြပါတယ်။

“အရင်ကကြေညာတဲ့ ပုံစံပါပဲ။ သဘောကတော့ သူတို့ကစပြီး တိုက်စစ်မဆင်ဘူး။ အခုအချိန်ထိလည်း သူတို့စခန်း လာတိုက်လို့ရှိရင် ဒီအပေါ်မှာ တုံ့ပြန်ပြီး ဗုံးကြဲတဲ့ဟာတွေ တွေ့ရတယ်။ ဒါပေမယ့် ဌာနချုပ်တွေကိုတော့ အခုချိန်ထိ လက်ရှိ ပစ်ခတ်တိုက်ခိုက်မှု အများဆုံးဖြစ်နေတဲ့ ကေအန်ယူနဲ့ရော၊ ကေအိုင်အေ လိုင်ဇာရော၊ နောက်တခု ကေအန်ယူ ဌာနချုပ်ကိုရော သူတို့ မလုပ်တာ တွေ့ရတယ်။”

အဲဒီတော့ ဘာကြောင့် မြန်မာတပ်ဘက်က အခုလို ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၅ နယ်မြေကို ထိုးစစ်ဆင်လာရပုံကို ထိပ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလိုပြောပါတယ်။

“သူတို့စွပ်စွဲတာကတော့ တပ်မတော်နေ့ ၂၇ ရက်နေ့ ကျင်းပတုန်းမှာ အရေးကြီးတဲ့ စခန်းနှစ်ခုကို တပ်မဟာ ၅ က သိမ်းလိုက်တယ်။ သိမ်းလိုက်တော့ ဖမ်းမိတဲ့လူတွေကို ၄ နာရီအတွင်း ပြန်လွှတ်ပေးဖို့ တောင်းတယ် သူတို့က။ သူတို့က အဲဒါကိုလည်း မလိုက်နာဘူး။ နောက်တခါ သိမ်းတဲ့စခန်းကို ပြန်သွားဖို့ ရိက္ခာလမ်းကြောင်းတွေ၊ ခရီးသွားလမ်းကြောင်းတွေ ဖွင့်ပေးဖို့ အဲဒါလည်း ဟိုဘက်က မလုပ်ဘူးပေါ့ဗျာ။ အဲဒီလို ဆက်တိုက်တွေ ဖြစ်လာတော့ နိုင်ရာကိုင်တဲ့ သဘောမျိုးပေါ့။ သိက္ခာဆယ်ရမယ်၊ ညှိလို့လည်းမရ၊ ဒါကြောင့် ဗုံးကြဲတဲ့အဆင့်တွေ ရောက်လာတယ်လို့ ပြောတာပဲ။ ဒါ ကျနော် တဖက်က ပြန်ကြားတာပေါ့။”

ဒီနေရာမှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးမှ အခုလို ပြောင်းလဲလာခြင်းကြောင့် NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ စုဖွဲ့ထားတဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အတွင်း ရိုက်ခတ်လာပုံကိုလည်း ဦးဆောင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလိုပြောပါတယ်။

“PPST ကတော့ Very Loose Alliance ကိုး။ နောက် NCA လက်မှတ်ထိုးပြီးတော့ အကောင်အထည်ဖော်တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့အကြောင်း ခန့်ထားတဲ့အခါကျတော့ အခု NCA အလုပ်မဖြစ်တော့ဘူး၊ ဒါပေမယ့် ပျက်တော့ မပျက်သေးဘူးပေါ့။ NCA အကောင်အထည်ဖော်မှုတွေ ရပ်ဆိုင်းနေတဲ့အချိန်မှာ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေလည်း မရှိတော့တဲ့အချိန်မှာ နည်းနည်းတော့ တခြား PPST ဘောင်ကို ကျော်ပြီးတော့၊ NCA ဘောင်ကို ကျော်ပြီးတော့ လုပ်ရမယ့် အလုပ်တွေကို ဦးတည်လာတဲ့သဘော ရှိတာပေါ့ PPST ဘက်က။ အဲဒီမှာလည်း တညီတညွတ်တည်းတော့ မဟုတ်ဘူးဗျ။ PPST အဖွဲ့ဝင်တချို့က မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တရားအရ သွားကြ လာကြ လုပ်ကြတာ ရှိတယ်။ ကေအန်ယူ တဖွဲ့တည်းမှာကိုပဲ မတူကွဲပြားတာတွေ ရှိနေတော့ စိုးရိမ်နေရတာပေါ့ဗျာ။”

အခုလို PPST အတွင်း ကွဲပြားမှုတွေ ရှိလာရတဲ့ အခြေအနေကိုလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက…

“CRPH နဲ့ NUG ရဲ့ အလားအလာနဲ့ အဲဒီမှာ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့တွေ ရှိသလို စစ်ကောင်စီနဲ့လည်း ဆက်ဆံရေး မပျက်စေချင်တဲ့ အဖွဲ့တွေကလည်း ရှိတာကိုး။ ပါးပါးနပ်နပ်နဲ့ လုပ်နေရတဲ့ အဖွဲ့တွေလည်း ရှိတာပေါ့ဗျာ။ နောက် လက်ရှိ NCA အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် ထိန်းသိမ်းပြီးတော့ နယ်မြေဖွံ့ဖြိုးရေးတို့ အဖွဲ့အစည်း လုံခြုံရေးတို့ ဦးစားပေးရမယ့် အဆင့်လည်း ရှိတာကိုး။” လို့ ပြောပါတယ်။

အဲဒီတော့ အာဏာသိမ်းပြီး အဓိက ပြောင်းလာတာနဲ့ ရှေ့မှာ ဆက်ဖြစ်လာနိုင်တာတွေကိုလည်း ဒေါက်တာမင်းဇော်ဦးက အခုလိုပြောပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကတော့ အာဏာသိမ်းလိုက်တဲ့ ကိစ္စက တပ်မတော်က ဒီမိုကရေစီ ဖက်ဒရယ်ကို သွားဖို့အတွက် ဆန္ဒရှိရဲ့လားဆိုတာ သံသယ အကြီးအကျယ် ဖြစ်သွားတယ်။ နောက်တခုကလည်း ဆန္ဒပြပွဲတွေ ပစ်ခတ်တဲ့အပေါ်မှာရောပေါ့။ ဒါ စစ်ရေးအရ တုံ့ပြန်မှုတွေကို အတိုင်းအတာတခုနဲ့ အကန့်အသတ်နဲ့ လုပ်ကြတယ်။ နောက် ပြည်တွင်းက ဆန္ဒပြတဲ့လူငယ်တွေ နယ်စပ်ရောက်သွားတယ်။ အဲဒီမှာ စစ်သင်တန်းတွေ ဘာတွေ တက်တယ်။ အထဲမှာ ဖောက်ခွဲရေး လုပ်တယ်ဆိုတဲ့ဟာတွေလည်း ကျနော်တို့ ကြားရတာ ရှိပါတယ်။ အဲဒီမှာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း အလုံးအရင်းနဲ့ ပံ့ပိုးနိုင်ဖို့ကတော့ အခက်အခဲရှိတယ်။ တဖက်ကလည်း လက်ရှိ ရှိနေပြီးသား အပစ်အခတ် ရပ်စဲရေးတွေ ပျက်သွားပြီးတော့ တိုက်ပွဲကြီးတွေ ဖြစ်လာဖို့ဆိုတဲ့ ကိစ္စမျိုးတော့လည်း နှစ်ဖက်လုံးက ရှောင်နိုင်အောင် ကြိုးစားတယ်ဆိုတဲ့ အနေအထားတွေလည်း တွေ့ရပါတယ်။ အဲတော့ NCA ကို ထိန်းသိမ်းနိုင်ဖို့ဆိုရင်တော့ ဒီမိုကရေစီလမ်းကြောင်း၊ ဖက်ဒရယ်လမ်းကြောင်းကို ထင်ထင်ရှားရှား မြင်သာအောင် ပြန်ဖွင့်နိုင်မှပဲ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။”

တကယ်တော့ အခု စစ်အာဏာသိမ်းပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာမှာ စိုးရိမ်ရချိန်မှာ အခုလို တိုင်းရင်းသားတွေကြား အကွဲအပြားတွေ ရှိနေတဲ့ကြားက အခြေအနေတွေ ပြန်ကောင်းလာဖို့ကိုလည်း ဘက်အားလုံးနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG