သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ဗဟိုအမိန့် မနာခံဘူးဆိုတဲ့ စစ်ကောင်စီပြောဆိုချက် တပ်မဟာ ၅ ငြင်းဆို


KNU တပ်ဖွဲ့ဝင်များ
KNU တပ်ဖွဲ့ဝင်များ

{{Zawgyi/Unicode}}

မြန်မာစစ်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူခဲ့တဲ့ KNLA တပ်မဟာ ၅ ဟာ ကေအန်ယူဗဟိုရဲ့ အမိန့်ကို မနာခံဘူးလို့ နစက စစ်ကောင်စီရဲ့ ပြောကြားချက်ကို တပ်မဟာ ၅ က ပယ်ချလိုက်ပါတယ်။တပ်မဟာ ၅ အနေနဲ့ KNLA စစ်ဦးစီးဌာနရဲ့ ဦးဆောင်မှုကို အမြဲတမ်း လိုက်နာနေပြီး လုပ်သင့်တာကို ဘောင်ထဲကနေလုပ်တာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးအသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်မဟာ ၅ ဟာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးထားတဲ့ KNU ဗဟိုရဲ့အမိန့်ကို မနာခံဘဲ တပ်မတော် စစ်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ ဧပြီ ၂၉ ရက်နေ့ကလုပ်တဲ့ နစက စစ်ကောင်စီရဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

မတ်လ ၂၇ ရက်နေ့က ကရင်ပြည်နယ်ထဲက သီးမူထစခန်း၊ ဧပြီလ ၂၇ ရက်နေ့မှာ သံလွင်မြစ်ကြောင်းလုံခြုံရေးယူထားတဲ့ မယ့်ရထာစစ်စခန်းတွေကို တပ်မဟာ ၅ က တိုက်ခိုက်သိမ်းယူခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ခုလို ပြောကြားခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး ကေအန်ယူ တပ်မဟာ ၅ ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မူးကြီးစောကလယ်ဒိုက အခုလို တုံ့ပြန်ပါတယ်။

"ဗဟိုရဲ့အမိန့်ကိုမနာခံဘူးဆိုတာ လုံးဝမဟုတ်ပါဘူးနော်။ ခွဲချင်တဲ့သဘောနဲ့ ဒီလိုမျိုးပြောတာဖြစ်မယ်။ တပ်မဟာ ၅ က ကေအန်ယူဗဟိုရဲ့ဦးဆောင်မူနဲ့ KNLA စစ်ဦးစီးဌာနရဲ့ ဦးဆောင်မှုကိုအမြဲတမ်းလက်ခံပြီး အမြဲတမ်းလိုက်နာပါတယ်။ ပြောရမယ်ဆိုရင် တပ်မဟာတခုနဲ့တခု လုပ်ပိုင်ခွင့်ကိုအင်နှင်းထားတာရှိတယ်။ တပ်မဟာ ၅ ဟာ သူ့ရဲ့လုပ်ပိုင်ခွ့င်နဲ့ လုပ်တာဖြစ်တယ်။ တပ်မဟာ ၅ ဟာသူ့ရဲ့လုပ်ပိုင်ခွင့်ဘောင်အရသာ လုပ်တာဖြစ်တယ်။ ဗဟိုရဲ့ဦးဆောင်မှုကို ကျော်လွန်ပြီးထိခိုက်အောင်လုပ်တာမဟုတ်ဘူး။"

ပြီးခဲ့တဲ့လတုန်းက ကေအန်ယူရဲ့ ထုတ်ပြန်ချက်မှာလည်း တပ်မဟာတွေအားလုံးဟာ ဗဟိုရဲ့ ဦးဆောင်မူနဲ့သာလုပ်တယ်လို့ ထုတ်ပြန်ထားတာကိုလည်း ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ထောက်ပြပါတယ်။

"ဗဟိုကထုတ်တာကတော့ တပ်မဟာ ၅ ကော တပ်မဟာအားလုံးက ဗဟိုရဲ့ဦးဆောင်မူနဲ့လုပ်တာဖြစ်တယ်၊ ခွဲခြားပြီးလုပ်တာမဟုတ်ဘူးလို့ ထုတ်ပြန်ထားတယ်။ စခန်းတွေဘာတွေ တိုက်တာကတော့ ဗဟိုရဲ့၂၀၂၀ ဇန်နဝါရီလမှ ာ ထုတ်ပြန်ချက်အတိုင်း လုပ်ဆောင်တာဖြစ်ပါတယ်။"

ကေအန်ယူနဲ့မြန်မာအစိုးရကြား နှစ်ဘက်သဘောတူ အပစ်အခတ်ရပ်စဲရေးကို ၂၀၁၂ ခုနှစ်မှာ ထိုးခဲ့ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မူရပ်စဲရေး သဘောတူစာချုပ်ကိုတော့ ၂၀၁၅ ခုနှစ်မှာ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ကရင်နယ်မြေတွေထဲမှာ တိုက်ပွဲတွေဖြစ်နေတာဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်တာကြောင့့်ဖြစ်တယ်လို့ နှစ်ဘက်လုံးက အပြန်အလှန် စွပ်စွဲကြပါတယ်။
တပ်မဟာ (၅) ဘက်ကပြောတာကတော့ -

"NCA ကို တပ်မဟာ ၅ က ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲပြောတာဖြစ်တယ်။ ဒါပေမယ့် အန်စီအေ ကိုချိုးဖောက်တာ သူတို့ပဲဖြစ်တယ်။ NCA ရဲ့ကတိကဝတ်အတိုင်းဆိုရင် စစ်တပ်စခန်းတွေကို ဒီဘက်တောင်းဆိုတဲ့အတိုင်း သဘောတူညှိနိုင်းဖို့ ရုပ်သိမ်းပေးဖို့ ကတိခံထားတာရှိတယ်။ အန်စီအေ ထိုးပြီးရင် အပစ်ရပ်နယ်မြေရဲ့တပ်စခန်းချရမယ့်ဟာတွေရယ် သွားလာရမယ့်နယ်မြေတွေကို သူတို့ညှိနိုင်းပြီးလုပ်ရမှာ တခါမှညှိနှိုင်းတာမရှိဘူး။"

စစ်တပ်က အာဏာသိမ်း အုပ်ချုပ်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း တပ်မဟာ ၅ အပြင် တပ်မဟာ ၁၊ ၃၊ ၆ စတဲ့ ကေအန်ယူ တပ်မဟာတွေနဲ့လည်း စစ်တပ်ကြားမှာ တိုက်ပွဲတွေဖြစ်နေပါတယ်။

မကြာခင်ရက်ပိုင်းကပဲ တပ်မဟာ ၅ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကရင်ကျေးရွာတွေအပေါ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ထောင်နဲ့ချီ ထိုင်းနိုင်ငံနဲ့ကပ်နေတဲ့ နယ်စပ်ဘက်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

{{Zawgyi/Unicode}}











XS
SM
MD
LG