သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုက္ပဲြေတြေၾကာင့္ ျမန္မာႏိုင္ငံတြင္း အကူအညီေပးေရး အစီအစဥ္ေတြထိခိုက္ 


မွတ္တမ္းဓါတ္ပံု - ၂၀၁၈ ေမလ ၁၁ ရက္ေန႔က ဘုရားေက်ာင္း၀န္းအတြင္း ခိုလံုေနၾကတဲ့ ကခ်င္စစ္ေဘး ဒုကၡသည္မ်ား။

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာ သိမ္းခဲ့တဲ့ေနာက္ ေဒသအေတာ္မ်ားမ်ားမွာ လံုျခံဳမႈ မရွိတဲ့အျပင္ လက္နက္ကိုင္ တိုက္ပြဲေတြ ျဖစ္ေနတာေၾကာင့္ ကုလသမဂၢရဲ႕ လူသားခ်င္းစာနာမႈ အေထာက္အကူေပးေရး လုပ္ငန္းေတြကို ထိခိုက္ေစတယ္လို႔ ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာ ၫွိႏႈိင္းေရးရံုး UNOCHA က ေသာၾကာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ ပဲခူးတိုင္း ေတြမွာ တိုက္ပြဲေတြ ျဖစ္ပြါးေနတာေၾကာင့္ ကုလသမဂၢရဲ႕ လုပ္ငန္းေတြအဟန္႔အတား ျဖစ္ေစေၾကာင္း ေျပာပါတယ္။ လမ္းေတြ ပိတ္ေနတဲ့ အျပင္ လံုျခံဳေရးေတြ တင္းတင္းၾကပ္ၾကပ္ ခ်ထားၿပီး တေနရာကေန တေနရာ သြားလာမႈ ကန္႔သတ္ထားတာ ေတြေၾကာင့္ ကုလသမဂၢရဲ႕ လုပ္ငန္း လုပ္ေဆာင္မႈပို မိုခက္ခဲလာေစတယ္လို႔လည္း ကုလသမဂၢရံုးက ေျပာပါတယ္။

အခုလို အခက္အခဲေတြ ၾကံဳေနရခ်ိန္မွာပဲ ျပည္တြင္းအိုးအိမ္ေရႊ႕ေျပာင္း ေနရသူ သံုးသိန္းေက်ာ္ရွိေနတဲ့ ျမန္မာႏိုင္ငံမွာ မႏွစ္က ဒီဇင္ဘာလကစၿပီး ေနာက္ထပ္ ဒုကၡသည္ ၅ ေသာင္းေက်ာ္ ထပ္တိုးလာတာေၾကာင့္ အေျခေနေတြ ပိုဆိုးလာေနတယ္လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ ေဖေဖၚဝါရီလ ၁ ရက္ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေနာက္ပိုင္း တိုင္းရင္းသား ေဒသေတြမွာ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ အစိုးရတပ္ေတြၾကား တိုက္ပြဲေတြ ပိုတိုးလာေန တဲ့အတြက္ ကရင္ျပည္နယ္ထဲမွာ ေနာက္ထပ္ အိုးအိမ္ေရႊ႕ေျပာင္းရသူ ၄ ေသာင္းေက်ာ္၊ ကခ်င္ျပည္နယ္မွာ မတ္လအေစာပိုင္းကစတဲ့ တိုက္ပြဲေတြေနာက္ပိုင္း စစ္ေရွာင္ ၅၀၀၀ ေလာက္နဲ႔ ရွမ္းျပည္ ေျမာက္ပိုင္းမွာေတာ့ ဒီႏွစ္ဆန္းကစၿပီး စစ္ေရွာင္ ၁၁,၀၀၀ ေလာက္ရွိေနတယ္လို႔လည္း OCHA က ေျပာပါတယ္။

၂၀၂၁ ခုႏွစ္ အတြင္း ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံတြင္းလုပ္ငန္းေတြ အတြက္ ေထာက္ပံ့ေငြ သန္း ၂၇၀ ေက်ာ္ ေတာင္းခံထားေပမယ့္ အခုခ်ိန္အထိ ၃၅ သန္းနီးပါးပဲ ရတာေၾကာင့္ ရန္ပံုေငြ လိုအပ္ေနေၾကာင္းလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတွင်း အကူအညီပေးရေး အစီအစဉ်တွေထိခိုက်
(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာ သိမ်းခဲ့တဲ့နောက် ဒေသအတော်များများမှာ လုံခြုံမှု မရှိတဲ့အပြင် လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု အထောက်အကူပေးရေး လုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း တွေမှာ တိုက်ပွဲတွေ ဖြစ်ပွါးနေတာကြောင့် ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေအဟန့်အတား ဖြစ်စေကြောင်း ပြောပါတယ်။ လမ်းတွေ ပိတ်နေတဲ့ အပြင် လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားပြီး တနေရာကနေ တနေရာ သွားလာမှု ကန့်သတ်ထားတာ တွေကြောင့် ကုလသမဂ္ဂရဲ့ လုပ်ငန်း လုပ်ဆောင်မှုပို မိုခက်ခဲလာစေတယ်လို့လည်း ကုလသမဂ္ဂရုံးက ပြောပါတယ်။

အခုလို အခက်အခဲတွေ ကြုံနေရချိန်မှာပဲ ပြည်တွင်းအိုးအိမ်ရွှေ့ပြောင်း နေရသူ သုံးသိန်းကျော်ရှိနေတဲ့ မြန်မာနိုင်ငံမှာ မနှစ်က ဒီဇင်ဘာလကစပြီး နောက်ထပ် ဒုက္ခသည် ၅ သောင်းကျော် ထပ်တိုးလာတာကြောင့် အခြေနေတွေ ပိုဆိုးလာနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေ ပိုတိုးလာနေ တဲ့အတွက် ကရင်ပြည်နယ်ထဲမှာ နောက်ထပ် အိုးအိမ်ရွှေ့ပြောင်းရသူ ၄ သောင်းကျော်၊ ကချင်ပြည်နယ်မှာ မတ်လအစောပိုင်းကစတဲ့ တိုက်ပွဲတွေနောက်ပိုင်း စစ်ရှောင် ၅၀၀၀ လောက်နဲ့ ရှမ်းပြည် မြောက်ပိုင်းမှာတော့ ဒီနှစ်ဆန်းကစပြီး စစ်ရှောင် ၁၁,၀၀၀ လောက်ရှိနေတယ်လို့လည်း OCHA က ပြောပါတယ်။

၂၀၂၁ ခုနှစ် အတွင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံတွင်းလုပ်ငန်းတွေ အတွက် ထောက်ပံ့ငွေ သန်း ၂၇၀ ကျော် တောင်းခံထားပေမယ့် အခုချိန်အထိ ၃၅ သန်းနီးပါးပဲ ရတာကြောင့် ရန်ပုံငွေ လိုအပ်နေကြောင်းလည်း ပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG