သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေဘးႀကံဳ ကရင္ရြာသားေတြကို ကူညီဖို႔ ကုလ စီစဥ္ 


စစ္ေဘးႀကံဳ ကရင္ရြာသားမ်ား (AFP PHOTO / FREE BURMA RANGERS via AFPTV)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံ၊ ကရင္ျပည္နယ္နဲ႔ ပဲခူးတုိင္းထဲကေန လတ္တေလာရက္ေတြအတြင္း ေနရပ္ထြက္ခြာ ထြက္ေျပးေနရတဲ့ျပည္သူ ေထာင္နဲ႔ခ်ီရွိတယ္လို႔ ကုလသမဂၢရဲ ႔ သတင္းစာမ်က္ႏွာမွာ ဧၿပီလ ၇ ရက္ေန႔က ေဖာ္ေျပထားပါတယ္။ မြန္ျပည္နယ္ထဲက ေဆးေပးခန္းတခုလည္း ပစ္ခတ္မႈေတြေၾကာင့္ ပ်က္စီးသြားတယ္လို႔ ဆိုထားပါတယ္။

ျမန္မာစစ္တပ္ရဲ ႔ ကရင္လက္နက္ကိုင္တပ္ဖြဲ႔ KNU တို႔ၾကား တုိက္ပြဲေတြ ေပၚေပါက္ေနၿပီး ျမန္မာစစ္တပ္ရဲ ႔ မဆင္မျခင္ ပစ္ခတ္တုိက္ခိုက္မႈေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးရသူ ၇ေထာင္ ေက်ာ္ရွိတယ္လို႔လည္း OCHA က ေျပာပါတယ္။ ၂၀၂၀ ဒီဇင္ဘာလက တည္းက ျပည္သူေတြၾကား အသက္အႏၱရာယ္စိုးရိမ္မႈေတြပိုတိုးလာတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ခုလို ေနရပ္စြန္႔ခြာ ထြက္ေျပးေနရသူေတြအတြက္ လူသားခ်င္းစာနာမႈဆုိင္ရာ အေရးေပၚ အကူအညီေတြေပးအပ္နုိင္ေအာင္ ဒုကၡသည္မ်ားဆုိင္ရာ ကုလသမဂၢမဟာမင္းႀကီး႐ုံး UNHCR က သက္ဆုိင္ရာမိတ္ဖက္အဖြဲ႔ေတြနဲ႔ ေဆြးေႏြးေနတယ္လို႔လည္း ေျပာထားပါတယ္။

ျမန္မာစစ္တပ္က ေက်းရြာေတြအေပၚ လေၾကာင္းကေန ပါတုိက္ခိုက္ခဲ့တဲ့အတြက္ မတ္လ ၂၇ ရက္ေန႔က ကရင္ျပည္နယ္ကေန ထုိင္းႏုိ္င္ငံဖက္ထြက္ေျပးလာသူ ၃၈၄၈ ဦးရွိတယ္လို႔လည္း UNOCHA ကေျပာပါတယ္။ ဒုကၡသည္အမ်ားစုက ေနရပ္ျပန္သြားၾကေပမယ့္ ဧၿပီလ ၁ ရက္ေန႔ထိ ထုိင္းႏုိင္ငံမွာ လက္ရွိခိုလႈံေနသူ ၁၁၆၇ ဦးရွိေသးတယ္လို႔ဆိုပါတယ္။

ျမန္မာႏုိ္င္ငံထဲက ႏုိင္ငံေရးအၾကပ္အတည္းေတြေၾကာင့္ အေရွ ႔ေတာင္အာရွႏုိ္င္ငံေတြအေပၚမွာလည္း သက္ေရာက္မႈေတြရွိေနပါတယ္။ ျမန္မာစစ္တပ္က အာဏာသိမ္းမႈေၾကာင့္ ျမန္မာျပည္သူေတြရဲ ႔ ေရရွည္ က်န္းမာေရးနဲ႔ ပညာေရးအျပင္ ကေလးငယ္ေတြ အေပၚမွာပါ သက္ေရာက္မႈရွိလာမွာကိုလည္း စိုးရိမ္မႈေတြရွိေနပါတယ္။

လက္ရွိ ေပၚေပါက္ေနတဲ့ အၾကမ္းဖက္မႈေတြ အခ်ိန္ၾကာလာတာနဲ႔အမ ွ် ကေလးငယ္ေတြရဲ ႔စိတ္ ဖိစီးမႈေတြ ပိုဆိုးလာႏုိင္ၿပီး သူတို႔ရဲ ႔စိတ္ပိုင္၊း ရုပ္ပုိင္းအေပၚမွာပါ သက္ေရာက္မႈရွိလာလိမ့္မယ္လို႔လည္း ကုလသမဂၢကအဆင့္ျမင့္အရာရွိေတြက ၿပီးခဲ့တဲ့တပတ္ကပဲ သတိေပးထားပါတယ္။

ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈေနာက္ပိုင္း ေဆးရုံနဲ႔က်န္းမာေရး၀န္ထမ္္းေတြအေပၚတုိက္ခိုက္မႈေပါင္း ၂၈ ခုထက္မနည္း ရွိခဲ့သလို ေက်ာင္းနဲ႔ ပညာေရး၀န္ထမ္းေတြအေပၚတုိက္ခိုက္တာက ၇ ႀကိမ္ထက္မနည္းရွိတယ္လို႔ ကုသမဂၢအတြင္းေရးမွဴးခ်ဳပ္႐ုံးေျပာခြင့္ရသူ Stéphane Dujarric က အဂၤါေန႔ကပဲ နယူးေယာက္ၿမိဳ႔သတင္းစာရွင္းလင္းပြဲမွာေျပာဆိုထားပါတယ္။

ကုန္သြယ္ကူးသန္းေရာင္း၀ယ္ေရးမွာ အဟန္႔အတားေတြရွိေနတဲ့အတြက္ ျမန္မာႏုိ္င္ငံေနရာအႏွံ႔မွာ ကုန္ေစ်းႏႈန္းေတြတက္လာေနတာေၾကာင့္ ဆင္းရဲႏြြမ္းပါးလွတဲ့မိသားစုေတြစား၀တ္ေနေရး ခက္ခဲလာႏုိ္င္ေျခရွိတယ္လို႔လည္း ကုလသမဂၢအဖြဲ႔ေတြက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

စစ်ဘေးကြုံ ကရင်ရွာသားတွေကို ကူညီဖို့ ကုလစီစဉ်

(Unicode)

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းထဲကနေ လတ်တလောရက်တွေအတွင်း နေရပ်ထွက်ခွာ ထွက်ပြေးနေရတဲ့ပြည်သူ ထောင်နဲ့ချီရှိတယ်လို့ ကုလသမဂ္ဂရဲ့ သတင်းစာမျက်နှာမှာ ဧပြီလ ၇ ရက်နေ့က ဖော်ပြေထားပါတယ်။ မွန်ပြည်နယ်ထဲက ဆေးပေးခန်းတခုလည်း ပစ်ခတ်မှုတွေကြောင့် ပျက်စီးသွားတယ်လို့ ဆိုထားပါတယ်။

မြန်မာစစ်တပ်ရဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ KNU တို့ကြား တိုက်ပွဲတွေ ပေါ်ပေါက်နေပြီး မြန်မာစစ်တပ်ရဲ့ မဆင်မခြင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၇ထောင် ကျော်ရှိတယ်လို့လည်း OCHA က ပြောပါတယ်။ ၂၀၂၀ ဒီဇင်ဘာလက တည်းက ပြည်သူတွေကြား အသက်အန္တရာယ်စိုးရိမ်မှုတွေပိုတိုးလာတယ်လို့လည်း ဖော်ပြထားပါတယ်။

ခုလို နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေပေးအပ်နိုင်အောင် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က သက်ဆိုင်ရာမိတ်ဖက်အဖွဲ့တွေနဲ့ ဆွေးနွေးနေတယ်လို့လည်း ပြောထားပါတယ်။

မြန်မာစစ်တပ်က ကျေးရွာတွေအပေါ် လကြောင်းကနေ ပါတိုက်ခိုက်ခဲ့တဲ့အတွက် မတ်လ ၂၇ ရက်နေ့က ကရင်ပြည်နယ်ကနေ ထိုင်းနိုင်ငံဖက်ထွက်ပြေးလာသူ ၃၈၄၈ ဦးရှိတယ်လို့လည်း UNOCHA ကပြောပါတယ်။ ဒုက္ခသည်အများစုက နေရပ်ပြန်သွားကြပေမယ့် ဧပြီလ ၁ ရက်နေ့ထိ ထိုင်းနိုင်ငံမှာ လက်ရှိခိုလှုံနေသူ ၁၁၆၇ ဦးရှိသေးတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံထဲက နိုင်ငံရေးအကြပ်အတည်းတွေကြောင့် အရှေ့တောင်အာရှနိုင်ငံတွေအပေါ်မှာလည်း သက်ရောက်မှုတွေရှိနေပါတယ်။ မြန်မာစစ်တပ်က အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေရဲ့ ရေရှည် ကျန်းမာရေးနဲ့ ပညာရေးအပြင် ကလေးငယ်တွေ အပေါ်မှာပါ သက်ရောက်မှုရှိလာမှာကိုလည်း စိုးရိမ်မှုတွေရှိနေပါတယ်။

လက်ရှိ ပေါ်ပေါက်နေတဲ့ အကြမ်းဖက်မှုတွေ အချိန်ကြာလာတာနဲ့အမ ျှ ကလေးငယ်တွေရဲ့စိတ် ဖိစီးမှုတွေ ပိုဆိုးလာနိုင်ပြီး သူတို့ရဲ့စိတ်ပိုင်၊း ရုပ်ပိုင်းအပေါ်မှာပါ သက်ရောက်မှုရှိလာလိမ့်မယ်လို့လည်း ကုလသမဂ္ဂကအဆင့်မြင့်အရာရှိတွေက ပြီးခဲ့တဲ့တပတ်ကပဲ သတိပေးထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆေးရုံနဲ့ကျန်းမာရေးဝန်ထမ်းတွေအပေါ်တိုက်ခိုက်မှုပေါင်း ၂၈ ခုထက်မနည်း ရှိခဲ့သလို ကျောင်းနဲ့ ပညာရေးဝန်ထမ်းတွေအပေါ်တိုက်ခိုက်တာက ၇ ကြိမ်ထက်မနည်းရှိတယ်လို့ ကုသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးပြောခွင့်ရသူ Stéphane Dujarric က အင်္ဂါနေ့ကပဲ နယူးယောက်မြို့သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။

ကုန်သွယ်ကူးသန်းရောင်းဝယ်ရေးမှာ အဟန့်အတားတွေရှိနေတဲ့အတွက် မြန်မာနိုင်ငံနေရာအနှံ့မှာ ကုန်ဈေးနှုန်းတွေတက်လာနေတာကြောင့် ဆင်းရဲနွမ်းပါးလှတဲ့မိသားစုတွေစားဝတ်နေရေး ခက်ခဲလာနိုင်ခြေရှိတယ်လို့လည်း ကုလသမဂ္ဂအဖွဲ့တွေက ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG