သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိခိုက္ဒဏ္ရာရသူ ကရင္စစ္ေျပးဒုကၡသည္မ်ား ထိုင္းလက္ခံေဆးကုေပး


ကရင္စစ္ေရွာင္ဒုကၡသည္မ်ားကို ေဆးကုသေပးေနတဲ့ ထိုင္း က်န္းမာေရးဝန္ထမ္းမ်ား။ (မတ္ ၃၀၊ ၂၀၂၁)

[Zawgyi/Unicode]

ကရင္ျပည္နယ္ဘက္မွာ စစ္တပ္နဲ႔ ကရင္လက္နက္ကိုင္ KNU တပ္ေတြ တိုက္ပြဲျဖစ္ေနတာေၾကာင့္ ထိုင္းႏိုင္ငံဘက္ ထြက္ေျပးတဲ့ ဒုကၡသည္ေတြကို ထိုင္းဘက္က အတင္းႏွင္ထုတ္တယ္ဆိုတဲ့ သတင္းေတြ ထြက္လာေနခ်ိန္မွာ စစ္ေျပးဒုကၡသည္ေတြထဲက ထိခိုက္ဒဏ္ရာရသူတခ်ဳိ႕ကိုေတာ့ ထိုင္းဘက္က လက္ခံေဆးကုေပးေနပါတယ္။ ထိုင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက အျပည့္အစံု ဆက္ေျပာျပပါမယ္။

ကရင္ျပည္နယ္ထဲက KNU နယ္ေျမျဖစ္တဲ့ ထုိင္းျမန္မာနယ္စပ္ မယ္ေဟာင္ေဆာင္နဲ႔ နီးတဲ့ ဖာပြန္ခရိုင္မွာ စစ္တပ္က မတ္လ ၂၇၊ ၂၈ မွာ ၂ ရက္ဆက္တိုက္ တိုက္ေလယာဥ္ေတြ သံုး ဗံုးႀကဲတိုက္ခိုက္ခဲ့တာေၾကာင့္ အဲဒီဘက္ေတြမွာ ေနေနၾကတဲ့ ကရင္ေဒသခံေတြ ထိုင္းႏိုင္ငံဘက္ ေထာင္နဲ႔ခ်ီ ထြက္ေျပးတိမ္းေ႐ွာင္ဖို႔ ႀကိဳးစားေနၾကတာပါ။ မတ္လ ၂၉ ရက္ေန႔က ထိုင္းဘက္ကို ေရာက္လာတဲ့ ကရင္ဒုကၡသည္ေတြကို ထိုင္းဘက္က ျမန္မာဘက္ ျပန္သြားဖုိ႔ အတင္းႏွင္ထုတ္တဲ့ ဗီဒီယိုဖိုင္ ႏိိုင္ငံတကာ သတင္းမီဒီယာေတြက ရ႐ွိခဲ့ပါတယ္။ အဲဒီထဲမွာ ကရင္စစ္ေျပးဒုကၡသည္ ကေလး၊ လူႀကီးအားလံုး ထိုင္းနဲ႔ ျမန္မာနယ္စပ္ၾကားက ျမစ္ကမ္းစပ္ဘက္ကေန ျမန္မာဘက္ျပန္သြားဖို႔ ႀကိဳးစားေနတဲ့ ပံုေတြေတြ႔ရပါတယ္။ အခုလို ဒုကၡသည္ေတြ သြားေနတာကို ထိုင္းစစ္သားေတြက ေစာင့္ၾကည့္ေနတာကိုလည္း ဗီဒီယိုထဲမွာ ျမင္ရပါတယ္။ ဒါကို ထုိင္းအာဏာပိုင္ေတြဘက္က သူတုိ႔ အတင္းႏွင္မထုတ္ပါဘူးလို႔ ျငင္းဆန္ထားေပမဲ့ ကရင္ဒုကၡသည္ေတြအေရး ေဆာင္႐ြက္ေပးေနတဲ့ အဖဲြ႔ေတြကေတာ့ လူဦးေရ ၂,၀၀၀ ေက်ာ္ေလာက္ကို အတင္းႏွင္ထုတ္ခဲ့တယ္လို႔ ေျပာပါတယ္။

ဒီေန႔ အဂၤါေန႔မွာေတာ့ ေရာက္လာတဲ့ ဒုကၡသည္ေတြထဲက ထိခိုက္ဒဏ္ရာရလာသူ တခ်ိဳ႕ကို ထိုင္း႐ြာသားေတြက လက္ခံ ေဆးကုသေပးေနတယ္လို႔ ထုိင္းျမန္မာနယ္စပ္က ႏို္င္ငံေရးေလ့လာသူ ဦးေအာင္စိုးက ေျပာပါတယ္။

"ေရာက္လာတယ္... ၇ ေယာက္လား မသိဘူး.. ဒဏ္ရာေတြနဲ႔။ ဒီဘက္ကမ္းမွာေတာ့ ေဆးရံုပုိ႔ေပးတယ္။ ေဆးကုလာတာေတာ့ လက္ခံတယ္။ ေသြးရဲရဲ၊ သံရဲရဲျဖစ္ေနတာကိုး။ ဒါေပမဲ့ သူတို႔ မသိလိုက္ဘဲနဲ႔ ေရာက္လာတဲ့သူေတြလည္း ရွိတယ္။ ထိုင္းစစ္တပ္မရွိတဲ့ေနရာမွာ ကူးလာတဲ့သူေတြလည္း ရွိတယ္။ မသိရင္ေတာ့ ဒီအတိုင္းပဲေနေနတာေပါ့။ လက္ခံတယ္၊ ဘာရယ္ေတာ့မဟုတ္ဘူး။ စစ္တပ္မရွိတဲ့ေနရာမွာ ေရာက္လာတာေတာ့... စစ္တပ္သိသြားရင္ေတာ့ ျပန္ေမာင္းထုတ္တာေပါ့။"

ထိုင္းဘက္ကို ေရာက္လာၾကတဲ့ စစ္ေျပးဒုကၡသည္ေတြကို ထိုင္းဘက္က လက္မခံတာမ်ဳိး မျဖစ္သင့္ဘူးလို႔ ဦးေအာင္စိုးကဆက္ေျပာျပပါတယ္။

"ဟုိမွာက တိုက္ပဲြေတြနဲ႔ လူထုကို လုပ္ခ်င္တိုင္းလုပ္ေနတာပဲေလ။ ေသနတ္က အခုမထြက္ ခဏေနျပန္ထြက္တာပဲ။ ဟုိစစ္တပ္က ျပီးသြားတာမွာ မဟုတ္တာ။ ေလယာဥ္လည္းမလာေတာ့ဘူး၊ တိုက္ပဲြေတြ မရွိေတာ့ဘူးဆိုျပီး စာခ်ဳပ္ခ်ဳပ္ထားတာ မဟုတ္တာ။ လာတုိက္တာကလည္း ၿပီးသြားတာမွ မဟုတ္တာ။ တိုက္ခ်င္တိုက္ဦးမွာ။ ေလယာဥ္လည္း လာခ်င္လာဦးမွာပဲ။"

စစ္ေျပးဒုကၡသည္ေတြ အမ်ားဆံုး ၀င္လာေနတဲ့ မယ္ေဟာင္ေဆာင္ျပည္နယ္ဘက္ကို သတင္းေထာက္ေတြကုိ သြားခြင့္မေပးသလုိ အစိုးရမဟုတ္တဲ့ အကူအညီေပးေရး အဖဲြ ့အစည္းေတြလည္း သြားေရာက္ခြင့္ ထုိင္းအစုိးရက ကန္႔သတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိခိုက်ဒဏ်ရာရသူ ကရင်စစ်ပြေးဒုက္ခသည်များ ထိုင်းလက်ခံဆေးကုပေး

ကရင်ပြည်နယ်ဘက်မှာ စစ်တပ်နဲ့ ကရင်လက်နက်ကိုင် KNU တပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးတဲ့ ဒုက္ခသည်တွေကို ထိုင်းဘက်က အတင်းနှင်ထုတ်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေချိန်မှာ စစ်ပြေးဒုက္ခသည်တွေထဲက ထိခိုက်ဒဏ်ရာရသူတချို့ကိုတော့ ထိုင်းဘက်က လက်ခံဆေးကုပေးနေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက အပြည့်အစုံ ဆက်ပြောပြပါမယ်။

ကရင်ပြည်နယ်ထဲက KNU နယ်မြေဖြစ်တဲ့ ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင်နဲ့ နီးတဲ့ ဖာပွန်ခရိုင်မှာ စစ်တပ်က မတ်လ ၂၇၊ ၂၈ မှာ ၂ ရက်ဆက်တိုက် တိုက်လေယာဉ်တွေ သုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဲဒီဘက်တွေမှာ နေနေကြတဲ့ ကရင်ဒေသခံတွေ ထိုင်းနိုင်ငံဘက် ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားနေကြတာပါ။ မတ်လ ၂၉ ရက်နေ့က ထိုင်းဘက်ကို ရောက်လာတဲ့ ကရင်ဒုက္ခသည်တွေကို ထိုင်းဘက်က မြန်မာဘက် ပြန်သွားဖို့ အတင်းနှင်ထုတ်တဲ့ ဗီဒီယိုဖိုင် နိုင်ငံတကာ သတင်းမီဒီယာတွေက ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ ကရင်စစ်ပြေးဒုက္ခသည် ကလေး၊ လူကြီးအားလုံး ထိုင်းနဲ့ မြန်မာနယ်စပ်ကြားက မြစ်ကမ်းစပ်ဘက်ကနေ မြန်မာဘက်ပြန်သွားဖို့ ကြိုးစားနေတဲ့ ပုံတွေတွေ့ရပါတယ်။ အခုလို ဒုက္ခသည်တွေ သွားနေတာကို ထိုင်းစစ်သားတွေက စောင့်ကြည့်နေတာကိုလည်း ဗီဒီယိုထဲမှာ မြင်ရပါတယ်။ ဒါကို ထိုင်းအာဏာပိုင်တွေဘက်က သူတို့ အတင်းနှင်မထုတ်ပါဘူးလို့ ငြင်းဆန်ထားပေမဲ့ ကရင်ဒုက္ခသည်တွေအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေကတော့ လူဦးရေ ၂,၀၀၀ ကျော်လောက်ကို အတင်းနှင်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီနေ့ အင်္ဂါနေ့မှာတော့ ရောက်လာတဲ့ ဒုက္ခသည်တွေထဲက ထိခိုက်ဒဏ်ရာရလာသူ တချို့ကို ထိုင်းရွာသားတွေက လက်ခံ ဆေးကုသပေးနေတယ်လို့ ထိုင်းမြန်မာနယ်စပ်က နိုင်ငံရေးလေ့လာသူ ဦးအောင်စိုးက ပြောပါတယ်။

"ရောက်လာတယ်... ၇ ယောက်လား မသိဘူး.. ဒဏ်ရာတွေနဲ့။ ဒီဘက်ကမ်းမှာတော့ ဆေးရုံပို့ပေးတယ်။ ဆေးကုလာတာတော့ လက်ခံတယ်။ သွေးရဲရဲ၊ သံရဲရဲဖြစ်နေတာကိုး။ ဒါပေမဲ့ သူတို့ မသိလိုက်ဘဲနဲ့ ရောက်လာတဲ့သူတွေလည်း ရှိတယ်။ ထိုင်းစစ်တပ်မရှိတဲ့နေရာမှာ ကူးလာတဲ့သူတွေလည်း ရှိတယ်။ မသိရင်တော့ ဒီအတိုင်းပဲနေနေတာပေါ့။ လက်ခံတယ်၊ ဘာရယ်တော့မဟုတ်ဘူး။ စစ်တပ်မရှိတဲ့နေရာမှာ ရောက်လာတာတော့... စစ်တပ်သိသွားရင်တော့ ပြန်မောင်းထုတ်တာပေါ့။"

ထိုင်းဘက်ကို ရောက်လာကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းဘက်က လက်မခံတာမျိုး မဖြစ်သင့်ဘူးလို့ ဦးအောင်စိုးကဆက်ပြောပြပါတယ်။

"ဟိုမှာက တိုက်ပွဲတွေနဲ့ လူထုကို လုပ်ချင်တိုင်းလုပ်နေတာပဲလေ။ သေနတ်က အခုမထွက် ခဏနေပြန်ထွက်တာပဲ။ ဟိုစစ်တပ်က ပြီးသွားတာမှာ မဟုတ်တာ။ လေယာဉ်လည်းမလာတော့ဘူး၊ တိုက်ပွဲတွေ မရှိတော့ဘူးဆိုပြီး စာချုပ်ချုပ်ထားတာ မဟုတ်တာ။ လာတိုက်တာကလည်း ပြီးသွားတာမှ မဟုတ်တာ။ တိုက်ချင်တိုက်ဦးမှာ။ လေယာဉ်လည်း လာချင်လာဦးမှာပဲ။"

စစ်ပြေးဒုက္ခသည်တွေ အများဆုံး ဝင်လာနေတဲ့ မယ်ဟောင်ဆောင်ပြည်နယ်ဘက်ကို သတင်းထောက်တွေကို သွားခွင့်မပေးသလို အစိုးရမဟုတ်တဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေလည်း သွားရောက်ခွင့် ထိုင်းအစိုးရက ကန့်သတ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG