သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္ ကာမိုင္းမွာ KIA နဲ႔ ျမန္မာစစ္တပ္တိုက္ပဲြ ျဖစ္ပြား


ကခ်င္ျပည္နယ္ရွိ ရြာတရြာတြင္ ေတြ႔ရသည့္ KIA တပ္ဖဲြ႔ဝင္တခ်ိဳ႕။ (မတ္ ၁၇၊ ၂၀၁၈)

[Zawgyi/Unicode]

ကခ်င္ျပည္နယ္ ကာမိုင္းၿမိဳ ႔နယ္ခဲြအတြင္းမွာ တပ္မေတာ္နဲ႔ KIA ကခ်င္လက္နက္ကိုင္အဖဲြ႔အၾကားမွာ ဒီေန႔ တုိက္ပဲြျဖစ္ပြားတဲ့သတင္းနဲ႔ ဒီရက္ပိုင္းအတြင္း KIA ရဲ့ တပ္စခန္းတခ်ိဳ႕အေပၚ တပ္မေတာ္က ေလယာဥ္နဲ႔ တုိက္ခိုက္တာေတြလည္း ရိွေနပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို ကိုသားၫြန္႔ဦး တင္ျပပါမယ္။

ကခ်င္ျပည္နယ္အတြင္းမွာ မတ္လ ၁၁ ရက္ေန႔က စတင္ၿပီး တိုက္ပဲြေတြျပန္လည္စတင္ေနတာမွာ ဖားကန္႔ၿမိဳ ႔နယ္ အတြင္းမွာေတာ့ ရက္ျခားဆုိသလို KIA က တပ္မေတာ္နဲ႔ ရဲတပ္ဖဲြ႔စခန္းေတြကို စီးနင္းတိုက္ခိုက္တာေတြ ရိွခဲ့တာပါ။

ဒီကေန႔ မနက္ ၁၀ နာရီေလာက္ကေတာ့ ဖားကန္႔ၿမိဳ ႔နယ္က ကာမုိင္းၿမိဳ ႔နယ္ခဲြအတြင္းမွာ တုိက္ပဲြ ၂ ၾကိမ္ ျဖစ္ခဲ့တယ္လို႔ တိုက္ပဲြျဖစ္ပြားရာေဒသက ရြာခံတစ္ဦးက အခုလို ေျပာပါတယ္။

“အစကေတာ့ ကာမိုင္းဗ်ဴဟာကေန နမ့္ဟိုင္၊ ေဂၚရီဘက္ကို လက္နက္ၾကီးနဲ႔ ထုတယ္။ အဲဒီေနာက္ပိုင္းမွာ ဒီ လီဒုိလမ္း လ၀ါးနဲ႔ ဒြန္ဘန္ၾကားမွာ တိုက္ပဲြ ၁၅ မိနစ္ေလာက္ ျပန္ျဖစ္တယ္။ အဲဒီေနာက္ၿပီးရင္ ကာမုိင္းနဲ႔ နမ့္ယားၾကားမွာ အဲဒီမွာလည္း ၁၅ မိနစ္ေလာက္ ျပန္ျဖစ္တယ္။ အသံေတြေတာ့ ၾကားေနရတယ္။ တိုက္ပဲြျဖစ္တဲ့ေနရာနဲ႔ေတာ့ က်ေနာ္တုိ႔က ၂ မိုင္ေလာက္ပဲ ေ၀းတယ္။”

တိုက္ပဲြျဖစ္စဥ္ဟာ မနက္ ၁၀ နာရီကေန ၁၁ နာရီအတြင္း ျဖစ္ခဲ့ေၾကာင္းနဲ႔ တိုက္ပဲြေၾကာင့္ ထိခုိက္မႈ အေျခအေနကို မသိရေၾကာင္းလည္း ေျပာပါတယ္။

ပထမတိုက္ပဲြျဖစ္တယ္ဆိုတဲ့ လ၀ါးနဲ႔ ဒြန္ဘန္ဟာ ကာမိုင္းၿမိဳ႕နယ္ခဲြ လီဒိုလမ္းေပၚမွာ တည္ရိွတာပါ။ ဒုတိယ တုိ္က္ပဲြျဖစ္တယ္ဆုိတဲ့ နမ့္ယားကေတာ့ ကာမုိင္းနဲ႔ ဖားကန္႔လမ္းမွာ တည္ရိွၿပီး လက္နက္ၾကီးနဲ႔ ပစ္ခတ္တယ္ဆုိတဲ့ နမ့္ဟိုင္ ေခၚ နမ့္ရွန္နဲ႔ ေဂၚရီရြာေတြကေတာ့ ကာမုိင္းနဲ႔ မုိးေကာင္းသြားလမ္းမွာ တည္ရိွတာ ျဖစ္ပါတယ္။ KIA က တပ္မေတာ္ တပ္စခန္းကို မတ္လ ၁၂ ရက္ေန႔က တိုက္ခုိက္ခဲ့တဲ့ ေနရာလည္းျဖစ္ပါတယ္။

လက္ရိွ တိုက္ပဲြျဖစ္တဲ့ ဒြန္ဘန္ရြာက ေဒသခံေတြနဲ႔ နီးစပ္သူတစ္ေယာက္ကေတာ့ တပ္မေတာ္စစ္ေၾကာင္းကို KIA က ၾကားျဖတ္တိုက္ခိုက္ခဲ့ၿပီး တိုက္ပဲြ တစ္ေနရာျဖစ္တာကိုသာ ၾကားသိရေၾကာင္းနဲ႔ အျခားေနရာေတြ ျဖစ္ပြားတာေတာ့ မသိရေသးေၾကာင္း ေျပာပါတယ္။

“သူတို႔ ဒြန္ဘန္ကေန ဆင္းလာတဲ့ဟာ စစ္ေၾကာင္းထင္တယ္။ အင္အားက ၃၀ နဲ႔ ၄၀ ေလာက္ရိွမယ္လုိ႔ ေျပာတယ္။ အဲဒါကို သူတုိ႔က ခြမ္ဆိုင္ယန္ ရြာထိပ္မွာ ေျပာက္က်ားပစ္တာမ်ိဳးရိွတယ္။ တကယ္ တုိ္က္ပဲြအၾကီးအက်ယ္ မဟုတ္ပါဘူး။ အထိအခိုက္လည္း KIA ဘက္က မရိွဘူးတဲ့။ စစ္တပ္ဘက္ကလည္း မရိွဘူးလုိ႔ ထင္တာပဲ။ ရိွလုိ႔ရိွရင္ေတာ့ အဲဒီမွာ လမ္းသြားလမ္းလာလည္း မ်ားတယ္ေလ။ တျခားဘာမွ မလုပ္ဘူးဆုိရင္ေတာ့။ ခဏက်ရင္ေတာ့ လ၀ါးယန္ဘက္ကို ေက်ာ္သြားၾကၿပီတဲ့။ ၁၀ နာရီ မိနစ္ ၂၀ ေလာက္မွာ ျဖစ္တယ္လုိ႔ ေျပာတယ္။ ေနာက္တစ္ေနရာမွာေတာ့ မေျပာတတ္ဘူး။ အခုေလာေလာဆယ္ ျဖစ္တာ အဲဒီေနရာမွာပဲ။”

KIA ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗုိလ္မွဴးၾကီးေနာ္ဘူကေတာ့ တုိက္ပဲြသတင္းေပးပို႔လာတာ မရိွေသးေၾကာင္း အခုလို ေျပာပါတယ္။

“ရံုးဘက္ကေန တက္လာတဲ့သတင္းကေတာ့ မရဘူး။ ဒါေပမဲ့ ဆုိရွယ္မီဒီယာဘက္က တက္လာတဲ့သတင္းေတာ့ ေတြ႔ရပါတယ္။ အဲဒါေၾကာင့္ က်ေနာ္က အတည္ျပဳေျပာလုိ႔ေတာ့ မရဘူး။”

ဒီလ ၂၉ ရက္ေန႔ကေတာ့ ဟူးေကာင္းေဒသမွာရိွတဲ့ တပ္ရင္း၁၄နဲ႔ မိုးေကာင္းၿမိဳ႕နယ္အတြင္းက တပ္ရင္း ၁၁ ကို တပ္မေတာ္ဘက္က ေလေၾကာင္းက တုိက္ခိုက္ခဲ့တာရိွေၾကာင္း ဗိုလ္မႈးၾကီးေနာ္ဘူက ဆက္ေျပာပါတယ္။

“က်ေနာ္တုိ႔ ေအာက္ေျခသတင္းအရ ဆုိရင္ေတာ့ KIA တပ္ရင္း ၁၁ ဌာနခ်ဳပ္ကို… ၁၁ ရယ္၊ ၁၄ ရယ္... ၂ ေနရာမွာျဖစ္တယ္လုိ႔ ေျပာတယ္။ ဂ်က္ေလယာဥ္နဲ႔ တိုက္တယ္လုိ႔ ေျပာၾကပါတယ္။ တင္ျပတဲ့ဟာက အဲဒီလို ေျပာၾကပါတယ္။ ဒါေပမဲ့ ထိခိုက္နစ္နာတာေတြကေတာ့ ဘာမွ မၾကားရေသးပါဘူး။”

လက္ရိွ တိုက္ပဲြသတင္းနဲ႔ပတ္သက္ၿပီး တပ္မေတာ္ဘက္က သတင္းထုတ္ျပန္တာမရိွပါဘူး။ ဒီလ ၂၆ ရက္ေန႔ကေတာ့ မုိးေမာက္ၿမိဳ႕နယ္ တာပိန္ေရအားလွ်ပ္စစ္စက္ရံုတာ၀န္ခံနဲ႔ အလည္လုိက္ပါတဲ့ မိသားစုတုိ႔ စီးလာတဲ့ ေမာ္ေတာ္ယာဥ္ကို KIA ပစ္ခတ္တိုက္ခုိက္တာေၾကာင့္ အသက္ ၇ ႏွစ္ ကေလးအပါအ၀င္ ၃ ေယာက္ ေသဆံုးေၾကာင္း အာဏာပိုင္ေတြဘက္က သတင္းထုတ္ျပန္ထားပါတယ္။

KIA ရဲ့ ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးၾကီးေနာ္ဘူက ဒီသတင္းကို မၾကားသိရေၾကာင္းနဲ႔ အစိုးရတပ္ဖဲြ႔၀င္ေတြက အရပ္သား ေမာ္ေတာ္ယာဥ္ေတြ အသံုးျပဳသြားလာတာေတြ ရိွတဲ့အတြက္ တိက်တဲ့ သတင္းရရင္ KIA က ျခံဳခိုတိုက္တာေတြ ရိွခဲ့ေၾကာင္း တံု႔ျပန္ပါတယ္။

KIA အဖဲြ႔ဟာ အစိုးရနဲ႔ ႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္ခ်ဳပ္ဆုိဖို႔ ေဆြးေႏြးေနတဲ့အဖဲြ႔ျဖစ္ၿပီး ကခ်င္ျပည္နယ္အတြင္းမွာ ၂၀၁၈ ခုႏွစ္ေလာက္ကစၿပီး တိုက္ပဲြၾကီးေတြ မျဖစ္ပြားဘဲ ၿငိမ္သက္ေနခဲ့တာလည္း ျဖစ္ပါတယ္။

ဒီလ ၈ ရက္ေန႔မွာေတာ့ ျမစ္ၾကီးနားၿမိဳ႕က ဆႏၵျပျပည္သူ ၂ ဦးကို လံုၿခံဳေရးတပ္ဖဲြ႔ေတြက ပစ္ခတ္ခဲ့ၿပီးေနာက္ ကခ်င္ျပည္နယ္အတြင္းမွာ တိုက္ပဲြေတြ ျပန္လည္ စတင္လာတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကချင် ကာမိုင်းမှာ KIA နဲ့ မြန်မာစစ်တပ်တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ် ကာမိုင်းမြို့နယ်ခွဲအတွင်းမှာ တပ်မတော်နဲ့ KIA ကချင်လက်နက်ကိုင်အဖွဲ့အကြားမှာ ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့သတင်းနဲ့ ဒီရက်ပိုင်းအတွင်း KIA ရဲ့ တပ်စခန်းတချို့အပေါ် တပ်မတော်က လေယာဉ်နဲ့ တိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုသားညွန့်ဦး တင်ပြပါမယ်။

ကချင်ပြည်နယ်အတွင်းမှာ မတ်လ ၁၁ ရက်နေ့က စတင်ပြီး တိုက်ပွဲတွေပြန်လည်စတင်နေတာမှာ ဖားကန့်မြို့နယ် အတွင်းမှာတော့ ရက်ခြားဆိုသလို KIA က တပ်မတော်နဲ့ ရဲတပ်ဖွဲ့စခန်းတွေကို စီးနင်းတိုက်ခိုက်တာတွေ ရှိခဲ့တာပါ။

ဒီကနေ့ မနက် ၁၀ နာရီလောက်ကတော့ ဖားကန့်မြို့နယ်က ကာမိုင်းမြို့နယ်ခွဲအတွင်းမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့တယ်လို့ တိုက်ပွဲဖြစ်ပွားရာဒေသက ရွာခံတစ်ဦးက အခုလို ပြောပါတယ်။

“အစကတော့ ကာမိုင်းဗျူဟာကနေ နမ့်ဟိုင်၊ ဂေါ်ရီဘက်ကို လက်နက်ကြီးနဲ့ ထုတယ်။ အဲဒီနောက်ပိုင်းမှာ ဒီ လီဒိုလမ်း လဝါးနဲ့ ဒွန်ဘန်ကြားမှာ တိုက်ပွဲ ၁၅ မိနစ်လောက် ပြန်ဖြစ်တယ်။ အဲဒီနောက်ပြီးရင် ကာမိုင်းနဲ့ နမ့်ယားကြားမှာ အဲဒီမှာလည်း ၁၅ မိနစ်လောက် ပြန်ဖြစ်တယ်။ အသံတွေတော့ ကြားနေရတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့တော့ ကျနော်တို့က ၂ မိုင်လောက်ပဲ ဝေးတယ်။”

တိုက်ပွဲဖြစ်စဉ်ဟာ မနက် ၁၀ နာရီကနေ ၁၁ နာရီအတွင်း ဖြစ်ခဲ့ကြောင်းနဲ့ တိုက်ပွဲကြောင့် ထိခိုက်မှု အခြေအနေကို မသိရကြောင်းလည်း ပြောပါတယ်။

ပထမတိုက်ပွဲဖြစ်တယ်ဆိုတဲ့ လဝါးနဲ့ ဒွန်ဘန်ဟာ ကာမိုင်းမြို့နယ်ခွဲ လီဒိုလမ်းပေါ်မှာ တည်ရှိတာပါ။ ဒုတိယ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ နမ့်ယားကတော့ ကာမိုင်းနဲ့ ဖားကန့်လမ်းမှာ တည်ရှိပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတဲ့ နမ့်ဟိုင် ခေါ် နမ့်ရှန်နဲ့ ဂေါ်ရီရွာတွေကတော့ ကာမိုင်းနဲ့ မိုးကောင်းသွားလမ်းမှာ တည်ရှိတာ ဖြစ်ပါတယ်။ KIA က တပ်မတော် တပ်စခန်းကို မတ်လ ၁၂ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်တဲ့ ဒွန်ဘန်ရွာက ဒေသခံတွေနဲ့ နီးစပ်သူတစ်ယောက်ကတော့ တပ်မတော်စစ်ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ တစ်နေရာဖြစ်တာကိုသာ ကြားသိရကြောင်းနဲ့ အခြားနေရာတွေ ဖြစ်ပွားတာတော့ မသိရသေးကြောင်း ပြောပါတယ်။

“သူတို့ ဒွန်ဘန်ကနေ ဆင်းလာတဲ့ဟာ စစ်ကြောင်းထင်တယ်။ အင်အားက ၃၀ နဲ့ ၄၀ လောက်ရှိမယ်လို့ ပြောတယ်။ အဲဒါကို သူတို့က ခွမ်ဆိုင်ယန် ရွာထိပ်မှာ ပြောက်ကျားပစ်တာမျိုးရှိတယ်။ တကယ် တိုက်ပွဲအကြီးအကျယ် မဟုတ်ပါဘူး။ အထိအခိုက်လည်း KIA ဘက်က မရှိဘူးတဲ့။ စစ်တပ်ဘက်ကလည်း မရှိဘူးလို့ ထင်တာပဲ။ ရှိလို့ရှိရင်တော့ အဲဒီမှာ လမ်းသွားလမ်းလာလည်း များတယ်လေ။ တခြားဘာမှ မလုပ်ဘူးဆိုရင်တော့။ ခဏကျရင်တော့ လဝါးယန်ဘက်ကို ကျော်သွားကြပြီတဲ့။ ၁၀ နာရီ မိနစ် ၂၀ လောက်မှာ ဖြစ်တယ်လို့ ပြောတယ်။ နောက်တစ်နေရာမှာတော့ မပြောတတ်ဘူး။ အခုလောလောဆယ် ဖြစ်တာ အဲဒီနေရာမှာပဲ။”

KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ တိုက်ပွဲသတင်းပေးပို့လာတာ မရှိသေးကြောင်း အခုလို ပြောပါတယ်။

“ရုံးဘက်ကနေ တက်လာတဲ့သတင်းကတော့ မရဘူး။ ဒါပေမဲ့ ဆိုရှယ်မီဒီယာဘက်က တက်လာတဲ့သတင်းတော့ တွေ့ရပါတယ်။ အဲဒါကြောင့် ကျနော်က အတည်ပြုပြောလို့တော့ မရဘူး။”

ဒီလ ၂၉ ရက်နေ့ကတော့ ဟူးကောင်းဒေသမှာရှိတဲ့ တပ်ရင်း၁၄နဲ့ မိုးကောင်းမြို့နယ်အတွင်းက တပ်ရင်း ၁၁ ကို တပ်မတော်ဘက်က လေကြောင်းက တိုက်ခိုက်ခဲ့တာရှိကြောင်း ဗိုလ်မှုးကြီးနော်ဘူက ဆက်ပြောပါတယ်။

“ကျနော်တို့ အောက်ခြေသတင်းအရ ဆိုရင်တော့ KIA တပ်ရင်း ၁၁ ဌာနချုပ်ကို… ၁၁ ရယ်၊ ၁၄ ရယ်... ၂ နေရာမှာဖြစ်တယ်လို့ ပြောတယ်။ ဂျက်လေယာဉ်နဲ့ တိုက်တယ်လို့ ပြောကြပါတယ်။ တင်ပြတဲ့ဟာက အဲဒီလို ပြောကြပါတယ်။ ဒါပေမဲ့ ထိခိုက်နစ်နာတာတွေကတော့ ဘာမှ မကြားရသေးပါဘူး။”

လက်ရှိ တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်တာမရှိပါဘူး။ ဒီလ ၂၆ ရက်နေ့ကတော့ မိုးမောက်မြို့နယ် တာပိန်ရေအားလျှပ်စစ်စက်ရုံတာဝန်ခံနဲ့ အလည်လိုက်ပါတဲ့ မိသားစုတို့ စီးလာတဲ့ မော်တော်ယာဉ်ကို KIA ပစ်ခတ်တိုက်ခိုက်တာကြောင့် အသက် ၇ နှစ် ကလေးအပါအဝင် ၃ ယောက် သေဆုံးကြောင်း အာဏာပိုင်တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီသတင်းကို မကြားသိရကြောင်းနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေက အရပ်သား မော်တော်ယာဉ်တွေ အသုံးပြုသွားလာတာတွေ ရှိတဲ့အတွက် တိကျတဲ့ သတင်းရရင် KIA က ခြုံခိုတိုက်တာတွေ ရှိခဲ့ကြောင်း တုံ့ပြန်ပါတယ်။

KIA အဖွဲ့ဟာ အစိုးရနဲ့ နှစ်ဘက်အပစ်ရပ်စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးနေတဲ့အဖွဲ့ဖြစ်ပြီး ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၈ ခုနှစ်လောက်ကစပြီး တိုက်ပွဲကြီးတွေ မဖြစ်ပွားဘဲ ငြိမ်သက်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလ ၈ ရက်နေ့မှာတော့ မြစ်ကြီးနားမြို့က ဆန္ဒပြပြည်သူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ပြီးနောက် ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ပြန်လည် စတင်လာတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG