သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္ ဖားကန္႔မွာ ရဲကား ၃ စီး မိုင္းခဲြတိုက္ခိုက္ခံရ


KIA Kachin Soldiers

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္မွာ ရဲကား (၃) စီး တိုက္ခိုက္ခံရသလို ဗန္းေမာ္ၿမိဳ႕နယ္ဘက္မွာ ျမန္မာစစ္တပ္နဲ႔ KIA ကခ်င္လြတ္ လပ္ေရးတပ္ဖြဲ႔တို႔ အၾကားတိုက္ပြဲျဖစ္ပြါးေနဆဲအေျခအေနအေၾကာင္း ဗီြအိုေအသတင္းေထာက္ ႏုိင္ကြန္းအိန္က တင္ျပေပးထားပါတယ္။
ကခ်င္ျပည္နယ္ မိုးညႇင္းခရိုင္ ဖားကန႔္နယ္ ဆိပ္မူ-ဆိုင္းေတာင္ေက်းရြာ ေက်ာက္ေသြးေတာင္လမ္းမွာ မေန႔ ညေန (၄)နာရီ ေလာက္မွာ ေက်ာက္စိမ္းတူးေဖာ္ေရး လုံျခံဳေရးရဲတပ္ဖြဲ႔ကား (၃) စီးတိုက္ခိုက္ခံရတယ္လို႔ ဆိပ္မူေက်းရြာသားတဦးက ေျပာပါတယ္။
“က်ေနာ္တုိ႔ ဖားကန္႔မွာ လုပ္ကြက္ေတြလံုၿခံဳေရးအတြက္ အဲဒီဘက္ ရဲတပ္ရင္းေတြရွိတယ္ဗ်။ အဲဒီရဲတပ္ရင္းေတြက ညေန (၄) နာရီေလာက္မွာ ဖားကန္႔ကေန သူတို႔အထိုင္စခန္းရွိတဲ့ေနရာေတြကို သြားၾကတာေပါ့ေနာ္။ ဆိပ္မူေက်းရြာတံတား အသစ္ကေနမွ ဖားကန္႕ေတာင္ဘက္အသြားမွာ လက္နက္ႀကီးလား ဆြဲမိုင္းလား ဒုံးလား ဘာမွေတာ့မကြဲျပားဘူး။ (၃) စီးလာတဲ့အခ်ိန္မွာ ဆီးပစ္တာ။ ဆီးခြဲတဲ့အခါက်ေတာ့ ေရွ႕ကကား (၂) စီးကေတာ့ မထိဘူး။ ေနာက္ဆုံးကားေတာ့ မီးခိုးလုံးႀကီးနဲ႕ျဖစ္ၿပီးေတာ့မွ အဲဒီမီးခိုးလုံးၾကားထဲက ရဲေတြ ထြက္ေျပးတာေပါ့ေနာ္။ ေသနတ္ေတြနဲ႔ ေတာင္ေပၚကေနဆီးပစ္တယ္လို႔ေတာ့ ေျပာတယ္။ ရဲတေယာက္ေတာ့ လက္ထိသြားတယ္ေပါ့။”
ရဲကား (၃) စီးမိုင္းခြဲခံရတဲ့အျပင္ ေတာင္ကုန္းေပၚကေနလွမ္းပစ္တာခံရသလို ေဒသအတြင္း ေသနတ္သံေတြ ၾကားေနရတယ္လို႔လည္း ဆိုပါတယ္။ ဖားကန္႔ေဒသ ပစ္ခတ္ေဖာက္ခဲြမႈနဲ႔ပတ္သက္လို႔ ေအာက္ေျခကေန တင္ျပလာတာမရွိေသးဘူးလို႔ KIA ေျပာခြင့္ရ ဒုဗိုလ္မွဴး ႀကီးေနာ္ဘူက ေျပာပါတယ္။
ဖားကန္႕ေဒသအေျချပဳလွဳပ္ရွားေနတဲ့ KIA တပ္မဟာ(၉)၊ တပ္ရင္း (၆) ကေန စစ္ေကာင္စီတပ္ဖြဲ႕ေတြအေနနဲ႔ ျပည္သူလူထုကိုထိခိုက္ရင္ ထိေရာက္စြာတံု႔ျပန္သြားမယ္လို႔ မေန႔က ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။
ဒါ့အျပင္ ဗန္းေမာ္ၿမိဳ႕နယ္ဘက္မွာလည္း ျမန္မာစစ္တပ္နဲ႔ KIA ကခ်င္လြတ္လပ္ေရးတပ္ဖြဲ႕တို႔အၾကား တိုက္ပြဲ ျဖစ္ေနတယ္လို႔လည္း ေဒါ့ဖုန္းယန္ေဒသခံတဦးကေျပာပါတယ္။
“ေလာေလာဆယ္ထိေတာ့တိုက္ပြဲေတြျဖစ္ေနတုန္းပဲ။ တိုက္ပြဲေတြကေတာ့ ဗန္းေမာ္နဲ႕ျမစ္ႀကီးနားလမ္းမွာ မေန႔တုန္းကေတာ့ တႀကိမ္တိုက္ပြဲျဖစ္တယ္။ ေဒါ့ဖုန္းယန္အေက်ာ္ေပါ့။ နန္ဆာယန္မေရာက္ခင္နားေလးမွာ။ မေန႔တုန္းက ေလယာဥ္နဲ႔ဟယ္လီေကာ္ပတာ (၃) စီးနဲ႔ ေဒါ့ဖုန္းယန္ၿမိဳ႕ေပၚကေနၿပီး KIA ရွိတယ္လို႕ထင္ရတဲ့ သူတို႔ရဲ႕ တပ္စခန္းေတြကို လွန္းပစ္တာမ်ိဳးေတာ့ ဆက္တိုက္လုပ္ေနတယ္။”
ျမန္မာစစ္တပ္ကေန မေန႔က ေလေၾကာင္းအကူသုံးပစ္ခတ္ေၾကာင္းကိုေတာ့ KIA ေျပာခြင့္ရ ဒုဗိုလ္မွဴးႀကီးေနာ္ဘူက အတည္ျပဳ ေျပာပါတယ္။
“မေန႕တုန္းကေတာ့ ခလာယန္ကို နန္ဆာယန္နဲ႔ ျမစ္ႀကီးနားသြားတဲ့လမ္းမွာ ေလယာဥ္ပ်ံနဲ႕လာပစ္တာရွိပါတယ္။ နန္ဆာယန္ တ၀ိုက္မွာ။ ေလယာဥ္ပ်ံနဲ႕ပစ္တာလည္း သူတို႔စက္လက္နက္နဲ႔ ပစ္တာ။ ”
ဖားကန္႔နဲ႔ဗန္းေမာ္ဘက္ပစ္ခတ္တိုက္ခိုက္မွဳအေျခအေနကိုေတာ့တပ္မေတာ္ေျပာေရးဆိုခြင့္ရွိသူကို ဆက္သြယ္ခဲ့ေပမဲ့ မရရွိခဲ့ပါဘူး။
ၿပီးခဲ့တဲ့ မတ္လ(၂၄) ရက္ေန႔ ညေနမွာ ျမန္မာစစ္တပ္ တပ္စခန္း (၃) ခုကို ကခ်င္လြတ္လပ္ေရးတပ္ KIA ဘက္က ၀င္ေရာက္တိုက္ခိုက္ခဲ့ၿပီး အေလာဘြမ္ ပင္မတပ္စခန္းကိုသိမ္းပိုက္ခဲ့အၿပီးမွာ ျမန္မာစစ္တပ္ကေန စစ္အင္အားျဖည့္တင္း ထိုးစစ္ဆင္မွဳေတြ တိုးလုပ္္ေဆာင္လာေနတာပါ။
ေဖေဖာ္၀ါရီ (၁) ရက္ေန႔မွာ ျမန္မာတပ္မေတာ္ကေန နိုင္ငံေတာ္အာဏာကိုထိန္းသိမ္းခဲ့အၿပီး နိုင္ငံတ၀ွမ္း ဆန္႔က်င္ သပိတ္ေမွာက္မွဳနဲ႔ႀကံဳေနရသလို တဖက္မွာလည္း ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIA ၊ တအာင္းပေလာင္တပ္ဖြဲ႔ TNLA ၊ ကရင္အမ်ိဳးသားအစည္းအရံုး KNU လက္ေနာက္ခံ တပ္ဖြဲ႔တခ်ိဳ႕နဲ႕ တိုက္ပြဲျဖစ္ပြါးေနဆဲ ျဖစ္ပါတယ္။ ကြ်န္ေတာ္ႏိုင္ကြန္းအိန္ ဗီြအိုေအျမန္မာပိုင္းအတြက္သတင္းေပးပို႕ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

ကချင် ဖားကန့်မှာ ရဲကား ၃ စီး မိုင်းခွဲတိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ရဲကား (၃) စီး တိုက်ခိုက်ခံရသလို ဗန်းမော်မြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ် လပ်ရေးတပ်ဖွဲ့တို့ အကြားတိုက်ပွဲဖြစ်ပွါးနေဆဲအခြေအနေအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်နယ် ဆိပ်မူ-ဆိုင်းတောင်ကျေးရွာ ကျောက်သွေးတောင်လမ်းမှာ မနေ့ ညနေ (၄)နာရီ လောက်မှာ ကျောက်စိမ်းတူးဖော်ရေး လုံခြုံရေးရဲတပ်ဖွဲ့ကား (၃) စီးတိုက်ခိုက်ခံရတယ်လို့ ဆိပ်မူကျေးရွာသားတဦးက ပြောပါတယ်။
“ကျနော်တို့ ဖားကန့်မှာ လုပ်ကွက်တွေလုံခြုံရေးအတွက် အဲဒီဘက် ရဲတပ်ရင်းတွေရှိတယ်ဗျ။ အဲဒီရဲတပ်ရင်းတွေက ညနေ (၄) နာရီလောက်မှာ ဖားကန့်ကနေ သူတို့အထိုင်စခန်းရှိတဲ့နေရာတွေကို သွားကြတာပေါ့နော်။ ဆိပ်မူကျေးရွာတံတား အသစ်ကနေမှ ဖားကန့်တောင်ဘက်အသွားမှာ လက်နက်ကြီးလား ဆွဲမိုင်းလား ဒုံးလား ဘာမှတော့မကွဲပြားဘူး။ (၃) စီးလာတဲ့အချိန်မှာ ဆီးပစ်တာ။ ဆီးခွဲတဲ့အခါကျတော့ ရှေ့ကကား (၂) စီးကတော့ မထိဘူး။ နောက်ဆုံးကားတော့ မီးခိုးလုံးကြီးနဲ့ဖြစ်ပြီးတော့မှ အဲဒီမီးခိုးလုံးကြားထဲက ရဲတွေ ထွက်ပြေးတာပေါ့နော်။ သေနတ်တွေနဲ့ တောင်ပေါ်ကနေဆီးပစ်တယ်လို့တော့ ပြောတယ်။ ရဲတယောက်တော့ လက်ထိသွားတယ်ပေါ့။”
ရဲကား (၃) စီးမိုင်းခွဲခံရတဲ့အပြင် တောင်ကုန်းပေါ်ကနေလှမ်းပစ်တာခံရသလို ဒေသအတွင်း သေနတ်သံတွေ ကြားနေရတယ်လို့လည်း ဆိုပါတယ်။ ဖားကန့်ဒေသ ပစ်ခတ်ဖောက်ခွဲမှုနဲ့ပတ်သက်လို့ အောက်ခြေကနေ တင်ပြလာတာမရှိသေးဘူးလို့ KIA ပြောခွင့်ရ ဒုဗိုလ်မှူး ကြီးနော်ဘူက ပြောပါတယ်။
ဖားကန့်ဒေသအခြေပြုလှုပ်ရှားနေတဲ့ KIA တပ်မဟာ(၉)၊ တပ်ရင်း (၆) ကနေ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ ပြည်သူလူထုကိုထိခိုက်ရင် ထိရောက်စွာတုံ့ပြန်သွားမယ်လို့ မနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဗန်းမော်မြို့နယ်ဘက်မှာလည်း မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်နေတယ်လို့လည်း ဒေါ့ဖုန်းယန်ဒေသခံတဦးကပြောပါတယ်။
“လောလောဆယ်ထိတော့တိုက်ပွဲတွေဖြစ်နေတုန်းပဲ။ တိုက်ပွဲတွေကတော့ ဗန်းမော်နဲ့မြစ်ကြီးနားလမ်းမှာ မနေ့တုန်းကတော့ တကြိမ်တိုက်ပွဲဖြစ်တယ်။ ဒေါ့ဖုန်းယန်အကျော်ပေါ့။ နန်ဆာယန်မရောက်ခင်နားလေးမှာ။ မနေ့တုန်းက လေယာဉ်နဲ့ဟယ်လီကော်ပတာ (၃) စီးနဲ့ ဒေါ့ဖုန်းယန်မြို့ပေါ်ကနေပြီး KIA ရှိတယ်လို့ထင်ရတဲ့ သူတို့ရဲ့ တပ်စခန်းတွေကို လှန်းပစ်တာမျိုးတော့ ဆက်တိုက်လုပ်နေတယ်။”
မြန်မာစစ်တပ်ကနေ မနေ့က လေကြောင်းအကူသုံးပစ်ခတ်ကြောင်းကိုတော့ KIA ပြောခွင့်ရ ဒုဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောပါတယ်။
“မနေ့တုန်းကတော့ ခလာယန်ကို နန်ဆာယန်နဲ့ မြစ်ကြီးနားသွားတဲ့လမ်းမှာ လေယာဉ်ပျံနဲ့လာပစ်တာရှိပါတယ်။ နန်ဆာယန် တဝိုက်မှာ။ လေယာဉ်ပျံနဲ့ပစ်တာလည်း သူတို့စက်လက်နက်နဲ့ ပစ်တာ။ ”
ဖားကန့်နဲ့ဗန်းမော်ဘက်ပစ်ခတ်တိုက်ခိုက်မှုအခြေအနေကိုတော့တပ်မတော်ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ မရရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ မတ်လ(၂၄) ရက်နေ့ ညနေမှာ မြန်မာစစ်တပ် တပ်စခန်း (၃) ခုကို ကချင်လွတ်လပ်ရေးတပ် KIA ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အလောဘွမ် ပင်မတပ်စခန်းကိုသိမ်းပိုက်ခဲ့အပြီးမှာ မြန်မာစစ်တပ်ကနေ စစ်အင်အားဖြည့်တင်း ထိုးစစ်ဆင်မှုတွေ တိုးလုပ်ဆောင်လာနေတာပါ။
ဖေဖော်ဝါရီ (၁) ရက်နေ့မှာ မြန်မာတပ်မတော်ကနေ နိုင်ငံတော်အာဏာကိုထိန်းသိမ်းခဲ့အပြီး နိုင်ငံတဝှမ်း ဆန့်ကျင် သပိတ်မှောက်မှုနဲ့ကြုံနေရသလို တဖက်မှာလည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIA ၊ တအာင်းပလောင်တပ်ဖွဲ့ TNLA ၊ ကရင်အမျိုးသားအစည်းအရုံး KNU လက်နောက်ခံ တပ်ဖွဲ့တချို့နဲ့ တိုက်ပွဲဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။ ကျွန်တော်နိုင်ကွန်းအိန် ဗွီအိုအေမြန်မာပိုင်းအတွက်သတင်းပေးပို့ထားပါတယ်။

#MyanamrMilitaryCoup #KachinConflict #WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG