သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လက္ရွိ ႏိုင္ငံေရးျပႆနာေၾကာင္႔ စစ္ေဘးေရွာင္ေတြ ထိခိုက္မႈ ကုလ အထူးစိုးရိမ္


တိုက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္ရတဲ့ ခ်င္းဒုကၡသည္မ်ား ( ဇန္န၀ါရီလ ၂၀၂၁)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ပြားေနတဲ့ ႏိုင္ငံေရးျပႆနာဟာ ႏိုင္ငံတြင္း တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ေဒသေတြမွာ ေနထိုင္တဲ့ေဒသခံေတြ အေပၚသက္ေရာက္မႈရွိေနတာအတြက္ ကုလသမဂၢအဖြဲ႔ေတြက အထူးစိုးရိမ္ေနတယ္လို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရံုး ေျပာခြင့္ရ Farhan Haq က ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“ျမန္မာႏိုင္ငံမွာရွိတဲ့ ကုလသမဂၢအဖြဲ႔ဟာ ျပည္တြင္း အိုးအိမ္ေရႊ႕ေျပာင္းေနထိုင္ရသူ ၃ပံု ၁ပံုပါဝင္တဲ့ ေဒသခံ တသန္းေလာက္ကို အကူညီေပးေနတာျဖစ္ၿပီး လက္ရွိႏိုင္ငံေရးျပႆနာေတြဟာ တိုက္ပြဲျဖစ္ေနတဲ့ ေဒသက ေဒသခံ ေတြ အေပၚ သက္ေရာက္မႈရွိေနတာအတြက္ အထူးစိတ္ပူေၾကာင္း” ေျပာသြားတာပါ။

လူသားခ်င္းစာနာမႈဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေနတဲ့ ကုလသမဂၢအဖြဲ႔ရံုး (OCHA) က လည္း WFP စားနပ္ရိကၡာအဖြဲ႔ စစ္တမ္းအရ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးျပႆနာေတြေၾကာင့္ ကခ်င္နဲ႔ ရခိုင္ျပည္နယ္ေတြမွာ အေျခခံစားကုန္ေတြ သိသိသာသာ ေစ်းႏႈန္းျမင့္မားလာတာေတြ႕ရတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ႏိုင္ငံတြင္း ဘဏ္စနစ္ေတြ ယိုယြင္းေနတဲ့ အတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူညီေတြအတြက္ အဟန္႔အတား ျဖစ္ေစတယ္လို႔ ေျပာပါတယ္။

ကခ်င္ျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႔ KIA ကခ်င္လက္နက္ကိုင္ေတြၾကား တိုက္ပြဲေတြ ျပန္ျဖစ္လာသလို ကရင္ျပည္နယ္မွာ လည္း KNU ကရင္လက္နက္ကိုင္ေတြနဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ေရွာင္ေတြ တိုးလာေၾကာင္း OCHA က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

လက်ရှိ နိုင်ငံရေးပြဿနာကြောင့် စစ်ဘေးရှောင်တွေ ထိခိုက်မှု ကုလ အထူးစိုးရိမ်

(Unicode)

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာဟာ နိုင်ငံတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ နေထိုင်တဲ့ဒေသခံတွေ အပေါ်သက်ရောက်မှုရှိနေတာအတွက် ကုလသမဂ္ဂအဖွဲ့တွေက အထူးစိုးရိမ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Farhan Haq က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့ဟာ ပြည်တွင်း အိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသူ ၃ပုံ ၁ပုံပါဝင်တဲ့ ဒေသခံ တသန်းလောက်ကို အကူညီပေးနေတာဖြစ်ပြီး လက်ရှိနိုင်ငံရေးပြဿနာတွေဟာ တိုက်ပွဲဖြစ်နေတဲ့ ဒေသက ဒေသခံ တွေ အပေါ် သက်ရောက်မှုရှိနေတာအတွက် အထူးစိတ်ပူကြောင်း” ပြောသွားတာပါ။

လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုလသမဂ္ဂအဖွဲ့ရုံး (OCHA) က လည်း WFP စားနပ်ရိက္ခာအဖွဲ့ စစ်တမ်းအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေကြောင့် ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ အခြေခံစားကုန်တွေ သိသိသာသာ ဈေးနှုန်းမြင့်မားလာတာတွေ့ရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတွင်း ဘဏ်စနစ်တွေ ယိုယွင်းနေတဲ့ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူညီတွေအတွက် အဟန့်အတား ဖြစ်စေတယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ KIA ကချင်လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ပြန်ဖြစ်လာသလို ကရင်ပြည်နယ်မှာ လည်း KNU ကရင်လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ တိုးလာကြောင်း OCHA က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG