သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေးချိုးဖောက်မှုကို အပြစ်တင်ထားတဲ့ဆုံးဖြတ်ချက် ကုလ လူ့အခွင့်အရေးကောင်စီ ချမှတ်


မတ်လ ၁၄ ရက်နေ့ လှိုင်သာယာမြို့နယ် စစ်အာဏာဖီဆန့် ဆန္ဒပြပွဲ မြင်ကွင်း။ (မတ် ၁၄၊ ၂၀၂၁)
မတ်လ ၁၄ ရက်နေ့ လှိုင်သာယာမြို့နယ် စစ်အာဏာဖီဆန့် ဆန္ဒပြပွဲ မြင်ကွင်း။ (မတ် ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အပြစ်တင်ထားတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မနေ့က ချမှတ်လိုက်ပါတယ်။ ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် Tom Andrews ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက နောက်ထပ် ၁ နှစ်လုပ်ပိုင်ခွင့် သက်တမ်းတိုးပေးလိုက်သလို မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေကို ၄၇ ကြိမ်နဲ့ ၄၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွေမှာ Mr. Andrews ကနှုတ်နဲ့တင်ပြဖို့၊ အထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးမှာ အစီရင်ခံစာတင်ပြဖို့ တာဝန်ပေး ဆုံးဖြတ်လိုက်ပါတယ်။

အထူးကိုယ်စားလှယ်တင်ပြတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေညီလာခံကနေ သက်ဆိုင်တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို တင်သွင်းပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်နဲ့ အကြံပြုချက်တွေပေးဖို့လည်း လူ့အခွင့်အရေးကောင်စီက မနေ့က ဆုံးဖြတ် အကြံပြုခဲ့ပါတယ်။ Switzerland နိုင်ငံ ဂျနီဗာမြို့မှာ လုပ်ခဲ့တဲ့ အစည်းဝေးပွဲအတွင်း မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စိုးရိမ်ကြောင်း အဖွဲ့ဝင်နိုင်ငံတွေက ဆွေးနွေးပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြတာပါ။

စစ်တပ်က တိုးမြှင့်လုပ်နေတဲ့ ရက်စက်တဲ့ ဖိနှိပ်မှုတွေအတွက် အရေးယူရမှာဖြစ်တယ်။ ပြည်သူတွေအပေါ် အင်အားသုံးနှိမ်နင်းနေတာရပ်ပြီး ပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားရမှာဖြစ်တယ်လို့ ပေါ်တူဂီနိုင်ငံဆိုင်ရာ အမြဲတန်းကိုယ်စားလှယ်က ပြောကြားသွားတာပါ။

မြန်မာနိုင်ငံနိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်မျိုးထွန်းကတော့ မြန်မာအစိုးရကို ICC မှာတရားစွဲဖို့ တင်ပြချက်ကို အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးကို တင်ပြတာမျိုး မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးလုပ်ငန်းတွေကို ထိခိုက်နိုင်တဲ့ လုပ်ရပ်အားလုံးကို လက်မခံနိုင်ဘူးလို့ မြန်မာဘက်က တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီရဲ့ ၄၇ ကြိမ်မြောက် ဆွေးနွေးပွဲကို ဇွန် ၂၁ ရက်နေ ဇူလိုင် ၉ ရက်အထိ ဂျနီဗာမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

[Unicode Version]








XS
SM
MD
LG