သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ပိုင္ စီးပြားေရးလုပ္ငန္းႀကီး ၂ ခုကို ကန္ ဒဏ္ခတ္ အေရးယူ


ေဖေဖာဝါရီလ ၉ ရက္ေန႔ မႏၱေလးဆႏၵျပပဲြတခုတြင္ ဆႏၵျပသူတဦး ကိုင္ေဆာင္ထားတဲ့ ပို႔စ္စတာ။ (ေဖေဖာ္ဝါရီ ၀၉၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာစစ္တပ္ထိန္းခ်ဳပ္ထားတဲ့ စီးပြားေရးလုပ္ငန္းႀကီး ႏွစ္ ခုကို အေမရိကန္အစိုးရက အေရးယူ ဒဏ္ခတ္ ပိတ္ဆုိ႔လိုက္ပါတယ္။

ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္ (MEHL) နဲ႔ ျမန္မာ့ စီးပြားေရး ေကာ္ပိုေရးရွင္း (MEC) တုိ႔ရဲ႕ လုပ္ငန္းက႑ ေတာ္ေတာ္မ်ားမ်ားကုိ စစ္တပ္က ထိန္းခ်ဳပ္ထားၿပီး၊ စီးပြားေရး အက်ဳိးအျမတ္ အထူးအခြင့္အေရးေတြကို ခံစားေနတယ္လို႔ ဒဏ္ခတ္လိုက္တဲ့ အေမရိကန္ဘ႑ာေရးဝန္ႀကီဌာနရဲ႕ ႏိုင္ငံျခားပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ေရး႐ံုးက ထုတ္ျပန္ပါတယ္။ ကုန္သြယ္ေရး၊ သဘာဝအရင္းအျမစ္တူးေဖာ္ေရး၊ အေဖ်ာ္ယာမကာ၊ ေဆးလိပ္နဲ႔ လူသံုးကုန္ပစၥည္းတို႔နဲ႔ဆိုင္တဲ့ စီးပြားေရးလုပ္ငန္းေတြမွာ စစ္တပ္ရဲ႕ လုပ္ငန္းႀကီးေတြက လက္ဝါးႀကီးအုပ္ထားတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ ျမန္မာျပည္သူေတြနဲ႔ အေမရိကန္အစိုးရက ရပ္တယ္ေနၿပီး၊ ဒီမိုကေရစီနည္းက်ေ႐ြးေကာက္ထားတဲ့ အရပ္သားအစုိးရလက္ အာဏာျပန္အပ္ပါလို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီဌာနရဲ႕ ႏိုင္ငံျခားပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ေရး႐ံုး ညႊန္ၾကားေရးမွဴး Andrea M. Gacki ကေျပာပါတယ္။ စစ္အစိုးရ ဝင္ေငြရဖုိ႔ အဓိက ဝင္ေငြ႐ွာေပးေနတဲ့ ဒီလုပ္ငန္းႀကီး ၂ ခုကို ပစ္မွတ္ထားၿပီး ဘ႑ာေရးဌာက အေရးယူ ဒဏ္ခတ္လိုက္တာျဖစ္တယ္လို႔သူကေျပာပါတယ္။

အရပ္သားအစိုးရကို စစ္ေခါင္းေဆာင္ေတြက ဖယ္႐ွားၿပီး အာဏာသိမ္းခဲ့တာနဲ႔၊ ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ ႏွိမ္နင္းေနတာအတြက္ အေမရိကန္က တာဝန္႐ွိသူေတြအေပၚ အေရးယူဒဏ္ခတ္မႈေတြ လုပ္ေနတာပါ။ မတ္လ ၂၂ ရက္ေန႔ကပဲ ျမန္မာႏိုင္ငံရဲတပ္ဖဲြ႕ ရဲခ်ဳပ္တာဝန္နဲ႔ ဒုတိယျပည္ထဲေရးဝန္ႀကီး တာဝန္ယူထားသူ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္၊ စစ္ဆင္ေရးအထူးအဖဲြ႕မွဴး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးအျပင္၊ ရန္ကုန္ၿမိဳ႕က ဆႏၵျပသူေတြကို ပစ္ခတ္ ႏွိမ္ႏွင္းတဲ့ တပ္မ ၇၇၊ မႏၲေလးက ဆႏၵျပသူေတြကို ပစ္ခတ္ႏွိမ္နင္းတဲ့ တပ္မ ၃၃ တို႔ကို အေမရိကန္အစိုးရက အေရးယူဒဏ္ခတ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံ အာဏာသိမ္းမႈကို တံု႔ျပန္တဲ့အေနနဲ႔ အေမရိကန္အစိုးရက အေရးယူဒဏ္ခတ္ႏိုင္ဖုိ႔ အေမရိကန္သမၼတ Joe Biden က သမၼတအမိန္႔ထုတ္ျပန္ထားတာပါ။ ဒါေၾကာင့္ ျမန္မာအစိုးရ ႏိုင္ငံျခားအရန္ဘ႑ာအျဖစ္ အေမရိကန္ ဗဟိုဘဏ္မွာထားတဲ့ ေဒၚလာ ၁ ဘီလီယံကို အထုတ္အသြင္း လုပ္လို႔ မရေအာင္ ထိန္းခ်ဳပ္ထားသလို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ရဲ႕ သား ေအာင္ျပည့္စံု၊ သမီး ခင္သီရိသက္မြန္နဲ႔ သူတို႔ပိုင္ဆိုင္မႈေတြ လုပ္ငန္းေတြအေပၚ မတ္လ အေစာပိုင္းကပဲ ဒဏ္ခတ္ အေရးယူခဲ့ပါတယ္။ အေမရိကန္ စီးပြားကူးသန္းဌာနကလည္း ျမန္မာႏိုင္ငံကုိ ပို႔ကုန္တင္ပို႔မႈေတြ ထိန္းခ်ဳပ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး ၂ ခုကို ကန် ဒဏ်ခတ် အရေးယူ

မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းကြီး နှစ် ခုကို အမေရိကန်အစိုးရက အရေးယူ ဒဏ်ခတ် ပိတ်ဆို့လိုက်ပါတယ်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ရဲ့ လုပ်ငန်းကဏ္ဍ တော်တော်များများကို စစ်တပ်က ထိန်းချုပ်ထားပြီး၊ စီးပွားရေး အကျိုးအမြတ် အထူးအခွင့်အရေးတွေကို ခံစားနေတယ်လို့ ဒဏ်ခတ်လိုက်တဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးက ထုတ်ပြန်ပါတယ်။ ကုန်သွယ်ရေး၊ သဘာဝအရင်းအမြစ်တူးဖော်ရေး၊ အဖျော်ယာမကာ၊ ဆေးလိပ်နဲ့ လူသုံးကုန်ပစ္စည်းတို့နဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ စစ်တပ်ရဲ့ လုပ်ငန်းကြီးတွေက လက်ဝါးကြီးအုပ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ မြန်မာပြည်သူတွေနဲ့ အမေရိကန်အစိုးရက ရပ်တယ်နေပြီး၊ ဒီမိုကရေစီနည်းကျရွေးကောက်ထားတဲ့ အရပ်သားအစိုးရလက် အာဏာပြန်အပ်ပါလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး ညွှန်ကြားရေးမှူး Andrea M. Gacki ကပြောပါတယ်။ စစ်အစိုးရ ဝင်ငွေရဖို့ အဓိက ဝင်ငွေရှာပေးနေတဲ့ ဒီလုပ်ငန်းကြီး ၂ ခုကို ပစ်မှတ်ထားပြီး ဘဏ္ဍာရေးဌာက အရေးယူ ဒဏ်ခတ်လိုက်တာဖြစ်တယ်လို့သူကပြောပါတယ်။

အရပ်သားအစိုးရကို စစ်ခေါင်းဆောင်တွေက ဖယ်ရှားပြီး အာဏာသိမ်းခဲ့တာနဲ့၊ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းနေတာအတွက် အမေရိကန်က တာဝန်ရှိသူတွေအပေါ် အရေးယူဒဏ်ခတ်မှုတွေ လုပ်နေတာပါ။ မတ်လ ၂၂ ရက်နေ့ကပဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တာဝန်နဲ့ ဒုတိယပြည်ထဲရေးဝန်ကြီး တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးအပြင်၊ ရန်ကုန်မြို့က ဆန္ဒပြသူတွေကို ပစ်ခတ် နှိမ်နှင်းတဲ့ တပ်မ ၇၇၊ မန္တလေးက ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းတဲ့ တပ်မ ၃၃ တို့ကို အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်နိုင်ဖို့ အမေရိကန်သမ္မတ Joe Biden က သမ္မတအမိန့်ထုတ်ပြန်ထားတာပါ။ ဒါကြောင့် မြန်မာအစိုးရ နိုင်ငံခြားအရန်ဘဏ္ဍာအဖြစ် အမေရိကန် ဗဟိုဘဏ်မှာထားတဲ့ ဒေါ်လာ ၁ ဘီလီယံကို အထုတ်အသွင်း လုပ်လို့ မရအောင် ထိန်းချုပ်ထားသလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံ၊ သမီး ခင်သီရိသက်မွန်နဲ့ သူတို့ပိုင်ဆိုင်မှုတွေ လုပ်ငန်းတွေအပေါ် မတ်လ အစောပိုင်းကပဲ ဒဏ်ခတ် အရေးယူခဲ့ပါတယ်။ အမေရိကန် စီးပွားကူးသန်းဌာနကလည်း မြန်မာနိုင်ငံကို ပို့ကုန်တင်ပို့မှုတွေ ထိန်းချုပ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG